နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မတ် ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် ကျိုင်းတုံ တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကို အရာရှိ၊ စစ်သည် မိသားစုများ သိရှိစေရန် အနည်းငယ်ပြောကြား လို ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေး ပေါ်အခြေအနေ အဖြစ် ကြေညာခဲ့ကြောင်း၊ နိုင်ငံတကာ၌ သဘာဝဘေးအန္တရာယ်ကြုံ တွေ့ချိန်၊ ကပ်ရောဂါကြုံတွေ့ချိန်၊ လုံခြုံရေးအရ ဥပဒေကြောင်းအရ ပိုမိုထိန်းသိမ်း ဆောင်ရွက်ရန်လိုအပ်ချိန်များတွင် အရေးပေါ်အခြေအနေကို ကြေညာလေ့ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲသမာမှုများ နှင့် မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမရ သည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်းအဓမ္မ ကြံစည်ကြိုးပမ်းလာမှုများကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ကာ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး ယာယီသမ္မတက တပ်မတော်ကို ထိန်းသိမ်းဆောင်ရွက်ပေးရန် တာဝန်ပေးအပ်လာခဲ့ခြင်းဖြစ်ကြောင်း။

မိမိအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ရွေးကောက်ပွဲမတိုင်မီကာလတွင် လည်းလာရောက်ခဲ့ပြီး တပ်မတော်သားများ၊ မိသားစုများနှင့် တွေ့ဆုံစဉ် ရွေးကောက် ပွဲနှင့် ပတ်သက်၍ တရားမျှတ ပြီး ရိုးသားသည့် ရွေးကောက်ပွဲဖြစ်စေလိုကြောင်း၊ မိမိဒေသနှင့် တိုင်းပြည်၏ အကျိုးကို ဖော်ဆောင်ပေးနိုင်မည့်သူများကို ရွေးခြယ်မဲပေး ကြစေလိုပြီး မဲမပေးပါက မိမိတို့၏ သဘောထားနှင့် ကိုက်ညီမှုမရှိသူကိုရရှိမည်ဖြစ် သဖြင့် အားလုံးဆန္ဒမဲပေးကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူအားလုံး လိုလားတောင့်တနေကြသည့် ပါတီစုံဒီမို ကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ဖော်ဆောင်ပေးခဲ့ ကြောင်း၊ တိုင်းပြည်တိုးတက်ကောင်းမွန်ရေးကိုသာ အဓိကလိုလားပြီး မည်သည့် အစိုး ရ တက်လာသည်ဖြစ်စေ အတူတကွလက်တွဲ၍ နိုင်ငံ၏ ကောင်းရာကောင်းကျိုး များကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမစတင်မီ ကြိုတင်ပြင်ဆင်မှု ကာလ၌ နိုင်ငံရေးပါတီများ၏ ပါတီမဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပါတီများ၏ ပြောဆိုလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ တရားမျှတမှု သံသယဖြစ်စရာ များကို တွေ့ရှိရကြောင်း၊ ထို့ပြင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်ဆောင်ရွက်၍ မရသော်လည်း COVID-19 ကို အကြောင်းပြ၍ အမိန့် အမျိုးမျိုးထုတ်ပြန်ကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန်လုပ်ဆောင်မှုများကို တွေ့ရှိ ရကြောင်း၊

လက်ရှိအချိန်တွင် မဲစာရင်းများစစ်ဆေးခြင်းကို အသစ်ဖွဲ့စည်းထားရှိသည့် ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် ရွေးကောက်ပွဲ ကော်မရှင်မှ ထိပ်ပိုင်းတာဝန်ရှိသူများကို စစ်ဆေးမေးမြန်းခဲ့ရာတွင်လည်း ၎င်းတို့ ကော်မရှင်အနေဖြင့် လွတ်လပ်မှုမရှိဘဲ သမ္မတ၏ ထိန်းချုပ်မှု၊ ပြောဆိုမှုများ အတိုင်းသာ‌ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်ကို သတင်းစာရှင်းလင်းပွဲ များ၌လည်း ထည့်သွင်းရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မြေပြင်စစ်ဆေးတွေ့ရှိချက်များကို မြို့နယ်တစ်မြို့နယ်ချင်း အလိုက် နေ့စဉ်အသေးစိတ် ထုတ်ပြန်ပေးလျက်ရှိပြီး ယခင် တပ်မတော်မှ ထုတ်ပြန်ခဲ့ သည့် စစ်ဆေးတွေ့ရှိချက်ထက်ပင် မဲသမာမှုများ ပိုမိုများပြားနေသည်ကို တွေ့ရှိရ ကြောင်း။

တပ်မတော်မှ စတင်တာဝန်ယူသည့် ပထမရက်သတ္တပတ်အတွင်း တည်ငြိမ် အေးချမ်းခဲ့သော်လည်း ဒုတိယအပတ်မှစတင်၍ NLD ပါတီဝင်များနှင့် ထောက်ခံသူ များ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယခု အခါဆူပူ ဆန္ဒပြသည့် အဆင့်မှ မင်းမဲ့စရိုက်ဆန်သည့် ဥပဒေချိုးဖောက်မှုအဆင့်များမှ တစ်ဆင့် ပွိုင့် ၂၂ သေနတ်၊ တူမီးသေနတ်၊ လေသေနတ်၊ လက်လုပ်သေနတ်၊ လက်လုပ်လက်ပစ်ဗုံးများ၊ မီးပုလင်း၊ မီးကွင်း ကဲ့သို့သော အဖျက်အမှောင့်လက်နက် များကို ကိုင်ဆွဲ၍ နိုင်ငံတော်အုပ်ချုပ်ရေး အဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေး ဆိုင်ရာ အဆောက်အဦများအပြင် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူတို့၏ နေအိမ် အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ ဖျက်ဆီးခြင်းများ၊ ဝင်ရောက်စီးနင်း ရန်ကြိုးပမ်းအားထုတ်မှုများ စသည့် လက်နက်ကိုင်အကြမ်းဖက်သည့် အဆင့်သို့ ကူးစက်အသွင်ပြောင်းလာခဲ့သည်ကို တွေ့ရှိလာရကြောင်း၊ ထို့ပြင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများဖြင့် တည်ဆောက်ထားသော စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက် လာခြင်းတို့ ပြုလုပ်လာကြောင်း၊ ထို့ကြောင့် မည်သို့မျှ မတတ်သာသည့်အဆုံး လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြိီး လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန် ဆောင်ရွက်ခဲ့ရကြောင်း၊ ယင်းသို့ ဆူပူဆန္ဒပြမှုများသည် အခြားနိုင်ငံများတွင်လည်း ဖြစ်ပွားလေ့ရှိပြီး ငြိမ်းချမ်းစွာသတ်မှတ်ချက်များနှင့်အညီ ဆန္ဒပြခြင်းများရှိသကဲ့သို့ စည်းကမ်းနှင့်ကိုက်ညီမှုမရှိသဖြင့် ဥပဒေနှင့်အညီ ဖြိုခွင်းခဲ့ရမှုများလည်း ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လူကိုသေစေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း၊ အမိန့်ပေးခြင်းများ မရှိခဲ့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အေးချမ်းစွာနေထိုင်လိုသူများ၏ အသက်အန္တရာယ်ထိခိုက်စေသည်အထိလုပ်ဆောင်လာခဲ့၍သာလျင် မလွှဲသာမရှောင် သာ ဆောင်ရွက်ခဲ့ရခြင်းများ ရှိခဲ့ကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပထမဦးစားပေးအနေဖြင့် မဲစာရင်းများ ကို စိစစ်လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကာ အလုံးစုံပြီးစီးပါက ပေါင်းချုပ်စာရင်းများကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းများ ပိတ်ထားရခြင်းသည် ကျောင်းသားကျောင်းသူများနှင့် မိဘ တစ်ဦးချင်းစီ၏ နစ်နာ ဆုံးရှုံးမှုအပြင် တိုင်းပြည်အတွက်လည်းနစ်နာဆုံးရှုံးမှုပင် ဖြစ်သောကြောင့် ကျောင်း များ စနစ်တကျပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်လုပ်ဆောင်လျက်ရှိကြောင်း။

တပ်မတော်သည် တိုင်းပြည်အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ပြည်သူက အားကိုးရသည့် တိုင်းပြည်က အားထားရသည့် တပ်မတော်ဖြစ်စေရေး အားလုံး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်သူ့အကျိုးကိုဖော်ဆောင်ပေးရန်၊ တိုင်းပြည်ကို ကာကွယ်နိုင်ရန် အမြဲအသင့်ပြင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ် မတော်သားများနှင့် မိသားစုဝင်များ၏ တပ်မတော်အပေါ်၊ တိုင်းပြည်အပေါ်ထားရှိ သည့် ကောင်းမွန်သည့် စိတ်ရင်း၊ စိတ်ဓာတ်များအတွက်လည်း လေးစားချီးကျူးပါ ကြောင်း၊ တပ်ရင်းတပ်ဖွဲ့များအားလုံးအနေဖြင့် စစ်သည်တစ်ဦးချင်းမှစ၍ အရည် အချင်းရှိအောင်၊ တိုးတက်အောင် တည်ဆောက်ပြီး မိမိတို့၏ လုပ်ဆောင်ချက်အားလုံး သည် တိုင်းပြည်အတွက် ဖြစ်ရမည်ဟူသည့် စိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို အောင်မြင်အောင်၊ အကျိုးရှိအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့တစ်ဦးချင်း၏ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားနှင့် အဖွဲ့လိုက်လုပ်ဆောင်ရသည့် အားကစားပြိုင်ပွဲများကို လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း၊ အသိပညာဗဟုသုတများ ကြွယ်ဝစေရေးအတွက် မိမိကိုယ်တိုင်စာဖတ်ရန် လိုအပ်ပြီး မိမိတို့၏ ကလေးငယ်များကိုလည်း စာဖတ်အောင် တွန်းအားပေးကြရ မည်ဖြစ်ကြောင်း၊ ထို့ပြင် ဗုဒ္ဓဘာသာယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို သိရှိအောင် လည်း သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ တပ်မတော်ကို ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်ဆောင်ရန်မှာ မိမိတို့ပစ္စုပ္ပန်တွင် တာဝန်ထမ်းဆောင်နေကြသူ များ၏ တာဝန်ဖြစ်ပြီး ကောင်းမွန်သောအမွေများကို လက်ဆင့်ကမ်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည်ကို စစ်မှန်သည့်ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး ခိုင်ခိုင်မာမာ ယုံကြည်ချက်ရှိရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တိုင်းစစ်ဌာနချုပ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီးလက်ခံ ရယူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များ၏ တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တပ်မိသားစုသက်သာချောင်ချိရေး ဆောင်ရွက်နေသည့် အခြေအနေများ၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တပ်မိသားစုဝင်များနှင့် ဒေသခံပြည်သူများသို့ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ်အနေဖြင့် မိမိတို့နိုင်ငံနှင့် နယ်နိ မိတ်ချင်းထိစပ်နေသည့် ထိုင်း၊ လာအို၊ တရုတ် နိုင်ငံတို့နှင့် နယ်စပ်ဒေသများ တစ်လျှောက် တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် သတင်း အချက်အလက် ပူးပေါင်းဆောင်ရွက်ရေးများကို ထိရောက်စွာ လုပ်ဆောင်ကြရန်လို ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မတရားသောနည်းလမ်းများ အသုံးပြုကာ နိုင်ငံတော်၏ အာဏာကိုရယူရန် ဆောင်ရွက်ခဲ့မှုများဖြစ်ပေါ်ခဲ့သောကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်ကို ထိန်းသိမ်းတာဝန်ယူခဲ့ရသည်ကို သိရှိကြမည်ဖြစ်ကြောင်း၊ NLD ပါတီအနေဖြင့် မသင်္ကာဖွယ် မဲစာရင်းပေါင်း ၁၀ သန်း ကျော်အထိ မသမာမှုများ လုပ်ဆောင်ခဲ့ခြင်းသည် ဒီမိုကရေစီနည်းလမ်းမကျသည့် လုပ်ရပ်ဖြစ်သဖြင့် လက်ခံ၍ရနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို အရေး ပေါ် အခြေအနေအဖြစ်ကြေညာလုပ်ဆောင်ခဲ့ရကြောင်း၊ တပ်မတော်၏ တရားဥပဒေ နှင့်အညီလုပ်ဆောင်ခဲ့မှုအပေါ် NLD ပါတီအဖွဲ့ဝင်များနှင့် မလိုလားသူများက လက်မခံ နိုင်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်လာသည်ကို တွေ့ရှိရပြီး EAOs များကလည်း သံယောင်လိုက် ပြောဆိုမှုများလုပ်ဆောင်လာကြကြောင်း၊ RCSS/SSA အဖွဲ့အနေဖြင့် တပ်မတော်၏ နိုင်ငံတော်၏တာဝန်ထိန်းသိမ်းဆောင်ရွက်မှုများကို ဦးစွာဝေဖန် ပြောကြားခဲ့ကြောင်း၊ KNLA တပ်မဟာ(၅) အနေဖြင့် KNU ဗဟိုဦးစီးကော်မတီဝင် များ နှင့် KNLA စစ်ဦးစီးချုပ်တို့၏ တားမြစ်ချက်များကို လိုက်နာမှုမရှိဘဲ ယခုလ ၂၇ ရက်နေ့တွင် တပ်မတော်က အခြေပြုထားသည့် ထီးမူထစခန်းအား NCA ကိုလိုက်နာမှု မရှိဘဲ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း။

ထိုကဲ့သို့ဆောင်ရွက်နေခြင်းများမှာ ၎င်းတို့၏ နောက်ကွယ်မှ ထောက်ပံ့နေ သည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အလိုကျပြောဆိုလုပ်ကိုင်နေကြရခြင်းဖြစ် ကြောင်း၊ ၎င်းနိုင်ငံများနှင့် အဖွဲ့အစည်းများသည်လည်း NLD အစိုးရ ဆက်လက်ရှိ နေမှသာလျင် ၎င်းတို့လိုချင်သည့် ပုံစံနှင့် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်သည့် အစိုးရကို ရရှိမည်ဖြစ်သဖြင့် ယခုကဲ့သို့ ပြောကြားစေခြင်းဖြစ်ကြောင်း၊ EAOs များ၏ လုပ်ဆောင်မှုများကို မပြတ်စောင့်ကြည့်ပြီး ဆက်စပ်နိုင်ငံများကိုလည်း သတင်း ဖလှယ်မှု အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေရန်လိုကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့များ အနေဖြင့် တိုင်းစစ်ဌာနချုပ်အလိုက် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန် စွာထမ်းဆောင်နိုင်ရေး အမြဲစစ်ရေးသတိ၊ စစ်ရေးအသိ ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ က်ိဳင္းတုံတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ မတ္ ၂၉

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ယေန႔မြန္းလြဲပိုင္းတြင္ က်ိဳင္းတုံတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား တိုင္းစစ္ဌာနခ်ဳပ္ ျပည္ၿငိမ္းေအးခန္းမ၌ ေတြ႕ဆုံ အမွာစကားေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းထြန္း ႏွင့္ က်ိဳင္းတုံ တပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ား တက္ေရာက္ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ မိမိတို႔ႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈ အေျခအေနမ်ားကို အရာရွိ၊ စစ္သည္ မိသားစုမ်ား သိရွိေစရန္ အနည္းငယ္ေျပာၾကား လို ေၾကာင္း၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ ႏိုင္ငံေတာ္ကို ႏိုင္ငံေရးအရ အေရး ေပၚအေျခအေန အျဖစ္ ေၾကညာခဲ့ေၾကာင္း၊ ႏိုင္ငံတကာ၌ သဘာဝေဘးအႏၲရာယ္ႀကဳံ ေတြ႕ခ်ိန္၊ ကပ္ေရာဂါႀကဳံေတြ႕ခ်ိန္၊ လုံၿခဳံေရးအရ ဥပေဒေၾကာင္းအရ ပိုမိုထိန္းသိမ္း ေဆာင္႐ြက္ရန္လိုအပ္ခ်ိန္မ်ားတြင္ အေရးေပၚအေျခအေနကို ေၾကညာေလ့ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္လည္း ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ ျဖစ္ေပၚခဲ့သည့္ မဲသမာမႈမ်ား ႏွင့္ မဲစာရင္းမွားယြင္းမႈမ်ားကို ဒီမိုကေရစီနည္းလမ္းမ်ားႏွင့္အညီ အတတ္ႏိုင္ဆုံး ေျဖရွင္းေဆာင္႐ြက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း မည္သို႔မွ် ေဆြးေႏြးညႇိႏႈိင္း ေျဖရွင္းမရ သည့္အျပင္ တတိယအႀကိမ္လႊတ္ေတာ္ေခၚယူ၍ အစိုးရအသစ္ဖြဲ႕ရန္ အတင္းအဓမၼ ႀကံစည္ႀကိဳးပမ္းလာမႈမ်ားေၾကာင့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ အစည္းအေဝးျပဳလုပ္ကာ ႏိုင္ငံေတာ္ကို ႏိုင္ငံေရးအရ အေရးေပၚအေျခအေနအျဖစ္ ေၾကညာခဲ့ၿပီး ယာယီသမၼတက တပ္မေတာ္ကို ထိန္းသိမ္းေဆာင္႐ြက္ေပးရန္ တာဝန္ေပးအပ္လာခဲ့ျခင္းျဖစ္ေၾကာင္း။

မိမိအေနျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သို႔ ေ႐ြးေကာက္ပြဲမတိုင္မီကာလတြင္ လည္းလာေရာက္ခဲ့ၿပီး တပ္မေတာ္သားမ်ား၊ မိသားစုမ်ားႏွင့္ ေတြ႕ဆုံစဥ္ ေ႐ြးေကာက္ ပြဲႏွင့္ ပတ္သက္၍ တရားမွ်တ ၿပီး ႐ိုးသားသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစလိုေၾကာင္း၊ မိမိေဒသႏွင့္ တိုင္းျပည္၏ အက်ိဳးကို ေဖာ္ေဆာင္ေပးႏိုင္မည့္သူမ်ားကို ေ႐ြးျခယ္မဲေပး ၾကေစလိုၿပီး မဲမေပးပါက မိမိတို႔၏ သေဘာထားႏွင့္ ကိုက္ညီမႈမရွိသူကိုရရွိမည္ျဖစ္ သျဖင့္ အားလုံးဆႏၵမဲေပးၾကေစလိုေၾကာင္းျဖင့္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျပည္သူအားလုံး လိုလားေတာင့္တေနၾကသည့္ ပါတီစုံဒီမို ကေရစီစနစ္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ႏွင့္အညီ ေဖာ္ေဆာင္ေပးခဲ့ ေၾကာင္း၊ တိုင္းျပည္တိုးတက္ေကာင္းမြန္ေရးကိုသာ အဓိကလိုလားၿပီး မည္သည့္ အစိုး ရ တက္လာသည္ျဖစ္ေစ အတူတကြလက္တြဲ၍ ႏိုင္ငံ၏ ေကာင္းရာေကာင္းက်ိဳး မ်ားကို ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း။

၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ ေ႐ြးေကာက္ပြဲမစတင္မီ ႀကိဳတင္ျပင္ဆင္မႈ ကာလ၌ ႏိုင္ငံေရးပါတီမ်ား၏ ပါတီမဲဆြယ္စည္း႐ုံးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာ တြင္ ပါတီမ်ား၏ ေျပာဆိုလုပ္ပိုင္ခြင့္ႏွင့္ ပတ္သက္၍ တရားမွ်တမႈ သံသယျဖစ္စရာ မ်ားကို ေတြ႕ရွိရေၾကာင္း၊ ထို႔ျပင္ ထုတ္ျပန္ထားသည့္ ဥပေဒ၊ နည္းဥပေဒမ်ားကို ေက်ာ္လြန္ေဆာင္႐ြက္၍ မရေသာ္လည္း COVID-19 ကို အေၾကာင္းျပ၍ အမိန႔္ အမ်ိဳးမ်ိဳးထုတ္ျပန္ကာ ဥပေဒ၊ နည္းဥပေဒမ်ားကို ေက်ာ္လြန္လုပ္ေဆာင္မႈမ်ားကို ေတြ႕ရွိ ရေၾကာင္း၊

လက္ရွိအခ်ိန္တြင္ မဲစာရင္းမ်ားစစ္ေဆးျခင္းကို အသစ္ဖြဲ႕စည္းထားရွိသည့္ ေ႐ြးေကာက္ပြဲေကာ္မရွင္က စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွ ထိပ္ပိုင္းတာဝန္ရွိသူမ်ားကို စစ္ေဆးေမးျမန္းခဲ့ရာတြင္လည္း ၎တို႔ ေကာ္မရွင္အေနျဖင့္ လြတ္လပ္မႈမရွိဘဲ သမၼတ၏ ထိန္းခ်ဳပ္မႈ၊ ေျပာဆိုမႈမ်ား အတိုင္းသာ‌ေဆာင္႐ြက္ခဲ့ရျခင္းျဖစ္သည္ဟု ေျပာဆိုခဲ့သည္ကို သတင္းစာရွင္းလင္းပြဲ မ်ား၌လည္း ထည့္သြင္းရွင္းလင္းခဲ့ၿပီးျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အေနျဖင့္ ေျမျပင္စစ္ေဆးေတြ႕ရွိခ်က္မ်ားကို ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္ခ်င္း အလိုက္ ေန႔စဥ္အေသးစိတ္ ထုတ္ျပန္ေပးလ်က္ရွိၿပီး ယခင္ တပ္မေတာ္မွ ထုတ္ျပန္ခဲ့ သည့္ စစ္ေဆးေတြ႕ရွိခ်က္ထက္ပင္ မဲသမာမႈမ်ား ပိုမိုမ်ားျပားေနသည္ကို ေတြ႕ရွိရ ေၾကာင္း။

တပ္မေတာ္မွ စတင္တာဝန္ယူသည့္ ပထမရက္သတၱပတ္အတြင္း တည္ၿငိမ္ ေအးခ်မ္းခဲ့ေသာ္လည္း ဒုတိယအပတ္မွစတင္၍ NLD ပါတီဝင္မ်ားႏွင့္ ေထာက္ခံသူ မ်ား၏ ေသြးထိုးလႈံ႕ေဆာ္မႈမ်ားေၾကာင့္ ဆူပူမႈ၊ ဆႏၵျပမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း၊ ယခု အခါဆူပူ ဆႏၵျပသည့္ အဆင့္မွ မင္းမဲ့စ႐ိုက္ဆန္သည့္ ဥပေဒခ်ိဳးေဖာက္မႈအဆင့္မ်ားမွ တစ္ဆင့္ ပြိဳင့္ ၂၂ ေသနတ္၊ တူမီးေသနတ္၊ ေလေသနတ္၊ လက္လုပ္ေသနတ္၊ လက္လုပ္လက္ပစ္ဗုံးမ်ား၊ မီးပုလင္း၊ မီးကြင္း ကဲ့သို႔ေသာ အဖ်က္အေမွာင့္လက္နက္ မ်ားကို ကိုင္ဆြဲ၍ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရး အေဆာက္အဦမ်ား၊ ရဲစခန္းမ်ား၊ တရားေရး ဆိုင္ရာ အေဆာက္အဦမ်ားအျပင္ ႐ိုးသားေအးခ်မ္းစြာ ေနထိုင္လိုသည့္ ျပည္သူတို႔၏ ေနအိမ္ အေဆာက္အဦမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ားအား မီးရႈိ႕ ဖ်က္ဆီးျခင္းမ်ား၊ ဝင္ေရာက္စီးနင္း ရန္ႀကိဳးပမ္းအားထုတ္မႈမ်ား စသည့္ လက္နက္ကိုင္အၾကမ္းဖက္သည့္ အဆင့္သို႔ ကူးစက္အသြင္ေျပာင္းလာခဲ့သည္ကို ေတြ႕ရွိလာရေၾကာင္း၊ ထို႔ျပင္ ျပည္တြင္းျပည္ပ ရင္းႏွီးျမဳပ္ႏွံမႈမ်ားျဖင့္ တည္ေဆာက္ထားေသာ စက္႐ုံ၊ အလုပ္႐ုံမ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား လက္နက္ကိုင္အၾကမ္းဖက္ တိုက္ခိုက္ လာျခင္းတို႔ ျပဳလုပ္လာေၾကာင္း၊ ထို႔ေၾကာင့္ မည္သို႔မွ် မတတ္သာသည့္အဆုံး လုံၿခဳံေရး၊ တရား ဥပေဒစိုးမိုးေရး၊ နယ္ေျမေအးခ်မ္းသာယာေရးတို႔ကို ပိုမိုထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကိီး လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊျပည္သာ ၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ေျမာက္ဥကၠလာပ ၿမိဳ႕နယ္ႏွင့္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း) ၿမိဳ႕နယ္တို႔တြင္ စစ္အုပ္ခ်ဳပ္ေရး (Martial Law) ထုတ္ျပန္ ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ ယင္းသို႔ ဆူပူဆႏၵျပမႈမ်ားသည္ အျခားႏိုင္ငံမ်ားတြင္လည္း ျဖစ္ပြားေလ့ရွိၿပီး ၿငိမ္းခ်မ္းစြာသတ္မွတ္ခ်က္မ်ားႏွင့္အညီ ဆႏၵျပျခင္းမ်ားရွိသကဲ့သို႔ စည္းကမ္းႏွင့္ကိုက္ညီမႈမရွိသျဖင့္ ဥပေဒႏွင့္အညီ ၿဖိဳခြင္းခဲ့ရမႈမ်ားလည္း ရွိေၾကာင္း၊ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအေနျဖင့္ လူကိုေသေစေအာင္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခဲ့ျခင္း၊ အမိန႔္ေပးျခင္းမ်ား မရွိခဲ့ဘဲ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေအးခ်မ္းစြာေနထိုင္လိုသူမ်ား၏ အသက္အႏၲရာယ္ထိခိုက္ေစသည္အထိလုပ္ေဆာင္လာခဲ့၍သာလ်င္ မလႊဲသာမေရွာင္ သာ ေဆာင္႐ြက္ခဲ့ရျခင္းမ်ား ရွိခဲ့ေၾကာင္း။

လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၊ ဦးတည္ခ်က္ ၉ ရပ္တို႔ကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိၿပီး ပထမဦးစားေပးအေနျဖင့္ မဲစာရင္းမ်ား ကို စိစစ္လ်က္ရွိၿပီး ေတြ႕ရွိခ်က္မ်ားကို ထုတ္ျပန္ေၾကညာလ်က္ရွိကာ အလုံးစုံၿပီးစီးပါက ေပါင္းခ်ဳပ္စာရင္းမ်ားကို ဆက္လက္ထုတ္ျပန္ေၾကညာသြားမည္ ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္၏ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး အဘက္ဘက္မွ ဖြံ႕ၿဖိဳးတိုးတက္ ေအာင္ လုပ္ေဆာင္ရမည္ျဖစ္ၿပီး COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ေက်ာင္းမ်ား ပိတ္ထားရျခင္းသည္ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ မိဘ တစ္ဦးခ်င္းစီ၏ နစ္နာ ဆုံးရႈံးမႈအျပင္ တိုင္းျပည္အတြက္လည္းနစ္နာဆုံးရႈံးမႈပင္ ျဖစ္ေသာေၾကာင့္ ေက်ာင္း မ်ား စနစ္တက်ျပန္လည္ဖြင့္လွစ္ႏိုင္ေရးႀကိဳတင္ျပင္ဆင္လုပ္ေဆာင္လ်က္ရွိေၾကာင္း။

တပ္မေတာ္သည္ တိုင္းျပည္အက်ိဳးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေနခ်ိန္တြင္ ျပည္သူက အားကိုးရသည့္ တိုင္းျပည္က အားထားရသည့္ တပ္မေတာ္ျဖစ္ေစေရး အားလုံး ႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး ျပည္သူ႔အက်ိဳးကိုေဖာ္ေဆာင္ေပးရန္၊ တိုင္းျပည္ကို ကာကြယ္ႏိုင္ရန္ အၿမဲအသင့္ျပင္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္ မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား၏ တပ္မေတာ္အေပၚ၊ တိုင္းျပည္အေပၚထားရွိ သည့္ ေကာင္းမြန္သည့္ စိတ္ရင္း၊ စိတ္ဓာတ္မ်ားအတြက္လည္း ေလးစားခ်ီးက်ဴးပါ ေၾကာင္း၊ တပ္ရင္းတပ္ဖြဲ႕မ်ားအားလုံးအေနျဖင့္ စစ္သည္တစ္ဦးခ်င္းမွစ၍ အရည္ အခ်င္းရွိေအာင္၊ တိုးတက္ေအာင္ တည္ေဆာက္ၿပီး မိမိတို႔၏ လုပ္ေဆာင္ခ်က္အားလုံး သည္ တိုင္းျပည္အတြက္ ျဖစ္ရမည္ဟူသည့္ စိတ္ျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလို ေၾကာင္း၊ တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္း မ်ားကို ေအာင္ျမင္ေအာင္၊ အက်ိဳးရွိေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ မိမိတို႔တစ္ဦးခ်င္း၏ က်န္းမာႀကံ့ခိုင္ေရးအတြက္ ကိုယ္လက္လႈပ္ရွားအားကစားႏွင့္ အဖြဲ႕လိုက္လုပ္ေဆာင္ရသည့္ အားကစားၿပိဳင္ပြဲမ်ားကို လုပ္ေဆာင္ၾကရမည္ျဖစ္ ေၾကာင္း၊ အသိပညာဗဟုသုတမ်ား ႂကြယ္ဝေစေရးအတြက္ မိမိကိုယ္တိုင္စာဖတ္ရန္ လိုအပ္ၿပီး မိမိတို႔၏ ကေလးငယ္မ်ားကိုလည္း စာဖတ္ေအာင္ တြန္းအားေပးၾကရ မည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ဗုဒၶဘာသာယဥ္ေက်းမႈထုံးတမ္းစဥ္လာမ်ားကို သိရွိေအာင္ လည္း သင္ၾကားေပးၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ကို ေကာင္းမြန္ေအာင္၊ တိုးတက္ေအာင္ လုပ္ေဆာင္ရန္မွာ မိမိတို႔ပစၥဳပၸန္တြင္ တာဝန္ထမ္းေဆာင္ေနၾကသူ မ်ား၏ တာဝန္ျဖစ္ၿပီး ေကာင္းမြန္ေသာအေမြမ်ားကို လက္ဆင့္ကမ္းႏိုင္ေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တိုင္းျပည္ကို စစ္မွန္သည့္ဒီမိုကေရစီ လမ္းေၾကာင္းေပၚသို႔ ျပန္လည္ေရာက္ရွိေစေရး ခိုင္ခိုင္မာမာ ယုံၾကည္ခ်က္ရွိရွိ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာပစၥည္းမ်ားႏွင့္ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္ရာ တိုင္းမႉးက လည္းေကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက တိုင္းစစ္ဌာနခ်ဳပ္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကိုေပးအပ္ရာ တိုင္းမႉး၏ ဇနီးက လည္းေကာင္း အသီးသီးလက္ခံ ရယူၾကသည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ တပ္နယ္ အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ ခဲ့ၾကသည္။

ယေန႔နံနက္ပိုင္းတြင္လည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းထြန္းက တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ကြပ္ကဲမႈေအာက္ တပ္ရင္း၊ တပ္ဖြဲ႕မ်ား၏ တပ္တည္ေဆာက္ေရးလုပ္ငန္းႀကီး ၄ ရပ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ား၊ နယ္ေျမေဒသလုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရး၊ တပ္မိသားစုသက္သာေခ်ာင္ခ်ိေရး ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ား၊ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ တပ္မိသားစုဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားသို႔ ေဆာင္႐ြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တိုင္းစစ္ဌာနခ်ဳပ္အေနျဖင့္ မိမိတို႔ႏိုင္ငံႏွင့္ နယ္နိ မိတ္ခ်င္းထိစပ္ေနသည့္ ထိုင္း၊ လာအို၊ တ႐ုတ္ ႏိုင္ငံတို႔ႏွင့္ နယ္စပ္ေဒသမ်ား တစ္ေလွ်ာက္ တည္ၿငိမ္ေအးခ်မ္းေရး၊ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးႏွင့္ သတင္း အခ်က္အလက္ ပူးေပါင္းေဆာင္႐ြက္ေရးမ်ားကို ထိေရာက္စြာ လုပ္ေဆာင္ၾကရန္လို ေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ မတရားေသာနည္းလမ္းမ်ား အသုံးျပဳကာ ႏိုင္ငံေတာ္၏ အာဏာကိုရယူရန္ ေဆာင္႐ြက္ခဲ့မႈမ်ားျဖစ္ေပၚခဲ့ေသာေၾကာင့္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏တာဝန္ကို ထိန္းသိမ္းတာဝန္ယူခဲ့ရသည္ကို သိရွိၾကမည္ျဖစ္ေၾကာင္း၊ NLD ပါတီအေနျဖင့္ မသကၤာဖြယ္ မဲစာရင္းေပါင္း ၁၀ သန္း ေက်ာ္အထိ မသမာမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းသည္ ဒီမိုကေရစီနည္းလမ္းမက်သည့္ လုပ္ရပ္ျဖစ္သျဖင့္ လက္ခံ၍ရႏိုင္မည္မဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေတာ္ကို အေရး ေပၚ အေျခအေနအျဖစ္ေၾကညာလုပ္ေဆာင္ခဲ့ရေၾကာင္း၊ တပ္မေတာ္၏ တရားဥပေဒ ႏွင့္အညီလုပ္ေဆာင္ခဲ့မႈအေပၚ NLD ပါတီအဖြဲ႕ဝင္မ်ားႏွင့္ မလိုလားသူမ်ားက လက္မခံ ႏိုင္သည့္ လုပ္ေဆာင္ခ်က္မ်ားကို ျပဳလုပ္လာသည္ကို ေတြ႕ရွိရၿပီး EAOs မ်ားကလည္း သံေယာင္လိုက္ ေျပာဆိုမႈမ်ားလုပ္ေဆာင္လာၾကေၾကာင္း၊ RCSS/SSA အဖြဲ႕အေနျဖင့္ တပ္မေတာ္၏ ႏိုင္ငံေတာ္၏တာဝန္ထိန္းသိမ္းေဆာင္႐ြက္မႈမ်ားကို ဦးစြာေဝဖန္ ေျပာၾကားခဲ့ေၾကာင္း၊ KNLA တပ္မဟာ(၅) အေနျဖင့္ KNU ဗဟိုဦးစီးေကာ္မတီဝင္ မ်ား ႏွင့္ KNLA စစ္ဦးစီးခ်ဳပ္တို႔၏ တားျမစ္ခ်က္မ်ားကို လိုက္နာမႈမရွိဘဲ ယခုလ ၂၇ ရက္ေန႔တြင္ တပ္မေတာ္က အေျချပဳထားသည့္ ထီးမူထစခန္းအား NCA ကိုလိုက္နာမႈ မရွိဘဲ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း။

ထိုကဲ့သို႔ေဆာင္႐ြက္ေနျခင္းမ်ားမွာ ၎တို႔၏ ေနာက္ကြယ္မွ ေထာက္ပံ့ေန သည့္ ႏိုင္ငံမ်ားႏွင့္ အဖြဲ႕အစည္းမ်ား၏ အလိုက်ေျပာဆိုလုပ္ကိုင္ေနၾကရျခင္းျဖစ္ ေၾကာင္း၊ ၎ႏိုင္ငံမ်ားႏွင့္ အဖြဲ႕အစည္းမ်ားသည္လည္း NLD အစိုးရ ဆက္လက္ရွိ ေနမွသာလ်င္ ၎တို႔လိုခ်င္သည့္ ပုံစံႏွင့္ ၎တို႔ေျပာသည့္အတိုင္း လုပ္ေဆာင္သည့္ အစိုးရကို ရရွိမည္ျဖစ္သျဖင့္ ယခုကဲ့သို႔ ေျပာၾကားေစျခင္းျဖစ္ေၾကာင္း၊ EAOs မ်ား၏ လုပ္ေဆာင္မႈမ်ားကို မျပတ္ေစာင့္ၾကည့္ၿပီး ဆက္စပ္ႏိုင္ငံမ်ားကိုလည္း သတင္း ဖလွယ္မႈ အခ်ိန္ႏွင့္တစ္ေျပးညီေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ တပ္ရင္း၊ တပ္ဖြဲ႕မ်ား အေနျဖင့္ တိုင္းစစ္ဌာနခ်ဳပ္အလိုက္ စစ္ဆင္ေရးႏွင့္ လုံၿခဳံေရးတာဝန္မ်ားကို ေက်ပြန္ စြာထမ္းေဆာင္ႏိုင္ေရး အၿမဲစစ္ေရးသတိ၊ စစ္ေရးအသိ ရွိရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျပည္သူလူထုတစ္ရပ္လုံး လိုလားေတာင့္တသည့္ ပါတီစုံ ဒီမိုကေရစီစနစ္ခိုင္မာေစေရး ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။