နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁၀

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်အရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံတော်ကို ကာကွယ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေး ရခဲ့သည်မှ ယနေ့အချိန်အထိ တပ်မတော်က နိုင်ငံတော်ကို လွတ်လပ်ရေးရရှိ အောင်နှင့် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ခဲ့ရသဖြင့် နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်းကိုခွဲခြား၍မရကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ် ထားသော အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍသည် နိုင်ငံတော်ကပေးအပ် ထားသော နိုင်ငံရေးအမွေပင်ဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတမှ နိုင်ငံတော်ပြန်တမ်းဖြင့်ခန့်အပ်ခဲ့ခြင်းဖြစ် ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ် ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲကျင်းပမှုမှ တစ်ဆင့် သမ္မတကိုရွေးချယ်ခြင်း၊ ဥပဒေပြုလုပ်ငန်းများနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲပုံစံအရ လွှတ်တော်အား ဒေသ အလိုက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များစုပေါင်း၍ ပြည်သူ့လွှတ်တော်ဖြစ်လာကြောင်း၊ အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အချိုးညီရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များသည်လည်း အမျိုးသားလွှတ်တော် ဖြစ်လာ ကြောင်း၊ လွှတ်တော်နှစ်ရပ်ပေါင်း၍ ပြည်ထောင်စုလွှတ်တော်ဖြစ်လာကြောင်း၊ မိမိတို့ရွေးချယ်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များက သမ္မတကိုရွေးချယ် ရကြောင်း၊ အချို့နိုင်ငံများတွင် သမ္မတအား ပြည်သူများကတိုက်ရိုက်ရွေးချယ်ကြပြီး အချို့နိုင်ငံများတွင် အာဏာရပါတီခေါင်းဆောင်များက ဝန်ကြီးချုပ် အစိုးရအဖွဲ့ အကြီးအကဲများအဖြစ် တာဝန်ယူ၍ အဆောင်အယောင် သမ္မတများခန့်အပ်ထား ကြကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံတူညီမှုမရှိဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဥပဒေပြ ဌာန်းချက်များနှင့်အညီသာ ဆောင်ရွက်ကြသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ သည်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ လျှောက်လှမ်းလျက် ရှိကြောင်း။

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မိမိအနေဖြင့် ကြိုတင်မဲပေးခြင်း မပြုခဲ့ဘဲ တပ်မတော်သားများနှင့်အတူ ပါဝင်ဆန္ဒမဲပေးခဲ့ကြောင်း NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့ပြီး နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ချိန်၌ အားနည်းချက်များရှိခဲ့သဖြင့် ပြည်သူများက အားမလိုအားမရမှု များဖြစ်ခြင်းကြောင့် ၂၀၁၉ ခုနှစ် ရန်ကုန်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ချိန် တွင် ပျမ်းမျှအားဖြင့် ၁၄ ရာခိုင်နှုန်းကျော်ခန့်သာမဲပေးခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း မဲမပေးရေး (No Vote) ဟု လှုံ့ဆော်မှုများ ရှိခဲ့ကြောင်း။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ ရှိသည့် ဒေသများတွင်ဒေသခံတိုင်းရင်းသားပါတီများက အနိုင်ရရှိခြင်းမရှိဘဲ NLD ပါတီကသာ အနိုင်ရရှိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အချို့ကိုယ်စားလှယ်လောင်း များအနေဖြင့် မိမိတို့ဒေသတွင် ဆန္ဒမဲရရှိမှုလုံးဝမရှိသည်အထိရှိခဲ့သည်မှာ မဲမသမာမှုများ ဆောင်ရွက်ခဲ့ခြင်းသည် ပေါ်လွင်နေကြောင်း၊ ဒီမိုကရေစီ လျှောက်လှမ်းရာတွင် မဲမသမာမှုပြုလုပ်ခြင်းကို လက်ခံနိုင်စရာအကြောင်းမရှိကြောင်း၊ ပြည်သူလူထုက မျှော်မှန်းထားသည့် ဒီမိုကရေစီမျှော်မှန်းချက်များကို ရိုက်ချိုးခံရခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးလောဘ၊ အာဏာလောဘများဖြင့် မသမာသည့် နည်းလမ်းများနှင့် တိုင်းပြည် အပေါ်ဆောင်ရွက်သွားခြင်းပင်ဖြစ်ကြောင်း၊

တပ်မတော်သည် နိုင်ငံတော်၏ အာဏာကိုထိန်းသိမ်းပေးခြင်းဖြစ်ပြီး အာဏာ သိမ်းခြင်းမဟုတ်ကြောင်းကိုနားလည်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ အစိုးရအဖွဲ့ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီများဖွဲ့စည်းရာတွင် တပ်မတော် သားများဖြင့်ဖွဲ့စည်းထားခြင်းမရှိဘဲ အရပ်သားများပါဝင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေးများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးနေခြင်းသာရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ယွင်းမှုမရှိဘဲ မိမိတို့အနေဖြင့် အခြေခံဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီအလေ့ အကျင့်မပျက်စေရန်အတွက် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့်ပတ်သက်ပြီး ပါဝင်ပြီးဖြစ်ကြောင်း၊ ယခုအခါအကြမ်းဖက်ဆူပူမှု များဖြစ်ပွား ချိန်တွင်လည်း မိမိတို့အနေဖြင့် ဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်လျက်ရှိ ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကိုဒီမိုကရေစီလမ်းကြောင်း ပေါ်ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) အား ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် သတ်မှတ်ကာလအတွင်း ကျင်းပနိုင်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း။

တပ်မတော်သားများအားလုံးသည် ပြည်သူများကြားမှ ပေါက်ဖွားလာခြင်း ဖြစ်သဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ ဆက်ဆံရေး ကောင်းမွန်စေရေးအတွက် တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို ယခင် ကတည်းကပင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများ၏ လိုအပ်ချက် များကိုဖြည့်ဆည်း‌ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထု အပေါ် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကာကွယ်ဆောင်ရွက်ပေးနေကြောင်း၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူပြီး နှစ်လတာကာလအတွင်း နေရာ တော်တော်များများတွင် ပြန်လည်တည်ငြိမ်လာခြင်းသည် တပ်မတော်သည် နိုင်ငံတော် အတွက်၊ ပြည်သူအတွက် ခိုင်ခိုင်မာမာရှိနေခြင်းကို ပြခြင်းဖြစ်ကြောင်း။

ဆူပူဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုနှင့် လုယက် မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဆူပူမှုများကိုဖြိုခွင်းရာတွင်လည်း ဒီမိုကရေစီနည်းလမ်း အရ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ အကြမ်းဖက်ဆူပူမှုများကို ဖြိုခွင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အချို့ အကြမ်းဖက်ဆူပူသူများ ၏ ရန်ပြုတိုက်ခိုက်မှုကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေသကဲ့သို့ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲသဖြင့် (၇၆)နှစ်မြောက် တပ်မတော်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်များချီးမြှင့်ခဲ့ကြောင်း။

တပ်မတော်သည် တိုင်းပြည်ကာကွယ်ရေးအတွက် အဓိကဆောင်ရွက်ရမည်ဖြစ် ပြီး တပ်မတော်သားများအနေဖြင့် စစ်သားပီသစွာဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေး အရတာဝန်ယူချိန်တွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အစဉ်အလာကောင်းများရှိနေသည့် မိမိတို့တပ်မတော်ကို ယခုထက်ပိုမိုတိုးတက် အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သားတစ်ဦးချင်း၏ အရည်အသွေး၊ တပ်ဖွဲ့တစ်ခုချင်း၏အရည်အသွေး၊ ဌာနချုပ်များအလိုက်ရှိသည့် စုစည်းသည့် အင်အားနှင့် အရည်အသွေးများကို ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သည်စုစည်းသည့်အင်အား ခိုင်ခိုင်မာမာရှိခြင်းကြောင့် မိမိတို့အနေဖြင့် တိုင်းပြည်ကို ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း ပင်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံ့အရေးတာဝန်၊ နိုင်ငံရေးတာဝန်ကို ယူထားရခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် လုပ်ငန်းများအား တာဝန်ကျေစွာဆောင်ရွက် သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ လိုက်ပါလာသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပုသိမ်အတွင်းလိုက်လံ ကြည့်ရှုစစ်ဆေးပြီး၊ ပုသိမ်တက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့ရှိ အစည်းအဝေးခန်းမ များတွင် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ ဆရာ၊ ဆရာမ များအတွက် ပညာရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား၍ လိုအပ်သည်များ မှာကြားခဲ့သည်။

အလားတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း သည်လည်း ပုသိမ်မြို့ရှိ၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံ တက်ရောက်ကုသလျက်ရှိသည့် ဒေသခံပြည်သူများအား ကြည့်ရှုအားပေးစကား ပြောကြားပြီး တိုင်းသံဃဆေးရုံခန်းမ၌ ဆေးရုံမှဝန်ထမ်းများအားတွေ့ဆုံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးက COVID-19 ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျန်းမာရေး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပုသိမ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဒေသခံပြည်သူများ COVID-19 ရောဂါကာကွယ်ရေး လာရောက်ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ပုသိမ္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ဧၿပီ ၁၀

တပ္မေတာ္သည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈) ခုႏွစ္အရ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈအခန္းက႑တြင္ ပါဝင္ၿပီး တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အစိတ္အပိုင္း၊ တပ္မေတာ္သားမ်ားသည္ ျပည္သူမ်ား၏ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ႏိုင္ငံေတာ္ကို ကာကြယ္ေပးေနသည့္ အဖြဲ႕အစည္းတစ္ခုပင္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ လြတ္လပ္ေရး ရခဲ့သည္မွ ယေန႔အခ်ိန္အထိ တပ္မေတာ္က ႏိုင္ငံေတာ္ကို လြတ္လပ္ေရးရရွိ ေအာင္ႏွင့္ တည္ၿငိမ္ေအးခ်မ္းေအာင္ ေဆာင္႐ြက္ခဲ့ရသျဖင့္ ႏိုင္ငံေတာ္၏သမိုင္းႏွင့္ တပ္မေတာ္၏သမိုင္းကိုခြဲျခား၍မရေၾကာင္းႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒက ေပးအပ္ ထားေသာ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈအခန္းက႑သည္ ႏိုင္ငံေတာ္ကေပးအပ္ ထားေသာ ႏိုင္ငံေရးအေမြပင္ျဖစ္ေၾကာင္း၊ ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ သေဘာတူညီခ်က္ျဖင့္ ႏိုင္ငံေတာ္သမၼတမွ ႏိုင္ငံေတာ္ျပန္တမ္းျဖင့္ခန႔္အပ္ခဲ့ျခင္းျဖစ္ ေၾကာင္းျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔ နံနက္ပိုင္းတြင္ ပုသိမ္တပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေနာက္ ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေအာင္ေအာင္ႏွင့္ ပုသိမ္တပ္နယ္မွ အရာရွိ၊ စစ္သည္မိသားစုမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ၂၀၂၀ ျပည့္ႏွစ္ႏိုဝင္ဘာလအတြင္း က်င္းပ ျပဳလုပ္ခဲ့သည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈမ်ား ျဖစ္ေပၚ ခဲ့သည္ကိုေတြ႕ရွိရေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲက်င္းပမႈမွ တစ္ဆင့္ သမၼတကိုေ႐ြးခ်ယ္ျခင္း၊ ဥပေဒျပဳလုပ္ငန္းမ်ားႏွင့္ အစိုးရအဖြဲ႕ ဖြဲ႕စည္းျခင္းမ်ားကို ေဆာင္႐ြက္ရေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေ႐ြးေကာက္ပြဲပုံစံအရ လႊတ္ေတာ္အား ေဒသ အလိုက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စား လွယ္မ်ားစုေပါင္း၍ ျပည္သူ႔လႊတ္ေတာ္ျဖစ္လာေၾကာင္း၊ အလားတူ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအလိုက္ အခ်ိဳးညီေ႐ြးေကာက္ခံ ကိုယ္စားလွယ္မ်ားႏွင့္ တပ္မေတာ္ သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္လည္း အမ်ိဳးသားလႊတ္ေတာ္ ျဖစ္လာ ေၾကာင္း၊ လႊတ္ေတာ္ႏွစ္ရပ္ေပါင္း၍ ျပည္ေထာင္စုလႊတ္ေတာ္ျဖစ္လာေၾကာင္း၊ မိမိတို႔ေ႐ြးခ်ယ္လိုက္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက သမၼတကိုေ႐ြးခ်ယ္ ရေၾကာင္း၊ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ သမၼတအား ျပည္သူမ်ားကတိုက္႐ိုက္ေ႐ြးခ်ယ္ၾကၿပီး အခ်ိဳ႕ႏိုင္ငံမ်ားတြင္ အာဏာရပါတီေခါင္းေဆာင္မ်ားက ဝန္ႀကီးခ်ဳပ္ အစိုးရအဖြဲ႕ အႀကီးအကဲမ်ားအျဖစ္ တာဝန္ယူ၍ အေဆာင္အေယာင္ သမၼတမ်ားခန႔္အပ္ထား ၾကေၾကာင္း၊ တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံတူညီမႈမရွိဘဲ မိမိတို႔ႏိုင္ငံႏွင့္ကိုက္ညီသည့္ ဥပေဒျပ ဌာန္းခ်က္မ်ားႏွင့္အညီသာ ေဆာင္႐ြက္ၾကသည္ကိုေတြ႕ရွိရေၾကာင္း၊ မိမိတို႔ႏိုင္ငံ သည္လည္း ႏိုင္ငံႏွင့္ကိုက္ညီသည့္ ဒီမိုကေရစီစနစ္ကိုသာ ေလွ်ာက္လွမ္းလ်က္ ရွိေၾကာင္း။

၂၀၂၀ျပည့္ႏွစ္၊ အေထြေထြေ႐ြးေကာက္ပြဲတြင္ မိမိအေနျဖင့္ ႀကိဳတင္မဲေပးျခင္း မျပဳခဲ့ဘဲ တပ္မေတာ္သားမ်ားႏွင့္အတူ ပါဝင္ဆႏၵမဲေပးခဲ့ေၾကာင္း NLD ပါတီအေနျဖင့္ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲအႏိုင္ရခဲ့ၿပီး ႏိုင္ငံေတာ္တာဝန္ ထမ္းေဆာင္ခဲ့ခ်ိန္၌ အားနည္းခ်က္မ်ားရွိခဲ့သျဖင့္ ျပည္သူမ်ားက အားမလိုအားမရမႈ မ်ားျဖစ္ျခင္းေၾကာင့္ ၂၀၁၉ ခုႏွစ္ ရန္ကုန္စည္ပင္သာယာေရးေကာ္မတီ ေ႐ြးေကာက္ပြဲ ျပဳလုပ္ခဲ့ခ်ိန္ တြင္ ပ်မ္းမွ်အားျဖင့္ ၁၄ ရာခိုင္ႏႈန္းေက်ာ္ခန႔္သာမဲေပးခဲ့ေၾကာင္း၊ ထို႔ျပင္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္လည္း မဲမေပးေရး (No Vote) ဟု လႈံ႕ေဆာ္မႈမ်ား ရွိခဲ့ေၾကာင္း။

၂၀၂၀ ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲတြင္ တိုင္းရင္းသားပါတီမ်ား ရွိသည့္ ေဒသမ်ားတြင္ေဒသခံတိုင္းရင္းသားပါတီမ်ားက အႏိုင္ရရွိျခင္းမရွိဘဲ NLD ပါတီကသာ အႏိုင္ရရွိခဲ့သည္ကိုေတြ႕ရွိရေၾကာင္း၊ အခ်ိဳ႕ကိုယ္စားလွယ္ေလာင္း မ်ားအေနျဖင့္ မိမိတို႔ေဒသတြင္ ဆႏၵမဲရရွိမႈလုံးဝမရွိသည္အထိရွိခဲ့သည္မွာ မဲမသမာမႈမ်ား ေဆာင္႐ြက္ခဲ့ျခင္းသည္ ေပၚလြင္ေနေၾကာင္း၊ ဒီမိုကေရစီ ေလွ်ာက္လွမ္းရာတြင္ မဲမသမာမႈျပဳလုပ္ျခင္းကို လက္ခံႏိုင္စရာအေၾကာင္းမရွိေၾကာင္း၊ ျပည္သူလူထုက ေမွ်ာ္မွန္းထားသည့္ ဒီမိုကေရစီေမွ်ာ္မွန္းခ်က္မ်ားကို ႐ိုက္ခ်ိဳးခံရျခင္း ျဖစ္ေၾကာင္း၊ ႏိုင္ငံေရးေလာဘ၊ အာဏာေလာဘမ်ားျဖင့္ မသမာသည့္ နည္းလမ္းမ်ားႏွင့္ တိုင္းျပည္ အေပၚေဆာင္႐ြက္သြားျခင္းပင္ျဖစ္ေၾကာင္း၊

တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အာဏာကိုထိန္းသိမ္းေပးျခင္းျဖစ္ၿပီး အာဏာ သိမ္းျခင္းမဟုတ္ေၾကာင္းကိုနားလည္ရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ၊ အစိုးရအဖြဲ႕ျပည္ေထာင္စုအဆင့္ရွိ ဝန္ႀကီးမ်ားႏွင့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီမ်ားဖြဲ႕စည္းရာတြင္ တပ္မေတာ္ သားမ်ားျဖင့္ဖြဲ႕စည္းထားျခင္းမရွိဘဲ အရပ္သားမ်ားပါဝင္ ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ အရပ္ဘက္အုပ္ခ်ဳပ္ေရးမ်ားတြင္ ဝိုင္းဝန္းကူညီ ေဆာင္႐ြက္ ေပးေနျခင္းသာရွိေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပ်က္ယြင္းမႈမရွိဘဲ မိမိတို႔အေနျဖင့္ အေျခခံဥပေဒအတိုင္းသာ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဒီမိုကေရစီအေလ့ အက်င့္မပ်က္ေစရန္အတြက္ ဒီမိုကေရစီက်င့္စဥ္ႏွင့္အညီ ထိန္းသိမ္းေဆာင္႐ြက္ ေပးေနျခင္းျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး ႏွင့္ပတ္သက္ၿပီး ပါဝင္ၿပီးျဖစ္ေၾကာင္း၊ ယခုအခါအၾကမ္းဖက္ဆူပူမႈ မ်ားျဖစ္ပြား ခ်ိန္တြင္လည္း မိမိတို႔အေနျဖင့္ ဥပေဒႏွင့္အညီသာ ေျဖရွင္းေဆာင္႐ြက္လ်က္ရွိ ေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္ကိုဒီမိုကေရစီလမ္းေၾကာင္း ေပၚျပန္လည္ေရာက္ရွိေရးအတြက္ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ႏွင့္ ဦးတည္ခ်က္ (၉) အား ခ်မွတ္၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ေ႐ြးေကာက္ပြဲ ျပန္လည္ က်င္းပႏိုင္ေရးအတြက္ ေဆာင္႐ြက္ရာတြင္ မိမိတို႔အေနျဖင့္ သတ္မွတ္ကာလအတြင္း က်င္းပႏိုင္ေစရန္ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိေၾကာင္း။

တပ္မေတာ္သားမ်ားအားလုံးသည္ ျပည္သူမ်ားၾကားမွ ေပါက္ဖြားလာျခင္း ျဖစ္သျဖင့္ ျပည္သူလူထုႏွင့္ ဆက္ဆံေရးေကာင္းမြန္ရမည္ျဖစ္ေၾကာင္း၊ ျပည္သူ႔ ဆက္ဆံေရး ေကာင္းမြန္ေစေရးအတြက္ တပ္ျပင္စည္း႐ုံးေရးလုပ္ငန္းမ်ားကို ယခင္ ကတည္းကပင္ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ဆက္လက္၍လည္း ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျပည္သူမ်ား၏ လိုအပ္ခ်က္ မ်ားကိုျဖည့္ဆည္း‌ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ မိမိတို႔အေနျဖင့္ ျပည္သူလူထု အေပၚ ထိန္းထိန္းသိမ္းသိမ္းျဖင့္ ကာကြယ္ေဆာင္႐ြက္ေပးေနေၾကာင္း၊ ယခု ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီတာဝန္ယူၿပီး ႏွစ္လတာကာလအတြင္း ေနရာ ေတာ္ေတာ္မ်ားမ်ားတြင္ ျပန္လည္တည္ၿငိမ္လာျခင္းသည္ တပ္မေတာ္သည္ ႏိုင္ငံေတာ္ အတြက္၊ ျပည္သူအတြက္ ခိုင္ခိုင္မာမာရွိေနျခင္းကို ျပျခင္းျဖစ္ေၾကာင္း။

ဆူပူဆႏၵျပမႈမ်ားမွတစ္ဆင့္ အၾကမ္းဖက္တိုက္ခိုက္မႈ၊ သတ္ျဖတ္မႈႏွင့္ လုယက္ မႈမ်ား ျဖစ္ေပၚလာခဲ့ေၾကာင္း၊ ဆူပူမႈမ်ားကိုၿဖိဳခြင္းရာတြင္လည္း ဒီမိုကေရစီနည္းလမ္း အရ ဥပေဒႏွင့္အညီ ထိန္းသိမ္းေဆာင္႐ြက္ေနေၾကာင္း၊ အၾကမ္းဖက္ဆူပူမႈမ်ားကို ၿဖိဳခြင္းေဆာင္႐ြက္လ်က္ရွိသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ အၾကမ္းဖက္ဆူပူသူမ်ား ၏ ရန္ျပဳတိုက္ခိုက္မႈေၾကာင့္ ေသဆုံးျခင္းႏွင့္ ဒဏ္ရာရရွိျခင္းမ်ားရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို ထမ္းေဆာင္ေနသကဲ့သို႔ ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ႏိုင္ငံေတာ္၏ တရားဥပေဒစိုးမိုးေရးကို ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ႏိုင္ငံေတာ္၏ တရားဥပေဒစိုးမိုးေရး အတြက္ စြမ္းစြမ္းတမံေဆာင္႐ြက္ခဲသျဖင့္ (၇၆)ႏွစ္ေျမာက္ တပ္မေတာ္ေန႔တြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္၏ ဂုဏ္ထူးေဆာင္လက္မွတ္မ်ားခ်ီးျမႇင့္ခဲ့ေၾကာင္း။

တပ္မေတာ္သည္ တိုင္းျပည္ကာကြယ္ေရးအတြက္ အဓိကေဆာင္႐ြက္ရမည္ျဖစ္ ၿပီး တပ္မေတာ္သားမ်ားအေနျဖင့္ စစ္သားပီသစြာေဆာင္႐ြက္ရန္လိုေၾကာင္း၊ ႏိုင္ငံေရး အရတာဝန္ယူခ်ိန္တြင္ ဒီမိုကေရစီက်င့္စဥ္ႏွင့္အညီ ေဆာင္႐ြက္ႏိုင္ရန္လိုေၾကာင္း၊ အစဥ္အလာေကာင္းမ်ားရွိေနသည့္ မိမိတို႔တပ္မေတာ္ကို ယခုထက္ပိုမိုတိုးတက္ ေအာင္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ တပ္မေတာ္သားတစ္ဦးခ်င္း၏ အရည္အေသြး၊ တပ္ဖြဲ႕တစ္ခုခ်င္း၏အရည္အေသြး၊ ဌာနခ်ဳပ္မ်ားအလိုက္ရွိသည့္ စုစည္းသည့္ အင္အားႏွင့္ အရည္အေသြးမ်ားကို ထိန္းသိမ္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ တပ္မေတာ္သည္စုစည္းသည့္အင္အား ခိုင္ခိုင္မာမာရွိျခင္းေၾကာင့္ မိမိတို႔အေနျဖင့္ တိုင္းျပည္ကို ထိန္းသိမ္းေဆာင္႐ြက္ႏိုင္ျခင္း ပင္ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္သည္ ႏိုင္ငံ့အေရးတာဝန္၊ ႏိုင္ငံေရးတာဝန္ကို ယူထားရျခင္းျဖစ္သျဖင့္ မိမိတို႔အေနျဖင့္ လုပ္ငန္းမ်ားအား တာဝန္ေက်စြာေဆာင္႐ြက္ သြားရန္လိုေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာပစၥည္းမ်ားကိုေပးအပ္ရာ တာဝန္ရွိသူ တစ္ဦးက လက္ခံရယူသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ တပ္နယ္ အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ႏွင့္အတူ လိုက္ပါလာသည့္ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ၫြန႔္ေဖသည္ အမွတ္(၂)အေျခခံပညာအထက္တန္းေက်ာင္း ပုသိမ္အတြင္းလိုက္လံ ၾကည့္ရႈစစ္ေဆးၿပီး၊ ပုသိမ္တကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္တို႔ရွိ အစည္းအေဝးခန္းမ မ်ားတြင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေတြ႕ဆုံ၍ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ေနမႈအေျခအေန၊ ဆရာ၊ ဆရာမ မ်ားအတြက္ ပညာေရးဆိုင္ရာသင္တန္းမ်ား ဖြင့္လွစ္ႏိုင္ေရး လ်ာထားေဆာင္႐ြက္ေနမႈမ်ားကို ရွင္းလင္းေျပာၾကား၍ လိုအပ္သည္မ်ား မွာၾကားခဲ့သည္။

အလားတူ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ သက္ခိုင္ဝင္း သည္လည္း ပုသိမ္ၿမိဳ႕ရွိ၊ ျပည္သူ႔ေဆး႐ုံသို႔သြားေရာက္၍ ေဆး႐ုံ တက္ေရာက္ကုသလ်က္ရွိသည့္ ေဒသခံျပည္သူမ်ားအား ၾကည့္ရႈအားေပးစကား ေျပာၾကားၿပီး တိုင္းသံဃေဆး႐ုံခန္းမ၌ ေဆး႐ုံမွဝန္ထမ္းမ်ားအားေတြ႕ဆုံ၍ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ရွင္းလင္းတင္ျပရာ ဝန္ႀကီးက COVID-19 ေရာဂါ ကာကြယ္ေရး ေဆာင္႐ြက္ေနမႈႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားၿပီး က်န္းမာေရး ဝန္ထမ္းမ်ား၏ တင္ျပခ်က္မ်ားအေပၚလိုအပ္သည္မ်ား ညႇိႏႈိင္း ေဆာင္႐ြက္ေပးခဲ့သည္။

ထို႔ေနာက္ ပုသိမ္ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန႐ုံး၌ ေဒသခံျပည္သူမ်ား COVID-19 ေရာဂါကာကြယ္ေရး လာေရာက္ထိုးႏွံေနမႈမ်ားအား သြားေရာက္ၾကည့္ရႈ အားေပးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။