နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ သို့မဟုတ် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ အမှာစကားပြောကြား

 

နေပြည်တော် ဖေဖော်ဝါရီ  ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ သို့မဟုတ် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး (ခ)ဘူးရယ်၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတဲရင့်စ်စမွိုင်းနီခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ဌေး၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တားသိန်းဇော်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်တို့ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌ မိမိတို့သည် နိုင်ငံတော်၏ အခြေ အနေရပ်ရပ်ကို ဥပဒေနှင့်အညီသာ ဝင်ရောက်ထိန်းပေးခြင်းဖြစ်ကြောင်း၊ အရေးပေါ် ကာလစတင်ကြေညာသည့်အချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်း ခဲ့ပြီး နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ဒီမိုကရေစီလမ်းစဉ်အတိုင်း စုပေါင်းဦးဆောင် မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။

တပ်မတော်အနေဖြင့်ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းမှားယွင်းသည့် ကိစ္စရပ်များ ကို ဒီမိုကရေစီစည်းကမ်းနှင့်အညီ ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း၊ မဲစာရင်းများတွင် ကြီးမားသည့် လွဲမှားမှုများဖြစ်ခဲ့ပြီး သာမန် လွဲမှားမှုများမဟုတ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီ နည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံးဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမရသည့်အတွက် ယခုအဆင့်ထိ ရောက်ရှိလာခြင်းဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ကို လေးစားလိုက်နာ စောင့်ထိန်းရန် လိုကြောင်း၊ မိမိတို့သည် အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်ခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

စီမံအုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်း၍ တာဝန်ပေးအပ်ရာတွင် ဒေသက ကြည်ညိုလေးစားခြင်းခံရပြီး မိမိတို့၏ ဒေသအကျိုး စွမ်းဆောင်နိုင်မည့်သူ၊ အတွေ့ အကြုံရှိသူ၊ အုပ်ချုပ်နိုင်စွမ်းရှိသူ၊ ဦးဆောင်နိုင်စွမ်းရှိသူ၊ ပေးအပ်သည့်တာဝန်ကို ယုံယုံ ကြည်ကြည်ဖြင့် ထမ်းဆောင်နိုင်မည့် သူများကိုသာ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရသည် မူဝါဒများချမှတ်ပေးရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများက ဒေသတိုးတက်အောင်၊ အောက်ခြေရှိ ပြည်သူများ၏ လူမှုစီးပွားဘဝကို အဆင်ပြေအောင် အနီးကပ်ဆုံးဆောင်ရွက် ပေးရမည့်အဖွဲ့များဖြစ်ကြောင်း၊ လူဦးရေစာရင်းများ မှားယွင်းခဲ့သည့်အတွက်  ယခု ဖွဲ့စည်းပေးလိုက်သည့် ကောင်စီအဆင့်ဆင့်တွင် လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိ သူများကို ထည့်သွင်းဖွဲ့စည်းထားကြောင်း၊ စာရင်းများမှန်ကန်မှုရှိစေရန် ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားကြောင်း။

မိမိအနေဖြင့် နိုင်ငံတော်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် မူဝါဒ ၅ ရပ် ချမှတ်ထားကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီများက အကောင် အထည်ဖော်ဆောင်ရွက် ကြရမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနများက ဝိုင်းဝန်း ကူညီပံ့ပိုး ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက် သည့် ကိစ္စရပ်များကို မြန်မြန်ထက်ထက် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

တပ်မတော်သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လက်ခံသည့် အဖွဲ့အစည်း ဖြစ်သည့်အတွက် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူလူထုကို မထိခိုက်စေလိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်နှင့် ဒေသ၏ လိုအပ်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုကြောင်း၊ အကောင်အထည်ဖော်နိုင်ရန် လုပ်ပိုင်ခွင့်များပေးထားပြီးဖြစ်ကြောင်း၊ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကိုကျော်လွန်ပြီး မလုပ်ဆောင်ရန်လိုကြောင်း၊ ဒေသ အတွင်း ရပ်တန့်နေသည့်လုပ်ငန်းများ၊ ကိစ္စရပ်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မြန်ထက်ထက် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ သို့မဟုတ် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ကောင်စီများဖွဲ့စည်းထားရှိမှု၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ နေရပ်ပြန်လည်ရောက်ရှိရေး၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ဒေသခံ လက်လုပ်လက်စားများ တရားဝင် ကျောက်စိမ်းတူးဖော်ခွင့်ရရှိရေး၊ ကျောက်မျက် ရတနာပြပွဲများ ကျင်းပခွင့်ပြုရေး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ကန်ပိုက်တီးနှင့် လွယ်ဂျယ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး၊ ရဲတပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ပေးရေး၊ မှတ်ပုံတင်ပြုလုပ်ပေးရေး၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်ကောင်စီများတွင် ဥပဒေအကြံပေးနှင့် ဥပဒေအရာရှိများ ထည့်သွင်းဖွဲ့စည်းပေးရေး၊ ရပ်ကွက်၊ ကျေးရွာ ကောင်စီဥက္ကဋ္ဌများ အမြန်ဆုံး ပြန်လည်ခန့်အပ်ခွင့်ပြုရေး၊ မုံရွာဆေးရုံကြီး အမြန်ပြီးစီးအောင် ဆောင်ရွက်ခွင့်ပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံတော်လုံခြုံရေး အတွက် လိုအပ်သည့် ဥပဒေအချို့ ပြဋ္ဌာန်းပေးရေးနှင့် ဒေသအလိုက် ဆောင်ရွက် ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ နေရပ် ပြန်နိုင်ရေးနှင့် မိုင်းရှင်းလင်းရေးကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့အမြန်ဆုံး ပြန်လည်ခေါ်ဆောင် နိုင်ရေးနှင့် မိမိနိုင်ငံ၏ အရိပ်အာဝါသအောက်တွင် နေထိုင်စေလိုကြောင်း၊ နယ်စပ် ကုန်သွယ်ရေး ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ အမိန့်နှင့်ညွှန်ကြားချက်များသည် တည်ဆဲဖြစ်ပြီး လိုအပ်ပါက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက် မှု ကွာခြားချက်၊ ကျေးလက်မြို့ပြ ကွာဟမှုနှင့် ဆင်းရဲချမ်းသာ ကွာဟမှုများကို လျှော့ချရန်လိုအပ်ကြောင်း၊ လူမှုစီးပွားဘဝ နိမ့်ပါးနေသည့်အတွက် မြင့်မားအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှပေးသည့် လစာနှင့်ခံစားခွင့်များကို ရယူထားပြီး နိုင်ငံရေးဆောင်ရွက်၍ မရပါကြောင်း၊ မိမိတို့ နိုင်ငံထက် ဒီမိုကရေစီ ပိုမိုရင့်ကျက်သည့် နိုင်ငံများတွင်လည်း ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုအရ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ နှစ်သက် သည့် ပါတီများကို လွတ်လပ်စွာမဲပေးနိုင်သော်လည်း လုပ်ငန်းတာဝန်ထမ်းဆောင် နေသည့် အချိန်တွင် နိုင်ငံရေးပါဝင်ဆောင်ရွက်၍ မရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်လာမှုများကို ဖော်ထုတ်အရေးယူရ မည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက်ပြည်သူများ ဝင်ငွေရရှိရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုကြောင်း၊ အခြေခံလုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အတွက် အသိပညာ၊ အတတ်ပညာရှိရန်လိုအပ်ကြောင်း၊ အတတ်ပညာရရှိရန်အတွက် အတန်းပညာများ တတ်မြောက်ရန် လိုအပ်သဖြင့် ပညာရေးကို အားပေးရန် လိုကြောင်း၊ တိုင်းရင်းသားဒေသများတွင် ပညာသင်ကြားရာ၌ ဘာသာစကား အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း၊ ယခု ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ စာသင်ကျောင်းများ ပိတ်ထားခဲ့ရသဖြင့် ပညာရေး နှောင့်နှေးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများအား ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အတတ်ပညာရှိသည့် လူသားအရင်း အမြစ်များ ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အလိုက် ကျောင်းများအား တိုးချဲ့ဖွင့်လှစ်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံသားအားလုံး တိုင်းချစ် ပြည်ချစ်စိတ်ရှိရန်အတွက် ပညာရေးကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးအတွက် အဓိကထုတ်ကုန်ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန် များကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ပြီး ဒေသခံပြည်သူများ ဝင်ငွေတိုးပွားရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ကုန်စည်စီးဆင်းမှု ပြန်လည်ချောမွေ့ လာစေရေးအတွက် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး အလုပ်အကိုင်ရရှိရေး အတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး ယခုထက်လျော့ကျခြင်းမရှိစေရန်နှင့် တိုးတက်မှုရှိရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကောင်စီဥက္ကဋ္ဌများအနေဖြင့်ဒေသဖွံ့ဖြိုးရေး အတွက် တက်ညီလက်ညီ စေတနာထားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဗုဒ္ဓ ဘာသာဆိုင်ရာ ဘုရား၊ စေတီပုထိုးများနှင့် အခြားဘာသာရေးဆိုင်ရာ အဆောက် အဦများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အမြန်ဆုံး ပြန်လည်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

ထို့နောက်ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သန်းခေါင်စာရင်း မှန်ကန်စွာရရှိရေးနှင့် မှတ်ပုံတင်များရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံသဘော တူညီချက်များနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတို့နှင့်အညီ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြည်ထောင်စုနေ့ အခမ်းအနားအပါအဝင် သက်ဆိုင်ရာ နေ့ထူးနေ့မြတ်များတွင် ကျင်းပလေ့ရှိသည့် အခမ်းအနားများကို ပုံမှန်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပရန်နှင့် အခမ်းအနားများ ကျင်းပရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များ ကိုလည်း လိုက်နာဆောင်ရွက်သွားရန် လိုကြောင်းဖြင့် တိုက်တွန်းမှာကြားခဲ့သည်။

 

 

(Zawgyi Version)

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီႏွင့္ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး၊ သို႔မဟုတ္ ျပည္နယ္ အုပ္ခ်ဳပ္ေရးေကာင္စီ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ သို႔မဟုတ္ ေဒသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ ညႇိႏႈိင္းအစည္းအေဝးသို႔ တက္ေရာက္၊ အမွာစကားေျပာၾကား

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၉

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီႏွင့္ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး၊ သို႔မဟုတ္ ျပည္နယ္အုပ္ခ်ဳပ္ေရးေကာင္စီ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ သို႔မဟုတ္ ေဒသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕တို႔၏ ညႇိႏႈိင္းအစည္းအေဝးကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကား ေျပာၾကားသည္။

ညႇိႏႈိင္းအစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ ေနျပည္ေတာ္ ေကာင္စီဥကၠ႒ ေဒါက္တာေမာင္ေမာင္ႏိုင္၊ ကခ်င္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးခက္ထိန္နန္၊ ကယားျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးခင္ေမာင္ဦး (ခ)ဘူးရယ္၊ ကရင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေစာျမင့္ဦး၊ ခ်င္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးတဲရင့္စ္စမြိဳင္းနီခြဲ၊ စစ္ကိုင္းတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးေမာင္ေမာင္လင္း၊ တနသၤာရီ တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးတင္ေအာင္၊ ပဲခူးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးမ်ိဳးေဆြဝင္း၊ မေကြးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးတင့္လြင္၊ မႏၲေလးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေမာင္ကို၊ မြန္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ေဒါက္တာတင္ေဌး၊ ရခိုင္ျပည္နယ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ေဒါက္တာေအာင္ေက်ာ္မင္း၊ ရန္ကုန္တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးလွစိုး၊ ရွမ္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ေဒါက္တာ ေက်ာ္ထြန္း၊ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးထြန္းထြန္းဝင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးအာကာလင္း၊ ပအိုဝ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးခြန္ရဲေထြး၊ပေလာင္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ တားသိန္းေဇာ္၊ ကိုးကန႔္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးျမင့္ေဆြ၊ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရတိုင္း စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒ ဦးညီနပ္တို႔ တက္ေရာက္ၾကသည္။

ညႇိႏႈိင္းအစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာ၌ မိမိတို႔သည္ ႏိုင္ငံေတာ္၏ အေျခ အေနရပ္ရပ္ကို ဥပေဒႏွင့္အညီသာ ဝင္ေရာက္ထိန္းေပးျခင္းျဖစ္ေၾကာင္း၊ အေရးေပၚ ကာလစတင္ေၾကညာသည့္အခ်ိန္မွစ၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကိုဖြဲ႕စည္း ခဲ့ၿပီး ႏိုင္ငံေတာ္၏တာဝန္အရပ္ရပ္ကို ဒီမိုကေရစီလမ္းစဥ္အတိုင္း စုေပါင္းဦးေဆာင္ မႈျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း။

တပ္မေတာ္အေနျဖင့္ေ႐ြးေကာက္ပြဲဆိုင္ရာ မဲစာရင္းမွားယြင္းသည့္ ကိစၥရပ္မ်ား ကို ဒီမိုကေရစီစည္းကမ္းႏွင့္အညီ ဥပေဒေၾကာင္းအရ ေျဖရွင္းႏိုင္ရန္ အႀကိမ္ႀကိမ္ ႀကိဳးပမ္းခဲ့ေၾကာင္း၊ မဲစာရင္းမ်ားတြင္ ႀကီးမားသည့္ လြဲမွားမႈမ်ားျဖစ္ခဲ့ၿပီး သာမန္ လြဲမွားမႈမ်ားမဟုတ္ခဲ့ေၾကာင္း၊ မိမိတို႔အေနျဖင့္ မဲစာရင္းမွားယြင္းမႈမ်ားကို ဒီမိုကေရစီ နည္းလမ္းမ်ားႏွင့္အညီ အတတ္ႏိုင္ဆုံးေဆာင္႐ြက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း မည္သို႔မွ် ေဆြးေႏြးညႇိႏႈိင္း ေျဖရွင္းမရသည့္အတြက္ ယခုအဆင့္ထိ ေရာက္ရွိလာျခင္းျဖစ္ ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ ကို ေလးစားလိုက္နာ ေစာင့္ထိန္းရန္ လိုေၾကာင္း၊ မိမိတို႔သည္ အမ်ိဳးသားေရး တာဝန္တစ္ရပ္ကို ထမ္းေဆာင္ျခင္း ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ဥပေဒႏွင့္အညီ ေရွ႕ဆက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း။

စီမံအုပ္ခ်ဳပ္ေရးေကာင္စီမ်ား ဖြဲ႕စည္း၍ တာဝန္ေပးအပ္ရာတြင္ ေဒသက ၾကည္ညိဳေလးစားျခင္းခံရၿပီး မိမိတို႔၏ ေဒသအက်ိဳး စြမ္းေဆာင္ႏိုင္မည့္သူ၊ အေတြ႕ အႀကဳံရွိသူ၊ အုပ္ခ်ဳပ္ႏိုင္စြမ္းရွိသူ၊ ဦးေဆာင္ႏိုင္စြမ္းရွိသူ၊ ေပးအပ္သည့္တာဝန္ကို ယုံယုံ ၾကည္ၾကည္ျဖင့္ ထမ္းေဆာင္ႏိုင္မည့္ သူမ်ားကိုသာ တာဝန္ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္အစိုးရသည္ မူဝါဒမ်ားခ်မွတ္ေပးရမည္ျဖစ္ၿပီး သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္မွ တာဝန္ရွိသူမ်ားက ေဒသတိုးတက္ေအာင္၊ ေအာက္ေျခရွိ ျပည္သူမ်ား၏ လူမႈစီးပြားဘဝကို အဆင္ေျပေအာင္ အနီးကပ္ဆုံးေဆာင္႐ြက္ ေပးရမည့္အဖြဲ႕မ်ားျဖစ္ေၾကာင္း၊ လူဦးေရစာရင္းမ်ား မွားယြင္းခဲ့သည့္အတြက္ ယခု ဖြဲ႕စည္းေပးလိုက္သည့္ ေကာင္စီအဆင့္ဆင့္တြင္ လူဝင္မႈႀကီးၾကပ္ေရးမွ တာဝန္ရွိ သူမ်ားကို ထည့္သြင္းဖြဲ႕စည္းထားေၾကာင္း၊ စာရင္းမ်ားမွန္ကန္မႈရွိေစရန္ ေဆာင္႐ြက္ ရန္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို လြတ္လပ္စြာ ေဆာင္႐ြက္ခြင့္ ျပဳထားေၾကာင္း။

မိမိအေနျဖင့္ ႏိုင္ငံေတာ္ေရွ႕ဆက္ေဆာင္႐ြက္မည့္ လုပ္ငန္းစဥ္ မူဝါဒ ၅ ရပ္ ခ်မွတ္ထားေၾကာင္း၊ ယင္းလုပ္ငန္းစဥ္မ်ားကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီမ်ားက အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ ၾကရမည္ျဖစ္ၿပီး ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားက ဝိုင္းဝန္း ကူညီပံ့ပိုး ေဆာင္႐ြက္ေပးၾကမည္ျဖစ္ေၾကာင္း၊ ေဆာင္႐ြက္သင့္၊ ေဆာင္႐ြက္ထိုက္ သည့္ ကိစၥရပ္မ်ားကို ျမန္ျမန္ထက္ထက္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္သည္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းကို လက္ခံသည့္ အဖြဲ႕အစည္း ျဖစ္သည့္အတြက္ တတ္ႏိုင္သမွ် ပူးေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ ျပည္သူလူထုကို မထိခိုက္ေစလိုေၾကာင္း၊ တာဝန္ရွိသူမ်ားအေနျဖင့္ ျပည္သူမ်ား၏ လိုအပ္ခ်က္ႏွင့္ ေဒသ၏ လိုအပ္ခ်က္မ်ားကို အျမန္ဆုံး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးရန္ လိုေၾကာင္း၊ အေကာင္အထည္ေဖာ္ႏိုင္ရန္ လုပ္ပိုင္ခြင့္မ်ားေပးထားၿပီးျဖစ္ေၾကာင္း၊ ေပးအပ္ထားသည့္ လုပ္ပိုင္ခြင့္ကိုေက်ာ္လြန္ၿပီး မလုပ္ေဆာင္ရန္လိုေၾကာင္း၊ ေဒသ အတြင္း ရပ္တန႔္ေနသည့္လုပ္ငန္းမ်ား၊ ကိစၥရပ္မ်ား၊ လုပ္သင့္လုပ္ထိုက္သည္မ်ားကို ျမန္ျမန္ထက္ထက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ေနျပည္ေတာ္ ေကာင္စီ ဥကၠ႒၊ တိုင္းေဒသႀကီး၊ သို႔မဟုတ္ ျပည္နယ္ အုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ သို႔မဟုတ္ ေဒသစီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ ဥကၠ႒မ်ားက သက္ဆိုင္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္အလိုက္ ေကာင္စီမ်ားဖြဲ႕စည္းထားရွိမႈ၊ ျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈ ဆိုင္ရာကိစၥရပ္မ်ား၊ တိုက္ပြဲေရွာင္စခန္းမ်ားရွိ ျပည္သူမ်ား ေနရပ္ျပန္လည္ေရာက္ရွိေရး၊ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေရး၊ ေဒသခံ လက္လုပ္လက္စားမ်ား တရားဝင္ ေက်ာက္စိမ္းတူးေဖာ္ခြင့္ရရွိေရး၊ ေက်ာက္မ်က္ ရတနာျပပြဲမ်ား က်င္းပခြင့္ျပဳေရး၊ နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ားျဖစ္သည့္ ကန္ပိုက္တီးႏွင့္ လြယ္ဂ်ယ္ဂိတ္မ်ား ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေရး၊ ရဲတပ္ဖြဲ႕ဝင္မ်ား အင္အားတိုးျမႇင့္ေပးေရး၊ မွတ္ပုံတင္ျပဳလုပ္ေပးေရး၊ တိုင္းေဒသႀကီး၊ သို႔မဟုတ္ ျပည္နယ္ေကာင္စီမ်ားတြင္ ဥပေဒအႀကံေပးႏွင့္ ဥပေဒအရာရွိမ်ား ထည့္သြင္းဖြဲ႕စည္းေပးေရး၊ ရပ္ကြက္၊ ေက်း႐ြာ ေကာင္စီဥကၠ႒မ်ား အျမန္ဆုံး ျပန္လည္ခန႔္အပ္ခြင့္ျပဳေရး၊ မုံ႐ြာေဆး႐ုံႀကီး အျမန္ၿပီးစီးေအာင္ ေဆာင္႐ြက္ခြင့္ျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရား ဥပေဒစိုးမိုးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈအေျခအေန၊ ႏိုင္ငံေတာ္လုံၿခဳံေရး အတြက္ လိုအပ္သည့္ ဥပေဒအခ်ိဳ႕ ျပ႒ာန္းေပးေရးႏွင့္ ေဒသအလိုက္ ေဆာင္႐ြက္ ရမည့္ ကိစၥရပ္မ်ားကို ရွင္းလင္းတင္ျပၾကသည္။

တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တိုက္ပြဲေရွာင္စခန္းမ်ားရွိ ျပည္သူမ်ား ေနရပ္ ျပန္ႏိုင္ေရးႏွင့္ မိုင္းရွင္းလင္းေရးကိစၥကို အျမန္ဆုံးေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ား ျမန္မာႏိုင္ငံသို႔အျမန္ဆုံး ျပန္လည္ေခၚေဆာင္ ႏိုင္ေရးႏွင့္ မိမိႏိုင္ငံ၏ အရိပ္အာဝါသေအာက္တြင္ ေနထိုင္ေစလိုေၾကာင္း၊ နယ္စပ္ ကုန္သြယ္ေရး ဂိတ္မ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးမွာ အမိန႔္ႏွင့္ၫႊန္ၾကားခ်က္မ်ားသည္ တည္ဆဲျဖစ္ၿပီး လိုအပ္ပါက ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းဝင္မ်ားႏွင့္ ညႇိႏႈိင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၏ ဖြံ႕ၿဖိဳးတိုးတက္ မႈ ကြာျခားခ်က္၊ ေက်းလက္ၿမိဳ႕ျပ ကြာဟမႈႏွင့္ ဆင္းရဲခ်မ္းသာ ကြာဟမႈမ်ားကို ေလွ်ာ့ခ်ရန္လိုအပ္ေၾကာင္း၊ လူမႈစီးပြားဘဝ နိမ့္ပါးေနသည့္အတြက္ ျမင့္မားေအာင္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ ပါတီႏိုင္ငံေရးကင္းရွင္းရန္ လိုအပ္ေၾကာင္း၊ ႏိုင္ငံေတာ္မွေပးသည့္ လစာႏွင့္ခံစားခြင့္မ်ားကို ရယူထားၿပီး ႏိုင္ငံေရးေဆာင္႐ြက္၍ မရပါေၾကာင္း၊ မိမိတို႔ ႏိုင္ငံထက္ ဒီမိုကေရစီ ပိုမိုရင့္က်က္သည့္ ႏိုင္ငံမ်ားတြင္လည္း ဒီမိုကေရစီ ႏိုင္ငံေရးယဥ္ေက်းမႈအရ ႏိုင္ငံ့ဝန္ထမ္းမ်ားသည္ ႏိုင္ငံေရးတြင္ ပါဝင္ေဆာင္႐ြက္ျခင္းမရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ မိမိတို႔ ႏွစ္သက္ သည့္ ပါတီမ်ားကို လြတ္လပ္စြာမဲေပးႏိုင္ေသာ္လည္း လုပ္ငန္းတာဝန္ထမ္းေဆာင္ ေနသည့္ အခ်ိန္တြင္ ႏိုင္ငံေရးပါဝင္ေဆာင္႐ြက္၍ မရေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ား တာဝန္ထမ္းေဆာင္မႈအေပၚ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ၿခိမ္းေျခာက္လာမႈမ်ားကို ေဖာ္ထုတ္အေရးယူရ မည္ျဖစ္ေၾကာင္း မွာၾကားသည္။

ယင္းေနာက္ျပည္သူမ်ား ဝင္ေငြရရွိရန္အတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးရန္လိုေၾကာင္း၊ အေျခခံလုပ္ငန္းခြင္မ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ႏိုင္ရန္ အတြက္ အသိပညာ၊ အတတ္ပညာရွိရန္လိုအပ္ေၾကာင္း၊ အတတ္ပညာရရွိရန္အတြက္ အတန္းပညာမ်ား တတ္ေျမာက္ရန္ လိုအပ္သျဖင့္ ပညာေရးကို အားေပးရန္ လိုေၾကာင္း၊ တိုင္းရင္းသားေဒသမ်ားတြင္ ပညာသင္ၾကားရာ၌ ဘာသာစကား အခက္အခဲမ်ားကို ေျဖရွင္းေဆာင္႐ြက္ရန္လိုေၾကာင္း၊ ယခု ကိုဗစ္-၁၉ ေရာဂါ စတင္ျဖစ္ပြားခ်ိန္မွ ယေန႔အထိ စာသင္ေက်ာင္းမ်ား ပိတ္ထားခဲ့ရသျဖင့္ ပညာေရး ေႏွာင့္ေႏွးမႈ ျဖစ္ေပၚခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ အေျခခံပညာေက်ာင္းမ်ားအား ထုတ္ျပန္ ထားသည့္ ကိုဗစ္-၁၉ စည္းကမ္းခ်က္မ်ားႏွင့္အညီ ျပန္လည္ဖြင့္လွစ္ႏိုင္ေရး ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း၊ အတတ္ပညာရွိသည့္ လူသားအရင္း အျမစ္မ်ား ေပၚထြန္းလာေစေရးအတြက္ သက္ဆိုင္ရာ ပညာရပ္နယ္ပယ္အလိုက္ ေက်ာင္းမ်ားအား တိုးခ်ဲ႕ဖြင့္လွစ္ေပးရန္လိုအပ္ေၾကာင္း၊ ႏိုင္ငံသားအားလုံး တိုင္းခ်စ္ ျပည္ခ်စ္စိတ္ရွိရန္အတြက္ ပညာေရးကို အားေပးေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေဒသ ဖြံ႕ၿဖိဳးေရးအတြက္ အဓိကထုတ္ကုန္ျဖစ္သည့္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးထုတ္ကုန္ မ်ားကိုလည္း အရည္အေသြးျပည့္မီစြာျဖင့္ ထုတ္လုပ္ႏိုင္ၿပီး ေဒသခံျပည္သူမ်ား ဝင္ေငြတိုးပြားေရးအတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ႀကိဳးပမ္းေဆာင္႐ြက္ သြားရန္ လိုအပ္ေၾကာင္း၊ ကုန္စည္စီးဆင္းမႈ ျပန္လည္ေခ်ာေမြ႕ လာေစေရးအတြက္ စည္းကမ္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး အလုပ္အကိုင္ရရွိေရး အတြက္လည္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ႀကိဳးစားေဆာင္႐ြက္သြားရမည္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေငြေၾကးတန္ဖိုး ယခုထက္ေလ်ာ့က်ျခင္းမရွိေစရန္ႏွင့္ တိုးတက္မႈရွိရန္အတြက္ ဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ တိုင္းေဒသႀကီး၊ ျပည္နယ္ႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေကာင္စီဥကၠ႒မ်ားအေနျဖင့္ေဒသဖြံ႕ၿဖိဳးေရး အတြက္ တက္ညီလက္ညီ ေစတနာထားေဆာင္႐ြက္ သြားရမည္ျဖစ္ေၾကာင္း၊ ဗုဒၶ ဘာသာဆိုင္ရာ ဘုရား၊ ေစတီပုထိုးမ်ားႏွင့္ အျခားဘာသာေရးဆိုင္ရာ အေဆာက္ အဦမ်ားကို ကိုဗစ္-၁၉ စည္းကမ္းခ်က္မ်ားႏွင့္အညီ အျမန္ဆုံး ျပန္လည္ဖြင့္လွစ္ ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းေျပာၾကားသည္။

ထို႔ေနာက္ေ႐ြးေကာက္ပြဲအတြက္ လိုအပ္သည့္ မဲစာရင္းမ်ား မွန္ကန္မႈရွိေစေရး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ သန္းေခါင္စာရင္း မွန္ကန္စြာရရွိေရးႏွင့္ မွတ္ပုံတင္မ်ားရရွိေရး ဥပေဒႏွင့္အညီ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ေနရပ္စြန႔္ခြာသူမ်ားအား ျပန္လည္လက္ခံေရးအတြက္ ႏွစ္ႏိုင္ငံသေဘာ တူညီခ်က္မ်ားႏွင့္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒတို႔ႏွင့္အညီ ရပ္တည္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ျပည္ေထာင္စုေန႔ အခမ္းအနားအပါအဝင္ သက္ဆိုင္ရာ ေန႔ထူးေန႔ျမတ္မ်ားတြင္ က်င္းပေလ့ရွိသည့္ အခမ္းအနားမ်ားကို ပုံမွန္အတိုင္း စည္ကားသိုက္ၿမိဳက္စြာ က်င္းပရန္ႏွင့္ အခမ္းအနားမ်ား က်င္းပရာတြင္ ကိုဗစ္-၁၉ စည္းကမ္းခ်က္မ်ား ကိုလည္း လိုက္နာေဆာင္႐ြက္သြားရန္ လိုေၾကာင္းျဖင့္ တိုက္တြန္းမွာၾကားခဲ့သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။