နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲပထမနေ့သို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၁

၂၀၂၁ ခုနှစ် ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲပထမနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေး သည်။

ရောင်းချပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးချစ်နိုင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဝင်များ၊ ပြပွဲဗဟိုကော်မတီဝင်များ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် နံနက် ၉ နာရီတွင် မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိရာ ၂၀၂၁ ခုနှစ် ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား LED Display Board ဖြင့်ရှင်းလင်းပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ ပထမထပ်ရှိ ကျောက်စိမ်းတင်ဒါဖွင့်ဖောက်မည့် အခန်းများ၊ CCTV Control Room၊ ကျောက်မျက် အရိုင်းတွဲများ၊ ကျောက်မျက် အချောထည်များ၊ လက်ဝတ်ရတနာများ ခင်းကျင်းပြသ ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မဏိရတနာ ကျောက်စိမ်းခန်းမ မြေညီထပ်ရှိ ပုလဲအတွဲများ ခင်းကျင်းပြသထားရှိမှုနှင့် မဏိရတနာကျောက်စိမ်းခန်းမ အပြင်သတ်မှတ် နေရာအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကိုလည်း လှည့်လည်ကြည့်ရှုရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

၂၀၂၁ ခုနှစ် ဧပြီလ ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ ဧပြီ ၁ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပုလဲအတွဲ ၃၁၇ တွဲ၊ ကျောက်စိမ်းအတွဲ ၂၁၄၈ တွဲ၊ ကျောက်မျက်အတွဲ ၁၉၉ တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်းရတနာ ကုန်သည်များအား ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။