နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့် မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်ပွားနိုင်သော မဲစာရင်းကြီးမားစွာမှားယွင်းမှုများကို တာဝန်ရှိသူအဖွဲ့အစည်းအဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့် ရယူရန်ကြံစည်ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော် ၏တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ် ကြောင်း။

ရွေးကောက်ပွဲမတိုင်ခင်တွင်လည်း တရားမျှတသည့် ဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်စေရန်၊ ကိုယ်စားလှယ်များရွေးခြယ်ရာ၌ တိုင်းပြည်နှင့် လူမျိုးအကျိုး သယ်ပိုး နိုင်မည့်သူ၊ စိတ်ရင်းစေတနာကောင်းထားနိုင်သူ၊ ဥပဒေကို သိရှိနားလည်ပြီး လိုက်နာ နိုင်မည့်သူ၊ ဒေသအကျိုးကို ဖော်ဆောင်နိုင်မည့်သူများကို ရွေးခြယ်မဲပေးကြရန် မိမိအနေဖြင့် ရောက်သည့်နေရာတိုင်းတွင် တိုက်တွန်းခဲ့ကြောင်း၊ မဲမပေးကြရန် No Vote လှုံဆော်မှုများကို တွေ့ရှိလာရပြီး မဲမပေးပါက မိမိတို့၏အခွင့်အရေးများသာ ဆုံးရှုံးနိုင်မည်ဖြစ်သဖြင့် အားလုံးဆန္ဒမဲများပေးကြရန်နှင့် ဖြစ်သင့်သည်များကို တိုက်တွန်း ပြောပြခဲ့ကြောင်း၊ မိမိတို့ဆန္ဒမဲပေးလိုက်သည့်ကိုယ်စားလှယ်များသည် လွှတ်တော်အသီးသီးသို့ရောက်ရှိလာမည်ဖြစ်ပြီး မိမိတို့ကိုယ်စား နိုင်ငံတော်ကို အုပ်ချုပ်ခေါင်းဆောင်မည့်သူများကို ရွေးခြယ်ပေးကြရမည်ဖြစ်သဖြင့် ပြည်သူ့ ကိုယ်စားလှယ်စစ်စစ်ဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ခဲ့ချိန်တွင် မိမိတို့ တပ်မတော်သားများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းမျဉ်း သတ်မှတ် ချက်များ၊ တပ်မတော်မှ စနစ်တကျမဲပေးနိုင်အောင် ဆောင်ရွက်ပေးထားမှုများနှင့်
အညီ တက်ကြွစွာပါဝင်၍ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

ဒီမိုကရေစီ စနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံ၌ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ၏ ၇၇ ရာခိုင်နှုန်းမဲ ပေးခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၇ဝ ရာခိုင်နှုန်းနီးပါး မဲပေးခဲ့ကြသည်ကို တွေ့ရ ကြောင်း၊ ၂၀၁၀ ခုနှစ်တွင်တက်လာသည့် အစိုးရသည် အတိုင်းအတာတစ်ခုထိ အောင် မြင်အောင်လုပ်ဆောင်နိုင်ခဲ့သော်လည်း အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီး ၅ နှစ် တာ သက်တမ်းအုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန် ပြောဆို မှုများ၊ ဝေဖန်ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သည်ကို ဝေဖန်မှုများ ရှိခဲ့ကြောင်း၊ ထို့ပြင် ဥပဒေနှင့် မလျော်ညီသည့် လုပ်ဆောင်ချက်များကို တွေ့ရှိလာ ရကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် တွင် အားမလိုအားမရ ဖြစ်လာသည့်အတွက် ရွေးကောက်ပွဲလုပ်ရန်ရှိလာသည့်အခါ ရွေးကောက်ပွဲအပေါ် စိတ်ပျက်ပြီး မဲမပေးချင်သောစိတ်များ ဖြစ်လာကြသည်ကို တွေ့ရပြီး No Vote လှုပ်ရှားမှုများ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲလုပ်သည့် အခါတွင် ဆန္ဒမဲပေးသူ ၁၄ ရာခိုင်နှုန်ခန့်သာရှိသည်ကို သိရှိရကြောင်း။

သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်၌ COVID-19 ရောဂါဖြစ်ပွားနေချိန်ဖြစ်ပြီး social distancing နှင့်အညီ မဲပေးမှုများ ဆောင်ရွက် ခဲ့ရသော်လည်း မဲပေးမှုမှာ ၇၁ ရာခိုင်နှုန်းဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ မဲစာရင်းများကို ကွဲလွဲစွာဖြင့် အကြိမ်ကြိမ်ကြေညာခဲ့ကြောင်း၊ မဲစာရင်းရလဒ်များကို စစ်ဆေးခဲ့ရာ တွင်လည်း ကွာဟမှုများစွာတွေ့ရှိခဲ့ရပြီး တွေ့ရှိချက်များကိုလည်း ထုတ်ပြန် ကြေညာ ခဲ့ကြောင်း၊ မတ္ထီလာမြို့နယ်တွင် မဲမသမာမှု ပေါင်း ၂ သောင်း ၉ ထောင်ကျော်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုပါက ၁၀ သန်း ကျော် ရှိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေး ညှိနှိုင်း ဖြေရှင်းမရ သည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်းအဓမ္မ ကြံစည်ကြိုးပမ်းလာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီ ဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီ ဖြစ်စေရေး တပ်မတော် အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိိပြီး အုပ်ချုပ်ပုံ၊ ရွေး ကောက်တင်မြှောက်ပုံခြင်း တူညီမှုမရှိကြဘဲ မိမိနိုင်ငံ၏ ယဉ်ကျေးမှုစရိုက် လက္ခဏာ၊ ကိုးကွယ်မှု၊ ဖြစ်တည်မှု အနေအထားများနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ် ကိုသာ ကျင့်သုံးလေ့ရှိကြကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားတောင့် တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် နှင့်အညီ ပုံဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒီမိုကရေစီ ရင့်ကျက်မှု မရှိသေးသည့် နိုင်ငံတစ်ခု လည်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကြီးအချို့နှင့် အဖွဲ့အစည်းအချို့တို့က ၎င်းတို့ လို လား သည့် ဒီမိုကရေစီ ပုံစံအတိုင်းဖြစ်စေရန် ခေါင်းစဉ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ကြိုးပမ်းလာသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်ကို တာဝန်ယူခဲ့ရပြီးနောက်ပိုင်း ပထမရက်သတ္တပတ်အတွင်း တည်ငြိမ်အေးချမ်းခဲ့သော်လည်း ဒုတိယအပတ်မှ စတင် ၍ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဆူပူမှု၊ ဆူပူအကြမ်းဖက်မှု၊ မင်းမဲ့ စရိုက်ဆန်သည့်လှုပ်ဆောင်မှု၊ ဥပဒေချိုးဖောက်မှုအဆင့်များမှတစ်ဆင့် နိုင်ငံတော် အုပ်ချုပ်ရေး အဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေးဆိုင်ရာ အဆောက်အဦ များအပြင် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူတို့၏ နေအိမ်အဆောက် အဦများ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်းများ၊ လုယက်ခြင်းများ၊ ဝင်ရောက်စီးနင်းရန် ကြိုးပမ်းအားထုတ်မှုများစသည့် လက်နက်ကိုင်အကြမ်းဖက်သည့် အဆင့်သို့ ကူးစက်အသွင်ပြောင်း လာခဲ့သည်ကို တွေ့ရှိလာခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုအခြေအနေ များအလိုက် ပြဌာန်းဥပဒေပါ အဓိက ရုဏ်း ဖြိုခွဲနှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်အညီ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့် ဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာတွင်ဖြစ်ပေါ်လျက်ရှိသည့် ဖြစ်စဉ် ဖြစ်ရပ်များနှင့် နှိုင်းယှဉ်ပါက များစွာသက်ညှာစွာဖြေရှင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပထမဦးစားပေးအနေဖြင့် မဲစာရင်းများကို စိစစ် လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကာ အလုံးစုံပြီးစီးပါ က ပေါင်းချုပ်စာရင်းများကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါကြောင့်ဖြစ်ပေါ်ထိခိုက်ခဲ့သည့် စီပွားရေး လုပ်ငန်းများကို ကုစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လည်း NCA ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ရေွး ကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ ပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရေး အတွက် ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ် တည်ဆောင်ရွက်လျက်ရှိကြောင်း၊ အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်အနေဖြင့် မြို့နယ်တစ်မြို့နယ်ချင်းအလိုက် မဲစာရင်းများကို အသေးစိတ် စစ်ဆေးလျက်ရှိပြီး ယခင်တပ်မတော်ကစစ်ဆေးတွေ့ရှိချက်များထက်ပင် မသင်္ကာဖွယ် မဲစာရင်းများ ပိုမိုများပြားနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ နောင်တစ်ချိန်ကျင်းပ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် အခြေခံအကျဆုံးဖြစ်သည့် သန်းခေါင်စာရင်းနှင့် နိုင်ငံသားမှတ်ပုံတင် မှန် ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ပြည်ပ အန္တရာယ်ကို ကာကွယ်ရန် အဓိကတာဝန်ရှိကြောင်း၊ သို့သော်လည်း ခေတ်အဆက်ဆက် ပြည်တွင်းသောင်းကျန်းမှုများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ယနေ့ထက်တိုင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်ကို စွမ်းရည် စွမ်းအားမြင့်မားသည့်၊ တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့် တပ်မတော် ဖြစ်အောင် အမြဲတမ်း ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် စားသောက်ရေး တွင် အပိုငွေများကုန်ကျမှုမရှိစေရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ် နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း၊ တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည်စုံသည့် ပညာတတ် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ပြီး အခြေခံမှာ အတန်းပညာ တတ်မြောက်ရန်ပင်ဖြစ်ကြောင်း၊ ကျောင်းများ တစ်နှစ်ပိတ်ထားရခြင်း ကြောင့် နိုင်ငံတော်၊ မိဘနှင့် ကာယကံရှင် ကျောင်းသားကျောင်းသူများတွင် နစ်နာ မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင် လျက်ရှိကြောင်း၊ ထို့ပြင် အခြေအနေပေးပါက မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို လုပ်သင့်လုပ်ထိုက်သည့် စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကျောင်းများပိတ်ထားရသဖြင့် မိမိ တို့၏ ကလေးငယ်များကို စာပေအသိပညာနှင့် ဗဟုသုတရစေရန် ယဉ်ကျေးလိမ္မာနှင့် အခြားသုတရသစာအုပ်စာစောင်များကို ဖတ်ရှုလေ့လာစေရမည့်အပြင် မိမိတို့ကိုယ်တိုင် လည်း စာဖတ်ကြရန်လိုကြောင်း၊ တပ်မတော်သည် ပြည်သူကပေါက်ဖွားလာပြီး ပြည်သူ နှင့် တိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အမြဲ ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ပြည်သူကအားကိုးရသည့် တိုင်းပြည်က အားထားရသည့် တပ်မတော်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

တစ်ဦးချင်း၏ စွမ်းဆောင်ရည်ကောင်းမွန်မှသာလျင် အဖွဲ့လိုက်စွမ်းဆောင်ရည် များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတာဝန်ကို ရိုးရိုးသားသားနှင့် ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိတို့၏ မူလရည်မှန်းချက်တာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်သည့်အတွက် တစ်ဦးချင်း အသိ စိတ်ဓာတ်ကောင်းမွန်စွာဖြင့် ကြိုးစားဆောင်ရွက်ပြီး မိမိတို့ တစ်ဦးချင်းမှ မိမိကိုယ်ကို နှင့် မိမိတပ်ကို ကောင်းအောင် ကြိုးစားလုပ်ဆောင်ကာ တပ်မတော်၊ တိုင်းပြည်နှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများနှင့် တပ်မတော်စက်ရုံထုတ် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူ ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ မိတၳီလာတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား အား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ဧၿပီ ၃

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ယေန႔မြန္းလြဲပိုင္းတြင္ မိတၳီလာတပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား သီးျခားစီေတြ႕ဆုံ၍ အမွာစကား ေျပာၾကားသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦး ႏွင့္ မိတၳီလာတပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ား တက္ေရာက္ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ ၂၀၂၀ ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲတြင္ ျဖစ္ေပၚခဲ့သည့္ မဲမသမာမႈျဖစ္ပြားႏိုင္ေသာ မဲစာရင္းႀကီးမားစြာမွားယြင္းမႈမ်ားကို တာဝန္ရွိသူအဖြဲ႕အစည္းအဆင့္ဆင့္က ေျဖရွင္းေဆာင္႐ြက္ေပးျခင္းမရွိခဲ့သည့္ အျပင္ တတိယအႀကိမ္လႊတ္ေတာ္ေခၚယူ၍ ႏိုင္ငံေတာ္၏ အာဏာအရပ္ရပ္ကို အဓမၼနည္းျဖင့္ ရယူရန္ႀကံစည္ႀကိဳးပမ္းမႈမ်ားေၾကာင့္ ႏိုင္ငံေတာ္ကို ႏိုင္ငံေရးအရ အေရးေပၚ အေျခအေနအျဖစ္ေၾကညာကာ ယာယီသမၼတ ၏ တာဝန္လႊဲအပ္ခ်က္အရ ႏိုင္ငံေတာ္ ၏တာဝန္ကို တပ္မေတာ္က ေခတၱတာဝန္ယူထိန္းသိမ္း ေဆာင္႐ြက္ေနျခင္းျဖစ္ ေၾကာင္း။
ေ႐ြးေကာက္ပြဲမတိုင္ခင္တြင္လည္း တရားမွ်တသည့္ ဒီမိုကေရစီေ႐ြးေကာက္ပြဲ ျဖစ္ေစရန္၊ ကိုယ္စားလွယ္မ်ားေ႐ြးျခယ္ရာ၌ တိုင္းျပည္ႏွင့္ လူမ်ိဳးအက်ိဳး သယ္ပိုး ႏိုင္မည့္သူ၊ စိတ္ရင္းေစတနာေကာင္းထားႏိုင္သူ၊ ဥပေဒကို သိရွိနားလည္ၿပီး လိုက္နာ ႏိုင္မည့္သူ၊ ေဒသအက်ိဳးကို ေဖာ္ေဆာင္ႏိုင္မည့္သူမ်ားကို ေ႐ြးျခယ္မဲေပးၾကရန္ မိမိအေနျဖင့္ ေရာက္သည့္ေနရာတိုင္းတြင္ တိုက္တြန္းခဲ့ေၾကာင္း၊ မဲမေပးၾကရန္ No Vote လႈံေဆာ္မႈမ်ားကို ေတြ႕ရွိလာရၿပီး မဲမေပးပါက မိမိတို႔၏အခြင့္အေရးမ်ားသာ ဆုံးရႈံးႏိုင္မည္ျဖစ္သျဖင့္ အားလုံးဆႏၵမဲမ်ားေပးၾကရန္ႏွင့္ ျဖစ္သင့္သည္မ်ားကို တိုက္တြန္း ေျပာျပခဲ့ေၾကာင္း၊ မိမိတို႔ဆႏၵမဲေပးလိုက္သည့္ကိုယ္စားလွယ္မ်ားသည္ လႊတ္ေတာ္အသီးသီးသို႔ေရာက္ရွိလာမည္ျဖစ္ၿပီး မိမိတို႔ကိုယ္စား ႏိုင္ငံေတာ္ကို အုပ္ခ်ဳပ္ေခါင္းေဆာင္မည့္သူမ်ားကို ေ႐ြးျခယ္ေပးၾကရမည္ျဖစ္သျဖင့္ ျပည္သူ႔ ကိုယ္စားလွယ္စစ္စစ္ျဖစ္ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲျပဳလုပ္ခဲ့ခ်ိန္တြင္ မိမိတို႔ တပ္မေတာ္သားမ်ားအေနျဖင့္ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္း သတ္မွတ္ ခ်က္မ်ား၊ တပ္မေတာ္မွ စနစ္တက်မဲေပးႏိုင္ေအာင္ ေဆာင္႐ြက္ေပးထားမႈမ်ားႏွင့္
အညီ တက္ႂကြစြာပါဝင္၍ ဆႏၵမဲမ်ားေပးခဲ့ၾကသည္ကို ေတြ႕ရွိရေၾကာင္း။

ဒီမိုကေရစီ စနစ္တြင္ ေ႐ြးေကာက္ပြဲသည္ အႏွစ္သာရတစ္ခုျဖစ္ၿပီး မိမိတို႔ႏိုင္ငံ၌ ၂၀၁၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ မဲေပးခြင့္ရွိသူ၏ ၇၇ ရာခိုင္ႏႈန္းမဲ ေပးခဲ့ၾကေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ၇ဝ ရာခိုင္ႏႈန္းနီးပါး မဲေပးခဲ့ၾကသည္ကို ေတြ႕ရ ေၾကာင္း၊ ၂၀၁၀ ခုႏွစ္တြင္တက္လာသည့္ အစိုးရသည္ အတိုင္းအတာတစ္ခုထိ ေအာင္ ျမင္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ေသာ္လည္း အခက္အခဲမ်ိဳးစုံျဖင့္ ရင္ဆိုင္ခဲ့ရေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ အစိုးရသစ္တစ္ရပ္ တက္လာခဲ့ၿပီး ၅ ႏွစ္ တာ သက္တမ္းအုပ္ခ်ဳပ္ခဲ့ရာတြင္ အစိုးရ၏လုပ္ေဆာင္ခ်က္မ်ားအေပၚတြင္ ေဝဖန္ ေျပာဆို မႈမ်ား၊ ေဝဖန္ေထာက္ျပမႈမ်ား မ်ားစြာျဖစ္ေပၚခဲ့ၿပီး တိုင္းျပည္၏ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ဘက္ေပါင္းစုံတြင္ လိုအပ္ခ်က္မ်ား ျဖစ္ေပၚခဲ့သည္ကို ေဝဖန္မႈမ်ား ရွိခဲ့ေၾကာင္း၊ ထို႔ျပင္ ဥပေဒႏွင့္ မေလ်ာ္ညီသည့္ လုပ္ေဆာင္ခ်က္မ်ားကို ေတြ႕ရွိလာ ရေၾကာင္း၊ ထို႔ေၾကာင့္ ျပည္သူလူထုအေနျဖင့္ အစိုးရ၏ လုပ္ေဆာင္ခ်က္မ်ားအေပၚ တြင္ အားမလိုအားမရ ျဖစ္လာသည့္အတြက္ ေ႐ြးေကာက္ပြဲလုပ္ရန္ရွိလာသည့္အခါ ေ႐ြးေကာက္ပြဲအေပၚ စိတ္ပ်က္ၿပီး မဲမေပးခ်င္ေသာစိတ္မ်ား ျဖစ္လာၾကသည္ကို ေတြ႕ရၿပီး No Vote လႈပ္ရွားမႈမ်ား ျဖစ္လာသည္ကို ေတြ႕ရွိၾကရမည္ျဖစ္ေၾကာင္း၊ ၂၀၁၉ ခုႏွစ္၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီေ႐ြးေကာက္ပြဲလုပ္သည့္ အခါတြင္ ဆႏၵမဲေပးသူ ၁၄ ရာခိုင္ႏႈန္ခန႔္သာရွိသည္ကို သိရွိရေၾကာင္း။
သို႔ရာတြင္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ခ်ိန္၌ COVID-19 ေရာဂါျဖစ္ပြားေနခ်ိန္ျဖစ္ၿပီး social distancing ႏွင့္အညီ မဲေပးမႈမ်ား ေဆာင္႐ြက္ ခဲ့ရေသာ္လည္း မဲေပးမႈမွာ ၇၁ ရာခိုင္ႏႈန္းျဖစ္သည္ကိုေတြ႕ရွိရေၾကာင္း၊ မဲစာရင္းမ်ားကို ကြဲလြဲစြာျဖင့္ အႀကိမ္ႀကိမ္ေၾကညာခဲ့ေၾကာင္း၊ မဲစာရင္းရလဒ္မ်ားကို စစ္ေဆးခဲ့ရာ တြင္လည္း ကြာဟမႈမ်ားစြာေတြ႕ရွိခဲ့ရၿပီး ေတြ႕ရွိခ်က္မ်ားကိုလည္း ထုတ္ျပန္ ေၾကညာ ခဲ့ေၾကာင္း၊ မတၳီလာၿမိဳ႕နယ္တြင္ မဲမသမာမႈ ေပါင္း ၂ ေသာင္း ၉ ေထာင္ေက်ာ္ရွိၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ဆိုပါက ၁၀ သန္း ေက်ာ္ ရွိခဲ့သည္ကိုေတြ႕ရွိရေၾကာင္း၊ ထိုသို႔ မဲစာရင္းမွားယြင္းမႈမ်ားကို ဒီမိုကေရစီနည္းလမ္းမ်ားႏွင့္အညီ အတတ္ႏိုင္ဆုံး ေျဖရွင္းေဆာင္႐ြက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း မည္သို႔မွ် ေဆြးေႏြး ညႇိႏႈိင္း ေျဖရွင္းမရ သည့္အျပင္ တတိယအႀကိမ္လႊတ္ေတာ္ေခၚယူ၍ အစိုးရအသစ္ဖြဲ႕ရန္ အတင္းအဓမၼ ႀကံစည္ႀကိဳးပမ္းလာမႈမ်ားေၾကာင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)ပါ ျပ႒ာန္း ခ်က္မ်ားႏွင့္အညီ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္မွစ၍ ႏိုင္ငံေတာ္ကို ႏိုင္ငံေရးအရ အေရးေပၚအေျခအေနေၾကညာခဲ့ရၿပီး တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ ေရးေကာင္စီကို ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ရျခင္းျဖစ္ေၾကာင္း၊ စစ္မွန္သည့္ ဒီမိုကေရစီ ျဖစ္ေစေရး၊ စည္းကမ္းရွိၿပီး ခိုင္မာသည့္ ဒီမိုကေရစီ ျဖစ္ေစေရး တပ္မေတာ္ အေနျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း။

ကမာၻ႔ႏိုင္ငံအသီးသီးတြင္ ဒီမိုကေရစီစနစ္ကိုက်င့္သုံးလ်က္ရွိိၿပီး အုပ္ခ်ဳပ္ပုံ၊ ေ႐ြး ေကာက္တင္ေျမႇာက္ပုံျခင္း တူညီမႈမရွိၾကဘဲ မိမိႏိုင္ငံ၏ ယဥ္ေက်းမႈစ႐ိုက္ လကၡဏာ၊ ကိုးကြယ္မႈ၊ ျဖစ္တည္မႈ အေနအထားမ်ားႏွင့္ ကိုက္ညီသည့္ ဒီမိုကေရစီစနစ္ ကိုသာ က်င့္သုံးေလ့ရွိၾကေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျပည္သူလူထုလိုလားေတာင့္ တသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ ႏွင့္အညီ ပုံေဖာ္ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ဒီမိုကေရစီ ရင့္က်က္မႈ မရွိေသးသည့္ ႏိုင္ငံတစ္ခု လည္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံႀကီးအခ်ိဳ႕ႏွင့္ အဖြဲ႕အစည္းအခ်ိဳ႕တို႔က ၎တို႔ လို လား သည့္ ဒီမိုကေရစီ ပုံစံအတိုင္းျဖစ္ေစရန္ ေခါင္းစဥ္အမ်ိဳးမ်ိဳး၊ ပုံစံအမ်ိဳးမ်ိဳးျဖင့္ လုပ္ေဆာင္ႀကိဳးပမ္းလာသည္ကိုလည္း ေတြ႕ရွိခဲ့ရေၾကာင္း။

တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏ တာဝန္ကို တာဝန္ယူခဲ့ရၿပီးေနာက္ပိုင္း ပထမရက္သတၱပတ္အတြင္း တည္ၿငိမ္ေအးခ်မ္းခဲ့ေသာ္လည္း ဒုတိယအပတ္မွ စတင္ ၍ ဆႏၵျပမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း၊ ထိုမွတစ္ဆင့္ ဆူပူမႈ၊ ဆူပူအၾကမ္းဖက္မႈ၊ မင္းမဲ့ စ႐ိုက္ဆန္သည့္လႈပ္ေဆာင္မႈ၊ ဥပေဒခ်ိဳးေဖာက္မႈအဆင့္မ်ားမွတစ္ဆင့္ ႏိုင္ငံေတာ္ အုပ္ခ်ဳပ္ေရး အေဆာက္အဦမ်ား၊ ရဲစခန္းမ်ား၊ တရားေရးဆိုင္ရာ အေဆာက္အဦ မ်ားအျပင္ ႐ိုးသားေအးခ်မ္းစြာ ေနထိုင္လိုသည့္ ျပည္သူတို႔၏ ေနအိမ္အေဆာက္ အဦမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ားအား မီးရႈိ႕ဖ်က္ဆီးျခင္းမ်ား၊ လုယက္ျခင္းမ်ား၊ ဝင္ေရာက္စီးနင္းရန္ ႀကိဳးပမ္းအားထုတ္မႈမ်ားစသည့္ လက္နက္ကိုင္အၾကမ္းဖက္သည့္ အဆင့္သို႔ ကူးစက္အသြင္ေျပာင္း လာခဲ့သည္ကို ေတြ႕ရွိလာခဲ့ရေၾကာင္း၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ျဖစ္ေပၚလာသည့္ ဆူပူအၾကမ္းဖက္မႈအေျခအေန မ်ားအလိုက္ ျပဌာန္းဥပေဒပါ အဓိက ႐ုဏ္း ၿဖိဳခြဲႏွိမ္နင္းေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ အနည္းဆုံးအင္အား၊ အနိမ့္ဆုံးအဆင့္ ျဖင့္ ေျဖရွင္းေဆာင္႐ြက္လ်က္ရွိၿပီး ႏိုင္ငံတကာတြင္ျဖစ္ေပၚလ်က္ရွိသည့္ ျဖစ္စဥ္ ျဖစ္ရပ္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက မ်ားစြာသက္ညႇာစြာေျဖရွင္းေဆာင္႐ြက္လ်က္ရွိသည္ကို ေတြ႕ရွိရမည္ျဖစ္ ေၾကာင္း။

လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ ခ်မွတ္ေဆာင္႐ြက္လ်က္ရွိၿပီး ပထမဦးစားေပးအေနျဖင့္ မဲစာရင္းမ်ားကို စိစစ္ လ်က္ရွိၿပီး ေတြ႕ရွိခ်က္မ်ားကို ထုတ္ျပန္ေၾကညာလ်က္ရွိကာ အလုံးစုံၿပီးစီးပါ က ေပါင္းခ်ဳပ္စာရင္းမ်ားကို ဆက္လက္ထုတ္ျပန္ေၾကညာသြားမည္ ျဖစ္ေၾကာင္း၊ COVID-19 ကပ္ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားႏွင့္ ေရာဂါေၾကာင့္ျဖစ္ေပၚထိခိုက္ခဲ့သည့္ စီပြားေရး လုပ္ငန္းမ်ားကို ကုစားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို လည္း NCA ပါသေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထား ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း၊ အေရးေပၚကာလဆိုင္ရာ ျပဌာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ၿပီးစီး ပါက ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ႏွင့္အညီ လြတ္လပ္၍ တရားမွ်တသည့္ ေရြး ေကာက္ပြဲအား ျပန္လည္က်င္းပ၍ အႏိုင္ရသည့္ ပါတီကို ဒီမိုကေရစီစံႏႈန္းမ်ားႏွင့္အညီ ႏိုင္ငံေတာ္၏ တာဝန္ကို လႊဲအပ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ထို႔ ျပင္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး တို႔တြင္ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္ေရး အတြက္ ဦးတည္ခ်က္ ၉ ရပ္ကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း။

တပ္မေတာ္အေနျဖင့္ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာ ရပ္ တည္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အသစ္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ေ႐ြးေကာက္ ပြဲ ေကာ္မရွင္အေနျဖင့္ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္ခ်င္းအလိုက္ မဲစာရင္းမ်ားကို အေသးစိတ္ စစ္ေဆးလ်က္ရွိၿပီး ယခင္တပ္မေတာ္ကစစ္ေဆးေတြ႕ရွိခ်က္မ်ားထက္ပင္ မသကၤာဖြယ္ မဲစာရင္းမ်ား ပိုမိုမ်ားျပားေနသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း၊ ေနာင္တစ္ခ်ိန္က်င္းပ ျပဳလုပ္ေပးမည့္ ေ႐ြးေကာက္ပြဲတြင္ လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲ ျဖစ္ေစရန္ အေျခခံအက်ဆုံးျဖစ္သည့္ သန္းေခါင္စာရင္းႏွင့္ ႏိုင္ငံသားမွတ္ပုံတင္ မွန္ ကန္မႈရွိေစေရး အေလးထားေဆာင္႐ြက္ေပးမည္ျဖစ္ပါေၾကာင္း။
တပ္မေတာ္၏ အဓိကတာဝန္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ျဖစ္ၿပီး ျပည္ပ အႏၲရာယ္ကို ကာကြယ္ရန္ အဓိကတာဝန္ရွိေၾကာင္း၊ သို႔ေသာ္လည္း ေခတ္အဆက္ဆက္ ျပည္တြင္းေသာင္းက်န္းမႈမ်ားကို ထိန္းသိမ္းေဆာင္႐ြက္ခဲ့ရသျဖင့္ ယေန႔ထက္တိုင္ ပါဝင္ေဆာင္႐ြက္ေနရျခင္းျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ တပ္မေတာ္ကို စြမ္းရည္ စြမ္းအားျမင့္မားသည့္၊ တိုက္စြမ္းရည္၊ တိုက္စြမ္းအား ေကာင္းမြန္သည့္ တပ္မေတာ္ ျဖစ္ေအာင္ အၿမဲတမ္း ႀကိဳးပမ္းလုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ စားေသာက္ေရး တြင္ အပိုေငြမ်ားကုန္က်မႈမရွိေစေရးအတြက္ တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ တစ္ပိုင္တစ္ ႏိုင္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္လုပ္ေဆာင္ၾကရမည္ျဖစ္ ေၾကာင္း၊ တိုင္းျပည္တစ္ခုဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ အသိပညာ၊ အတတ္ပညာႏွင့္ ျပည္စုံသည့္ ပညာတတ္ လူသားအရင္းအျမစ္မ်ား လိုအပ္မည္ျဖစ္ၿပီး အေျခခံမွာ အတန္းပညာ တတ္ေျမာက္ရန္ပင္ျဖစ္ေၾကာင္း၊ ေက်ာင္းမ်ား တစ္ႏွစ္ပိတ္ထားရျခင္း ေၾကာင့္ ႏိုင္ငံေတာ္၊ မိဘႏွင့္ ကာယကံရွင္ ေက်ာင္းသားေက်ာင္းသူမ်ားတြင္ နစ္နာ မႈမ်ား ျဖစ္ေပၚခဲ့ျခင္းေၾကာင့္ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ႏိုင္ေရး ႀကိဳးပမ္းလုပ္ေဆာင္ လ်က္ရွိေၾကာင္း၊ ထို႔ျပင္ အေျခအေနေပးပါက ျမန္မာ့႐ိုးရာ အတာသၾကၤန္ပြဲေတာ္ကို လုပ္သင့္လုပ္ထိုက္သည့္ စည္းကမ္းခ်က္မ်ားႏွင့္အညီ ခြင့္ျပဳေပးသြားမည္ ျဖစ္ေၾကာင္း။

COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ စာသင္ေက်ာင္းမ်ားပိတ္ထားရသျဖင့္ မိမိ တို႔၏ ကေလးငယ္မ်ားကို စာေပအသိပညာႏွင့္ ဗဟုသုတရေစရန္ ယဥ္ေက်းလိမၼာႏွင့္ အျခားသုတရသစာအုပ္စာေစာင္မ်ားကို ဖတ္ရႈေလ့လာေစရမည့္အျပင္ မိမိတို႔ကိုယ္တိုင္ လည္း စာဖတ္ၾကရန္လိုေၾကာင္း၊ တပ္မေတာ္သည္ ျပည္သူကေပါက္ဖြားလာၿပီး ျပည္သူ ႏွင့္ တိုင္းျပည္၏ အစိတ္အပိုင္းတစ္ခုျဖစ္သျဖင့္ ျပည္သူလူထု၏ အက်ိဳးစီးပြားကို အၿမဲ ေဖာ္ေဆာင္ေပးရမည္ျဖစ္ၿပီး ျပည္သူကအားကိုးရသည့္ တိုင္းျပည္က အားထားရသည့္ တပ္မေတာ္ျဖစ္ေအာင္ ႀကိဳးစားလုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း။

တစ္ဦးခ်င္း၏ စြမ္းေဆာင္ရည္ေကာင္းမြန္မွသာလ်င္ အဖြဲ႕လိုက္စြမ္းေဆာင္ရည္ မ်ားလည္း ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ မိမိတာဝန္ကို ႐ိုး႐ိုးသားသားႏွင့္ ေက်ပြန္ေအာင္ထမ္းေဆာင္ၾကရန္လိုေၾကာင္း၊ မိမိတို႔၏ မူလရည္မွန္းခ်က္တာဝန္သည္ ႏိုင္ငံေတာ္ကာကြယ္ရန္ျဖစ္သည့္အတြက္ တစ္ဦးခ်င္း အသိ စိတ္ဓာတ္ေကာင္းမြန္စြာျဖင့္ ႀကိဳးစားေဆာင္႐ြက္ၿပီး မိမိတို႔ တစ္ဦးခ်င္းမွ မိမိကိုယ္ကို ႏွင့္ မိမိတပ္ကို ေကာင္းေအာင္ ႀကိဳးစားလုပ္ေဆာင္ကာ တပ္မေတာ္၊ တိုင္းျပည္ႏွင့္ လူမ်ိဳး၏ဂုဏ္ကို ျမႇင့္တင္ႏိုင္ေအာင္ ႀကိဳးစားလုပ္ေဆာင္သြားၾကရမည္ ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာပစၥည္းမ်ားႏွင့္ တပ္မေတာ္စက္႐ုံထုတ္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္ရာ တာဝန္ရွိသူမ်ားက အသီးသီး လက္ခံရယူ ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ တပ္နယ္အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ခဲ့ၾကသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။