နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တို့တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အပေါ် အရေးယူဆောင်ရွက်ချက်နှင့်ပတ်သက်၍ အနိုင်ရပါတီအား ထောက်ခံသူများ က ၎င်းတို့၏မကျေနပ်မှုများအား ထုတ်ဖော်ဆန္ဒပြမှုများမှတစ်ဆင့် ယခုအချိန်တွင်ဆူပူ အကြမ်းဖက်မှုများအသွင်သို့ ရောက်ရှိလာကြောင်း၊ မိမိတို့ အနေဖြင့်ဒီမိုကရေစီကျင့်စဉ် နှင့်အညီ တတ်နိုင်သမျှလူအင်အားအနည်းဆုံးဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုတာဝန်ပေး ဆောင်ရွက်ခဲ့ပြီး တပ်မတော်အနေဖြင့် လိုအပ်ချက်ရှိသည့်နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ၏ အနောက်မှနေ၍ ကူညီဆောင်ရွက်ပေးခြင်းနှင့် အခက်အခဲအတား အဆီးများအား ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဆူပူဆန္ဒ ပြမှုဖြစ်စဉ်များ ဖြစ်ပွားမှု နည်းပါးလာသော်လည်း အချို့နေရာများတွင် ဆူပူမှုများသာမက လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်မှုများနှင့် ပြည်သူပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ခက်ခဲစွာဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ ဆူပူဆန္ဒပြသူများက မြန်မာနိုင်ငံရဲတပ် ဖွဲ့စခန်းများကို အကြမ်းဖက် ဝင်ရောက်စီးနင်းခြင်း၊ အုပ်ချုပ်မှုရုံးများ ကိုဝင်ရောက်စီးနင်း ခြင်းနှင့် စက်ရုံအလုပ်ရုံများကို မီးရှို့ဖျက်ဆီးချိန်တို့တွင် လူစုကွဲစေရန်အတွက် ပစ်ခတ် ရှင်းလင်းမှုများပြုလုပ်ချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ဆူပူဆန္ဒပြသူတချို့သေဆုံးပြီး တချို့ဒဏ်ရာရရှိခြင်းများရှိခြင်းကြောင့် မတ်လ ၁၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့အား စစ်အုပ်ချုပ်ရေး(Martial Law) ထုတ်ပြန် ခဲ့ရကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြို့နယ်(တောင်ပိုင်း)နှင့်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာပနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင်လည်း ဆက်လက်ထုတ်ပြန် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းအရသာ ဆောင်ရွက်နေခြင်း ဖြစ်သဖြင့် တတ်နိုင်သမျှစိတ်ရှည်သည်းခံ၍ ထိန်းသိမ်းဆောင်ရွက်ခဲ့သော်လည်း ရဟန်း/ သံဃာတော်များကိုပင် ထိခိုက်စော်ကားလာမှုများရှိကြောင်း၊ ဆူပူဆန္ဒပြမှုများသည် မြှောက်ထိုးပင့်ကော် ပြုလုပ်နေသူများနှင့် ငွေကြေး ထောက်ပံ့နေမှုများ ရှိခြင်းကြောင့် ယခုကဲ့သို့ဆူပူဆန္ဒပြမှုအဆင့်မှ အကြမ်းဖက်မှုအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များတွင် အဓိကတာဝန်ရှိသူများဖြစ်ကြောင်း၊ ယခုအခါဆေးရုံအချို့ပိတ်ထားသော်လည်း ဆေးရုံအများစုမှာ ပြန်လည်ဖွင့်လှစ်ကုသပေးမှုများ ပြုလုပ်နေသည်ကိုတွေ့ရှိရကြောင်း၊ ဆေးရုံများဖွင့်လှစ်ရန် ဆောင်ရွက်ရာတွင် CDM တွင်မပါဝင်သည့် ဆရာဝန်များအား ဖိအားပေး ဆောင်ရွက်နေမှုများရှိကြောင်း၊ ဆရာဝန်များသည် ယေဘူယျအားဖြင့် စဉ်းစား ချင့်ချိန်နိုင်စွမ်းရှိသူများ ဖြစ်သဖြင့် ပြည်သူများကိုကျန်းမာရေးစောင့်ရှောက်မှုပေးရမည့် မိမိတို့၏ကျင့်ဝတ်များကို လေးစားရန်လိုအပ်ကြောင်း။

တက္ကသိုလ်၊ ကောလိပ်များပြန်လည်ဖွင့်လှစ်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အချို့တက္ကသိုလ်၊ ကောလိပ်များတွင် CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများရှိသည်ကို သိရှိရကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပိတ်ထားသည့် အတွက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် နိုင်ငံတော်အတွက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ တက္ကသိုလ်ဝင်ခွင့်များ စတင်လျှောက်ထားနိုင်ရေး အတွက်လည်း တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ ထုတ်ခွင့်ပြုပေးထားကြောင်း၊ တက္ကသိုလ် ဝင်ခွင့်များဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရပ်များနှင့်ကိုက်ညီ အောင် ရွေးချယ်ဆောင်ရွက်မှသာ သက်ဆိုင်ရာဘာသာရပ်များကို ထူးချွန်စွာဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် စိစစ်ဆောင်ရွက်ရန် ဝန်ကြီးဌာနသို့ မှာကြားထားပြီးဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် သက်ဆိုင်ရာဘာသာရပ် အလိုက် ပညာရပ်များအား ထူးချွန်စွာသင်ယူနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်ရေးအတွက်လည်း စာကြည့်တိုက်များကိုလည်း ကောင်းမွန်ပြည့်စုံစွာဖြင့် ဖွင့်လှစ်ပေးထားရန်လိုပြီး တက္ကသိုလ်များအဆင့်မြှင့်တင်ရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပညာရေးကောင်းမွန်မှသာ တိုင်းပြည်တိုးတက်မည် ဖြစ်သဖြင့် ပညာရေးကောင်းမွန်အောင် ဝိုင်းဝန်း ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် COVDI-19 ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလာသည်ကို ကောက်ယူထား သည့်အချက်အလက်များအရသိရှိရကြောင်း၊မြို့နယ်များအလိုက်ကူးစက်မှုနှုန်းလျော့နည်းလာ ခြင်းသည် ကောင်းမွန်သည့်အလားအလာပင်ဖြစ်ပြီး COVDI-19 ရောဂါကြောင့်သေဆုံးမှု နှုန်းမှာလည်းလျော့နည်းလာကြောင်း၊ မကြာခင်အချိန်တွင် မိမိတို့နိုင်ငံ၏နှစ်သစ်ကူး ကာလ သို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် နှစ်သစ်ကူးကာလကို အကန့်အသတ်ဖြင့် ခွင့်ပြုနိုင်ရေး စီမံစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း။

မိမိတို့အနေဖြင့် NLD ပါတီမှပုဂ္ဂိုလ်များနှင့်၎င်းတို့နှင့်ပတ်သက်သူများအား စစ်ဆေးမေး မြန်းမှုများပြုလုပ်ရာတွင်လည်း ကောင်းမွန်စွာဖြင့်ထားရှိစစ်ဆေးမေးမြန်း မှုများပြုလုပ်နေ ကြောင်း၊ ဖော်ထုတ်ရရှိသည့် ၎င်းတို့၏ပြောကြားချက်များမှ အချို့ကိုသတင်း ထုတ်ပြန် ပေးခဲ့ပြီးဖြစ်သလို ထပ်မံဖော်ထုတ်ရရှိမှုများကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ အဂတိလိုက်စားမှုများကျူးလွန်ထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး နှင့်ပြည်ထောင်စု အဆင့်တာဝန်ရှိများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူ သွားမည် ဖြစ်ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ချိန်တွင်လည်း အဂတိတရားကင်းရှင်းစွာဖြင့် တိုင်းပြည်အကျိုးကို ဆောင်ရွက်သွားရန်လိုကြောင်း။

ဘဏ်များဖွင့်လှစ်မှုနှင့်ပတ်သက်၍ ဘဏ်များအားလုံး ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်မှု မရှိသေးသော်လည်း လိုအပ်သောလုံခြုံရေးစီမံဆောင်ရွက်ပေးပြီး ပြန်လည်ဖွင့်လှစ်ရန် အတွက် မှာကြားထားပြီးဖြစ်ကြောင်း၊ ဘဏ်များစတင်ဖွင့်လှစ်ချိန်ကတည်းက နိုင်ငံတော်မှ သတ်မှတ်ထားသည့် ငွေကြေးမူဝါဒများနှင့်အညီ ဆောင်ရွက်မည်ဟုသဘောတူပြီး ဖြစ်ကြောင်း၊ ဖွင့်လှစ်နိုင်မှုမရှိ သေးသည့် ဘဏ်များကိုလည်း စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဘဏ်များပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဖြစ်နိုင်သည့်နည်းလမ်းများ ကိုစဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ဘဏ်များ၌ငွေကြေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံခြားငွေကြေးများအား နိုင်ငံတော်မှသတ်မှတ် ထားသည့် စည်းကမ်းချက်များကိုကျော်လွန် ဆောင်ရွက်နေမှုများ၊ သတ်မှတ်နှုန်းထားများ ထက်ငွေကြေးများ ကျော်လွန်ချေးငှားထားမှုများကိုလည်း စိစစ်တွေ့ရှိရသဖြင့် ဘဏ်များ စနစ်တကျဖြစ်စေရေး နိုင်ငံတော်ဗဟိုဘဏ်မှ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့်ပတ်သက်၍ ထုတ်လုပ်သည့်လျှပ်စစ်ဓာတ်အားများ အားလုံး သုံးစွဲသည်ကိုတွေ့ရှိရသဖြင့် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ လိုအပ်ချက်များ ရှိနေသည်ဟုသုံးသပ်ရကြောင်း၊ လျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းများတွင် နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်တွင် Smokeless Industries စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပေါင်းလောင်းရေအား လျှပ်စစ်ထုတ်လုပ်ရေးအား အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်း များနှင့် အခြားလျှပ်စစ်ဓာတ်အားအသုံးပြုလည်ပတ်ရသည့် စက်ရုံ၊ အလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးအတွက်လည်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်ရန် လိုကြောင်း။

မိမိတို့အနေဖြင့် မဲစာရင်းများစိစစ်ရာတွင် မဲမသမာမှုများများစွာဖြစ်ပေါ်ခဲ့သည်ကို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့်လာမည့်ရွေးကောက်ပွဲ သည် လွတ်လပ်၍တရားမျှတပြီး စနစ်တကျရှိစေရေး မိမိတို့အနေဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာန များတွင်လည်း လူဦးရေစာရင်းမှန်ကန်ရေးအတွက် စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုကာလများတွင် ကောင်စီဝင်များအနေဖြင့် တာဝန်အသီးသီးခွဲဝေ၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့က နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အတွက် စစ်အုပ်ချုပ်ရေးအမိန့်(Martial Law)ဒေသများ တိုးမြှင့်ထုတ်ပြန်ရေး၊ အဂတိလိုက်စား မှုများ ဖော်ထုတ်အရေးယူရေး၊ ဘဏ်များဖွင့်လှစ်ရေးနှင့် ငွေကြေးစီးဆင်းမှု မြန်ဆန်စေရေး၊ တိုင်းရင်းသားစာပေ သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအား ပိုမိုထောက်ပံ့ပေးနိုင်ရေး၊ ပြည်သူလူထုအား ထိရောက်စွာအကာအကွယ်ပေးနိုင်ရေး၊ သတင်းထုတ်ပြန်ချက်များအား အထောက်အထား ခိုင်ခိုင်မာမာဖြင့် ထုတ်ပြန်နိုင်ရေး၊ တရားမဝင်ဖွဲ့စည်းထားသော CRPH တွင် ပါဝင်ပတ်သက်နေသူများအား ရှာဖွေဖော်ထုတ် အရေးယူသွားရေး၊ သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများဖော်ဆောင်ပြီး အားပေး ကူညီပေးရေး၊ ရေနံမြေများကို ပုဂ္ဂလိက(သို့မဟုတ်) သမဝါယမစနစ်ဖြင့် တစ်ပိုင်တစ်နိုင် လုပ်ခွင့်ပြုရေး၊ ဘာသာရေးကို အကြောင်းပြု၍ နိုင်ငံရေးဆောင်ရွက်ခြင်းများ မပြုနိုင်စေရေး၊ မီဒီယာများ၏ ထိုးနှက်တိုက်ခိုက်မှုများကို မီဒီယာဖြင့် ထိရောက်စွာတုံ့ပြန်နိုင်ရေး၊ ဆူပူ အကြမ်းဖက်မှု နောက်ကွယ်မှ ထောက်ပံ့နေသည့် ငွေကြေးထောက်ပံ့မှုများ၊ ငွေကြေးစီးဆင်း မှုများကို ဖော်ထုတ်အရေးယူသွားရေး၊ ရပ်ကွက်နှင့်ကျေးရွာ စီမံအုပ်ချုပ်ရေးကော်မတီဝင် ခန့်အပ်ရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်မည့်သူများကို တာဝန်ပေးအပ်နိုင်ရေးနှင့် ၎င်းတို့ကိုအကာအကွယ်ပေးရေး၊ စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရေး၊ အုပ်ချုပ်ရေးယန္တရား ထိထိ ရောက်ရောက် လည်ပတ်နိုင်ရေးကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဒီမိုကရေစီ ဖြစ်စဉ်နှင့်အညီ နိုင်ငံတော်စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးအပိုင်းများကို ညင်သာစွာ ကိုင်တွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုစစ်အုပ်ချုပ်ရေးအမိန့် (Martial Law) သတ်မှတ်ထားသည့် မြို့နယ်များ နှင့်ထိစပ်သည့် မြို့နယ်မှပြည်သူများအနေဖြင့်လည်း အချင်းချင်း ထိန်းသိမ်း သွားကြမည်ဟု မျှော်လင့်ကြောင်း၊ မူလကသာမန်ဆန္ဒပြကြရာမှ နောက်ပိုင်းတွင် ငွေကြေး ထောက်ပံ့မှုများ ရှိလာသည့်အတွက် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူအကြမ်းဖက်မှု အဆင့်အထိ ဖြစ်ပွားလာကြောင်း၊ ပြည်ပအဖွဲ့အစည်းအချို့မှလည်း ထောက်ပံ့မှုများရှိလာပြီး နိုင်ငံခြားငွေကြေး စီးဆင်းမှု အပိုင်းတွင် အချို့ဘဏ်များပါ ပတ်သက်မှုရှိလာသဖြင့် စစ်ဆေးနေကြောင်း။

တိုင်းရင်းသားစာပေ သင်ကြားနေသည့် ဆရာ၊ ဆရာမများအပါအဝင် ဆရာ၊ ဆရာမ များအား အဆင့်နှင့်လျော်ညီစွာ ပိုမိုထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေး ဆောင်ရွက်သွားမည်ကြောင်း၊ တိုင်းရင်းသားဒေသများ ပညာရည်မြင့်မားရေး အတွက် တိုင်းရင်းသားဒေသများရှိ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်သဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများကိုလည်း ထောက်ပံ့ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အဓိကအသက်မွေးဝမ်းကြောင်း ပြုနေသည့် နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး SME လုပ်ငန်း များကိုလည်း အားပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အဆိုပါငွေကြေးများကို မှန်မှန်ကန်ကန် သုံးစွဲရန်လိုကြောင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ ကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်၊ ငပလီနှင့် ချောင်းသာဒေသ များကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေနံမြေအဟောင်းများ ကို သမဝါယမ (သို့မဟုတ်) ပုဂ္ဂလိကစနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။

ယခုကာလတွင် လုံခြုံရေးနှင့်ပတ်သက်ပြီး ဒေသအလိုက် သတိထားဆောင်ရွက် သွားရန်လိုကြောင်း၊ ပွဲလန့်တုန်းဖျာခင်းလိုသည့်သဘောများလည်းတွေ့ရကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး နှင့် NCA လက်မှတ်ရေးထိုး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၎င်းမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အရေးတွင် အေးအေးချမ်းချမ်းဖြင့် အေးအတူပူအမျှ ဆောင်ရွက်လိုသည့် စိတ်ဓာတ်ထားရှိပြီး အမြင်ရှင်းရှင်းဖြင့် ကြည့်ရန် လိုကြောင်း၊ နိုင်ငံတော်အကျိုးကိုရည်ရွယ်၍ လက်တွဲလုပ်ဆောင်ကြရန် ကောင်စီဝင်များ အနေဖြင့်လည်း တိုက်တွန်းပေးကြရန် လိုအပ်ကြောင်းဖြင့်မှာကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝးသို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္ မတ္ ၁၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၆/၂၀၂၁)ကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္ႏွင့္ ေစာဒန္နီယယ္၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦးႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ တို႔တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ၂၀၂၀ ေ႐ြးေကာက္ပြဲ ရလဒ္အေပၚ အေရးယူေဆာင္႐ြက္ခ်က္ႏွင့္ပတ္သက္၍ အႏိုင္ရပါတီအား ေထာက္ခံသူမ်ား က ၎တို႔၏မေက်နပ္မႈမ်ားအား ထုတ္ေဖာ္ဆႏၵျပမႈမ်ားမွတစ္ဆင့္ ယခုအခ်ိန္တြင္ဆူပူ အၾကမ္းဖက္မႈမ်ားအသြင္သို႔ ေရာက္ရွိလာေၾကာင္း၊ မိမိတို႔ အေနျဖင့္ဒီမိုကေရစီက်င့္စဥ္ ႏွင့္အညီ တတ္ႏိုင္သမွ်လူအင္အားအနည္းဆုံးျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကိုတာဝန္ေပး ေဆာင္႐ြက္ခဲ့ၿပီး တပ္မေတာ္အေနျဖင့္ လိုအပ္ခ်က္ရွိသည့္ေနရာမ်ားတြင္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ အေနာက္မွေန၍ ကူညီေဆာင္႐ြက္ေပးျခင္းႏွင့္ အခက္အခဲအတား အဆီးမ်ားအား ကူညီေျဖရွင္းေဆာင္႐ြက္ေပးျခင္းမ်ား ျပဳလုပ္ေပးလ်က္ရွိေၾကာင္း၊ ဆူပူဆႏၵ ျပမႈျဖစ္စဥ္မ်ား ျဖစ္ပြားမႈ နည္းပါးလာေသာ္လည္း အခ်ိဳ႕ေနရာမ်ားတြင္ ဆူပူမႈမ်ားသာမက လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားအေပၚ အၾကမ္းဖက္မႈမ်ားႏွင့္ ျပည္သူပိုင္ပစၥည္းမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ားကို မီးရႈိ႕ဖ်က္ဆီးမႈမ်ားျပဳလုပ္လာသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ခက္ခဲစြာျဖင့္ ေျဖရွင္းေဆာင္႐ြက္ခဲ့ရေၾကာင္း၊ ဆူပူဆႏၵျပသူမ်ားက ျမန္မာႏိုင္ငံရဲတပ္ ဖြဲ႕စခန္းမ်ားကို အၾကမ္းဖက္ ဝင္ေရာက္စီးနင္းျခင္း၊ အုပ္ခ်ဳပ္မႈ႐ုံးမ်ား ကိုဝင္ေရာက္စီးနင္း ျခင္းႏွင့္ စက္႐ုံအလုပ္႐ုံမ်ားကို မီးရႈိ႕ဖ်က္ဆီးခ်ိန္တို႔တြင္ လူစုကြဲေစရန္အတြက္ ပစ္ခတ္ ရွင္းလင္းမႈမ်ားျပဳလုပ္ခ်ိန္၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္တခ်ိဳ႕ႏွင့္ ဆူပူဆႏၵျပသူတခ်ိဳ႕ေသဆုံးၿပီး တခ်ိဳ႕ဒဏ္ရာရရွိျခင္းမ်ားရွိျခင္းေၾကာင့္ မတ္လ ၁၄ ရက္ ညပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊျပည္သာၿမိဳ႕နယ္ႏွင့္ လႈိင္သာယာၿမိဳ႕နယ္တို႔အား စစ္အုပ္ခ်ဳပ္ေရး(Martial Law) ထုတ္ျပန္ ခဲ့ရေၾကာင္း၊ ယေန႔နံနက္ပိုင္းတြင္ ဒဂုံၿမိဳ႕သစ္ၿမိဳ႕နယ္(ေတာင္ပိုင္း)ႏွင့္(ေျမာက္ပိုင္း)၊ ေျမာက္ဥကၠလာပႏွင့္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္တို႔တြင္လည္း ဆက္လက္ထုတ္ျပန္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ မိမိတို႔အေနျဖင့္ ဒီမိုကေရစီနည္းလမ္းအရသာ ေဆာင္႐ြက္ေနျခင္း ျဖစ္သျဖင့္ တတ္ႏိုင္သမွ်စိတ္ရွည္သည္းခံ၍ ထိန္းသိမ္းေဆာင္႐ြက္ခဲ့ေသာ္လည္း ရဟန္း/ သံဃာေတာ္မ်ားကိုပင္ ထိခိုက္ေစာ္ကားလာမႈမ်ားရွိေၾကာင္း၊ ဆူပူဆႏၵျပမႈမ်ားသည္ ေျမႇာက္ထိုးပင့္ေကာ္ ျပဳလုပ္ေနသူမ်ားႏွင့္ ေငြေၾကး ေထာက္ပံ့ေနမႈမ်ား ရွိျခင္းေၾကာင့္ ယခုကဲ့သို႔ဆူပူဆႏၵျပမႈအဆင့္မွ အၾကမ္းဖက္မႈအဆင့္သို႔ ေရာက္ရွိလာျခင္းျဖစ္ေၾကာင္း။

က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ ျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္း မ်ားတြင္ အဓိကတာဝန္ရွိသူမ်ားျဖစ္ေၾကာင္း၊ ယခုအခါေဆး႐ုံအခ်ိဳ႕ပိတ္ထားေသာ္လည္း ေဆး႐ုံအမ်ားစုမွာ ျပန္လည္ဖြင့္လွစ္ကုသေပးမႈမ်ား ျပဳလုပ္ေနသည္ကိုေတြ႕ရွိရေၾကာင္း၊ ေဆး႐ုံမ်ားဖြင့္လွစ္ရန္ ေဆာင္႐ြက္ရာတြင္ CDM တြင္မပါဝင္သည့္ ဆရာဝန္မ်ားအား ဖိအားေပး ေဆာင္႐ြက္ေနမႈမ်ားရွိေၾကာင္း၊ ဆရာဝန္မ်ားသည္ ေယဘူယ်အားျဖင့္ စဥ္းစား ခ်င့္ခ်ိန္ႏိုင္စြမ္းရွိသူမ်ား ျဖစ္သျဖင့္ ျပည္သူမ်ားကိုက်န္းမာေရးေစာင့္ေရွာက္မႈေပးရမည့္ မိမိတို႔၏က်င့္ဝတ္မ်ားကို ေလးစားရန္လိုအပ္ေၾကာင္း။

တကၠသိုလ္၊ ေကာလိပ္မ်ားျပန္လည္ဖြင့္လွစ္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိၿပီး အခ်ိဳ႕တကၠသိုလ္၊ ေကာလိပ္မ်ားတြင္ CDM ျပဳလုပ္ေနသည့္ ပညာေရးဝန္ထမ္းမ်ားရွိသည္ကို သိရွိရေၾကာင္း၊ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္လည္း ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တကၠသိုလ္မ်ားႏွင့္ အေျခခံပညာေက်ာင္းမ်ား ပိတ္ထားသည့္ အတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ မိဘမ်ားႏွင့္ ႏိုင္ငံေတာ္အတြက္နစ္နာမႈမ်ား ျဖစ္ေပၚလ်က္ရွိသျဖင့္ အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ တကၠသိုလ္ဝင္ခြင့္မ်ား စတင္ေလွ်ာက္ထားႏိုင္ေရး အတြက္လည္း တကၠသိုလ္ဝင္တန္း အမွတ္စာရင္းမ်ား ထုတ္ခြင့္ျပဳေပးထားေၾကာင္း၊ တကၠသိုလ္ ဝင္ခြင့္မ်ားေဆာင္႐ြက္ရာတြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ပညာရပ္မ်ားႏွင့္ကိုက္ညီ ေအာင္ ေ႐ြးခ်ယ္ေဆာင္႐ြက္မွသာ သက္ဆိုင္ရာဘာသာရပ္မ်ားကို ထူးခြၽန္စြာေဆာင္႐ြက္ ႏိုင္မည္ျဖစ္သျဖင့္ စိစစ္ေဆာင္႐ြက္ရန္ ဝန္ႀကီးဌာနသို႔ မွာၾကားထားၿပီးျဖစ္ေၾကာင္း၊ တကၠသိုလ္မ်ားတြင္ သက္ဆိုင္ရာဘာသာရပ္ အလိုက္ ပညာရပ္မ်ားအား ထူးခြၽန္စြာသင္ယူႏိုင္ေရးအတြက္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေလ့လာႏိုင္ေရးအတြက္လည္း စာၾကည့္တိုက္မ်ားကိုလည္း ေကာင္းမြန္ျပည့္စုံစြာျဖင့္ ဖြင့္လွစ္ေပးထားရန္လိုၿပီး တကၠသိုလ္မ်ားအဆင့္ျမႇင့္တင္ေရး ေဆာင္႐ြက္ေပးရန္လိုအပ္ေၾကာင္း၊ ပညာေရးေကာင္းမြန္မွသာ တိုင္းျပည္တိုးတက္မည္ ျဖစ္သျဖင့္ ပညာေရးေကာင္းမြန္ေအာင္ ဝိုင္းဝန္း ေဆာင္႐ြက္ရန္လိုေၾကာင္း။

မိမိတို႔ႏိုင္ငံတြင္ COVDI-19 ေရာဂါျဖစ္ပြားမႈႏႈန္းက်ဆင္းလာသည္ကို ေကာက္ယူထား သည့္အခ်က္အလက္မ်ားအရသိရွိရေၾကာင္း၊ၿမိဳ႕နယ္မ်ားအလိုက္ကူးစက္မႈႏႈန္းေလ်ာ့နည္းလာ ျခင္းသည္ ေကာင္းမြန္သည့္အလားအလာပင္ျဖစ္ၿပီး COVDI-19 ေရာဂါေၾကာင့္ေသဆုံးမႈ ႏႈန္းမွာလည္းေလ်ာ့နည္းလာေၾကာင္း၊ မၾကာခင္အခ်ိန္တြင္ မိမိတို႔ႏိုင္ငံ၏ႏွစ္သစ္ကူး ကာလ သို႔ ေရာက္ရွိေတာ့မည္ျဖစ္သျဖင့္ ႏွစ္သစ္ကူးကာလကို အကန႔္အသတ္ျဖင့္ ခြင့္ျပဳႏိုင္ေရး စီမံစဥ္းစား ေဆာင္႐ြက္ရန္လိုေၾကာင္း။

မိမိတို႔အေနျဖင့္ NLD ပါတီမွပုဂၢိဳလ္မ်ားႏွင့္၎တို႔ႏွင့္ပတ္သက္သူမ်ားအား စစ္ေဆးေမး ျမန္းမႈမ်ားျပဳလုပ္ရာတြင္လည္း ေကာင္းမြန္စြာျဖင့္ထားရွိစစ္ေဆးေမးျမန္း မႈမ်ားျပဳလုပ္ေန ေၾကာင္း၊ ေဖာ္ထုတ္ရရွိသည့္ ၎တို႔၏ေျပာၾကားခ်က္မ်ားမွ အခ်ိဳ႕ကိုသတင္း ထုတ္ျပန္ ေပးခဲ့ၿပီးျဖစ္သလို ထပ္မံေဖာ္ထုတ္ရရွိမႈမ်ားကိုလည္း ဆက္လက္ထုတ္ျပန္ေပးသြားမည္ ျဖစ္ေၾကာင္း၊ အလားတူ အဂတိလိုက္စားမႈမ်ားက်ဴးလြန္ထားသည့္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး ႏွင့္ျပည္ေထာင္စု အဆင့္တာဝန္ရွိမ်ားကိုလည္း ဆက္လက္ေဖာ္ထုတ္အေရးယူ သြားမည္ ျဖစ္ေၾကာင္း၊ မိမိတို႔တာဝန္ထမ္းေဆာင္ခ်ိန္တြင္လည္း အဂတိတရားကင္းရွင္းစြာျဖင့္ တိုင္းျပည္အက်ိဳးကို ေဆာင္႐ြက္သြားရန္လိုေၾကာင္း။

ဘဏ္မ်ားဖြင့္လွစ္မႈႏွင့္ပတ္သက္၍ ဘဏ္မ်ားအားလုံး ပုံမွန္ျပန္လည္ဖြင့္လွစ္ႏိုင္မႈ မရွိေသးေသာ္လည္း လိုအပ္ေသာလုံၿခဳံေရးစီမံေဆာင္႐ြက္ေပးၿပီး ျပန္လည္ဖြင့္လွစ္ရန္ အတြက္ မွာၾကားထားၿပီးျဖစ္ေၾကာင္း၊ ဘဏ္မ်ားစတင္ဖြင့္လွစ္ခ်ိန္ကတည္းက ႏိုင္ငံေတာ္မွ သတ္မွတ္ထားသည့္ ေငြေၾကးမူဝါဒမ်ားႏွင့္အညီ ေဆာင္႐ြက္မည္ဟုသေဘာတူၿပီး ျဖစ္ေၾကာင္း၊ ဖြင့္လွစ္ႏိုင္မႈမရွိ ေသးသည့္ ဘဏ္မ်ားကိုလည္း စည္းမ်ဥ္းစည္းကမ္းႏွင့္အညီ အေရးယူေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း၊ ဘဏ္မ်ားျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ ျဖစ္ႏိုင္သည့္နည္းလမ္းမ်ား ကိုစဥ္းစားေဆာင္႐ြက္ရန္လိုေၾကာင္း၊ ဘဏ္မ်ား၌ေငြေၾကး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာတြင္ ႏိုင္ငံျခားေငြေၾကးမ်ားအား ႏိုင္ငံေတာ္မွသတ္မွတ္ ထားသည့္ စည္းကမ္းခ်က္မ်ားကိုေက်ာ္လြန္ ေဆာင္႐ြက္ေနမႈမ်ား၊ သတ္မွတ္ႏႈန္းထားမ်ား ထက္ေငြေၾကးမ်ား ေက်ာ္လြန္ေခ်းငွားထားမႈမ်ားကိုလည္း စိစစ္ေတြ႕ရွိရသျဖင့္ ဘဏ္မ်ား စနစ္တက်ျဖစ္ေစေရး ႏိုင္ငံေတာ္ဗဟိုဘဏ္မွ ၾကပ္မတ္ေဆာင္႐ြက္ရန္လိုေၾကာင္း။

လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈႏွင့္ပတ္သက္၍ ထုတ္လုပ္သည့္လွ်ပ္စစ္ဓာတ္အားမ်ား အားလုံး သုံးစြဲသည္ကိုေတြ႕ရွိရသျဖင့္ လွ်ပ္စစ္ဓာတ္အားႏွင့္ပတ္သက္၍ လိုအပ္ခ်က္မ်ား ရွိေနသည္ဟုသုံးသပ္ရေၾကာင္း၊ လွ်ပ္စစ္ထုတ္လုပ္မႈလုပ္ငန္းမ်ားတြင္ ေနေရာင္ျခည္စြမ္းအင္ သုံးလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ေနျပည္ေတာ္တြင္ Smokeless Industries စက္မႈလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္အတြက္ ေပါင္းေလာင္းေရအား လွ်ပ္စစ္ထုတ္လုပ္ေရးအား အဓိကထားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ အထည္ခ်ဳပ္လုပ္ငန္း မ်ားႏွင့္ အျခားလွ်ပ္စစ္ဓာတ္အားအသုံးျပဳလည္ပတ္ရသည့္ စက္႐ုံ၊ အလုပ္႐ုံမ်ားႏွင့္ စိုက္ပ်ိဳးေမြးျမဴေရးကိုအေျခခံသည့္ တန္ဖိုးျမႇင့္ထုတ္ကုန္မ်ား ထုတ္လုပ္ ႏိုင္ေရးအတြက္လည္း ျပည္တြင္းျပည္ပ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚေဆာင္႐ြက္ရန္ လိုေၾကာင္း။

မိမိတို႔အေနျဖင့္ မဲစာရင္းမ်ားစိစစ္ရာတြင္ မဲမသမာမႈမ်ားမ်ားစြာျဖစ္ေပၚခဲ့သည္ကို သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားထားၿပီးျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္လာမည့္ေ႐ြးေကာက္ပြဲ သည္ လြတ္လပ္၍တရားမွ်တၿပီး စနစ္တက်ရွိေစေရး မိမိတို႔အေနျဖင့္ ေဆာင္႐ြက္ရန္ လိုေၾကာင္း၊ ေ႐ြးေကာက္ပြဲေကာ္မရွင္တြင္ တာဝန္ရွိသကဲ့သို႔ သက္ဆိုင္ရာဝန္ႀကီးဌာန မ်ားတြင္လည္း လူဦးေရစာရင္းမွန္ကန္ေရးအတြက္ စနစ္တက်ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ႀကိဳတင္ျပင္ဆင္မႈကာလမ်ားတြင္ ေကာင္စီဝင္မ်ားအေနျဖင့္ တာဝန္အသီးသီးခြဲေဝ၍ ပူးေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ယင္းေနာက္ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ ဦးခင္ေမာင္ေဆြ၊ Jeng Phang ေနာ္ေတာင္၊ ေဒၚေအးႏုစိန္၊ ဦးစိုင္းလုံးဆိုင္ႏွင့္ ေစာဒန္နီယယ္တို႔က ႏိုင္ငံေတာ္အတြင္း တရားဥပေဒစိုးမိုးေရး၊ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ ေအးခ်မ္းေရးတို႔အတြက္ စစ္အုပ္ခ်ဳပ္ေရးအမိန႔္(Martial Law)ေဒသမ်ား တိုးျမႇင့္ထုတ္ျပန္ေရး၊ အဂတိလိုက္စား မႈမ်ား ေဖာ္ထုတ္အေရးယူေရး၊ ဘဏ္မ်ားဖြင့္လွစ္ေရးႏွင့္ ေငြေၾကးစီးဆင္းမႈ ျမန္ဆန္ေစေရး၊ တိုင္းရင္းသားစာေပ သင္ၾကားေပးေနသည့္ ဆရာ၊ ဆရာမမ်ားအား ပိုမိုေထာက္ပံ့ေပးႏိုင္ေရး၊ ျပည္သူလူထုအား ထိေရာက္စြာအကာအကြယ္ေပးႏိုင္ေရး၊ သတင္းထုတ္ျပန္ခ်က္မ်ားအား အေထာက္အထား ခိုင္ခိုင္မာမာျဖင့္ ထုတ္ျပန္ႏိုင္ေရး၊ တရားမဝင္ဖြဲ႕စည္းထားေသာ CRPH တြင္ ပါဝင္ပတ္သက္ေနသူမ်ားအား ရွာေဖြေဖာ္ထုတ္ အေရးယူသြားေရး၊ သဘာဝကိုအေျခခံသည့္ ခရီးသြားလုပ္ငန္းမ်ားေဖာ္ေဆာင္ၿပီး အားေပး ကူညီေပးေရး၊ ေရနံေျမမ်ားကို ပုဂၢလိက(သို႔မဟုတ္) သမဝါယမစနစ္ျဖင့္ တစ္ပိုင္တစ္ႏိုင္ လုပ္ခြင့္ျပဳေရး၊ ဘာသာေရးကို အေၾကာင္းျပဳ၍ ႏိုင္ငံေရးေဆာင္႐ြက္ျခင္းမ်ား မျပဳႏိုင္ေစေရး၊ မီဒီယာမ်ား၏ ထိုးႏွက္တိုက္ခိုက္မႈမ်ားကို မီဒီယာျဖင့္ ထိေရာက္စြာတုံ႔ျပန္ႏိုင္ေရး၊ ဆူပူ အၾကမ္းဖက္မႈ ေနာက္ကြယ္မွ ေထာက္ပံ့ေနသည့္ ေငြေၾကးေထာက္ပံ့မႈမ်ား၊ ေငြေၾကးစီးဆင္း မႈမ်ားကို ေဖာ္ထုတ္အေရးယူသြားေရး၊ ရပ္ကြက္ႏွင့္ေက်း႐ြာ စီမံအုပ္ခ်ဳပ္ေရးေကာ္မတီဝင္ ခန႔္အပ္ရာတြင္ ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္မည့္သူမ်ားကို တာဝန္ေပးအပ္ႏိုင္ေရးႏွင့္ ၎တို႔ကိုအကာအကြယ္ေပးေရး၊ စက္႐ုံအလုပ္႐ုံမ်ား ျပန္လည္ဖြင့္လွစ္ေပးႏိုင္ေရး၊ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ေအာင္ ေဆာင္႐ြက္ေပးေရး၊ အုပ္ခ်ဳပ္ေရးယႏၲရား ထိထိ ေရာက္ေရာက္ လည္ပတ္ႏိုင္ေရးကိစၥရပ္မ်ား ႏွင့္စပ္လ်ဥ္း၍ ရွင္းလင္း တင္ျပၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ကခ်င္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္အတြင္း မိုင္းရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီးစီးမႈ အေျခအေနတို႔ကို ရွင္းလင္းတင္ျပသည္။

တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ဒီမိုကေရစီ ျဖစ္စဥ္ႏွင့္အညီ ႏိုင္ငံေတာ္စီမံခန႔္ခြဲေရး၊ အုပ္ခ်ဳပ္ေရးအပိုင္းမ်ားကို ညင္သာစြာ ကိုင္တြယ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခုစစ္အုပ္ခ်ဳပ္ေရးအမိန႔္ (Martial Law) သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ား ႏွင့္ထိစပ္သည့္ ၿမိဳ႕နယ္မွျပည္သူမ်ားအေနျဖင့္လည္း အခ်င္းခ်င္း ထိန္းသိမ္း သြားၾကမည္ဟု ေမွ်ာ္လင့္ေၾကာင္း၊ မူလကသာမန္ဆႏၵျပၾကရာမွ ေနာက္ပိုင္းတြင္ ေငြေၾကး ေထာက္ပံ့မႈမ်ား ရွိလာသည့္အတြက္ ေသြးထိုးလႈံ႕ေဆာ္မႈမ်ားေၾကာင့္ ဆူပူအၾကမ္းဖက္မႈ အဆင့္အထိ ျဖစ္ပြားလာေၾကာင္း၊ ျပည္ပအဖြဲ႕အစည္းအခ်ိဳ႕မွလည္း ေထာက္ပံ့မႈမ်ားရွိလာၿပီး ႏိုင္ငံျခားေငြေၾကး စီးဆင္းမႈ အပိုင္းတြင္ အခ်ိဳ႕ဘဏ္မ်ားပါ ပတ္သက္မႈရွိလာသျဖင့္ စစ္ေဆးေနေၾကာင္း။

တိုင္းရင္းသားစာေပ သင္ၾကားေနသည့္ ဆရာ၊ ဆရာမမ်ားအပါအဝင္ ဆရာ၊ ဆရာမ မ်ားအား အဆင့္ႏွင့္ေလ်ာ္ညီစြာ ပိုမိုေထာက္ပံ့ေပးႏိုင္ေရး သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ေဆြးေႏြး ေဆာင္႐ြက္သြားမည္ေၾကာင္း၊ တိုင္းရင္းသားေဒသမ်ား ပညာရည္ျမင့္မားေရး အတြက္ တိုင္းရင္းသားေဒသမ်ားရွိ ဆရာ၊ ဆရာမမ်ား၏ အရည္အေသြးျမင့္မားေရးအတြက္ ေဆာင္႐ြက္ေပးရန္လိုအပ္သျဖင့္ အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္းမ်ားကိုလည္း ေထာက္ပံ့ေဆာင္႐ြက္ ေပးသြားမည္ျဖစ္ေၾကာင္း။

မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားျဖင့္ အဓိကအသက္ေမြးဝမ္းေၾကာင္း ျပဳေနသည့္ ႏိုင္ငံျဖစ္ျခင္းေၾကာင့္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ားကို အေျခခံသည့္ ထုတ္ကုန္ပစၥည္းမ်ားကို တန္ဖိုးျမႇင့္ထုတ္ကုန္အျဖစ္ ထုတ္လုပ္ႏိုင္ရန္လိုအပ္ၿပီး SME လုပ္ငန္း မ်ားကိုလည္း အားေပးသြားရမည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ႏိုင္ရန္အတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းႏိုင္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိၿပီး အဆိုပါေငြေၾကးမ်ားကို မွန္မွန္ကန္ကန္ သုံးစြဲရန္လိုေၾကာင္း၊ ျပည္တြင္းခရီးသြားလုပ္ငန္းမ်ား ကို အျမန္ဆုံးဖြင့္လွစ္ႏိုင္ေရးအတြက္ ပုဂံ၊ မႏၲေလး၊ ျပင္ဦးလြင္၊ ငပလီႏွင့္ ေခ်ာင္းသာေဒသ မ်ားကို ဦးစားေပးေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ေရနံေျမအေဟာင္းမ်ား ကို သမဝါယမ (သို႔မဟုတ္) ပုဂၢလိကစနစ္ျဖင့္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ႏိုင္ေရး စဥ္းစားေဆာင္႐ြက္ ေပးသြားမည္ျဖစ္ေၾကာင္း။

ယခုကာလတြင္ လုံၿခဳံေရးႏွင့္ပတ္သက္ၿပီး ေဒသအလိုက္ သတိထားေဆာင္႐ြက္ သြားရန္လိုေၾကာင္း၊ ပြဲလန႔္တုန္းဖ်ာခင္းလိုသည့္သေဘာမ်ားလည္းေတြ႕ရေၾကာင္း၊ ျပည္တြင္း ၿငိမ္းခ်မ္းေရးအတြက္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအားလုံး ႏွင့္ NCA လက္မွတ္ေရးထိုး ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး ၎မွတစ္ဆင့္ ထာဝရၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ ဦးတည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအေနျဖင့္ တိုင္းျပည္အေရးတြင္ ေအးေအးခ်မ္းခ်မ္းျဖင့္ ေအးအတူပူအမွ် ေဆာင္႐ြက္လိုသည့္ စိတ္ဓာတ္ထားရွိၿပီး အျမင္ရွင္းရွင္းျဖင့္ ၾကည့္ရန္ လိုေၾကာင္း၊ ႏိုင္ငံေတာ္အက်ိဳးကိုရည္႐ြယ္၍ လက္တြဲလုပ္ေဆာင္ၾကရန္ ေကာင္စီဝင္မ်ား အေနျဖင့္လည္း တိုက္တြန္းေပးၾကရန္ လိုအပ္ေၾကာင္းျဖင့္မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။