နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအတူ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phangနော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံ ဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် တာဝန်ရှိသူများအနေဖြင့် ညင်ညင်သာသာဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ တာဝန်ယူချိန်မှစပြီး ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို မပြောင်းလဲကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့နှင့်စပ်လျဉ်း၍ မူဝါဒများပြောင်းလဲခြင်း မရှိကြောင်း၊ ပကတိအခြေအနေများသည် ရွေးကောက်ပွဲ မဲစာရင်းများမှားယွင်းမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့တွင် အရပ်ဘက်မှအများကြည်ညိုလေးစားသည့် ပုဂ္ဂိုလ်များနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကို အလေးထား ကြောင်း။

ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများကို ရွေးကောက်ပွဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလပြီးဆုံးသွားပါက စည်းကမ်းပြည့်၀ပြီး အနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် အရေးပေါ်ကာလအတွင်း ပြည်သူလူထု၏ စားဝတ်နေရေးနှင့် အေးချမ်း တည်ငြိမ်ရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အေးချမ်းတည်ငြိမ်မှုရှိမှ တစ်ဦးချင်း၏ အကျိုးစီးပွားကို ဖော်ဆောင်သွား နိုင်မည်ဖြစ်ကြောင်း။

အဓိကအားဖြင့် COVID-19 ကာလတွင် ထိခိုက်ခဲ့သည့် စီးပွားရေးကို ပြန်လည် တည့်မတ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုအား COVID-19 ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများကို ရပ်ဆိုင်းထား၍မရကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထု အား COVID-19 ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုကျန်းမာရေးအတွက် ပြည်သူ့ ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရမည့်လုပ်ငန်းတာဝန်ကို မထမ်းဆောင်မှုများသည် ဆရာဝန်များ၏ သစ္စာအဓိဋ္ဌာန်ကို ဖောက်ဖျက်ရာရောက်ပြီး ပြည်သူများအနေဖြင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူရာတွင် ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ငွေကြေးအကုန်အကျများစွာဖြင့် ကုသမှုခံယူရသောကြောင့် ပြည်သူများ အနေဖြင့် ထိခိုက်နစ်နာမှုများရှိကြောင်း၊ သို့ဖြစ်၍ လိုအပ်သည့်အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူ့အသက်သည် အရေးကြီးကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိကျန်းမာရေးနှင့်စပ်လျဉ်းပြီး ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် ပြည်သူလူထုအား COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင် များကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ခွင့်ပြုချက်ဖြင့် တင်သွင်း ခွင့်ပြုထားကြောင်း။

စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့ရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ငွေကြေးပုံမှန်လည်ပတ်နိုင်ရန် အဓိကအရေးပါသည့် ဘဏ်လုပ်ငန်းများ မထိခိုက်စေရန် လုံခြုံရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း။

ယခုကာလတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များသည်လည်း ခက်ခဲပင်ပန်းစွာဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ဖြင့်သာ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆူပူမှုများအား ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအနေဖြင့် ယခုကဲ့သို့ မိမိတို့၏ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်မှုအပေါ် ယခင်ကပြစ်တင်ဝေဖန်မှုများ ရှိခဲ့သော်လည်း ယခုအခါ အနောက်နိုင်ငံများမှအပ အခြားနိုင်ငံများက မိမိတို့၏ဆောင်ရွက်မှုသည် ပြည်တွင်းရေး ကိစ္စဖြစ်သဖြင့် ဒီမိုကရေစီနည်းလမ်းအရသာ ဖြေရှင်းဆောင်ရွက်ရန် တိုက်တွန်း ပြောကြားနေကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းမသမာမှုများအား စိစစ်လျက်ရှိပြီး နိုင်ငံတကာနှင့် ပြည်သူလူထုသိရှိနိုင်ရေး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေ ဖြင့် နိုင်ငံတော်အတွက် ဒီမိုကရေစီနည်းလမ်းနှင့်အညီ ရိုးသားစွာဆောင်ရွက်လျက် ရှိကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း အပြည့်အဝပူးပေါင်းဆောင်ရွက်သွားစေလို ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌနှင့် ကောင်စီဝင်များက စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် ပြုလုပ်၍ နိုင်ငံတော်အပေါ် သစ္စာဖောက်မှုနှင့် တိုင်းပြည်ပျက်စီးအောင် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေသူများအားဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး၊ ပြည်ပအကြံပေးများခန့်အပ်ဆောင်ရွက်ခဲ့သည့်ကိစ္စ၊ သတင်းများမှန် ကန်စွာထုတ်လွှင့်ရေးအတွက် သတင်းမီဒီယာကောင်စီမှတစ်ဆင့် ထိန်းသိမ်း ဆောင်ရွက်ရန်ကိစ္စ၊ တာဝန်သိနိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ရေးနှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများအား ဖောက်ဖျက်သည့် ဝန်ထမ်းများအား အရေးယူဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံတော်ဘဏ္ဍာငွေ အကုန်အကျသက်သာစေရေးအတွက် ရေအားလျှပ်စစ်ထုတ် လုပ်ရေးကိစ္စ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် စင်ပြိုင်အစိုးရဖွဲ့ စည်းမှုများအား အရေးယူရေးကိစ္စ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဝင်/အထွက် စစ်ဆေးရေးဂိတ်များမှ စနစ်တကျစစ်ဆေးဆောင်ရွက်ရေးကိစ္စ၊ တိုက်ပွဲရှောင် ပြည်သူများ နေရပ်ပြန်နိုင်ရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်ရေးကိစ္စ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်နေသည့်ကိစ္စနှင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နေမှု၊ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် မီးရထား၊ ကား၊ ရေကြောင်းနှင့် လေကြောင်း လိုင်းများ ပြေးဆွဲနေမှုနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လွတ်ငြိမ်းချမ်းသာခွင့် ဆောင်ရွက်ပေးခဲ့ရာတွင် ပြစ်ဒဏ်ကြီးလေး သူများမှအပ တတ်နိုင်သမျှ ပြစ်ဒဏ်များကို လျော့ပေါ့ပေးခဲ့ကြောင်း၊ ၎င်းတို့အား ပြင်ပ၌ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နေထိုင်နိုင်ပြီး အခွင့်အရေးများ မဆုံးရှုံးစေဘဲ ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် နေထိုင်နိုင်စေရန် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ် အပေါ်သတင်းမှားများဖြင့် ပြည်သူလူထုအထင်အမြင်လွှဲမှားစေရန် ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိအနေဖြင့် သတင်းမီဒီယာကောင်စီအား နိုင်ငံတော် ၏ စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြုထားကြောင်း၊ သတင်းများကို ထုတ်ပြန်ရာတွင် မှန်ကန်မှုနှင့် မြန်ဆန်မှုရှိရန်လိုကြောင်း၊ တာဝန်သိ နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်နိုင်ရန် စီစဉ်လျက်ရှိပြီး တာဝန်ပျက်ကွက်သည့် ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရန်မှာကြားထားကြောင်း၊ နောင်ကာလများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်း ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထာဝရခိုင်မြဲသည့် ပြည်ထောင်စုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများကို ဖြေရှင်း ရာတွင် လုံခြုံရေးတပ်ဖွဲ့များအား ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုံခြုံရေးလှည့်ကင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် မည်သည့်နယ်ပယ်က လာသည်ဖြစ်စေ နိုင်ငံတော်ကို ကိုယ်စားပြုသူများဖြစ်သဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဖြစ်အောင်ဦးတည် ဆောင်ရွက်သွားကြစေလိုကြောင်းမှာကြားခဲ့ပါသည်။

 

(ZawGyi Version)

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီညႇိႏႈိင္းအစည္းအေဝးသို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၁၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ညႇိႏႈိင္းအစည္းအေဝးကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

ညႇိႏႈိင္းအစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒အတူ ႏိုင္ငံ ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phangေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံ ဆိုင္ႏွင့္ ေစာဒန္နီယယ္၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးတို႔ တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္လုံၿခဳံေရးအတြက္ တာဝန္ရွိသူမ်ားအေနျဖင့္ ညင္ညင္သာသာေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မိမိတို႔ တာဝန္ယူခ်ိန္မွစၿပီး ပါတီစုံ ဒီမိုကေရစီလမ္းေၾကာင္းကို မေျပာင္းလဲေၾကာင္း၊ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ လူမႈေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံတကာဆက္ဆံေရးတို႔ႏွင့္စပ္လ်ဥ္း၍ မူဝါဒမ်ားေျပာင္းလဲျခင္း မရွိေၾကာင္း၊ ပကတိအေျခအေနမ်ားသည္ ေ႐ြးေကာက္ပြဲ မဲစာရင္းမ်ားမွားယြင္းမႈေၾကာင့္ ျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း၊ လက္ရွိအေျခအေနတြင္ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္တို႔တြင္ အရပ္ဘက္မွအမ်ားၾကည္ညိဳေလးစားသည့္ ပုဂၢိဳလ္မ်ားႏွင့္ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မိမိအေနျဖင့္ အရပ္ဘက္အုပ္ခ်ဳပ္ေရးကို အေလးထား ေၾကာင္း။

ေ႐ြးေကာက္ပြဲ မဲစာရင္းမွားယြင္းမႈမ်ားကို ေ႐ြးေကာက္ပြဲဥပေဒႏွင့္အညီ အေရးယူ ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း၊ အေရးေပၚကာလၿပီးဆုံးသြားပါက စည္းကမ္းျပည့္၀ၿပီး အႏွစ္သာရရွိသည့္ ေ႐ြးေကာက္ပြဲကို ျပန္လည္က်င္းပေပးသြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔ တာဝန္ယူသည့္ အေရးေပၚကာလအတြင္း ျပည္သူလူထု၏ စားဝတ္ေနေရးႏွင့္ ေအးခ်မ္း တည္ၿငိမ္ေရးကို အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ထို႔အတူ တရားဥပေဒ စိုးမိုးေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ဦးစားေပးလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ တစ္ႏိုင္ငံလုံး ေအးခ်မ္းတည္ၿငိမ္မႈရွိမွ တစ္ဦးခ်င္း၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္သြား ႏိုင္မည္ျဖစ္ေၾကာင္း။

အဓိကအားျဖင့္ COVID-19 ကာလတြင္ ထိခိုက္ခဲ့သည့္ စီးပြားေရးကို ျပန္လည္ တည့္မတ္ေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျပည္သူလူထုအား COVID-19 ကာကြယ္ ေဆးထိုးႏွံေရးလုပ္ငန္းမ်ားကို ရပ္ဆိုင္းထား၍မရေၾကာင္း၊ မိမိတို႔အေနျဖင့္ ျပည္သူလူထု အား COVID-19 ကာကြယ္ေဆးထိုးႏွံေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ CDM လႈပ္ရွားမႈကို စိတ္ရွည္လက္ရွည္ ေစာင့္ဆိုင္း ခဲ့ေၾကာင္း၊ က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ ျပည္သူလူထုက်န္းမာေရးအတြက္ ျပည္သူ႔ ေဆး႐ုံ၊ ေဆးခန္းမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈေပးရမည့္လုပ္ငန္းတာဝန္ကို မထမ္းေဆာင္မႈမ်ားသည္ ဆရာဝန္မ်ား၏ သစၥာအဓိ႒ာန္ကို ေဖာက္ဖ်က္ရာေရာက္ၿပီး ျပည္သူမ်ားအေနျဖင့္ အေရးေပၚက်န္းမာေရးေစာင့္ေရွာက္မႈမ်ား ခံယူရာတြင္ ျပင္ပေဆး႐ုံ၊ ေဆးခန္းမ်ား၌ ေငြေၾကးအကုန္အက်မ်ားစြာျဖင့္ ကုသမႈခံယူရေသာေၾကာင့္ ျပည္သူမ်ား အေနျဖင့္ ထိခိုက္နစ္နာမႈမ်ားရွိေၾကာင္း၊ သို႔ျဖစ္၍ လိုအပ္သည့္အေရးယူမႈမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ လူ႔အသက္သည္ အေရးႀကီးေၾကာင္း၊ သို႔ျဖစ္၍ ျပည္သူမ်ားအေနျဖင့္ မိမိက်န္းမာေရးႏွင့္စပ္လ်ဥ္းၿပီး ပုဂၢလိက ေဆး႐ုံ၊ ေဆးခန္းမ်ားတြင္ ျပည္သူလူထုအား COVID-19 ကာကြယ္ေဆးထိုးႏွံႏိုင္ေရးအတြက္ ပုဂၢလိက လုပ္ငန္းရွင္ မ်ားကို အစားအေသာက္ႏွင့္ေဆးဝါး ကြပ္ကဲေရးဦးစီးဌာန၏ခြင့္ျပဳခ်က္ျဖင့္ တင္သြင္း ခြင့္ျပဳထားေၾကာင္း။

စီးပြားေရးလုပ္ငန္းမ်ားႏွင့္စပ္လ်ဥ္း၍ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းမ်ား အဆင္ေျပ ေခ်ာေမြ႕ရန္ လိုအပ္ေၾကာင္း၊ သို႔ျဖစ္၍ မီးရထား၊ ကား၊ ေရေၾကာင္းႏွင့္ ေလေၾကာင္း သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ား ပုံမွန္လည္ပတ္ႏိုင္ေအာင္ စီစဥ္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ ေငြေၾကးပုံမွန္လည္ပတ္ႏိုင္ရန္ အဓိကအေရးပါသည့္ ဘဏ္လုပ္ငန္းမ်ား မထိခိုက္ေစရန္ လုံၿခဳံေရးဆိုင္ရာမ်ား ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း။

ယခုကာလတြင္ လုံၿခဳံေရးတာဝန္ထမ္းေဆာင္လ်က္ရွိသည့္ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားသည္လည္း ခက္ခဲပင္ပန္းစြာျဖင့္ ေျဖရွင္းေဆာင္႐ြက္လ်က္ရွိၿပီး မိမိကိုယ္ကိုယ္ ခုခံပိုင္ခြင့္ျဖင့္သာ ႏိုင္ငံတကာစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ဆူပူမႈမ်ားအား ထိန္းသိမ္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံတကာအေနျဖင့္ ယခုကဲ့သို႔ မိမိတို႔၏ တာဝန္ယူ ထိန္းသိမ္းေဆာင္႐ြက္မႈအေပၚ ယခင္ကျပစ္တင္ေဝဖန္မႈမ်ား ရွိခဲ့ေသာ္လည္း ယခုအခါ အေနာက္ႏိုင္ငံမ်ားမွအပ အျခားႏိုင္ငံမ်ားက မိမိတို႔၏ေဆာင္႐ြက္မႈသည္ ျပည္တြင္းေရး ကိစၥျဖစ္သျဖင့္ ဒီမိုကေရစီနည္းလမ္းအရသာ ေျဖရွင္းေဆာင္႐ြက္ရန္ တိုက္တြန္း ေျပာၾကားေနေၾကာင္း၊ မိမိတို႔အေနျဖင့္ မဲစာရင္းမသမာမႈမ်ားအား စိစစ္လ်က္ရွိၿပီး ႏိုင္ငံတကာႏွင့္ ျပည္သူလူထုသိရွိႏိုင္ေရး ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔အေန ျဖင့္ ႏိုင္ငံေတာ္အတြက္ ဒီမိုကေရစီနည္းလမ္းႏွင့္အညီ ႐ိုးသားစြာေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ ေကာင္စီဝင္မ်ားအေနျဖင့္လည္း အျပည့္အဝပူးေပါင္းေဆာင္႐ြက္သြားေစလို ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ ခ်ဳပ္ေရးေကာင္စီဒုတိယဥကၠ႒ႏွင့္ ေကာင္စီဝင္မ်ားက စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ျဖစ္ထြန္းေရးတြင္ အၾကမ္းဖက္မႈမ်ား ျဖစ္ေပၚေအာင္ ျပဳလုပ္၍ ႏိုင္ငံေတာ္အေပၚ သစၥာေဖာက္မႈႏွင့္ တိုင္းျပည္ပ်က္စီးေအာင္ နည္းအမ်ိဳးမ်ိဳးျဖင့္ ေဆာင္႐ြက္ေနသူမ်ားအားေဖာ္ထုတ္၍ ဥပေဒအရ ထိေရာက္စြာ အေရးယူႏိုင္ေရး၊ ျပည္ပအႀကံေပးမ်ားခန႔္အပ္ေဆာင္႐ြက္ခဲ့သည့္ကိစၥ၊ သတင္းမ်ားမွန္ ကန္စြာထုတ္လႊင့္ေရးအတြက္ သတင္းမီဒီယာေကာင္စီမွတစ္ဆင့္ ထိန္းသိမ္း ေဆာင္႐ြက္ရန္ကိစၥ၊ တာဝန္သိႏိုင္ငံ့ဝန္ထမ္းမ်ားအား ခ်ီးျမႇင့္ေရးႏွင့္ ဝန္ထမ္းစည္းမ်ဥ္း စည္းကမ္းမ်ားအား ေဖာက္ဖ်က္သည့္ ဝန္ထမ္းမ်ားအား အေရးယူေဆာင္႐ြက္ေရးကိစၥ၊ ႏိုင္ငံေတာ္ဘ႑ာေငြ အကုန္အက်သက္သာေစေရးအတြက္ ေရအားလွ်ပ္စစ္ထုတ္ လုပ္ေရးကိစၥ၊ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေစသည့္ စင္ၿပိဳင္အစိုးရဖြဲ႕ စည္းမႈမ်ားအား အေရးယူေရးကိစၥ၊ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေက်း႐ြာ အဝင္/အထြက္ စစ္ေဆးေရးဂိတ္မ်ားမွ စနစ္တက်စစ္ေဆးေဆာင္႐ြက္ေရးကိစၥ၊ တိုက္ပြဲေရွာင္ ျပည္သူမ်ား ေနရပ္ျပန္ႏိုင္ေရးကိစၥ၊ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ဆက္လက္ ေဆာင္႐ြက္ေရးကိစၥ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပားေအာင္ ေသြးထိုး လႈံ႕ေဆာ္ေနသည့္ကိစၥႏွင့္ လုံၿခဳံေရးကိစၥရပ္မ်ား ေဆာင္႐ြက္ေနမႈ၊ သြားလာေရးႏွင့္ ကုန္စည္စီးဆင္းမႈ ျမန္ဆန္ေစေရးအတြက္ မီးရထား၊ ကား၊ ေရေၾကာင္းႏွင့္ ေလေၾကာင္း လိုင္းမ်ား ေျပးဆြဲေနမႈႏွင့္ ဆက္လက္တိုးခ်ဲ႕ေဆာင္႐ြက္သြားမည့္ ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ အႀကံျပဳေဆြးေႏြးတင္ျပၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္က လြတ္ၿငိမ္းခ်မ္းသာခြင့္ ေဆာင္႐ြက္ေပးခဲ့ရာတြင္ ျပစ္ဒဏ္ႀကီးေလး သူမ်ားမွအပ တတ္ႏိုင္သမွ် ျပစ္ဒဏ္မ်ားကို ေလ်ာ့ေပါ့ေပးခဲ့ေၾကာင္း၊ ၎တို႔အား ျပင္ပ၌ ဒီမိုကေရစီက်င့္စဥ္ႏွင့္အညီ ေနထိုင္ႏိုင္ၿပီး အခြင့္အေရးမ်ား မဆုံးရႈံးေစဘဲ ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းျဖင့္ ေနထိုင္ႏိုင္ေစရန္ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ ကိစၥရပ္ အေပၚသတင္းမွားမ်ားျဖင့္ ျပည္သူလူထုအထင္အျမင္လႊဲမွားေစရန္ ေဆာင္႐ြက္ လ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ မိမိအေနျဖင့္ သတင္းမီဒီယာေကာင္စီအား ႏိုင္ငံေတာ္ ၏ စတုတၳမ႑ိဳင္အျဖစ္ အသိအမွတ္ျပဳထားေၾကာင္း၊ သတင္းမ်ားကို ထုတ္ျပန္ရာတြင္ မွန္ကန္မႈႏွင့္ ျမန္ဆန္မႈရွိရန္လိုေၾကာင္း၊ တာဝန္သိ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ခ်ီးျမႇင့္ႏိုင္ရန္ စီစဥ္လ်က္ရွိၿပီး တာဝန္ပ်က္ကြက္သည့္ ဝန္ထမ္းမ်ားအား ဝန္ထမ္းစည္းမ်ဥ္းစည္းကမ္း မ်ားႏွင့္အညီ အေရးယူသြားမည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးႏွင့္ ပတ္သက္၍ ေဆာင္႐ြက္လ်က္ရွိသည့္ စီမံကိန္းမ်ားအား ဆက္လက္အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရန္မွာၾကားထားေၾကာင္း၊ ေနာင္ကာလမ်ားတြင္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ရာ၌ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ ထုတ္လုပ္ႏိုင္ေရးကို ဦးစားေပးေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း၊ တိုက္ပြဲေရွာင္ျပည္သူမ်ား ေနရပ္ျပန္လည္ေနထိုင္ႏိုင္ေရးႏွင့္ မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ မ်ား အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ေကာ္မတီအဆင့္ဆင့္ ဖြဲ႕စည္း ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ မိမိတို႔အေနျဖင့္ ထာဝရခိုင္ၿမဲသည့္ ျပည္ေထာင္စုကို တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း၊ ယခုျဖစ္ေပၚေနသည့္ မတည္ၿငိမ္မႈမ်ားကို ေျဖရွင္း ရာတြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအား ဥပေဒႏွင့္အညီသာ ထိန္းသိမ္းေဆာင္႐ြက္ရန္ႏွင့္ ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဖေဖာ္ဝါရီ ၁၄ ရက္မွစ၍ တပ္မေတာ္သားမ်ား၊ ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္း၍ လုံၿခဳံေရးလွည့္ကင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားအေနျဖင့္ မည္သည့္နယ္ပယ္က လာသည္ျဖစ္ေစ ႏိုင္ငံေတာ္ကို ကိုယ္စားျပဳသူမ်ားျဖစ္သျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေကာင္းဆုံး ျဖစ္ေအာင္ဦးတည္ ေဆာင္႐ြက္သြားၾကေစလိုေၾကာင္းမွာၾကားခဲ့ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။