နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁၁

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်သည့် အတွက် ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စစ်စည်းကမ်းကောင်းမွန်ခြင်းနှင့် အမိန့်နာခံတက်မှု ကောင်းမွန်ခြင်းမှ တပ်မတော်တွင် စစ်သားဘဝကိုစတင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါအလေ့အကျင့်ကောင်းများသည် တပ်မတော်သားဘဝ တစ်လျှောက်လုံးတွင်ရှိသဖြင့် ရှိပြီးသားကောင်းမွန်သည့် အလေ့ အကျင့်ကောင်းများအပေါ်တွင်မူတည်၍ တပ်များစွမ်းရည်ရှိအောင်ဆောင်ရွက်ရန်လို ကြောင်း၊ တပ်မတော်၏တာဝန်သည် ပြည်သူကိုကာကွယ်ရန်၊ တိုင်းပြည်၏ရန်ကို ကာကွယ်ပေးရန်ဖြစ်ပြီး ပြည်သူကိုအုပ်ချုပ်သည့် အဖွဲ့အစည်းမဟုတ်ကြောင်း၊ ယခု အခါနိုင်ငံ့အရေးကိစ္စရပ်များကြောင့်သာ ဝင်ရောက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှစ၍ တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်များကို ဝင်ရောက် ထမ်းဆောင်ခဲ့ရသည်များရှိကြောင်း၊ အဆိုပါကာလများအတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကိုလည်း ဖြေရှင်းခဲ့ရကြောင်း၊ တပ်မတော်သည် အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် ကောင်းမွန်သည့်အမွေဖြစ်သဖြင့် မိမိတို့အနေဖြင့် စည်းကမ်းတကျ ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်း စစ်စည်းကမ်းကောင်းမွန်မှု၊ အမိန့် နာခံတတ်မှုများကိုအခြေခံပြီး မိမိတို့တစ်ဦးချင်း၏ အရည်အသွေး၊ တပ်ရင်းတပ်ဖွဲ့များ၊ တပ်ဌာနချုပ်များ၏ အရည်အသွေးများဖြင့် စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်ပါက ပြည်သူကအားကိုးရသည့် တပ်မတော်၊ တိုင်းပြည်က အားထားရသည့် တပ်မတော် အဖြစ်တည်ရှိနေမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာ စကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန် များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ယခင်ကတပ်မတော်အနေဖြင့် နိုင်ငံရေးတာဝန်များကို ခေတ္တထိန်းသိမ်းဆောင်ရွက် ပေးခဲ့ရသည်များရှိကြောင်း၊ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရတာဝန်ယူချိန်တွင် ဖဆပလ အစိုးရမှ နိုင်ငံရေးအရ တိုင်းပြည်အားထိန်းသိမ်းနိုင်မှုမရှိတော့ခြင်းကြောင့် နိုင်ငံတော် ၏ တာဝန်များအား ဥပဒေနှင့်အညီလွှဲပြောင်းပေးခဲ့ကြောင်း၊ တပ်မတော်မှ ၁၈ လကြာ တဝန်ယူခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာများဆောင်ရွက်၍ တရားမျှတသည့် ရွေးကောက် ပွဲ ကျင်းပ‌၍ အနိုင်ရပါတီထံ အာဏာပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဆက်လက် ပြီး နိုင်ငံတော် ပြိုကွဲမည့်အခြေအနေဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းရေးမငြိမ်မသက် ဖြစ်ပေါ်ခဲ့မှုကြောင့် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်၏တာဝန်အား ထမ်းဆောင်၍ တော်လှန်ရေးကောင်စီအဖြစ် ဖွဲ့စည်းပြီး ဥပဒေနှင့် အမိန့်များထုတ်ပြန် ၍ နိုင်ငံတော်အား အုပ်ချုပ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ်များတွင် အားသာချက်များရှိသလို အားနည်းချက်များလည်းရှိခြင်းကြောင့် စီးပွားရေးထိခိုက်ခဲ့မှု များဖြစ်ပေါ်ခြင်းနှင့် နိုင်ငံတကာဆက်ဆံခြင်းများ အဆင်မပြေမှုများဖြစ်ပေါ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်အနေဖြင့် အကျပ်အတည်းအခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့နောက် ၁၉၈၈ ခုနှစ်တွင် အရေးအခင်းဖြစ်ပွား၍ အာဏာရ အစိုးရပြိုကွဲခဲ့ပြီး တပ်မတော်အနေဖြင့် နို်ငငံတော်တာဝန်များအား ဝင်ရောက် ထိန်းသိမ်းပေးခဲ့ရပြီး ဆူပူအကြမ်းဖက်မှုများကြောင့် တပ်မတော်အစိုးရအုပ်ချုပ်ရေးဖြင့် ဆောင်ရွက်ခဲ့ရ ကြောင်း။

ထို့နောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်း နိုင်ရန်အတွက် ဒီမိုကရေစီစနစ်လျှောက်လှမ်းနိုင်ရေး အရပ်ဘက်အုပ်ချုပ်ရေး ဆိုင်ရာ များကို ကြိုတင်ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပါတီစုံဒီမိုကရေစီ လျှောက်လှမ်းမှုတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း၊ တပ်မတော်ကိုလည်း အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့သဖြင့် များစွာတိုးတက် ပြောင်းလဲလာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တပ်မတော်မှ အာဏာလွှဲပြောင်းပေးခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက် ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသဖြင့် ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်း ဥပဒေအားပြင်ဆင်ပေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း NLD ပါတီအနေဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် ကန့်ကွက် မှုမရှိဘဲ လက်ခံခဲ့ကြောင်း။

NLD ပါတီအစိုးရတာဝန်ထမ်းဆောင်ချိန်ကာလအတွင်း ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စ ရပ်များနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ထိခိုက်ခဲ့ရပြီး စီးပွားရေး ဆိုင်ရာများထိခိုက်ကျဆင်းခြင်းလာသဖြင့် ပြည်သူများမှ ၎င်းတို့အပေါ်ယုံကြည်မှုများ လျော့နည်းလာကြောင်း၊ ပြည်သူများအနေဖြင့် ၎င်းတို့အပေါ်ယုံကြည်မှုနည်းပါး လာသည်ကို တွေ့ရှိရသဖြင့် NLD ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ဆောင်ရွက်ရာတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ သည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် မဲမသမာမှုဖြင့် တက်လာသည့် အစိုးရအား လက်ခံရန်မဖြစ်နိုင်ကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို မဲမသမာမှုပြုလုပ် ခြင်းအား လက်ခံမှုမရှိကြောင်း၊ ယခု စိစစ် သည့်အချိန်တွင်လည်း မဲမသမာမှုဖြစ်စေရန် ဆောင်ရွက်ချက်များအပြင် ငွေကြေးဆိုင်ရာ အဂတိလိုက်စားမှုများကိုပါ စစ်ဆေး တွေ့ရှိရကြောင်း၊ မဲစာရင်းများအား ပြန်လည်စစ်ဆေးလျက်ရှိပြီး မဲမသမာမှု ဖြစ်ပွားသည့် မဲစာရင်းများအား ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ စစ်ဆေးတွေ့ရှိချက်များ အပေါ်မူတည်၍ ဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မိမိတို့တာဝန်ယူပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၃ ရက်နေ့ နောက်ပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သော်လည်း ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နောက်ပိုင်း တွင် မဲမသမာမှု ပြုလုပ်မှုတွင်ပါဝင်ခဲ့သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ဝိုင်းဝန်းသွေးထိုးမြှောက်ပင့်ခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်းများကြောင့် ဆူပူအကြမ်း ဖက်မှုများ၊ စက်ရုံအလုပ်ရုံများအား မီးရှို့ဖျက်ဆီးမှုများနှင့် သတ်ဖြတ်မှုများအထိ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့အား စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်ခဲ့ရာ ယခုအခါ ဆူပူမှုများနည်းပါးလာပြီဖြစ်ပြီး ပြန်လည်တည်ငြိမ်လာပြီဖြစ် ကြောင်း၊ ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက်များတွင်သွေးထိုး လှုံ့ဆော်နေသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး ဆောင်ရွက်ရာတွင် ကောင်စီအဖွဲ့ဝင်များအား တာဝန်ပေးအပ်ရာတွင် တပ်မတော် သားများသာသီးသန့်တာဝန်ပေးအပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များပါ ထည့်သွင်းတာဝန်ပေးအပ်ထားကြောင်း၊ ထိုသို့ အရပ်ဘက်ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ရခြင်းသည် တပ်မတော်နှင့် ပြည်သူများမှ လိုလားသည့် ဒီမိုကရေစီစနစ်ပျက်ယွင်းမှု မရှိစေရန်အတွက် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ရန္ကုန္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ဧၿပီ ၁၁

တပ္မေတာ္၏ အဓိကတာဝန္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ ျဖစ္သည့္ အတြက္ ကာကြယ္ေရးတာဝန္ထမ္းေဆာင္ႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ စစ္စည္းကမ္းေကာင္းမြန္ျခင္းႏွင့္ အမိန႔္နာခံတက္မႈ ေကာင္းမြန္ျခင္းမွ တပ္မေတာ္တြင္ စစ္သားဘဝကိုစတင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ အဆိုပါအေလ့အက်င့္ေကာင္းမ်ားသည္ တပ္မေတာ္သားဘဝ တစ္ေလွ်ာက္လုံးတြင္ရွိသျဖင့္ ရွိၿပီးသားေကာင္းမြန္သည့္ အေလ့ အက်င့္ေကာင္းမ်ားအေပၚတြင္မူတည္၍ တပ္မ်ားစြမ္းရည္ရွိေအာင္ေဆာင္႐ြက္ရန္လို ေၾကာင္း၊ တပ္မေတာ္၏တာဝန္သည္ ျပည္သူကိုကာကြယ္ရန္၊ တိုင္းျပည္၏ရန္ကို ကာကြယ္ေပးရန္ျဖစ္ၿပီး ျပည္သူကိုအုပ္ခ်ဳပ္သည့္ အဖြဲ႕အစည္းမဟုတ္ေၾကာင္း၊ ယခု အခါႏိုင္ငံ့အေရးကိစၥရပ္မ်ားေၾကာင့္သာ ဝင္ေရာက္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ လြတ္လပ္ေရးရၿပီးခ်ိန္မွစ၍ တပ္မေတာ္အေနျဖင့္ ႏိုင္ငံ့တာဝန္မ်ားကို ဝင္ေရာက္ ထမ္းေဆာင္ခဲ့ရသည္မ်ားရွိေၾကာင္း၊ အဆိုပါကာလမ်ားအတြင္း ျဖစ္ပြားခဲ့သည့္ လက္နက္ကိုင္ပဋိပကၡမ်ားကိုလည္း ေျဖရွင္းခဲ့ရေၾကာင္း၊ တပ္မေတာ္သည္ အမ်ိဳးသား ႏိုင္ငံေရးဦးေဆာင္မႈအခန္းက႑တြင္ ပါဝင္ျခင္းသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒက ေပးအပ္ထားသည့္ ေကာင္းမြန္သည့္အေမြျဖစ္သျဖင့္ မိမိတို႔အေနျဖင့္ စည္းကမ္းတက် ျဖင့္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ စစ္သည္တစ္ဦးခ်င္း စစ္စည္းကမ္းေကာင္းမြန္မႈ၊ အမိန႔္ နာခံတတ္မႈမ်ားကိုအေျခခံၿပီး မိမိတို႔တစ္ဦးခ်င္း၏ အရည္အေသြး၊ တပ္ရင္းတပ္ဖြဲ႕မ်ား၊ တပ္ဌာနခ်ဳပ္မ်ား၏ အရည္အေသြးမ်ားျဖင့္ စုစည္းညီၫြတ္စြာျဖင့္ ေဆာင္႐ြက္ပါက ျပည္သူကအားကိုးရသည့္ တပ္မေတာ္၊ တိုင္းျပည္က အားထားရသည့္ တပ္မေတာ္ အျဖစ္တည္ရွိေနမည္ျဖစ္ေၾကာင္းျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ယေန႔ မြန္းလြဲ ပိုင္းတြင္ ရန္ကုန္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာ စကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ၫြန႔္ဝင္းေဆြႏွင့္ ရန္ကုန္တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏တာဝန္ မ်ားကို ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ထိန္းသိမ္းေဆာင္႐ြက္ေပးေနျခင္းျဖစ္ေၾကာင္း၊ ယခင္ကတပ္မေတာ္အေနျဖင့္ ႏိုင္ငံေရးတာဝန္မ်ားကို ေခတၱထိန္းသိမ္းေဆာင္႐ြက္ ေပးခဲ့ရသည္မ်ားရွိေၾကာင္း၊ ၁၉၅၈ ခုႏွစ္ အိမ္ေစာင့္အစိုးရတာဝန္ယူခ်ိန္တြင္ ဖဆပလ အစိုးရမွ ႏိုင္ငံေရးအရ တိုင္းျပည္အားထိန္းသိမ္းႏိုင္မႈမရွိေတာ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္ ၏ တာဝန္မ်ားအား ဥပေဒႏွင့္အညီလႊဲေျပာင္းေပးခဲ့ေၾကာင္း၊ တပ္မေတာ္မွ ၁၈ လၾကာ တဝန္ယူခဲ့ၿပီး အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာမ်ားေဆာင္႐ြက္၍ တရားမွ်တသည့္ ေ႐ြးေကာက္ ပြဲ က်င္းပ‌၍ အႏိုင္ရပါတီထံ အာဏာျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း၊ ဆက္လက္ ၿပီး ႏိုင္ငံေတာ္ ၿပိဳကြဲမည့္အေျခအေနျဖစ္ေပၚခဲ့ၿပီး ျပည္တြင္းေရးမၿငိမ္မသက္ ျဖစ္ေပၚခဲ့မႈေၾကာင့္ ၁၉၆၂ ခုႏွစ္တြင္ တပ္မေတာ္မွ ႏိုင္ငံေတာ္၏တာဝန္အား ထမ္းေဆာင္၍ ေတာ္လွန္ေရးေကာင္စီအျဖစ္ ဖြဲ႕စည္းၿပီး ဥပေဒႏွင့္ အမိန႔္မ်ားထုတ္ျပန္ ၍ ႏိုင္ငံေတာ္အား အုပ္ခ်ဳပ္ခဲ့ေၾကာင္း၊ ၁၉၇၄ ခုႏွစ္တြင္ ျပည္ေထာင္စုဆိုရွယ္လစ္ သမၼတျမန္မာႏိုင္ငံေတာ္အျဖစ္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ဆိုရွယ္လစ္စနစ္မ်ားတြင္ အားသာခ်က္မ်ားရွိသလို အားနည္းခ်က္မ်ားလည္းရွိျခင္းေၾကာင့္ စီးပြားေရးထိခိုက္ခဲ့မႈ မ်ားျဖစ္ေပၚျခင္းႏွင့္ ႏိုင္ငံတကာဆက္ဆံျခင္းမ်ား အဆင္မေျပမႈမ်ားျဖစ္ေပၚျခင္းမ်ား ျဖစ္ေပၚခဲ့ၿပီး ႏိုင္ငံေတာ္အေနျဖင့္ အက်ပ္အတည္းအခက္အခဲမ်ား ျဖစ္ေပၚခဲ့ေၾကာင္း၊ ထို႔ေနာက္ ၁၉၈၈ ခုႏွစ္တြင္ အေရးအခင္းျဖစ္ပြား၍ အာဏာရ အစိုးရၿပိဳကြဲခဲ့ၿပီး တပ္မေတာ္အေနျဖင့္ ႏို္ငငံေတာ္တာဝန္မ်ားအား ဝင္ေရာက္ ထိန္းသိမ္းေပးခဲ့ရၿပီး ဆူပူအၾကမ္းဖက္မႈမ်ားေၾကာင့္ တပ္မေတာ္အစိုးရအုပ္ခ်ဳပ္ေရးျဖင့္ ေဆာင္႐ြက္ခဲ့ရ ေၾကာင္း။

ထို႔ေနာက္ ျပည္သူမ်ားလိုလားသည့္ ပါတီစုံဒီမိုကေရစီစနစ္ကိုေလွ်ာက္လွမ္း ႏိုင္ရန္အတြက္ ဒီမိုကေရစီစနစ္ေလွ်ာက္လွမ္းႏိုင္ေရး အရပ္ဘက္အုပ္ခ်ဳပ္ေရး ဆိုင္ရာ မ်ားကို ႀကိဳတင္ေျပာင္းလဲေဆာင္႐ြက္ခဲ့ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏ ပါတီစုံဒီမိုကေရစီ ေလွ်ာက္လွမ္းမႈတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ေဆာင္႐ြက္ေပးခဲ့ ေၾကာင္း၊ တပ္မေတာ္ကိုလည္း အဆင့္ျမႇင့္တင္မႈမ်ားျပဳလုပ္ခဲ့သျဖင့္ မ်ားစြာတိုးတက္ ေျပာင္းလဲလာခဲ့ေၾကာင္း၊ ၂၀၁၁ ခုႏွစ္တြင္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္အညီ တပ္မေတာ္မွ အာဏာလႊဲေျပာင္းေပးခဲ့ေၾကာင္း၊ ၂၀၁၀ ခုႏွစ္ အေထြေထြ ေ႐ြးေကာက္ ပြဲတြင္ NLD ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ျခင္းမရွိသျဖင့္ ၂၀၁၂ ခုႏွစ္တြင္ ႏိုင္ငံေရးပါတီ မ်ားမွတ္ပုံတင္ျခင္း ဥပေဒအားျပင္ဆင္ေပးခဲ့ၿပီး ၾကားျဖတ္ေ႐ြးေကာက္ပြဲဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ခဲ့ေၾကာင္း၊ ထို႔ေနာက္ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္လည္း NLD ပါတီအေနျဖင့္ အႏိုင္ရရွိခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ေဆာင္႐ြက္ခ်က္မ်ားအေပၚ ကန႔္ကြက္ မႈမရွိဘဲ လက္ခံခဲ့ေၾကာင္း။

NLD ပါတီအစိုးရတာဝန္ထမ္းေဆာင္ခ်ိန္ကာလအတြင္း ဥပေဒစိုးမိုးေရးဆိုင္ရာ ကိစၥ ရပ္မ်ားႏွင့္ ႏိုင္ငံေတာ္လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ား ထိခိုက္ခဲ့ရၿပီး စီးပြားေရး ဆိုင္ရာမ်ားထိခိုက္က်ဆင္းျခင္းလာသျဖင့္ ျပည္သူမ်ားမွ ၎တို႔အေပၚယုံၾကည္မႈမ်ား ေလ်ာ့နည္းလာေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ ၎တို႔အေပၚယုံၾကည္မႈနည္းပါး လာသည္ကို ေတြ႕ရွိရသျဖင့္ NLD ပါတီအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္အေထြေထြ ေ႐ြးေကာက္ပြဲ အႏိုင္ရရွိေရးအတြက္ ေဆာင္႐ြက္ရာတြင္ မဲမသမာမႈမ်ား ျဖစ္ေပၚခဲ့ သည္ကို စိစစ္ေတြ႕ရွိခဲ့ရေၾကာင္း၊ မိမိတို႔အေနျဖင့္ မဲမသမာမႈျဖင့္ တက္လာသည့္ အစိုးရအား လက္ခံရန္မျဖစ္ႏိုင္ေၾကာင္း၊ မည္သည့္ႏိုင္ငံတြင္မဆို မဲမသမာမႈျပဳလုပ္ ျခင္းအား လက္ခံမႈမရွိေၾကာင္း၊ ယခု စိစစ္ သည့္အခ်ိန္တြင္လည္း မဲမသမာမႈျဖစ္ေစရန္ ေဆာင္႐ြက္ခ်က္မ်ားအျပင္ ေငြေၾကးဆိုင္ရာ အဂတိလိုက္စားမႈမ်ားကိုပါ စစ္ေဆး ေတြ႕ရွိရေၾကာင္း၊ မဲစာရင္းမ်ားအား ျပန္လည္စစ္ေဆးလ်က္ရွိၿပီး မဲမသမာမႈ ျဖစ္ပြားသည့္ မဲစာရင္းမ်ားအား ထုတ္ျပန္ေပးလ်က္ရွိေၾကာင္း၊ စစ္ေဆးေတြ႕ရွိခ်က္မ်ား အေပၚမူတည္၍ ဥပေဒႏွင့္အညီသာ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း။

မိမိတို႔တာဝန္ယူၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ ေနာက္ပိုင္းတြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈမ်ားျဖစ္ေပၚခဲ့ေသာ္လည္း ေဖေဖာ္ဝါရီလ(၁၄)ရက္ေန႔ ေနာက္ပိုင္း တြင္ မဲမသမာမႈ ျပဳလုပ္မႈတြင္ပါဝင္ခဲ့သည့္ ျပည္တြင္း၊ ျပည္ပအဖြဲ႕အစည္းမ်ားမွ ဝိုင္းဝန္းေသြးထိုးေျမႇာက္ပင့္ျခင္း၊ ေငြေၾကးေထာက္ပံ့ေပးျခင္းမ်ားေၾကာင့္ ဆူပူအၾကမ္း ဖက္မႈမ်ား၊ စက္႐ုံအလုပ္႐ုံမ်ားအား မီးရႈိ႕ဖ်က္ဆီးမႈမ်ားႏွင့္ သတ္ျဖတ္မႈမ်ားအထိ ျဖစ္ေပၚခဲ့သျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အခ်ိဳ႕အား စစ္အုပ္ခ်ဳပ္ေရးအမိန႔္ (Martial Law) ထုတ္ျပန္ခဲ့ရာ ယခုအခါ ဆူပူမႈမ်ားနည္းပါးလာၿပီျဖစ္ၿပီး ျပန္လည္တည္ၿငိမ္လာၿပီျဖစ္ ေၾကာင္း၊ ဆူပူအၾကမ္းဖက္မႈျဖစ္ေပၚေစရန္အတြက္ လူမႈကြန္ရက္မ်ားတြင္ေသြးထိုး လႈံ႕ေဆာ္ေနသူမ်ားအား ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း။

မိမိတို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရး ေဆာင္႐ြက္ရာတြင္ ေကာင္စီအဖြဲ႕ဝင္မ်ားအား တာဝန္ေပးအပ္ရာတြင္ တပ္မေတာ္ သားမ်ားသာသီးသန႔္တာဝန္ေပးအပ္ျခင္းမဟုတ္ဘဲ ႏိုင္ငံေရးပါတီမ်ားမွပုဂၢိဳလ္မ်ား၊ တိုင္းရင္းသား ေခါင္းေဆာင္မ်ားပါ ထည့္သြင္းတာဝန္ေပးအပ္ထားေၾကာင္း၊ ထိုသို႔ အရပ္ဘက္ပုဂၢိဳလ္မ်ားကို တာဝန္ေပးအပ္ရျခင္းသည္ တပ္မေတာ္ႏွင့္ ျပည္သူမ်ားမွ လိုလားသည့္ ဒီမိုကေရစီစနစ္ပ်က္ယြင္းမႈ မရွိေစရန္အတြက္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ တပ္နယ္ အသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။