နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၈/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၈/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြား ရာတွင် မိမိတို့အနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည်မှာ နှစ်လတာအချိန်ကာလသို့ ရောက်ရှိ လာပြီဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် တာဝန်ယူခဲ့သည်ကို အကြိမ်ကြိမ် ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် လွှတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး အကြိမ်ကြိမ်ပြောကြားခြင်းများ ပြုလုပ်ခဲ့သော်လည်း မဲမသမာမှုများဖြင့် အစိုးရ ဖွဲ့ရန် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်ကိုလိုအပ်သလို အရေးယူဆောင်ရွက်ရန်အတွက် တာဝန်လွှဲအပ်ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ မရင့်ကျက်သေးသည့် နိုင်ငံဖြစ်ခြင်းကြောင့် သဘောရိုးဖြင့် မဲစာရင်းမှားယွင်းမှုများရှိနိုင်သော်လည်း ယခုဖြစ်ပေါ်ခဲ့သည့် မဲစာရင်းမှားယွင်း မှုများသည် စနစ်တကျဖြင့်မှားယွင်းစေရန် ဆောင်ရွက်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ မဲပေး ပိုင်ခွင့်ရှိသူ ၃၉ သန်းကျော်တွင် ၁၀ ဒသမ ၄ သန်းမှာ မှတ်ပုံတင်မရှိဘဲ မဲပေးမှုများနှင့် သံသယဖြစ်ဖွယ်မဲပေးမှုများကို စိစစ်တွေ့ရှိရကြောင်း၊ ၂၅ ရာခိုင်နှုန်းကျော် မဲသံသယဖြစ်ဖွယ် ဖြစ်ပွားခဲ့သည်ကိုတွေ့ရှိရသဖြင့် ရှင်းလင်းရန် ပြောကြားခဲ့သော်လည်း ရှင်းလင်းပေးမှုမရှိခဲ့ ကြောင်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ရာတွင်လည်း ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သွားနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံများအလိုက် ဒီမိုကရေစီစနစ် ကျင့်သုံးသည့်စနစ်နှင့် ပုံစံများမတူနိုင်ကြောင်း၊ အနောက်ဥရောပနိုင်ငံများတွင်ပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီသကဲ့သို့ မိမိတို့အာရှနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း မိမိတို့နိုင်ငံ၏လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ခြိမ်းခြောက်၍မဲပေးခိုင်းခြင်းမဟုတ်ဘဲ ပြည်သူများ၏ ဆန္ဒအရ ဆန္ဒမဲများပေးခဲ့ခြင်းဖြစ် ကြောင်း၊ ပြည်သူများရွေးချယ်ထားသည့် ဒီမိုကရေစီစနစ် မယိမ်းမယိုင် လျှောက်လှမ်းနိုင်ရန် အတွက် ယခုအခါတွင်လည်း စုပေါင်းဦးဆောင်မှုဖြင့်သာဆောင်ရွက်လျက်ရှိပြီး အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ တပ်မတော်မှ ဝန်းရံပေးနေခြင်းသာ ဖြစ်ကြောင်း၊ ပြည်သူများမျှော်မှန်းထားသည်မှာ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သော်လည်း တတိယသက်တမ်းအတွက် ရွေးကောက်ပွဲပြုလုပ်ချိန်တွင် မဲမသမာမှုများ ပြုလုပ်၍ ပြည်သူများရွေးချယ်ထားသည့် ဒီမိုကရေစီစနစ်ကိုပျက်ရယ်ပြုပြီး ပြည်သူလူထုကို စော်ကားခြင်းဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများကြောင့် မဖြစ်သင့်သည်များ ဖြစ်ပေါ်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် စစ်မှန်သည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်း ဖြစ်ပေါ်စေရေး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချထားကြောင်း၊ မိမိတို့နိုင်ငံ တိုးတက် ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းပြည်တိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော်အတွင်းမျှတမှုရှိရန်အတွက် PR စနစ်ကျင့်သုံးနိုင်ရေး စဉ်းစားသုံးသပ် ဆွေးနွေးရန် လိုကြောင်း။

မိမိတို့ စတင်တာဝန်ယူပြီး ၃ ရက်မြောက်နေ့မှစ၍ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒ ဖော်ထုတ်မှု များဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ဆန္ဒပြမှုအဆင့်မှ ဆူပူမှု၊ အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှု၊ လုယက်တိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများဖြစ်ပေါ်လာကြောင်း၊ အဆိုပါဖြစ်စဉ်များကို ရှင်းလင်း ရာတွင်လည်း ဥပဒေနှင့်အညီသာ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်လျက်ရှိသည့် ဆူပူဆန္ဒပြမှုများကိုဖြေရှင်းရာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ကာလ ရှည်ကြာစွာ လျှောက်လှမ်းလျက်ရှိသည့် နိုင်ငံများ၌ အရေးယူဖြေရှင်းဆောင်ရွက်မှုများမှာ မိမိတို့နိုင်ငံထက် ပိုမိုပြင်းထန်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဆူပူမှုများ ဖြစ်ပေါ်ချိန်တွင် ပွဲလန့်တုန်းဖျာခင်းသည့်အနေဖြင့် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ က တပ်မတော်စခန်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအချို့ကို တိုက်ခိုက်ခြင်းများရှိခဲ့ကြောင်း၊ နိုင်ငံရေးခံယူချက်များကြောင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ နောက်ကွယ်မှ ပြည်ပနိုင်ငံများက ထောက်ပံ့ပေးမှုများကြောင့် ဆောင်ရွက်နေသည်ကိုသိရှိရကြောင်း၊ ထို့ကြောင့် တပ်မတော် အနေဖြင့် တုံ့ပြန်မှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်း ဖြစ်ခြင်း၊ NCA လက်မှတ်ရေးထိုးထားခြင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်း လိုခြင်းနှင့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်လိုခြင်းများ ကြောင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် NCA ကိုချိုးဖောက် ခြင်းများကြောင့် အရေးယူတုံ့ပြန်ခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် အဆိုပါအဖွဲ့များသည် ငြိမ်းချမ်းရေးလိုချင်သည့် အဖွဲ့အစည်းများဟုတ်၊ မဟုတ် သိနိုင်ကြောင်း။

ကောင်စီမှ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ် ဆောင်ရွက်လျက်ရှိရာ မဲစာရင်းစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်ရမည့်ကိစ္စရပ်များကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်း၊ COVID-19 ထိန်းချုပ်ရေးဆောင်ရွက်ခြင်းနှင့် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သည့် စီးပွားရေးပြန်လည်တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ပို့ဆောင်မှုများ ပြန်လည်ချောမွေ့အောင် ဆောင်ရွက်ပေးနိုင်ပါက စားရေးတွင် အဆင်ပြေလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျေးလက်ကိုအခြေခံသည့် စီးပွားရေး လုပ်ငန်းများကို ပစ်ပယ်၍မရကြောင်း၊ စီးပွားရေးမြှင့်တင်မှုများဆောင်ရွက်ချိန်တွင် ကျေးလက် နှင့် မြို့ပြကွာခြားချက်များ အနည်းဆုံးဖြစ်အောင်လျှော့ချနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးသိပ္ပံများဖွင့်လှစ် နိုင်ရန်ဆောင်ရွက်နေကြောင်း၊ အသိပညာ၊ အတတ်ပညာများ ရရှိအောင်ဆောင်ရွက်၍ ကျေးလက်နေပြည်သူများ၏ ဘဝကိုအာမခံချက်ရရှိ အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး လိုအပ်သည့်ငွေကြေးနှင့် နည်းပညာများကို ဖြည့်ဆည်းပေး ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးချေးငွေများနှင့်ပတ်သက်၍ တောင်သူများထံသို့ စိုက်ပျိုးရေး ချေးငွေထုတ်ပေးရာတွင် အဆင့်ဆင့်ဆောင်ရွက်ခြင်းမဟုတ်ဘဲ အတိုဆုံးလမ်းကြောင်းဖြင့် ဆောင်ရွက်ပေးမှသာ တောင်သူများအနေဖြင့် ထိရောက်သောသက်သာမှုရရှိနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် တောင်သူများ၏ဘဝ၊ ကျေးလက်နေပြည်သူများ၏ ဘဝတိုးတက် အောင် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးမှုများပြား လာသည့်အတွက် ရာသီဥတုပူပြင်း လာသည်ကို တွေ့ရှိရကြောင်း၊ ဒေသရာသီဥတုနှင့်ကိုက်ညီပြီး အရည်အသွေးပြည့်မီသည့် သီးနှံပင်များစိုက်ပျိုးနိုင်ရန် လိုအပ်ကြောင်း၊ ကမ္ဘာပေါ်တွင် အဓိကစားသုံးသည်မှာ ဆန်နှင့် ဂျုံသီးနှံပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် နိုင်ငံတစ်ဝန်းလုံး ဆန်၊ စပါးဖူလုံစေရန်နှင့် သွားလာမှုအဆင်ပြေစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေသုံးစွဲမှုကို လည်းချွေတာသုံးစွဲရန်အတွက် ပညာပေးမှု၊ လှုံ့ဆော်မှုများကို ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ရွှေ့ပြောင်းတောင်ယာခုတ်ထွင်ခြင်းကို ထိန်းသိမ်း၍ ကုန်းမြင့်လယ်ယာအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုပြီး လိုအပ်သည့် စိုက်ပျိုးရေရရှိရေးကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်အကျိုးအတွက် ဆောင်ရွက် ကြရန်လိုကြောင်းပြောကြားသည်။

ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်နှင့် ဒေါက်တာဗညားအောင်မိုးတို့က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်နိုင်ရေး၊ လုံခြုံရေးအရ လိုအပ်သည့် နေရာများတွင်သီးသန့် ဥပဒေပြဋ္ဌာန်း၍ အထူးတရားရုံးများ ဖွဲ့စည်းဖွင့်လှစ်နိုင်ရေး၊ အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးအတွက် ဝင်ငွေခွန်ကောက်ခံသည့်နှုန်းထားများပြင်ဆင် သတ်မှတ်နိုင်ရေး၊ လူမှုကွန်ရက် စာမျက်နှာများတွင်ဖော်ပြလျက်ရှိသည့် ကောလာဟလသ တင်းစာမျက်နှာများ အားထိန်းချုပ်ရေး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု အသစ်များ ဖော်ဆောင်ပေးနိုင်ရေး၊ ပုသိမ်မြို့၌ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အသိပေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် ပိုမိုအသိအမှတ်ပြု ထောက်ပံ့ပေးနိုင်ရေး၊ သတင်းမီဒီယာအဖွဲ့အစည်းများကို စနစ်တကျပြန်လည်ဖွဲ့စည်း ဆောင်ရွက်ရေး၊ နိုင်ငံတော်၏လုံခြုံရေးယန္တရားကို အခြေခံလိုအပ်ချက်များဖြည့်ဆည်း ပေးနိုင်ရေး၊ ဒေသအလိုက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် အချက်အခြာနေရာများတွင် လုံခြုံရေးတိုးမြှင့် ချထားနိုင်ရေး၊ ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များ ဆွမ်းကိစ္စ အဆင်ပြေစေရေးအတွက် လိုအပ်သည်များ ထောက်ပံ့လှူဒါန်းနိုင်ရေး၊ အင်တာနက်ဝန်ဆောင်မှု ပိတ်ပင် ထားခြင်းများကို ပြန်လည်သုံးသပ်ဆောင်ရွက်နိုင်ရေး၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှ သွေးထိုးစည်းရုံးလှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများနှင့်စပ်လျဉ်း၍ တန်ပြန်အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ အေးချမ်းစွာ နေထိုင်လိုသည့်ပြည်သူများ ၊ ပါတီများနှင့် အဖွဲ့အစည်း များအား လုံခြုံရေးဆိုင်ရာ အကာအကွယ်များ ပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးကြသည်။

ဆက်လက်၍ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသအလိုက် လုံခြုံရေးဆိုင်ရာ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆူပူအကြမ်းဖက်အဖွဲ့အစည်းများက အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်ရန်ကြံစည် ခဲ့မှုများ၊ နယ်မြေဒေသလုံခြုံရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့်အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဉပဒေကို ပြန်လည်စိစစ်သုံးသပ်ပြီး လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အထူးတရားရုံးများ ဖွင့်လှစ်နိုင်ရေးအတွက်လည်း အလေး ထား စဉ်းစားသွားမည်ဖြစ်ကြောင်း၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းပြီး ပြည်သူလူထုကို ဝန်ထုပ် ဝန်ပိုးမဖြစ်စေလိုကြောင်း၊ ဝင်ငွေခွန်နှုန်းထားကိုမတိုးမြှင့်ဘဲ အခွန်နယ်ပယ်ကိုချဲ့ထွင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို မှာကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အခွန်ကောက်ခံမှု သည် အာဆီယံနိုင်ငံများ၏ အခွန်ကောက်ခံမှုထက် နည်းပါကြောင်း။

အစိုးရဝန်ထမ်းများသည် ပုဂ္ဂလိက ဝန်ထမ်းများထက် လစာရရှိမှု နည်းပါးသော်လည်း ပင်စင်လစာ အကျိုးခံစားခွင့်ရှိသည့် ဘဝအာမခံချက်ရှိကြောင်း၊ ရရှိသည့်လစာနှင့် လုံလောက် အောင် သုံးစွဲနိုင်သည့် အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးရန်နှင့် အဆင့်နှင့်လျော်ညီသည့် လူနေမှုစနစ်ဖြစ်စေရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်သည့် စီးပွားရေးပညာရှင်များ၊ ဥပဒေပညာရှင်များကို စနစ်တကျ မွေးထုတ်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ပညာရေးစနစ်၊ စီးပွားရေးစနစ်၊ လူမှုရေးစနစ်များတွင် ပြုပြင်ပြောင်းလဲရမည့် ကိစ္စရပ်များရှိကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဒေသနှင့်ကိုက်ညီသော စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန်နှင့် ဒေသအားလုံးတပြေးညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ ကျေးလက်နှင့် မြို့ပြ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချရန်လိုအပ်ကြောင်း၊ နိုင်ငံတနံတလျားရှိ စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ရှိပြီးသားအခြေခံကောင်းများကိုအသုံးချ၍ စဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း၊ ပုသိမ်၊ မော်လမြိုင်နှင့် ထားဝယ်တို့တွင် ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းများတည်ဆောက်နိုင်ရေး အခြေခံကောင်းများ ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ၏ စားဝတ်နေမှု ဖူလုံစေရေးအတွက် အဓိကထားစဉ်းစားကြောင်း၊ စားနပ် ရိက္ခာဖူလုံမှုမရှိသည့် ချင်းပြည်နယ်တွင်လည်း စားနပ်ရိက္ခာ ဖူလုံစေရန် အလေးထား သုတေသန ပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်ကို မည်သို့ကောင်းအောင် လုပ်ဆောင် သင့်သည်ကို စဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ယခု လုပ်ဆောင်နေသည့် ဆူပူအကြမ်းဖက်မှုများသည် အစိုးရအားဆန့်ကျင်နေခြင်း မဟုတ်ဘဲ တိုင်းပြည်နှင့်ပြည်သူလူထု၏ စီးပွားရေးကို ပျက်စီးအောင်ဆောင်ရွက်နေကြခြင်း သာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေကိုကျော်လွန်၍ ဆောင်ရွက်နေခြင်းမျိုးမရှိဘဲ တရား ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ဆိုရှယ်မီဒီယာသည် ကောင်းကျိုးများ ရှိသကဲ့သို့ ဆိုကျိုးများလည်း ဖြစ်ပေါ်စေကြောင်း၊ အင်တာနက်ကိုမှီခို ၍ဆောင်ရွက်နေရသည့် လုပ်ငန်းများရှိသည့်အတွက် အမြဲပိတ်ထား၍ မရကြောင်း၊ ယင်းအား မှန်ကန်စွာ အသုံးပြုနိုင်ရေး ထိန်းကြောင်းရန်လိုအပ်ပြီး ဖောက်ဖျက်ပါက ထိရောက်စွာဟန့်တားနိုင်သော ပြစ်ဒဏ်များချမှတ်သွားနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီဒီယာလုပ်ငန်းအား နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဟု အသိအမှတ်ပြုထားကြောင်း၊ မီဒီယာများမှ တစ်ဆင့်အသိပညာများ ယူတတ်ရန်အရေးကြီးကြောင်း၊ ပြည်သူများကို ဒီမိုကရေစီနှင့် ပတ်သက်သည့် အသိပညာများ၊ အတွေးအခေါ်များရှိအောင် လုပ်ဆောင်ပေးကြရန်လိုကြောင်း၊ လူငယ်လူရွယ်အားလုံး ပညာတတ်ဖြစ်အောင် ပညာရေးလမ်းကြောင်း ကောင်းအောင် မြှင့်တင် ရန်နှင့် စိတ်နေသဘောထားများ ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

ရုံးပိတ်ရက်များကို တိုင်းပြည်အတွက် အကျိုးရှိရှိအသုံးချနိုင်ရန် ပြန်လည်စဉ်းစား သုံးသပ်သွားမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များအတွက် ဆွမ်း၊ ဆန်၊ ဆီ၊ ပဲများ ဖူလုံရေးအတွက် သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များကို ညွှန်ကြားထားကြောင်း၊ ဒီမိုကရေစီခေတ်တွင် အသိစိတ်ဓာတ်များပြင်ကြရမည်ဖြစ်ပြီး လူမှုရေးအသိစိတ်ဓာတ်ရှိရန် လိုကြောင်း၊ ဒီမိုကရေစီကို မသိကျိုးကျွံပြု၍ သူတလူ ငါတစ်မင်း ဆောင်ရွက်၍ မရကြောင်း၊ မိမိတို့လုပ်ဆောင်မှုသည် တစ်နိုင်ငံလုံး အကျိုးခံစားခွင့်ရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး တိုင်းပြည်အား အာမခံချက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားများကို ဂရုတစိုက်ဖြင့် မျှတသည့်အခွင့်ရေးပေးရန်လိုကြောင်း၊ ကောင်စီဝင်များအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ် ၅ ရပ်အတိုင်း ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် မှာကြားခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝး (၈/၂၀၂၁)သို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္ မတ္ ၃၀

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး (၈/၂၀၂၁)ကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကား ေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီ အဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန႔္၊ ဦးခင္ေမာင္ေဆြ၊ ေဒၚေအးႏုစိန္၊ Jeng Phang ေနာ္ေတာင္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္ႏွင့္ ေဒါက္တာ ဗညားေအာင္မိုး၊ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြး၊ တြဲဖက္ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္တို႔ တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အဖြင့္အမွာစကား ေျပာၾကား ရာတြင္ မိမိတို႔အေနျဖင့္ တာဝန္ယူေဆာင္႐ြက္ခဲ့သည္မွာ ႏွစ္လတာအခ်ိန္ကာလသို႔ ေရာက္ရွိ လာၿပီျဖစ္ေၾကာင္း၊ မည္သည့္အတြက္ေၾကာင့္ တာဝန္ယူခဲ့သည္ကို အႀကိမ္ႀကိမ္ ရွင္းလင္း ေျပာၾကားခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ လႊတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေစေရး အႀကိမ္ႀကိမ္ေျပာၾကားျခင္းမ်ား ျပဳလုပ္ခဲ့ေသာ္လည္း မဲမသမာမႈမ်ားျဖင့္ အစိုးရ ဖြဲ႕ရန္ ဆက္လက္ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံေတာ္ကို အေရးေပၚအေျခအေနေၾကညာၿပီး တပ္မေတာ္ကိုလိုအပ္သလို အေရးယူေဆာင္႐ြက္ရန္အတြက္ တာဝန္လႊဲအပ္ျခင္းျဖစ္ေၾကာင္း၊ ဒီမိုကေရစီ မရင့္က်က္ေသးသည့္ ႏိုင္ငံျဖစ္ျခင္းေၾကာင့္ သေဘာ႐ိုးျဖင့္ မဲစာရင္းမွားယြင္းမႈမ်ားရွိႏိုင္ေသာ္လည္း ယခုျဖစ္ေပၚခဲ့သည့္ မဲစာရင္းမွားယြင္း မႈမ်ားသည္ စနစ္တက်ျဖင့္မွားယြင္းေစရန္ ေဆာင္႐ြက္ခဲ့သည္ကို စိစစ္ေတြ႕ရွိရေၾကာင္း၊ မဲေပး ပိုင္ခြင့္ရွိသူ ၃၉ သန္းေက်ာ္တြင္ ၁၀ ဒသမ ၄ သန္းမွာ မွတ္ပုံတင္မရွိဘဲ မဲေပးမႈမ်ားႏွင့္ သံသယျဖစ္ဖြယ္မဲေပးမႈမ်ားကို စိစစ္ေတြ႕ရွိရေၾကာင္း၊ ၂၅ ရာခိုင္ႏႈန္းေက်ာ္ မဲသံသယျဖစ္ဖြယ္ ျဖစ္ပြားခဲ့သည္ကိုေတြ႕ရွိရသျဖင့္ ရွင္းလင္းရန္ ေျပာၾကားခဲ့ေသာ္လည္း ရွင္းလင္းေပးမႈမရွိခဲ့ ေၾကာင္း။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲခဲ့ရာတြင္လည္း ျပည္သူမ်ားမွေ႐ြးခ်ယ္သည့္ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းကို သြားႏိုင္ရန္ျဖစ္ေၾကာင္း၊ ႏိုင္ငံမ်ားအလိုက္ ဒီမိုကေရစီစနစ္ က်င့္သုံးသည့္စနစ္ႏွင့္ ပုံစံမ်ားမတူႏိုင္ေၾကာင္း၊ အေနာက္ဥေရာပႏိုင္ငံမ်ားတြင္ပင္ တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ မတူညီသကဲ့သို႔ မိမိတို႔အာရွႏိုင္ငံမ်ားတြင္လည္း အလားတူပင္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ အေနျဖင့္လည္း မိမိတို႔ႏိုင္ငံ၏လက္ရွိအေျခအေနႏွင့္ ကိုက္ညီသည့္ ဒီမိုကေရစီစနစ္ကို သြားရမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္ကို ေလွ်ာက္လွမ္းရန္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ကို ၿခိမ္းေျခာက္၍မဲေပးခိုင္းျခင္းမဟုတ္ဘဲ ျပည္သူမ်ား၏ ဆႏၵအရ ဆႏၵမဲမ်ားေပးခဲ့ျခင္းျဖစ္ ေၾကာင္း၊ ျပည္သူမ်ားေ႐ြးခ်ယ္ထားသည့္ ဒီမိုကေရစီစနစ္ မယိမ္းမယိုင္ ေလွ်ာက္လွမ္းႏိုင္ရန္ အတြက္ ယခုအခါတြင္လည္း စုေပါင္းဦးေဆာင္မႈျဖင့္သာေဆာင္႐ြက္လ်က္ရွိၿပီး အရပ္ဘက္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားျဖင့္သာ ေဆာင္႐ြက္လ်က္ရွိ၍ တပ္မေတာ္မွ ဝန္းရံေပးေနျခင္းသာ ျဖစ္ေၾကာင္း၊ ျပည္သူမ်ားေမွ်ာ္မွန္းထားသည္မွာ စစ္မွန္သည့္ ပါတီစုံဒီမိုကေရစီစနစ္ ျဖစ္ေသာ္လည္း တတိယသက္တမ္းအတြက္ ေ႐ြးေကာက္ပြဲျပဳလုပ္ခ်ိန္တြင္ မဲမသမာမႈမ်ား ျပဳလုပ္၍ ျပည္သူမ်ားေ႐ြးခ်ယ္ထားသည့္ ဒီမိုကေရစီစနစ္ကိုပ်က္ရယ္ျပဳၿပီး ျပည္သူလူထုကို ေစာ္ကားျခင္းျဖစ္ေၾကာင္း၊ ပုဂၢိဳလ္ေရးကိုးကြယ္မႈမ်ားေၾကာင့္ မျဖစ္သင့္သည္မ်ား ျဖစ္ေပၚလ်က္ ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ စစ္မွန္သည့္ပါတီစုံဒီမိုကေရစီလမ္းေၾကာင္း ျဖစ္ေပၚေစေရး တပ္မေတာ္အေနျဖင့္ ခိုင္ခိုင္မာမာဆုံးျဖတ္ခ်က္ခ်ထားေၾကာင္း၊ မိမိတို႔ႏိုင္ငံ တိုးတက္ ေကာင္းမြန္ေစေရးအတြက္ ေဆာင္႐ြက္ေနျခင္းျဖစ္သျဖင့္ ေအာင္ျမင္မည္ဟု ယုံၾကည္ေၾကာင္း၊ တိုင္းျပည္တိုးတက္ေကာင္းမြန္ေအာင္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ လြတ္လပ္၍ တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပႏိုင္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လႊတ္ေတာ္အတြင္းမွ်တမႈရွိရန္အတြက္ PR စနစ္က်င့္သုံးႏိုင္ေရး စဥ္းစားသုံးသပ္ ေဆြးေႏြးရန္ လိုေၾကာင္း။

မိမိတို႔ စတင္တာဝန္ယူၿပီး ၃ ရက္ေျမာက္ေန႔မွစ၍ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵ ေဖာ္ထုတ္မႈ မ်ားျဖစ္ေပၚခဲ့ၿပီး ေနာက္ပိုင္းတြင္ ဆႏၵျပမႈအဆင့္မွ ဆူပူမႈ၊ အၾကမ္းဖက္မႈ၊ မီးရႈိ႕ဖ်က္ဆီးမႈ၊ လုယက္တိုက္ခိုက္မႈႏွင့္ သတ္ျဖတ္မႈမ်ားျဖစ္ေပၚလာေၾကာင္း၊ အဆိုပါျဖစ္စဥ္မ်ားကို ရွင္းလင္း ရာတြင္လည္း ဥပေဒႏွင့္အညီသာ အဆင့္ဆင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံတကာတြင္ ျဖစ္ေပၚလ်က္ရွိသည့္ ဆူပူဆႏၵျပမႈမ်ားကိုေျဖရွင္းရာတြင္ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ကာလ ရွည္ၾကာစြာ ေလွ်ာက္လွမ္းလ်က္ရွိသည့္ ႏိုင္ငံမ်ား၌ အေရးယူေျဖရွင္းေဆာင္႐ြက္မႈမ်ားမွာ မိမိတို႔ႏိုင္ငံထက္ ပိုမိုျပင္းထန္သည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ဆူပူမႈမ်ား ျဖစ္ေပၚခ်ိန္တြင္ ပြဲလန႔္တုန္းဖ်ာခင္းသည့္အေနျဖင့္ အခ်ိဳ႕တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား က တပ္မေတာ္စခန္းမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕စခန္းအခ်ိဳ႕ကို တိုက္ခိုက္ျခင္းမ်ားရွိခဲ့ေၾကာင္း၊ ႏိုင္ငံေရးခံယူခ်က္မ်ားေၾကာင့္ ေဆာင္႐ြက္ျခင္းမဟုတ္ဘဲ ေနာက္ကြယ္မွ ျပည္ပႏိုင္ငံမ်ားက ေထာက္ပံ့ေပးမႈမ်ားေၾကာင့္ ေဆာင္႐ြက္ေနသည္ကိုသိရွိရေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္ အေနျဖင့္ တုံ႔ျပန္မႈမ်ား ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ မိမိတို႔အေနျဖင့္ တိုင္းရင္းသားအခ်င္းခ်င္း ျဖစ္ျခင္း၊ NCA လက္မွတ္ေရးထိုးထားျခင္း၊ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္း လိုျခင္းႏွင့္ ဒီမိုကေရစီစနစ္ကိုက်င့္သုံးၿပီး တိုင္းျပည္တိုးတက္ေအာင္ ေဆာင္႐ြက္လိုျခင္းမ်ား ေၾကာင့္ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ သို႔ေသာ္ NCA ကိုခ်ိဳးေဖာက္ ျခင္းမ်ားေၾကာင့္ အေရးယူတုံ႔ျပန္ျခင္းျဖစ္ေၾကာင္း၊ အဆိုပါျဖစ္စဥ္မ်ားကို ၾကည့္ျခင္းအားျဖင့္ အဆိုပါအဖြဲ႕မ်ားသည္ ၿငိမ္းခ်မ္းေရးလိုခ်င္သည့္ အဖြဲ႕အစည္းမ်ားဟုတ္၊ မဟုတ္ သိႏိုင္ေၾကာင္း။

ေကာင္စီမွ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ခ်မွတ္ ေဆာင္႐ြက္လ်က္ရွိရာ မဲစာရင္းစစ္ေဆးျခင္း အပါအဝင္ လုပ္ေဆာင္ရမည့္ကိစၥရပ္မ်ားကို ဥပေဒႏွင့္အညီေဆာင္႐ြက္ျခင္း၊ COVID-19 ထိန္းခ်ဳပ္ေရးေဆာင္႐ြက္ျခင္းႏွင့္ COVID-19 ကပ္ေရာဂါေၾကာင့္ ထိခိုက္က်ဆင္းခဲ့သည့္ စီးပြားေရးျပန္လည္တိုးတက္ေအာင္ ေဆာင္႐ြက္ျခင္းတို႔ကို ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ကုန္စည္ပို႔ေဆာင္မႈမ်ား ျပန္လည္ေခ်ာေမြ႕ေအာင္ ေဆာင္႐ြက္ေပးႏိုင္ပါက စားေရးတြင္ အဆင္ေျပလာမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ေက်းလက္ကိုအေျခခံသည့္ စီးပြားေရး လုပ္ငန္းမ်ားကို ပစ္ပယ္၍မရေၾကာင္း၊ စီးပြားေရးျမႇင့္တင္မႈမ်ားေဆာင္႐ြက္ခ်ိန္တြင္ ေက်းလက္ ႏွင့္ ၿမိဳ႕ျပကြာျခားခ်က္မ်ား အနည္းဆုံးျဖစ္ေအာင္ေလွ်ာ့ခ်ႏိုင္ရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ စိုက္ပ်ိဳးေရးသိပၸံႏွင့္ ေမြးျမဴေရးသိပၸံမ်ားဖြင့္လွစ္ ႏိုင္ရန္ေဆာင္႐ြက္ေနေၾကာင္း၊ အသိပညာ၊ အတတ္ပညာမ်ား ရရွိေအာင္ေဆာင္႐ြက္၍ ေက်းလက္ေနျပည္သူမ်ား၏ ဘဝကိုအာမခံခ်က္ရရွိ ေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ၿပီး လိုအပ္သည့္ေငြေၾကးႏွင့္ နည္းပညာမ်ားကို ျဖည့္ဆည္းေပး ရမည္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေရးေခ်းေငြမ်ားႏွင့္ပတ္သက္၍ ေတာင္သူမ်ားထံသို႔ စိုက္ပ်ိဳးေရး ေခ်းေငြထုတ္ေပးရာတြင္ အဆင့္ဆင့္ေဆာင္႐ြက္ျခင္းမဟုတ္ဘဲ အတိုဆုံးလမ္းေၾကာင္းျဖင့္ ေဆာင္႐ြက္ေပးမွသာ ေတာင္သူမ်ားအေနျဖင့္ ထိေရာက္ေသာသက္သာမႈရရွိႏိုင္မည္ ျဖစ္ေၾကာင္း၊ မိမိတို႔ေကာင္စီအေနျဖင့္ ေတာင္သူမ်ား၏ဘဝ၊ ေက်းလက္ေနျပည္သူမ်ား၏ ဘဝတိုးတက္ ေအာင္ စဥ္းစားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

သဘာဝပတ္ဝန္းက်င္မ်ား ထိခိုက္ပ်က္စီးမႈမ်ားျပား လာသည့္အတြက္ ရာသီဥတုပူျပင္း လာသည္ကို ေတြ႕ရွိရေၾကာင္း၊ ေဒသရာသီဥတုႏွင့္ကိုက္ညီၿပီး အရည္အေသြးျပည့္မီသည့္ သီးႏွံပင္မ်ားစိုက္ပ်ိဳးႏိုင္ရန္ လိုအပ္ေၾကာင္း၊ ကမာၻေပၚတြင္ အဓိကစားသုံးသည္မွာ ဆန္ႏွင့္ ဂ်ဳံသီးႏွံပင္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္သျဖင့္ ႏိုင္ငံတစ္ဝန္းလုံး ဆန္၊ စပါးဖူလုံေစရန္ႏွင့္ သြားလာမႈအဆင္ေျပေစရန္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ေရသုံးစြဲမႈကို လည္းေခြၽတာသုံးစြဲရန္အတြက္ ပညာေပးမႈ၊ လႈံ႕ေဆာ္မႈမ်ားကို ေဆာင္႐ြက္ေပးရမည္ျဖစ္ ေၾကာင္း၊ ေ႐ႊ႕ေျပာင္းေတာင္ယာခုတ္ထြင္ျခင္းကို ထိန္းသိမ္း၍ ကုန္းျမင့္လယ္ယာအျဖစ္ အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ရန္လိုၿပီး လိုအပ္သည့္ စိုက္ပ်ိဳးေရရရွိေရးကိုလည္း ျဖည့္ဆည္း ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ မိမိတို႔လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ေရရွည္အက်ိဳးအတြက္ ေဆာင္႐ြက္ ၾကရန္လိုေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဦးသိန္းၫြန႔္၊ မန္းၿငိမ္းေမာင္၊ ဦးခင္ေမာင္ေဆြ၊ Jeng Phang ေနာ္ေတာင္၊ ေဒၚေအးႏုစိန္ႏွင့္ ေဒါက္တာဗညားေအာင္မိုးတို႔က ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒႏွင့္ပတ္သက္၍ ျပန္လည္သုံးသပ္ႏိုင္ေရး၊ လုံၿခဳံေရးအရ လိုအပ္သည့္ ေနရာမ်ားတြင္သီးသန႔္ ဥပေဒျပ႒ာန္း၍ အထူးတရား႐ုံးမ်ား ဖြဲ႕စည္းဖြင့္လွစ္ႏိုင္ေရး၊ အခြန္ဝန္ထုပ္ဝန္ပိုး မျဖစ္ေစေရးအတြက္ ဝင္ေငြခြန္ေကာက္ခံသည့္ႏႈန္းထားမ်ားျပင္ဆင္ သတ္မွတ္ႏိုင္ေရး၊ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ေဖာ္ျပလ်က္ရွိသည့္ ေကာလာဟလသ တင္းစာမ်က္ႏွာမ်ား အားထိန္းခ်ဳပ္ေရး၊ ဧရာဝတီတိုင္းေဒသႀကီးအတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ အသစ္မ်ား ေဖာ္ေဆာင္ေပးႏိုင္ေရး၊ ပုသိမ္ၿမိဳ႕၌ ေရနက္ဆိပ္ကမ္းတည္ေဆာက္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္ႏိုင္ေရး၊ တရား ဥပေဒစိုးမိုးေရးႏွင့္ပတ္သက္၍ အသိေပးလုပ္ငန္းမ်ား ပိုမိုတိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရး၊ ပညာေရးႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားအေပၚ ပိုမိုအသိအမွတ္ျပဳ ေထာက္ပံ့ေပးႏိုင္ေရး၊ သတင္းမီဒီယာအဖြဲ႕အစည္းမ်ားကို စနစ္တက်ျပန္လည္ဖြဲ႕စည္း ေဆာင္႐ြက္ေရး၊ ႏိုင္ငံေတာ္၏လုံၿခဳံေရးယႏၲရားကို အေျခခံလိုအပ္ခ်က္မ်ားျဖည့္ဆည္း ေပးႏိုင္ေရး၊ ေဒသအလိုက္ ရပ္ကြက္၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ားႏွင့္ အခ်က္အျခာေနရာမ်ားတြင္ လုံၿခဳံေရးတိုးျမႇင့္ ခ်ထားႏိုင္ေရး၊ ေဒသအသီးသီးရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ စာသင္တိုက္မ်ား ဆြမ္းကိစၥ အဆင္ေျပေစေရးအတြက္ လိုအပ္သည္မ်ား ေထာက္ပံ့လႉဒါန္းႏိုင္ေရး၊ အင္တာနက္ဝန္ေဆာင္မႈ ပိတ္ပင္ ထားျခင္းမ်ားကို ျပန္လည္သုံးသပ္ေဆာင္႐ြက္ႏိုင္ေရး၊ ဆန္႔က်င္ဘက္အဖြဲ႕အစည္းမ်ားမွ ေသြးထိုးစည္း႐ုံးလႈံ႕ေဆာ္မႈ၊ ဝါဒျဖန႔္မႈမ်ားႏွင့္စပ္လ်ဥ္း၍ တန္ျပန္အသိပညာေပးလုပ္ငန္းမ်ား ပိုမိုေဆာင္႐ြက္ႏိုင္ေရး၊ ေအးခ်မ္းစြာ ေနထိုင္လိုသည့္ျပည္သူမ်ား ၊ ပါတီမ်ားႏွင့္ အဖြဲ႕အစည္း မ်ားအား လုံၿခဳံေရးဆိုင္ရာ အကာအကြယ္မ်ား ေပးႏိုင္ေရးတို႔ကို တင္ျပေဆြးေႏြးၾကသည္။

ဆက္လက္၍ ေကာင္စီဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္ေျမေဒသအလိုက္ လုံၿခဳံေရးဆိုင္ရာ ႀကိဳတင္စီမံေဆာင္႐ြက္ထားရွိမႈအေျခအေနမ်ားႏွင့္ ဆူပူအၾကမ္းဖက္အဖြဲ႕အစည္းမ်ားက အဖ်က္အေမွာက္လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ႀကံစည္ ခဲ့မႈမ်ား၊ နယ္ေျမေဒသလုံၿခဳံေရးအတြက္ ဆက္လက္ ေဆာင္႐ြက္သြားမည့္အေျခ အေနမ်ားကို ရွင္းလင္းတင္ျပသည္။
တင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာဉပေဒကို ျပန္လည္စိစစ္သုံးသပ္ၿပီး လိုအပ္သည့္ ျပင္ဆင္ျဖည့္စြက္မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ အထူးတရား႐ုံးမ်ား ဖြင့္လွစ္ႏိုင္ေရးအတြက္လည္း အေလး ထား စဥ္းစားသြားမည္ျဖစ္ေၾကာင္း၊ အခြန္ေကာက္ခံမႈႏွင့္စပ္လ်ဥ္းၿပီး ျပည္သူလူထုကို ဝန္ထုပ္ ဝန္ပိုးမျဖစ္ေစလိုေၾကာင္း၊ ဝင္ေငြခြန္ႏႈန္းထားကိုမတိုးျမႇင့္ဘဲ အခြန္နယ္ပယ္ကိုခ်ဲ႕ထြင္ရန္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားကို မွာၾကားထားၿပီးျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ အခြန္ေကာက္ခံမႈ သည္ အာဆီယံႏိုင္ငံမ်ား၏ အခြန္ေကာက္ခံမႈထက္ နည္းပါေၾကာင္း။

အစိုးရဝန္ထမ္းမ်ားသည္ ပုဂၢလိက ဝန္ထမ္းမ်ားထက္ လစာရရွိမႈ နည္းပါးေသာ္လည္း ပင္စင္လစာ အက်ိဳးခံစားခြင့္ရွိသည့္ ဘဝအာမခံခ်က္ရွိေၾကာင္း၊ ရရွိသည့္လစာႏွင့္ လုံေလာက္ ေအာင္ သုံးစြဲႏိုင္သည့္ အေျခအေနမ်ိဳးျဖစ္ေအာင္ ဖန္တီးေပးရန္ႏွင့္ အဆင့္ႏွင့္ေလ်ာ္ညီသည့္ လူေနမႈစနစ္ျဖစ္ေစေရး ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ ႏိုင္ငံေတာ္ တည္ေဆာက္ေရးအတြက္ မရွိမျဖစ္လိုအပ္ေသာ ကြၽမ္းက်င္သည့္ စီးပြားေရးပညာရွင္မ်ား၊ ဥပေဒပညာရွင္မ်ားကို စနစ္တက် ေမြးထုတ္ရန္လိုအပ္ေၾကာင္း၊ ႏိုင္ငံေတာ္၏ ပညာေရးစနစ္၊ စီးပြားေရးစနစ္၊ လူမႈေရးစနစ္မ်ားတြင္ ျပဳျပင္ေျပာင္းလဲရမည့္ ကိစၥရပ္မ်ားရွိေၾကာင္း။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အားလုံးတြင္ ေဒသႏွင့္ကိုက္ညီေသာ စီးပြားေရးလုပ္ငန္းမ်ား ေဖာ္ေဆာင္ရန္ႏွင့္ ေဒသအားလုံးတေျပးညီဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္၍ ေက်းလက္ႏွင့္ ၿမိဳ႕ျပ ဆင္းရဲခ်မ္းသာကြာဟမႈ ေလွ်ာ့ခ်ရန္လိုအပ္ေၾကာင္း၊ ႏိုင္ငံတနံတလ်ားရွိ စီးပြားေရး လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေအာင္ ရွိၿပီးသားအေျခခံေကာင္းမ်ားကိုအသုံးခ်၍ စဥ္းစား ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ပုသိမ္၊ ေမာ္လၿမိဳင္ႏွင့္ ထားဝယ္တို႔တြင္ ပင္လယ္ကူး သေဘၤာႀကီးမ်ား ဆိုက္ကပ္ႏိုင္သည့္ ဆိပ္ကမ္းမ်ားတည္ေဆာက္ႏိုင္ေရး အေျခခံေကာင္းမ်ား ရရွိႏိုင္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း၊ မိမိအေနျဖင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ျပည္သူမ်ား၏ စားဝတ္ေနမႈ ဖူလုံေစေရးအတြက္ အဓိကထားစဥ္းစားေၾကာင္း၊ စားနပ္ ရိကၡာဖူလုံမႈမရွိသည့္ ခ်င္းျပည္နယ္တြင္လည္း စားနပ္ရိကၡာ ဖူလုံေစရန္ အေလးထား သုေတသန ျပဳ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔တိုင္းျပည္ကို မည္သို႔ေကာင္းေအာင္ လုပ္ေဆာင္ သင့္သည္ကို စဥ္းစားေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း။

ယခု လုပ္ေဆာင္ေနသည့္ ဆူပူအၾကမ္းဖက္မႈမ်ားသည္ အစိုးရအားဆန႔္က်င္ေနျခင္း မဟုတ္ဘဲ တိုင္းျပည္ႏွင့္ျပည္သူလူထု၏ စီးပြားေရးကို ပ်က္စီးေအာင္ေဆာင္႐ြက္ေနၾကျခင္း သာျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ဥပေဒကိုေက်ာ္လြန္၍ ေဆာင္႐ြက္ေနျခင္းမ်ိဳးမရွိဘဲ တရား ဥပေဒစိုးမိုးေရးလုပ္ငန္းစဥ္မ်ားအတိုင္း တစ္ဆင့္ၿပီးတစ္ဆင့္ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း။

ဆိုရွယ္မီဒီယာသည္ ေကာင္းက်ိဳးမ်ား ရွိသကဲ့သို႔ ဆိုက်ိဳးမ်ားလည္း ျဖစ္ေပၚေစေၾကာင္း၊ အင္တာနက္ကိုမွီခို ၍ေဆာင္႐ြက္ေနရသည့္ လုပ္ငန္းမ်ားရွိသည့္အတြက္ အၿမဲပိတ္ထား၍ မရေၾကာင္း၊ ယင္းအား မွန္ကန္စြာ အသုံးျပဳႏိုင္ေရး ထိန္းေၾကာင္းရန္လိုအပ္ၿပီး ေဖာက္ဖ်က္ပါက ထိေရာက္စြာဟန႔္တားႏိုင္ေသာ ျပစ္ဒဏ္မ်ားခ်မွတ္သြားႏိုင္ေရး ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ မီဒီယာလုပ္ငန္းအား ႏိုင္ငံေတာ္၏ စတုတၳမ႑ိဳင္ဟု အသိအမွတ္ျပဳထားေၾကာင္း၊ မီဒီယာမ်ားမွ တစ္ဆင့္အသိပညာမ်ား ယူတတ္ရန္အေရးႀကီးေၾကာင္း၊ ျပည္သူမ်ားကို ဒီမိုကေရစီႏွင့္ ပတ္သက္သည့္ အသိပညာမ်ား၊ အေတြးအေခၚမ်ားရွိေအာင္ လုပ္ေဆာင္ေပးၾကရန္လိုေၾကာင္း၊ လူငယ္လူ႐ြယ္အားလုံး ပညာတတ္ျဖစ္ေအာင္ ပညာေရးလမ္းေၾကာင္း ေကာင္းေအာင္ ျမႇင့္တင္ ရန္ႏွင့္ စိတ္ေနသေဘာထားမ်ား ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း။

႐ုံးပိတ္ရက္မ်ားကို တိုင္းျပည္အတြက္ အက်ိဳးရွိရွိအသုံးခ်ႏိုင္ရန္ ျပန္လည္စဥ္းစား သုံးသပ္သြားမည္ျဖစ္ေၾကာင္း၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ စာသင္တိုက္မ်ားအတြက္ ဆြမ္း၊ ဆန္၊ ဆီ၊ ပဲမ်ား ဖူလုံေရးအတြက္ သက္ဆိုင္ရာ တပ္ရင္း၊ တပ္ဖြဲ႕မ်ားကို ၫႊန္ၾကားထားေၾကာင္း၊ ဒီမိုကေရစီေခတ္တြင္ အသိစိတ္ဓာတ္မ်ားျပင္ၾကရမည္ျဖစ္ၿပီး လူမႈေရးအသိစိတ္ဓာတ္ရွိရန္ လိုေၾကာင္း၊ ဒီမိုကေရစီကို မသိက်ိဳးကြၽံျပဳ၍ သူတလူ ငါတစ္မင္း ေဆာင္႐ြက္၍ မရေၾကာင္း၊ မိမိတို႔လုပ္ေဆာင္မႈသည္ တစ္ႏိုင္ငံလုံး အက်ိဳးခံစားခြင့္ရွိေအာင္ လုပ္ေဆာင္ရမည္ျဖစ္ၿပီး တိုင္းျပည္အား အာမခံခ်က္ေပးႏိုင္ရမည္ျဖစ္ေၾကာင္း၊ အထူးသျဖင့္ တိုင္းရင္းသားမ်ားကို ဂ႐ုတစိုက္ျဖင့္ မွ်တသည့္အခြင့္ေရးေပးရန္လိုေၾကာင္း၊ ေကာင္စီဝင္မ်ားအေနျဖင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္အတိုင္း ထိထိေရာက္ေရာက္ျဖစ္ေအာင္ ေဆာင္႐ြက္ေပးၾကရန္ တိုက္တြန္းပါေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။