(၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင် ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) များ၏ အမှတ်တရရုပ်တုများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ မတ် – ၂၅

မြန်မာ့တပ်မတော်တွင် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကာကွယ်ရေး ဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) ၇ ဦး၏ ပုံစံတူရုပ်တုများဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်ရှိ မော်ကွန်းတိုက်မှူးရုံးပြခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အဆိုပါနိုင်ငံ၏ တပ်မတော်အပေါ်တွင်လုံးဝ တည်မှီနေပါကြောင်း၊ တပ်မတော်တစ်ရပ်ရေရှည်တည်တံ့ခိုင်မြဲရေးတွင် တပ်မတော်၏အစဉ်အလာကောင်းများ ကို တစ်စိုက်မက်မက် ဆက်လက်ထိန်းသိမ်းနိုင်ခြင်းအပေါ်တွင်သာ အဓိကမူတည်နေပါကြောင်း၊ နှစ်ပေါင်း ၁၀၀၀ ကျော်မြန်မာ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မည်ဆိုပါက တပ်မတော် အင်အားတောင့်တင်းချိန်များတွင် နိုင်ငံ၏ဘုန်းမီးနေလ တောက်ပလေ့ရှိပြီး တပ်မတော် အင်အားချည့်နဲ့ပြီး စည်းလုံးညီညွတ်မှုပြိုကွဲချိန်များတွင် တိုင်းပြည်ဖရိုဖရဲဖြစ်လေ့ရှိသည်ကို သမိုင်းကြောင်းက အထင်အရှားပြဆိုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွက် “တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဟူသည့်အချက်ကို မည်သူမျှငြင်းပယ်၍ ရနိုင်မည် မဟုတ်ဘဲ ပကတိတရား အရှိတရားတစ်ခုဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော် ကြီးကို စတင်ဖွဲ့စည်းခဲ့သည့်နေ့မှစ၍ ယနေ့အထိ ၇၅ နှစ်ကျော်ကာလအတွင်း အမည်နာမ အမျိုးမျိုးပြောင်းလဲခဲ့သကဲ့သို့ ဦးစီးကွပ်ကဲသည့် ခေါင်းဆောင်များ၊ တပ်မှူးများ၊ အရာရှိ စစ်သည်များလည်း ပြောင်းလဲခဲ့ပါကြောင်း၊ ခေတ်အဆက်ဆက် ပခုံးပြောင်းတာဝန်ယူခဲ့ ကြသော်လည်း တပ်မတော်၏ဂုဏ်သည် မှေးမှိန်ခြင်းမရှိဘဲ တောက်ပြောင်နေခြင်းမှာ ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ဦးဆောင်သည့် တပ်မတော်၏ ကောင်းမြတ်သော အစဉ်အလာများကြောင့်ပင်ဖြစ်ပါကြောင်း၊ ယင်းအစဉ်အလာကောင်းများ ကို တပ်မတော်ကိုစတင်တည်ထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့မှ စတင်မျိုးစေ့ချပေးခဲ့ကြပြီး အဆင့်ဆင့်တာဝန်ယူခဲ့ကြသည့် ခေါင်းဆောင်များ၊ တပ်မှူးများက အစဉ်တစ်စိုက် ဆက်လက်ပြုစုပျိုးထောင်ထိန်းသိမ်းခဲ့ကြသောကြောင့် ယနေ့တိုင်မတိမ်ကော မပျောက်ပျက်ဘဲ အမျိုးသားအင်အားစုကြီးတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေခြင်းဖြစ်ပါ ကြောင်း။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ ယနေ့ကာလအထိ ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၈ ဦးတာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ အဆိုပါပုဂ္ဂိုလ်များ မှာ ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး တင်ဦး၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် လက်ရှိတာဝန်ထမ်းနေသည့် မိမိတို့ပင်ဖြစ်ပါကြောင်း၊ ရှေ့တွင်တာဝန်ထမ်းဆောင်ခဲ့ကြ သည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ တာဝန်ထမ်းဆောင် မှုများကို အကျဉ်းချုပ် ပြောရမည်ဆိုပါက ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းသည် ၁၉၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် တပ်မတော်သို့ ဝင်ရောက်၍ အဆင့်ဆင်တာဝန်များကို ထမ်းဆောင် ခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် စစ်ဦးစီးချုပ်(ကာကွယ်ရေးဦးစီးချုပ်) တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပါကြောင်း။

ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားပြီးနောက် ဂျပန်တို့နှင့် အဆက်အသွယ်ရယူကာ ရဲဘော်သုံးကျိပ်ကိုဖွဲ့စည်း၍ စစ်ပညာကို အလျင်အမြန်သင်ယူခဲ့ကြရာတွင် သခင်ရှုမောင် (ခေါ်) ဗိုလ်ချုပ်ကြီး နေဝင်းသည်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါကြောင်း၊ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့ပြီး နောက် မြန်မာနိုင်ငံသို့ စစ်ကြောင်းကြီး လေးကြောင်းဖြင့် ဝင်ရောက်ခဲ့ရာတွင် ဗိုလ်နေဝင်း သည် အတွင်းသူပုန်စစ်ကြောင်း၏ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပါကြောင်း၊ ထို့နောက် တော်လှန်ရေးဆောင်ရွက်ချိန်များတွင် အဆင့်ဆင့်သောတာဝန်များထမ်းဆောင်ခဲ့ ပြီး ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ အိမ်စောင့်အစိုးရလက်ထက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်၊ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ တာဝန်တို့ကိုထမ်းဆောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် တပ်မတော်မှအငြိမ်းစားယူခဲ့ပါကြောင်း၊ ထို့နောက် ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ နိုင်ငံတော်သမ္မတတာဝန်၊ ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှ ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင် ခဲ့ပြီး အငြိမ်းစားယူခဲ့ပါကြောင်း။

ဗိုလ်ချုပ်ကြီးစန်းယုသည် ၁၉၄၂ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက် ခဲ့ပြီး အဆင့်ဆင့်တာဝန်များကိုထမ်းဆောင်ခဲ့ကာ ၁၉၆၃ ခုနှစ်တွင် ဒုတိယကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ ၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ၁၉၇၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့အထိ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ပါကြောင်း၊ ၁၉၇၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် တပ်မတော်မှအငြိမ်းစားယူခဲ့ပြီး နိုင်ငံတော်ကောင်စီအတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့်အခွန် ဌာနဝန်ကြီး၊ အမျိုးသားစီမံကိန်းဌာနဝန်ကြီး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ၁၉၈၁ ခုနှစ်တွင် ပါတီလုပ်ငန်းစိစစ်ရေးဥက္ကဋ္ဌ ၊ ၁၉၈၁ ခုနှစ်တွင် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် အငြိမ်းစားယူခဲ့ပါကြောင်း။

ဗိုလ်ချုပ်ကြီး တင်ဦးသည် ၁၉၄၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၆ ရက်မှစ၍ တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့ပြီး အဆင့်ဆင့်သောတာဝန်များကိုထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်၊ မတ်လ ၈ ရက်တွင် ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပါကြောင်း၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်သည် ၁၉၄၃ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်(BDA) သို့ တပ်သား အဆင့်ဖြင့် စတင်ဝင်ရောက်၍ အဆင့်ဆင့်သောတာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၁၉၆၉ ခုနှစ် တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်၊ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်တို့ကိုထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် တပ်မတော်မှအငြိမ်းစား ယူခဲ့ကြောင်း။

ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် တပ်မတော် သို့စတင်ဝင်ရောက်ခဲပြီး အဆင့်ဆင့်သောတာဝန်များကို ထမ်းဆောင်ကာ ၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်ခံရပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်တို့ကို ထမ်းဆောင်ခဲ့ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်သို့ တိုးမြှင့်ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၄ ရက်နေ့ တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ပါကြောင်း။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၁၉၅၂ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၉) သို့ တက်ရောက်ခဲ့ပြီး အဆင့်ဆင့်သော တာဝန်များကိုထမ်းဆောင်၍ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ၁၉၈၅ ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၈၆ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်၊ ၁၉၈၇ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့တိုးမြှင့်ခံခဲ့ရကြောင်း၊ ထို့နောက် ၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) တာဝန်များကို လည်းကောင်း၊ ၁၉၉၂ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးတာဝန်၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့ပါကြောင်း၊ ၁၉၉၃ ခုနှစ် ၊ ဧပြီလ ၂၃ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် တပ်မတော်မှအငြိမ်းစားယူခဲ့ပါကြောင်း။

တပ်မတော်၏အမျိုးသားရေး ဦးဆောင်ဦးရွက်ပြုခဲ့သည့် အစဉ်အလာသည် မည်သည့် အဖွဲ့အစည်းနှင့်မျှ နှိုင်းယှဉ်၍မရနိုင်အောင် မြင့်မားခဲ့ပါကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အစဉ်တစိုက် ဦးဆောင်ဦးရွက်ပြုခဲ့ပြီး နိုင်ငံတော် ၏လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးနိုင်သောအဖွဲ့အစည်းအဖြစ် ပြည်သူများကယုံကြည် အားကိုးရသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ တပ်မတော်၏ ကြီးမားသည့် အမျိုးသားရေးအစဉ်အလာကို တည့်မတ်အောင် ထိန်းကြောင်းခဲ့သူများသည် မြန်မာ့ တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများပင် ဖြစ်ပါကြောင်း။

တပ်မတော်အား အင်အားတောင့်တင်းခိုင်မာစေရန် ဦးဆောင်ဦးရွက်ပြုခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ် များကို ချီးကျူးဂုဏ်ပြုပြီး နောင်လာနောက်သားမျိုးဆက်သစ်များက အမြဲအမှတ်ရနေစေ ရန်အတွက် ယခုကဲ့သို့ခန့်ညားထည်ဝါစွာ ထုဆစ်ဂုဏ်ပြု၍ ယခုကဲ့သို့ တပ်မတော်စစ်သမိုင်း ပြတိုက်တွင် ခင်းကျင်းပြသခြင်းဖြင့် အမိမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကို တန်ဖိုးထား မြတ်နိုးလိုစိတ်၊ မျိုးချစ်စိတ်ဓာတ်များရှင်သန်ထက်မြက်ပြီး နိုင်ငံတော်ကြီးတိုးတက်ခေတ်မိ အောင် ဆောင်ရွက်လိုစိတ်များ ပွားများလာကာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ အဆက်မပြတ်ရှင်သန်လာစေရန်အတွက် ဆန္ဒပြုအပ်ပါကြောင်းဖြင့်‌ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) ၇ ဦး၏ ရုပ်တုများကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုတပ်ဖွဲ့က စစ်ခရာမှုတ်၍ အလေးပြု သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား)များ၏ ရုပ်တုများနှင့် တပ်မတော်စစ်သမိုင်းပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် (၇၆)နှစ်မြောက် တပ်မတော်အနေ့အထိမ်းအမှတ်ပြခန်း များ ပြင်ဆင်ထားရှိမှုကို လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား)များ၏ ပုံတူရုပ်ထုများ ထုဆစ် နိုင်ရေးအတွက် ဓာတ်ပုံကိုအခြေခံပြီး 3D Graphic ဖြင့် Computer Design ရေးဆွဲခြင်း၊ Software ရေးသားပြီး CNC Machine များဖြင့် ထွင်းထုခြင်းများ၊ လက်မှုပညာဖြင့် အချောသတ်ခြင်းများကို အနုစိတ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ရုပ်တုများ၏ အတိုင်းအတာများအနေဖြင့် အလျား ၁၂ လက်မ၊ အနံ ၁၀ ဒသမ ၅ လက်မနှင့် အမြင့် ၂၄ လက်မရှိပါသည်။

(Zawgyi Version)

(၇၆)ႏွစ္ေျမာက္ တပ္မေတာ္ေန႔အထိမ္းအမွတ္အျဖစ္ ေခတ္အဆက္ဆက္တာဝန္ထမ္းေဆာင္ ခဲ့ၾကသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္(အၿငိမ္းစား) မ်ား၏ အမွတ္တရ႐ုပ္တုမ်ား ဖြင့္ပြဲအခမ္းအနားက်င္းပျပဳလုပ္

ေနျပည္ေတာ္၊ မတ္ – ၂၅

ျမန္မာ့တပ္မေတာ္တြင္ ေခတ္အဆက္ဆက္တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ ကာကြယ္ေရး ဦးစီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္(အၿငိမ္းစား) ၇ ဦး၏ ပုံစံတူ႐ုပ္တုမ်ားဖြင့္ပြဲ အခမ္းအနားကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ တပ္မေတာ္စစ္သမိုင္းျပတိုက္ရွိ ေမာ္ကြန္းတိုက္မႉး႐ုံးျပခန္း၌ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးသည္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ၊ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စု ဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီး မ်ား၊ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံတစ္ႏိုင္ငံ၏လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးသည္ အဆိုပါႏိုင္ငံ၏ တပ္မေတာ္အေပၚတြင္လုံးဝ တည္မွီေနပါေၾကာင္း၊ တပ္မေတာ္တစ္ရပ္ေရရွည္တည္တံ့ခိုင္ၿမဲေရးတြင္ တပ္မေတာ္၏အစဥ္အလာေကာင္းမ်ား ကို တစ္စိုက္မက္မက္ ဆက္လက္ထိန္းသိမ္းႏိုင္ျခင္းအေပၚတြင္သာ အဓိကမူတည္ေနပါေၾကာင္း၊ ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္ျမန္မာ့သမိုင္းတစ္ေလွ်ာက္ကို ျပန္ၾကည့္မည္ဆိုပါက တပ္မေတာ္ အင္အားေတာင့္တင္းခ်ိန္မ်ားတြင္ ႏိုင္ငံ၏ဘုန္းမီးေနလ ေတာက္ပေလ့ရွိၿပီး တပ္မေတာ္ အင္အားခ်ည့္နဲ႔ၿပီး စည္းလုံးညီၫြတ္မႈၿပိဳကြဲခ်ိန္မ်ားတြင္ တိုင္းျပည္ဖ႐ိုဖရဲျဖစ္ေလ့ရွိသည္ကို သမိုင္းေၾကာင္းက အထင္အရွားျပဆိုလ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံအတြက္ “တပ္မေတာ္ အင္အားရွိမွ တိုင္းျပည္အင္အားရွိမည္” ဟူသည့္အခ်က္ကို မည္သူမွ်ျငင္းပယ္၍ ရႏိုင္မည္ မဟုတ္ဘဲ ပကတိတရား အရွိတရားတစ္ခုျဖစ္သည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ ႀကီးကို စတင္ဖြဲ႕စည္းခဲ့သည့္ေန႔မွစ၍ ယေန႔အထိ ၇၅ ႏွစ္ေက်ာ္ကာလအတြင္း အမည္နာမ အမ်ိဳးမ်ိဳးေျပာင္းလဲခဲ့သကဲ့သို႔ ဦးစီးကြပ္ကဲသည့္ ေခါင္းေဆာင္မ်ား၊ တပ္မႉးမ်ား၊ အရာရွိ စစ္သည္မ်ားလည္း ေျပာင္းလဲခဲ့ပါေၾကာင္း၊ ေခတ္အဆက္ဆက္ ပခုံးေျပာင္းတာဝန္ယူခဲ့ ၾကေသာ္လည္း တပ္မေတာ္၏ဂုဏ္သည္ ေမွးမွိန္ျခင္းမရွိဘဲ ေတာက္ေျပာင္ေနျခင္းမွာ ကာကြယ္ေရးဦးစီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား ဦးေဆာင္သည့္ တပ္မေတာ္၏ ေကာင္းျမတ္ေသာ အစဥ္အလာမ်ားေၾကာင့္ပင္ျဖစ္ပါေၾကာင္း၊ ယင္းအစဥ္အလာေကာင္းမ်ား ကို တပ္မေတာ္ကိုစတင္တည္ေထာင္ခဲ့သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ရဲေဘာ္သုံးက်ိပ္တို႔မွ စတင္မ်ိဳးေစ့ခ်ေပးခဲ့ၾကၿပီး အဆင့္ဆင့္တာဝန္ယူခဲ့ၾကသည့္ ေခါင္းေဆာင္မ်ား၊ တပ္မႉးမ်ားက အစဥ္တစ္စိုက္ ဆက္လက္ျပဳစုပ်ိဳးေထာင္ထိန္းသိမ္းခဲ့ၾကေသာေၾကာင့္ ယေန႔တိုင္မတိမ္ေကာ မေပ်ာက္ပ်က္ဘဲ အမ်ိဳးသားအင္အားစုႀကီးတစ္ရပ္အျဖစ္ ဆက္လက္တည္ရွိေနျခင္းျဖစ္ပါ ေၾကာင္း။

ျမန္မာႏိုင္ငံလြတ္လပ္ေရးရရွိခ်ိန္မွစ၍ ယေန႔ကာလအထိ ကာကြယ္ေရးဦးစီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ၈ ဦးတာဝန္ထမ္းေဆာင္ခဲ့ပါေၾကာင္း၊ အဆိုပါပုဂၢိဳလ္မ်ား မွာ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစမစ္ဒြန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္း၊ ဗိုလ္ခ်ဳပ္ႀကီး စန္းယု၊ ဗိုလ္ခ်ဳပ္ႀကီး တင္ဦး၊ ဗိုလ္ခ်ဳပ္ႀကီး သူရေက်ာ္ထင္၊ ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္၊ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ ႏွင့္ လက္ရွိတာဝန္ထမ္းေနသည့္ မိမိတို႔ပင္ျဖစ္ပါေၾကာင္း၊ ေရွ႕တြင္တာဝန္ထမ္းေဆာင္ခဲ့ၾက သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ား၏ တာဝန္ထမ္းေဆာင္ မႈမ်ားကို အက်ဥ္းခ်ဳပ္ ေျပာရမည္ဆိုပါက ဒုတိယဗိုလ္ခ်ဳပ္ႀကီး စမစ္ဒြန္းသည္ ၁၉၂၄ ခုႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္တြင္ တပ္မေတာ္သို႔ ဝင္ေရာက္၍ အဆင့္ဆင္တာဝန္မ်ားကို ထမ္းေဆာင္ ခဲ့ၿပီး ၁၉၄၅ ခုႏွစ္တြင္ စစ္ဦးစီးခ်ဳပ္(ကာကြယ္ေရးဦးစီးခ်ဳပ္) တာဝန္ထမ္းေဆာင္ခဲ့ကာ ၁၉၄၉ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္ေန႔တြင္ တပ္မေတာ္မွ အၿငိမ္းစားယူခဲ့ပါေၾကာင္း။

ဒုတိယကမာၻစစ္ႀကီး စတင္ျဖစ္ပြားၿပီးေနာက္ ဂ်ပန္တို႔ႏွင့္ အဆက္အသြယ္ရယူကာ ရဲေဘာ္သုံးက်ိပ္ကိုဖြဲ႕စည္း၍ စစ္ပညာကို အလ်င္အျမန္သင္ယူခဲ့ၾကရာတြင္ သခင္ရႈေမာင္ (ေခၚ) ဗိုလ္ခ်ဳပ္ႀကီး ေနဝင္းသည္လည္း တစ္ဦးအပါအဝင္ျဖစ္ခဲ့ပါေၾကာင္း၊ ၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာလ ၂၇ ရက္ေန႔ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕တြင္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ကို ဖြဲ႕စည္းခဲ့ၿပီး ေနာက္ ျမန္မာႏိုင္ငံသို႔ စစ္ေၾကာင္းႀကီး ေလးေၾကာင္းျဖင့္ ဝင္ေရာက္ခဲ့ရာတြင္ ဗိုလ္ေနဝင္း သည္ အတြင္းသူပုန္စစ္ေၾကာင္း၏ ေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့ပါေၾကာင္း၊ ထို႔ေနာက္ ေတာ္လွန္ေရးေဆာင္႐ြက္ခ်ိန္မ်ားတြင္ အဆင့္ဆင့္ေသာတာဝန္မ်ားထမ္းေဆာင္ခဲ့ ၿပီး ၁၉၅၈ ခုႏွစ္မွ ၁၉၆၀ ျပည့္ႏွစ္အထိ အိမ္ေစာင့္အစိုးရလက္ထက္တြင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္တာဝန္၊ ၁၉၆၂ ခုႏွစ္တြင္ ေတာ္လွန္ေရးေကာင္စီဥကၠ႒ တာဝန္တို႔ကိုထမ္းေဆာင္ခဲ့ၿပီး ၁၉၇၂ ခုႏွစ္၊ ဧၿပီလ ၂၀ ရက္ေန႔တြင္ တပ္မေတာ္မွအၿငိမ္းစားယူခဲ့ပါေၾကာင္း၊ ထို႔ေနာက္ ၁၉၇၄ ခုႏွစ္မွ ၁၉၈၁ ခုႏွစ္အထိ ႏိုင္ငံေတာ္သမၼတတာဝန္၊ ၁၉၈၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၀ ရက္မွ ၁၉၈၈ ခုႏွစ္ ဇူလိုင္လ ၂၃ ရက္ေန႔အထိ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီဥကၠ႒ တာဝန္တို႔ကို ထမ္းေဆာင္ ခဲ့ၿပီး အၿငိမ္းစားယူခဲ့ပါေၾကာင္း။

ဗိုလ္ခ်ဳပ္ႀကီးစန္းယုသည္ ၁၉၄၂ ခုႏွစ္တြင္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္သို႔ ဝင္ေရာက္ ခဲ့ၿပီး အဆင့္ဆင့္တာဝန္မ်ားကိုထမ္းေဆာင္ခဲ့ကာ ၁၉၆၃ ခုႏွစ္တြင္ ဒုတိယကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း)၊ ၁၉၇၂ ခုႏွစ္၊ ဧၿပီလ ၂၀ ရက္ေန႔မွ ၁၉၇၄ ခုႏွစ္၊ မတ္လ ၇ ရက္ေန႔အထိ ဗိုလ္ခ်ဳပ္ႀကီးအဆင့္ျဖင့္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဝန္ႀကီးဌာနဝန္ႀကီးႏွင့္ ဒုတိယ ဝန္ႀကီးခ်ဳပ္တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ပါေၾကာင္း၊ ၁၉၇၄ ခုႏွစ္၊ မတ္လ ၇ ရက္ေန႔တြင္ တပ္မေတာ္မွအၿငိမ္းစားယူခဲ့ၿပီး ႏိုင္ငံေတာ္ေကာင္စီအတြင္းေရးမႉး၊ ဘ႑ာေရးႏွင့္အခြန္ ဌာနဝန္ႀကီး၊ အမ်ိဳးသားစီမံကိန္းဌာနဝန္ႀကီး၊ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ ဗဟိုေကာ္မတီ အေထြေထြအတြင္းေရးမႉး၊ ၁၉၈၁ ခုႏွစ္တြင္ ပါတီလုပ္ငန္းစိစစ္ေရးဥကၠ႒ ၊ ၁၉၈၁ ခုႏွစ္တြင္ ႏိုင္ငံေတာ္ေကာင္စီ ဥကၠ႒ႏွင့္ ႏိုင္ငံေတာ္သမၼတာဝန္မ်ားကိုထမ္းေဆာင္ခဲ့ၿပီး ၁၉၈၈ ခုႏွစ္၊ ဇူလိုင္လ ၂၅ ရက္ေန႔တြင္ အၿငိမ္းစားယူခဲ့ပါေၾကာင္း။

ဗိုလ္ခ်ဳပ္ႀကီး တင္ဦးသည္ ၁၉၄၆ ခုႏွစ္၊ ေဖေဖၚဝါရီ ၂၆ ရက္မွစ၍ တပ္မေတာ္သို႔ စတင္ဝင္ေရာက္ခဲ့ၿပီး အဆင့္ဆင့္ေသာတာဝန္မ်ားကိုထမ္းေဆာင္ခဲ့ေၾကာင္း၊ ၁၉၇၄ ခုႏွစ္၊ မတ္လ ၈ ရက္တြင္ ဗိုလ္ခ်ဳပ္ႀကီး အဆင့္ျဖင့္ ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ၿပီး ၁၉၇၆ ခုႏွစ္၊ မတ္လ ၆ ရက္ေန႔တြင္ တပ္မေတာ္မွ အၿငိမ္းစားယူခဲ့ပါေၾကာင္း၊ ဗိုလ္ခ်ဳပ္ႀကီး သူရေက်ာ္ထင္သည္ ၁၉၄၃ ခုႏွစ္တြင္ ဗမာ့ကာကြယ္ေရးတပ္မေတာ္(BDA) သို႔ တပ္သား အဆင့္ျဖင့္ စတင္ဝင္ေရာက္၍ အဆင့္ဆင့္ေသာတာဝန္မ်ားကိုထမ္းေဆာင္ခဲ့ၿပီး ၁၉၆၉ ခုႏွစ္ တြင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးတာဝန္၊ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)တာဝန္၊ ၁၉၇၆ ခုႏွစ္၊ မတ္လ ၆ ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ႀကီး အဆင့္ျဖင့္ ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္တို႔ကိုထမ္းေဆာင္ခဲ့ၿပီး ၁၉၈၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္တြင္ တပ္မေတာ္မွအၿငိမ္းစား ယူခဲ့ေၾကာင္း။

ဗိုလ္ခ်ဳပ္မႉးႀကီး ေစာေမာင္သည္ ၁၉၄၉ ခုႏွစ္၊ ဒီဇင္ဘာလ ၂၃ ရက္တြင္ တပ္မေတာ္ သို႔စတင္ဝင္ေရာက္ခဲၿပီး အဆင့္ဆင့္ေသာတာဝန္မ်ားကို ထမ္းေဆာင္ကာ ၁၉၈၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၄ ရက္ေန႔မွစတင္၍ ဒုတိယဗိုလ္ခ်ဳပ္ႀကီး အဆင့္ျဖင့္ ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္ထမ္းေဆာင္ခဲ့ပါေၾကာင္း၊ ၁၉၈၆ ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ႀကီးအဆင့္ ရာထူးတိုးျမႇင့္ခံရၿပီး ၁၉၈၈ ခုႏွစ္၊ စက္တင္ဘာလ ၁၈ ရက္ေန႔မွစတင္ကာ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ ေရးအဖြဲ႕ ဥကၠ႒ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္တို႔ကို ထမ္းေဆာင္ခဲ့ပါေၾကာင္း၊ ၁၉၉၀ ျပည့္ႏွစ္တြင္ ဗိုလ္ခ်ဳပ္မႉးႀကီး အဆင့္သို႔ တိုးျမႇင့္ရရွိခဲ့ၿပီး ၁၉၉၂ ခုႏွစ္ ဧၿပီ ၂၄ ရက္ေန႔ တြင္ တပ္မေတာ္မွ အၿငိမ္းစားယူခဲ့ပါေၾကာင္း။

ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊသည္ ၁၉၅၂ ခုႏွစ္တြင္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၉) သို႔ တက္ေရာက္ခဲ့ၿပီး အဆင့္ဆင့္ေသာ တာဝန္မ်ားကိုထမ္းေဆာင္၍ ၁၉၈၃ ခုႏွစ္တြင္ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ ၁၉၈၅ ခုႏွစ္တြင္ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ကာ ၁၉၈၆ ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္အဆင့္၊ ၁၉၈၇ ခုႏွစ္တြင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး အဆင့္သို႔တိုးျမႇင့္ခံခဲ့ရေၾကာင္း၊ ထို႔ေနာက္ ၁၉၈၈ ခုႏွစ္တြင္ ကာကြယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္လည္းေကာင္း၊ ၁၉၈၈ ခုႏွစ္၊ စက္တင္ဘာလ ၁၈ ရက္ေန႔ တြင္ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕ ဒုတိယဥကၠ႒ အျဖစ္လည္းေကာင္း၊ ၁၉၉၀ ျပည့္ႏွစ္တြင္ ဗိုလ္ခ်ဳပ္ႀကီးအဆင့္သို႔ ရာထူးတိုးျမႇင့္ခန႔္အပ္ျခင္းခံရၿပီး ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) တာဝန္မ်ားကို လည္းေကာင္း၊ ၁၉၉၂ ခုႏွစ္၊ ဧၿပီ ၂၄ ရက္ေန႔တြင္ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရး အဖြဲ႕ဥကၠ႒ တာဝန္ကို စတင္ထမ္းေဆာင္ခဲ့ၿပီး ကာကြယ္ေရးဝန္ႀကီးတာဝန္၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္မ်ားကို ထမ္းေဆာင္ခဲ့ပါေၾကာင္း၊ ၁၉၉၃ ခုႏွစ္ ၊ ဧၿပီလ ၂၃ ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္မႉးႀကီးအဆင့္သို႔ တိုးျမႇင့္ခန႔္အပ္ျခင္းခံရၿပီး ၂၀၁၁ ခုႏွစ္၊ မတ္လ ၃၀ ရက္ေန႔တြင္ တပ္မေတာ္မွအၿငိမ္းစားယူခဲ့ပါေၾကာင္း။

တပ္မေတာ္၏အမ်ိဳးသားေရး ဦးေဆာင္ဦး႐ြက္ျပဳခဲ့သည့္ အစဥ္အလာသည္ မည္သည့္ အဖြဲ႕အစည္းႏွင့္မွ် ႏႈိင္းယွဥ္၍မရႏိုင္ေအာင္ ျမင့္မားခဲ့ပါေၾကာင္း၊ တပ္မေတာ္သည္ ႏိုင္ငံေတာ္ ထူေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးတြင္ အစဥ္တစိုက္ ဦးေဆာင္ဦး႐ြက္ျပဳခဲ့ၿပီး ႏိုင္ငံေတာ္ ၏လိုအပ္ခ်က္မွန္သမွ်ကို ျဖည့္ဆည္းေပးႏိုင္ေသာအဖြဲ႕အစည္းအျဖစ္ ျပည္သူမ်ားကယုံၾကည္ အားကိုးရသည့္ အဖြဲ႕အစည္းတစ္ရပ္ျဖစ္ပါေၾကာင္း၊ ထိုကဲ့သို႔ တပ္မေတာ္၏ ႀကီးမားသည့္ အမ်ိဳးသားေရးအစဥ္အလာကို တည့္မတ္ေအာင္ ထိန္းေၾကာင္းခဲ့သူမ်ားသည္ ျမန္မာ့ တပ္မေတာ္တြင္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၾကသူမ်ားပင္ ျဖစ္ပါေၾကာင္း။

တပ္မေတာ္အား အင္အားေတာင့္တင္းခိုင္မာေစရန္ ဦးေဆာင္ဦး႐ြက္ျပဳခဲ့သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့သည့္ ပုဂၢိဳလ္ မ်ားကို ခ်ီးက်ဴးဂုဏ္ျပဳၿပီး ေနာင္လာေနာက္သားမ်ိဳးဆက္သစ္မ်ားက အၿမဲအမွတ္ရေနေစ ရန္အတြက္ ယခုကဲ့သို႔ခန႔္ညားထည္ဝါစြာ ထုဆစ္ဂုဏ္ျပဳ၍ ယခုကဲ့သို႔ တပ္မေတာ္စစ္သမိုင္း ျပတိုက္တြင္ ခင္းက်င္းျပသျခင္းျဖင့္ အမိျမန္မာႏိုင္ငံေတာ္၏ လြတ္လပ္ေရးကို တန္ဖိုးထား ျမတ္ႏိုးလိုစိတ္၊ မ်ိဳးခ်စ္စိတ္ဓာတ္မ်ားရွင္သန္ထက္ျမက္ၿပီး ႏိုင္ငံေတာ္ႀကီးတိုးတက္ေခတ္မိ ေအာင္ ေဆာင္႐ြက္လိုစိတ္မ်ား ပြားမ်ားလာကာ ေအးခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္ေသာ ႏိုင္ငံေတာ္ႀကီးျဖစ္ေပၚလာေအာင္ စြမ္းေဆာင္ႏိုင္သည့္ လူ႔စြမ္းအားအရင္းအျမစ္မ်ား အဆက္မျပတ္ရွင္သန္လာေစရန္အတြက္ ဆႏၵျပဳအပ္ပါေၾကာင္းျဖင့္‌ေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ က ကာကြယ္ေရးဦးစီးခ်ဳပ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္(အၿငိမ္းစား) ၇ ဦး၏ ႐ုပ္တုမ်ားကို စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးၿပီး ဂုဏ္ျပဳတပ္ဖြဲ႕က စစ္ခရာမႈတ္၍ အေလးျပဳ သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္(အၿငိမ္းစား)မ်ား၏ ႐ုပ္တုမ်ားႏွင့္ တပ္မေတာ္စစ္သမိုင္းျပတိုက္ အတြင္း ခင္းက်င္းျပသထားသည့္ (၇၆)ႏွစ္ေျမာက္ တပ္မေတာ္အေန႔အထိမ္းအမွတ္ျပခန္း မ်ား ျပင္ဆင္ထားရွိမႈကို လိုက္လံၾကည့္ရႈခဲ့ၾကသည္။

အဆိုပါ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္(အၿငိမ္းစား)မ်ား၏ ပုံတူ႐ုပ္ထုမ်ား ထုဆစ္ ႏိုင္ေရးအတြက္ ဓာတ္ပုံကိုအေျခခံၿပီး 3D Graphic ျဖင့္ Computer Design ေရးဆြဲျခင္း၊ Software ေရးသားၿပီး CNC Machine မ်ားျဖင့္ ထြင္းထုျခင္းမ်ား၊ လက္မႈပညာျဖင့္ အေခ်ာသတ္ျခင္းမ်ားကို အႏုစိတ္ေဆာင္႐ြက္ခဲ့ရျခင္းျဖစ္ေၾကာင္းႏွင့္ ႐ုပ္တုမ်ား၏ အတိုင္းအတာမ်ားအေနျဖင့္ အလ်ား ၁၂ လက္မ၊ အနံ ၁၀ ဒသမ ၅ လက္မႏွင့္ အျမင့္ ၂၄ လက္မရွိပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။