စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် စိုင်းလုံးဆိုင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး ၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာပွင့်ဆန်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စီးပွားရေးရာကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က စီးပွားရေးကဏ္ဍသည် အလွန်ကျယ်ပြန့်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏အဓိက မောင်းနှင်အားတစ်ခုဖြစ်သည့် စီးပွားရေးမောင်းနှင်အားမှာ အရေးကြီးသည့်အတွက် ယခု ကော်မတီသည် နိုင်ငံ၏စီးပွားရေးဖြစ်ပေါ်ပြောင်းလဲမှုကို သက်ရောက်မှုရှိသည့် ကော်မတီ ဖြစ်ပါကြောင်း၊ စီးပွားရေးကောင်းမွန်ရေးအတွက် ဆောင်ရွက်ရန် မည်သည့်ကဏ္ဍကို အခြေခံစဉ်းစားရမည်ဆိုသည်မှာလည်း အရေးကြီးကြောင်း၊ တိုင်းပြည်၏စီးပွားရေး ကောင်းမွန်ရန် အခြေခံကောင်းများရှိရန်လိုအပ်ကြောင်း၊ စီးပွားရေးကောင်းမွန်ရန် အတွက် ဆောင်ရွက်သူများ၏ မူဝါဒချမှတ်မှုနှင့် စွမ်းဆောင်မှုအပေါ်မူတည်ကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးတစ်ဖွဲ့တည်းဖြင့်ဆောင်ရွက်၍မရပါကြောင်း၊ ဝိုင်းဝန်းပူး ပေါင်းညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့၏အချက် အလက်များကို ကြည့်ရှုရာတွင် ကုန်သွယ်မှုလိုငွေပြမှုများရှိကြောင်း၊ ထို့အတူ ပြည်ထောင်စု၏စုစုပေါင်း လိုငွေလည်းပြနေကြောင်း၊ သို့ဖြစ်၍ ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေးကောင်းမွန်ရေးတွက် ဝိုင်ဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိကြောင်း၊ မြေ၊ လူသားအရင်းအမြစ်နှင့် သယံဇာတများစွာရှိသည့်အတွက် အလုပ်လုပ်နိုင်သည့်အခြေခံ ကောင်းများရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် မည်သည့်အချက်အပေါ် အခြေခံမည် ဆိုသည်ကိုလည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည်အတွက် သဘာဝသယံဇာတများကို လွယ်လွယ်ကူကူထုတ်ယူရောင်းချ၍မရကြောင်း၊ တိုင်းပြည် အနာဂတ်အတွက် ထိန်းသိမ်းသိုလှောင်ပြီး အရေးပေါ်အတွက် အရန်ထားရန်လိုအပ် ကြောင်း၊ မိမိတို့အနေဖြင့် သယံဇာတထုတ်လုပ်မှုကို လျှော့ချသွားရန်လိုအပ်ကြောင်း၊ တစ်ဖက်ကလည်း သွင်းကုန်အစားထိုးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စားသောက်ကုန်ပစ္စည်း တင်သွင်းမှုကို လျှော့ချသွားရန်လိုအပ်ပြီး မိမိတို့နိုင်ငံ၌ပင်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ပြည်တွင်းထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်မှာ လျှပ်စစ်စွမ်းအင်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ် နိုင်ရေးအတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ သို့မှသာလူမှုစီးပွားဘဝတိုးတက်ပြီး ကုန်ထုတ် လုပ်မှုတိုးတက်လာမည်ဖြစ်ကြောင်း၊ လူဦးရေး ၅၄ သန်းတွင် အခြေခံပညာနှင့် တက္ကသိုလ်ပညာ ပြီးမြောက်သူတို့၏ လုပ်အားများကို ကဏ္ဍအလိုက် အသုံးချနိုင်ရေး အတွက် နည်းလမ်းရှာရမည်ဖြစ်ကြောင်း၊ အလုပ်သမားများနှင့် အလုပ်ရှင်များအတွက် လည်း ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်ကြောင်း၊ ရင်းနှိးမြှုပ်နှံမှုလုပ်ကိုင်သူများအတွက် လည်း အာမခံချက်နှင့် ဆွဲဆောင်မှုများ ပေးရမည်ဖြစ်သကဲ့သို့ ယုံကြည်မှုရှိရန်လည်း လိုအပ်ကြောင်း၊ စီးပွားရေးသည် အပြောကျယ်ပြီး ငွေကြေးနှင့်ပတ်သက်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုရာတွင် လိုအပ်သည့် အကျိုးအမြတ်ရရှိမည်ဟုဆိုသည့် မက်လုံးဖြင့် ကျေနပ်မနေသင့်ကြောင်း၊ အခွန်ကောက်ခံမှုအပိုင်းတွင်လည်း အခွန်တိုးမြှင့်ရရှိရေးထက် အခွန်ပေးဆောင်သူ ဦးရေတိုးတက်မှုရရှိအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် အခွန်ရရှိရန်လိုကြောင်း၊ စက်ရုံ၊ အလုပ်ရုံကဏ္ဍတွင်လည်း လုပ်ငန်းများပုံမှန် လည်ပတ်နေရေးအတွက် အားပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ အခက်အခဲများရှိပါကလည်း ဝိုင်းဝန်းဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် လည်ပတ် နေသည့် စက်ရုံများမှထွက်ရှိလာသည့် ကုန်ပစ္စည်းများ၏ အရည်အသွေးမြင့်မားရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက မူဝါဒများချမှတ်ပြီး ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ စက်မှု ဝန်ကြီးဌာနမှာ နိုင်ငံတကာတွင်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံသူ နိုင်ငံသားများက အဓိကဖန်တီးနိုင်သည့်ကဏ္ဍတွင် ပါဝင်နေရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုရာတွင် ကော်မတီအနေဖြင့် သဘောကောင်းရန် မလိုအပ်ဘဲ စေတနာကောင်းရန်သာလိုအပ်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများ နစ်နာမှု မရှိစေရေးအတွက် စဉ်းစားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခုစီးပွားရေးကော်မတီသည် တိုင်းပြည်စီးပွားကောင်းမွန်ရေးအတွက် မောင်းနှင်ရန်အဓိကကျသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းများဆောင်ရွက် ရာတွင် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆုံးဖြတ်၍ ရင်းနှီးမြှုပ်နှံသူများ လုပ်သာကိုင်သာရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စီးပွားရေးကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ကစီးပွားရေးကော်မတီဖွဲ့စည်ဆောင်ရွက်ခဲ့မှုများ၊ ကော်မတီအစည်းအဝေးများ ကျင်းပခဲ့မှုနှင့် ဆုံးဖြတ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင် ဆည်မြောင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ခွင့်ပြုပေးရန်ကိစ္စရပ်များ၊ မှတ်တမ်းတင်ပေးရန်ကိစ္စရပ်များ၊ အမိန်ကြေညာစာ ထုတ်ပြန်ပေးရန်ကိစ္စရပ်များ၊ ငွေကြေးသက်သေ ခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်များခန့်အပ် ရေးနှင့် ချီးမြှင့်ငွေတိုးမြှင့်ပေးရန်ကိစ္စရပ်များ၊ နားလည်မှုစာချုပ်နှင့် သဘောတူစာချုပ် များ လက်မှတ်ထိုးရန်ကိစ္စရပ်များ ခွင့်ပြုနိုင်ရေးအတွက် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက နိင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာနှင့် ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ နိုင်ငံတကာ အကူအညီပေးရေးကိစ္စရပ်များ၊ ပတ်သက်၍ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်နေမှု၊ စိစစ်တွေ့ရှိချက် အစီရင်ခံစာများနှင့် ဆက်လက်စစ်ဆေးရမည့် စာရင်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က နိုင်ငံပိုင် ကြေးနီနှင့်ကျောက်မျက်ရတနာများ စုစည်းထားရှိမှုနှင့် ရတနာပြပွဲများကျင်းပရေးကိစ္စတို့ နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် စီးပွားရေးကော်မတီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ယခုကော်မတီတွင် တာဝန်ထမ်းဆောင်နေကြသူများ အနေဖြင့် အတွေ့အကြုံရှိသူများ ဖြစ်၍ မိမိတို့တာဝန်ကို အကောင်းဆုံးဆောင်ရွက် နိုင်မည်ဟုယုံကြည်ပါကြောင်း၊ COVID – 19 ကာလတွင် ယိုင်နဲ့နေသည့်စီးပွားရေးကို အမြန်ဆုံးပြန်လည် တည့်မတ်စေရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရန်လို ကြောင်း၊ အချိန်အားလေးစားရန်နှင့် အလုပ်ကိုအကြွေးမထားရန်လိုကြောင်း၊ တင်ပြ သင့်သည်များကို အမြန်ဆုံးတင်ပြရန်နင့် ဌာနဆိုင်ရာများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ ပံ့ပိုးမှုပေးရမည့်ဝန်ကြီးဌာနများနှင့် ပုဂ္ဂိလ်များအနေဖြင့် မျှတရန်လိုအပ်ပြီး လေးလေးနက်နက်စဉ်းစား၍ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မူဝါဒများ နှင့်ပတ်သက်၍ ခိုင်ခိုင်မာမာဖြစ်ရန်လိုအပ်ပြီး ရပ်တည်ချက်မှန်ကန်ရန်လိုကြောင်း၊ ယခု ကော်မတီအစည်းအဝေးသည် တိုင်းပြည်စီးပွားရေး ပြန်လည်တိုးတက်လာစေရေး အတွက် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

(Zawgyi Version)

စီးပြားေရးရာေကာ္မတီအစည္းအေဝးအမွတ္စဥ္(၁/၂၀၂၁)က်င္းပ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၂၃

စီးပြားေရးရာေကာ္မတီ အစည္းအေဝးအမွတ္စဥ္ (၁/၂၀၂၁) ကို ယေန႔မြန္းလြဲပိုင္း တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ စီးပြားေရးရာေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ အမွာစကား ေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း ႏွင့္ စိုင္းလုံးဆိုင္၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္၊ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး ၊ ဦးခ်စ္ႏိုင္၊ ဦးတင္ထြဋ္ဦး၊ ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ဦးခင္ေမာင္ရီ၊ ဦးေအာင္သန္းဦး၊ ေဒါက္တာပြင့္ဆန္း၊ ဦးေ႐ႊေလး၊ ေဒါက္တာသက္သက္ခိုင္၊ ဦးေမာင္ေမာင္အုန္း၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ ေဒါက္တာေဒၚသီတာဦး၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ေဒါက္တာကံေဇာ္ႏွင့္ တာဝန္ရွိသူ မ်ား တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ စီးပြားေရးရာေကာ္မတီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ က စီးပြားေရးက႑သည္ အလြန္က်ယ္ျပန႔္ပါေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံ၏အဓိက ေမာင္းႏွင္အားတစ္ခုျဖစ္သည့္ စီးပြားေရးေမာင္းႏွင္အားမွာ အေရးႀကီးသည့္အတြက္ ယခု ေကာ္မတီသည္ ႏိုင္ငံ၏စီးပြားေရးျဖစ္ေပၚေျပာင္းလဲမႈကို သက္ေရာက္မႈရွိသည့္ ေကာ္မတီ ျဖစ္ပါေၾကာင္း၊ စီးပြားေရးေကာင္းမြန္ေရးအတြက္ ေဆာင္႐ြက္ရန္ မည္သည့္က႑ကို အေျခခံစဥ္းစားရမည္ဆိုသည္မွာလည္း အေရးႀကီးေၾကာင္း၊ တိုင္းျပည္၏စီးပြားေရး ေကာင္းမြန္ရန္ အေျခခံေကာင္းမ်ားရွိရန္လိုအပ္ေၾကာင္း၊ စီးပြားေရးေကာင္းမြန္ရန္ အတြက္ ေဆာင္႐ြက္သူမ်ား၏ မူဝါဒခ်မွတ္မႈႏွင့္ စြမ္းေဆာင္မႈအေပၚမူတည္ေၾကာင္း။

လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ တစ္ဦးတစ္ဖြဲ႕တည္းျဖင့္ေဆာင္႐ြက္၍မရပါေၾကာင္း၊ ဝိုင္းဝန္းပူး ေပါင္းညႇိႏႈိင္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ ေရးဝန္ႀကီးဌာန၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနတို႔၏အခ်က္ အလက္မ်ားကို ၾကည့္ရႈရာတြင္ ကုန္သြယ္မႈလိုေငြျပမႈမ်ားရွိေၾကာင္း၊ ထို႔အတူ ျပည္ေထာင္စု၏စုစုေပါင္း လိုေငြလည္းျပေနေၾကာင္း၊ သို႔ျဖစ္၍ ကုန္ထုတ္လုပ္မႈႏွင့္ ပို႔ကုန္တင္ပို႔မႈလုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္စီးပြားေရးေကာင္းမြန္ေရးတြက္ ဝိုင္ဝန္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ လူဦးေရ ၅၄ သန္းေက်ာ္ရွိေၾကာင္း၊ ေျမ၊ လူသားအရင္းအျမစ္ႏွင့္ သယံဇာတမ်ားစြာရွိသည့္အတြက္ အလုပ္လုပ္ႏိုင္သည့္အေျခခံ ေကာင္းမ်ားရွိေၾကာင္း၊ ကုန္ထုတ္လုပ္မႈမ်ားေဆာင္႐ြက္ရာတြင္ မည္သည့္အခ်က္အေပၚ အေျခခံမည္ ဆိုသည္ကိုလည္း စဥ္းစားေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေရရွည္အတြက္ သဘာဝသယံဇာတမ်ားကို လြယ္လြယ္ကူကူထုတ္ယူေရာင္းခ်၍မရေၾကာင္း၊ တိုင္းျပည္ အနာဂတ္အတြက္ ထိန္းသိမ္းသိုေလွာင္ၿပီး အေရးေပၚအတြက္ အရန္ထားရန္လိုအပ္ ေၾကာင္း၊ မိမိတို႔အေနျဖင့္ သယံဇာတထုတ္လုပ္မႈကို ေလွ်ာ့ခ်သြားရန္လိုအပ္ေၾကာင္း၊ တစ္ဖက္ကလည္း သြင္းကုန္အစားထိုးလုပ္ငန္းမ်ားကို ႀကိဳးစားေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ စားေသာက္ကုန္ပစၥည္း တင္သြင္းမႈကို ေလွ်ာ့ခ်သြားရန္လိုအပ္ၿပီး မိမိတို႔ႏိုင္ငံ၌ပင္ထုတ္လုပ္ႏိုင္ရန္ လိုအပ္ေၾကာင္း၊ ထို႔အျပင္ ျပည္တြင္းထုတ္လုပ္မႈကို တိုးတက္ေအာင္ေဆာင္႐ြက္ရမည္ ျဖစ္ေၾကာင္း၊ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားအတြက္ အဓိကလိုအပ္ခ်က္မွာ လွ်ပ္စစ္စြမ္းအင္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားတိုးျမႇင့္ ထုတ္လုပ္ ႏိုင္ေရးအတြက္ ႀကိဳးစားရမည္ျဖစ္ေၾကာင္း၊ သို႔မွသာလူမႈစီးပြားဘဝတိုးတက္ၿပီး ကုန္ထုတ္ လုပ္မႈတိုးတက္လာမည္ျဖစ္ေၾကာင္း၊ လူဦးေရး ၅၄ သန္းတြင္ အေျခခံပညာႏွင့္ တကၠသိုလ္ပညာ ၿပီးေျမာက္သူတို႔၏ လုပ္အားမ်ားကို က႑အလိုက္ အသုံးခ်ႏိုင္ေရး အတြက္ နည္းလမ္းရွာရမည္ျဖစ္ေၾကာင္း၊ အလုပ္သမားမ်ားႏွင့္ အလုပ္ရွင္မ်ားအတြက္ လည္း ထည့္သြင္းစဥ္းစားေပးရမည္ျဖစ္ေၾကာင္း၊ ရင္းႏွိးျမႇဳပ္ႏွံမႈလုပ္ကိုင္သူမ်ားအတြက္ လည္း အာမခံခ်က္ႏွင့္ ဆြဲေဆာင္မႈမ်ား ေပးရမည္ျဖစ္သကဲ့သို႔ ယုံၾကည္မႈရွိရန္လည္း လိုအပ္ေၾကာင္း၊ စီးပြားေရးသည္ အေျပာက်ယ္ၿပီး ေငြေၾကးႏွင့္ပတ္သက္ေနေၾကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈခြင့္ျပဳရာတြင္ လိုအပ္သည့္ အက်ိဳးအျမတ္ရရွိမည္ဟုဆိုသည့္ မက္လုံးျဖင့္ ေက်နပ္မေနသင့္ေၾကာင္း၊ အခြန္ေကာက္ခံမႈအပိုင္းတြင္လည္း အခြန္တိုးျမႇင့္ရရွိေရးထက္ အခြန္ေပးေဆာင္သူ ဦးေရတိုးတက္မႈရရွိေအာင္ ႀကိဳးစားရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ အတြက္ ရသင့္ရထိုက္သည့္ အခြန္ရရွိရန္လိုေၾကာင္း၊ စက္႐ုံ၊ အလုပ္႐ုံက႑တြင္လည္း လုပ္ငန္းမ်ားပုံမွန္ လည္ပတ္ေနေရးအတြက္ အားေပးရမည္ျဖစ္ေၾကာင္း၊ ၎တို႔၏ အခက္အခဲမ်ားရွိပါကလည္း ဝိုင္းဝန္းေျဖရွင္းေပးရမည္ျဖစ္ေၾကာင္း၊ ထို႔အျပင္ လည္ပတ္ ေနသည့္ စက္႐ုံမ်ားမွထြက္ရွိလာသည့္ ကုန္ပစၥည္းမ်ား၏ အရည္အေသြးျမင့္မားေရးအတြက္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားက မူဝါဒမ်ားခ်မွတ္ၿပီး ကူညီေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ စက္မႈ ဝန္ႀကီးဌာနမွာ ႏိုင္ငံတကာတြင္ရွိပါေၾကာင္း၊ စီးပြားေရးလုပ္ငန္းမ်ားတြင္ ႏိုင္ငံသူ ႏိုင္ငံသားမ်ားက အဓိကဖန္တီးႏိုင္သည့္က႑တြင္ ပါဝင္ေနရန္လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ခြင့္ျပဳရာတြင္ ေကာ္မတီအေနျဖင့္ သေဘာေကာင္းရန္ မလိုအပ္ဘဲ ေစတနာေကာင္းရန္သာလိုအပ္ပါေၾကာင္း၊ ႏိုင္ငံသူႏိုင္ငံသားမ်ား နစ္နာမႈ မရွိေစေရးအတြက္ စဥ္းစားေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း၊ ယခုစီးပြားေရးေကာ္မတီသည္ တိုင္းျပည္စီးပြားေကာင္းမြန္ေရးအတြက္ ေမာင္းႏွင္ရန္အဓိကက်သည့္ အဖြဲ႕အစည္း ျဖစ္ေၾကာင္း၊ သို႔ျဖစ္၍ တာဝန္ရွိသူမ်ားအေနျဖင့္ သက္ဆိုင္ရာလုပ္ငန္းမ်ားေဆာင္႐ြက္ ရာတြင္ ဆုံးျဖတ္ခ်က္မွန္မွန္ကန္ကန္ ျမန္ျမန္ဆန္ဆန္ ဆုံးျဖတ္၍ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား လုပ္သာကိုင္သာရွိေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ စီးပြားေရးေကာ္မတီ အတြင္းေရးမႉး ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းရွိန္ ကစီးပြားေရးေကာ္မတီဖြဲ႕စည္ေဆာင္႐ြက္ခဲ့မႈမ်ား၊ ေကာ္မတီအစည္းအေဝးမ်ား က်င္းပခဲ့မႈႏွင့္ ဆုံးျဖတ္ေဆာင္႐ြက္ရန္ ကိစၥရပ္မ်ားကို ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ ျပည္ထဲေရးဝန္ႀကီးဌာန၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပန္ၾကားေရးဝန္ႀကီးဌာန၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ေဆာက္လုပ္ေရးဝန္ႀကီး ဌာနႏွင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနတို႔မွ ျပည္ေထာင္စုဝန္ႀကီး မ်ားက သက္ဆိုင္ရာဝန္ႀကီးဌာနအလိုက္ ခြင့္ျပဳေပးရန္ကိစၥရပ္မ်ား၊ မွတ္တမ္းတင္ေပးရန္ကိစၥရပ္မ်ား၊ အမိန္ေၾကညာစာ ထုတ္ျပန္ေပးရန္ကိစၥရပ္မ်ား၊ ေငြေၾကးသက္ေသ ခံလက္မွတ္ လုပ္ငန္းႀကီးၾကပ္ေရးေကာ္မရွင္ အဖြဲ႕ဝင္မ်ားခန႔္အပ္ ေရးႏွင့္ ခ်ီးျမႇင့္ေငြတိုးျမႇင့္ေပးရန္ကိစၥရပ္မ်ား၊ နားလည္မႈစာခ်ဳပ္ႏွင့္ သေဘာတူစာခ်ဳပ္ မ်ား လက္မွတ္ထိုးရန္ကိစၥရပ္မ်ား ခြင့္ျပဳႏိုင္ေရးအတြက္ ရွင္းလင္းတင္ျပၾကသည္။

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက နိင္ငံတကာႏွင့္ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိသည့္ စီမံကိန္းဆိုင္ရာကိစၥရပ္မ်ား၊ ႏိုင္ငံတကာႏွင့္ ခ်ဳပ္ဆိုထားသည့္ နားလည္မႈစာခြၽန္လႊာမ်ား၊ သေဘာတူစာခ်ဳပ္မ်ားႏွင့္ စပ္လ်ဥ္းသည့္ ကိစၥရပ္မ်ား၊ ႏိုင္ငံတကာ အကူအညီေပးေရးကိစၥရပ္မ်ား၊ ပတ္သက္၍ ေဆာင္႐ြက္ဆဲႏွင့္ ဆက္လက္ ေဆာင္႐ြက္မည့္ ကိစၥရပ္မ်ားကိုလည္းေကာင္း၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ ေဒါက္တာ ကံေဇာ္က ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္႐ုံး၏ လုပ္ငန္းစဥ္မ်ားႏွင့္ ျပဳျပင္ေျပာင္းလဲရန္ ေဆာင္႐ြက္ေနမႈ၊ စိစစ္ေတြ႕ရွိခ်က္ အစီရင္ခံစာမ်ားႏွင့္ ဆက္လက္စစ္ေဆးရမည့္ စာရင္းမ်ားႏွင့္ စပ္လ်ဥ္း၍လည္းေကာင္း၊ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီ က ႏိုင္ငံပိုင္ ေၾကးနီႏွင့္ေက်ာက္မ်က္ရတနာမ်ား စုစည္းထားရွိမႈႏွင့္ ရတနာျပပြဲမ်ားက်င္းပေရးကိစၥတို႔ ႏွင့္ စပ္လ်ဥ္း၍လည္းေကာင္း ရွင္းလင္းတင္ျပၾကသည္။

ယင္းေနာက္ စီးပြားေရးေကာ္မတီ ဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ က ယခုေကာ္မတီတြင္ တာဝန္ထမ္းေဆာင္ေနၾကသူမ်ား အေနျဖင့္ အေတြ႕အႀကဳံရွိသူမ်ား ျဖစ္၍ မိမိတို႔တာဝန္ကို အေကာင္းဆုံးေဆာင္႐ြက္ ႏိုင္မည္ဟုယုံၾကည္ပါေၾကာင္း၊ COVID – 19 ကာလတြင္ ယိုင္နဲ႔ေနသည့္စီးပြားေရးကို အျမန္ဆုံးျပန္လည္ တည့္မတ္ေစေရး ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း၊ သက္ဆိုင္ရာလုပ္ငန္းမ်ားအလိုက္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားအေနျဖင့္ မွန္မွန္ကန္ကန္ ျမန္ျမန္ဆန္ဆန္ ေဆာင္႐ြက္ေပးရန္လို ေၾကာင္း၊ အခ်ိန္အားေလးစားရန္ႏွင့္ အလုပ္ကိုအေႂကြးမထားရန္လိုေၾကာင္း၊ တင္ျပ သင့္သည္မ်ားကို အျမန္ဆုံးတင္ျပရန္နင့္ ဌာနဆိုင္ရာမ်ားအခ်င္းခ်င္း ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပံ့ပိုးမႈေပးရမည့္ဝန္ႀကီးဌာနမ်ားႏွင့္ ပုဂၢိလ္မ်ားအေနျဖင့္ မွ်တရန္လိုအပ္ၿပီး ေလးေလးနက္နက္စဥ္းစား၍ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ မူဝါဒမ်ား ႏွင့္ပတ္သက္၍ ခိုင္ခိုင္မာမာျဖစ္ရန္လိုအပ္ၿပီး ရပ္တည္ခ်က္မွန္ကန္ရန္လိုေၾကာင္း၊ ယခု ေကာ္မတီအစည္းအေဝးသည္ တိုင္းျပည္စီးပြားေရး ျပန္လည္တိုးတက္လာေစေရး အတြက္ အေထာက္အကူျပဳမည္ဟု ယုံၾကည္ပါေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။