နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးလုပ်ငန်း လုပ်ဆောင်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိ သူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ စက်ရုံမှူး ဦးညွန့်ဝေ နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် စက်ရုံဧည့်ခန်းမဆောင်အတွင်း၌ ဦးအောင်မြင့်က စက်ရုံသမိုင်း အကျဉ်း၊ စက်ရုံဆိုင်ရာအချက်အလက်များ၊ ၂၀၁၇ ခုနှစ်မှစ၍ စက်ရုံလည်ပတ်မှုမရှိဘဲ ရပ်တန့်ထားရသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်း၌ စက်သုံးဆီလိုအပ်ချက်ရှိနေဆဲ ဖြစ်ပြီး ပြည်ပမှ လစဉ်တန်ချိန်များစွာ တင်သွင်းနေရသည့် အခြေအနေများ၊ ထိုသို့ ပြည်ပမှ တင်သွင်းခြင်းများ ဆောင်ရွက်ရာတွင် ပိုမိုတွင်ကျယ်အောင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအား အဆင့်မြှင့်တင်လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည် အကြံပြုဆွေးနွေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံဝန်းအတွင်းရှိ ဆီသိုလှောင်ကန်များ၊ ဆိပ်ခံ တံတား၊ စက်ဆီရောစပ်စည်သွပ်စက်ရုံနှင့် ရေနံချက်စက်ရုံများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အချို့စက်ရုံများအား ပြန်လည်လည်ပတ်နိုင်ရေးကြိုးပမ်းဆောင် ရွက်၍ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အားတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင် ရန်မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအနီး ဒေသအခေါ် ရေနံကုန်းပေါ်တွင် ခရစ်နှစ် ၁၇၄၉ ခုနှစ်က တည်ဆောက်ခဲ့သည့် Immaculate Conception Catholic Church (ပေါ်တူဂီကျောင်း)သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး ရှေးဟောင်းလက်ရာ အဆောက်အဦ ဖြစ်သဖြင့် ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းဆောင်ရွက် သင့်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယခုလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ မြို့တော်သန့်ရှင်း သာယာလှပရေးဆိုင်ရာများနှင့် ပတ်သက်၍ မိုးတွင်း ကာလ မြို့တွင်း၌ ရေကြီး၊ ရေလျှံမှု မဖြစ်ရေး၊ ယာဉ်စည်းကမ်း လိုက်နာစေရေး၊ ခြောက်သွေ့ရာသီ၌ သုံးရေ လုံလောက်ရေး စသည့် လက်တွေ့ပြည်သူဘဝကို အကျိုးရှိစေမည့် လုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့မှုအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ယခုနှစ်မိုးရာသီအတွင်း ရေကြီးရေလျှံမှု လျော့ပါး စေရန် ဆောင်ရွက်နေမှု အခြေအနေများအား ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထို့သို့သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်း ရှိ မြစ်ထွက်ပေါက် ရေမြောင်းနေရာ၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အမှတ် ၁၀ ရေတံခါးနှင့် လမ်းမတော်မြို့နယ်ရှိ ရွာသစ်ချောင်း မြစ်ထွက်ပေါက်နေရာ တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် တာဝန် ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ရေကြီးရေလျှံမှုများ ယခင်ကထက် လျော့နည်းစေရေး စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားခဲ့သည်။

 

 

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အမွတ္(၁) ေရနံခ်က္စက္႐ုံ(သန္လ်င္)ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း စည္ပင္သာယာေရးလုပ္ငန္း လုပ္ေဆာင္ထားရွိမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆး

ေနျပည္ေတာ္ ဧၿပီ ၃၀

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပိုင္းတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိ ႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ၫြန႔္ဝင္းေဆြႏွင့္ တာဝန္ရွိ သူမ်ားလိုက္ပါ၍ ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕နယ္ရွိ လွ်ပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာန၊ ျမန္မာ့ေရနံဓာတုေဗဒလုပ္ငန္း၊ အမွတ္(၁)ေရနံခ်က္စက္႐ုံ (သန္လ်င္) သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားအား ျမန္မာ့ေရနံဓာတုေဗဒလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးေအာင္ျမင့္၊ စက္႐ုံမႉး ဦးၫြန႔္ေဝ ႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ စက္႐ုံဧည့္ခန္းမေဆာင္အတြင္း၌ ဦးေအာင္ျမင့္က စက္႐ုံသမိုင္း အက်ဥ္း၊ စက္႐ုံဆိုင္ရာအခ်က္အလက္မ်ား၊ ၂၀၁၇ ခုႏွစ္မွစ၍ စက္႐ုံလည္ပတ္မႈမရွိဘဲ ရပ္တန႔္ထားရသည့္ အေျခအေနမ်ားႏွင့္ ဆက္လက္ေဆာင္႐ြက္သြားမည့္ အေျခအေန မ်ားႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပည္တြင္း၌ စက္သုံးဆီလိုအပ္ခ်က္ရွိေနဆဲ ျဖစ္ၿပီး ျပည္ပမွ လစဥ္တန္ခ်ိန္မ်ားစြာ တင္သြင္းေနရသည့္ အေျခအေနမ်ား၊ ထိုသို႔ ျပည္ပမွ တင္သြင္းျခင္းမ်ား ေဆာင္႐ြက္ရာတြင္ ပိုမိုတြင္က်ယ္ေအာင္ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းအား အဆင့္ျမႇင့္တင္လုပ္ေဆာင္ႏိုင္မည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ျပန္လည္ အႀကံျပဳေဆြးေႏြးခဲ့သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စက္႐ုံဝန္းအတြင္းရွိ ဆီသိုေလွာင္ကန္မ်ား၊ ဆိပ္ခံ တံတား၊ စက္ဆီေရာစပ္စည္သြပ္စက္႐ုံႏွင့္ ေရနံခ်က္စက္႐ုံမ်ားအား လိုက္လံၾကည့္ရႈ စစ္ေဆးၿပီး တာဝန္ရွိသူမ်ား၏ တင္ျပခ်က္မ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒က အခ်ိဳ႕စက္႐ုံမ်ားအား ျပန္လည္လည္ပတ္ႏိုင္ေရးႀကိဳးပမ္းေဆာင္ ႐ြက္၍ ျပည္တြင္းစက္သုံးဆီ လိုအပ္ခ်က္အားတစ္ဖက္တစ္လမ္းမွ ျဖည့္ဆည္းေပးႏိုင္ ရန္မွာၾကားၿပီး လိုအပ္သည္မ်ားျဖည့္ဆည္းေဆာင္႐ြက္ေပးခဲ့သည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စက္႐ုံအနီး ေဒသအေခၚ ေရနံကုန္းေပၚတြင္ ခရစ္ႏွစ္ ၁၇၄၉ ခုႏွစ္က တည္ေဆာက္ခဲ့သည့္ Immaculate Conception Catholic Church (ေပၚတူဂီေက်ာင္း)သို႔ သြားေရာက္ၾကည့္ရႈေလ့လာခဲ့ၿပီး ေရွးေဟာင္းလက္ရာ အေဆာက္အဦ ျဖစ္သျဖင့္ ေရရွည္တည္တံ့ေရးအတြက္ ထိန္းသိမ္းေဆာင္႐ြက္ သင့္သည္မ်ားကို တာဝန္ရွိသူမ်ားအား မွာၾကားခဲ့သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သည္ ယခုလ ၁၁ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၌ ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ား၊ ၿမိဳ႕ေတာ္သန႔္ရွင္း သာယာလွပေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ မိုးတြင္း ကာလ ၿမိဳ႕တြင္း၌ ေရႀကီး၊ ေရလွ်ံမႈ မျဖစ္ေရး၊ ယာဥ္စည္းကမ္း လိုက္နာေစေရး၊ ေျခာက္ေသြ႕ရာသီ၌ သုံးေရ လုံေလာက္ေရး စသည့္ လက္ေတြ႕ျပည္သူဘဝကို အက်ိဳးရွိေစမည့္ လုပ္ငန္းမ်ားအား ဦးစားေပး ေဆာင္႐ြက္ရန္ လိုအပ္သည္မ်ားကို ေဆြးေႏြးမွာၾကားခဲ့မႈအေပၚ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ယခုႏွစ္မိုးရာသီအတြင္း ေရႀကီးေရလွ်ံမႈ ေလ်ာ့ပါး ေစရန္ ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား ယေန႔ညေနပိုင္းတြင္ သြားေရာက္ၾကည့္ရႈ စစ္ေဆးသည္။

ထို႔သို႔သြားေရာက္ၾကည့္ရႈစစ္ေဆးရာတြင္ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ ဗိုလ္ျမတ္ထြန္းလမ္း ရွိ ျမစ္ထြက္ေပါက္ ေရေျမာင္းေနရာ၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ဆူးေလဘုရားလမ္းႏွင့္ ကမ္းနားလမ္းေထာင့္ရွိ အမွတ္ ၁၀ ေရတံခါးႏွင့္ လမ္းမေတာ္ၿမိဳ႕နယ္ရွိ ႐ြာသစ္ေခ်ာင္း ျမစ္ထြက္ေပါက္ေနရာ တို႔သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးရာ ရန္ကုန္တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးလွစိုး၊ ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌး ႏွင့္ တာဝန္ ရွိသူမ်ားက လုပ္ငန္း ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပခဲ့ ေၾကာင္းႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ေရႀကီးေရလွ်ံမႈမ်ား ယခင္ကထက္ ေလ်ာ့နည္းေစေရး စနစ္တက်စီမံေဆာင္႐ြက္ရန္ လိုအပ္သည္မ်ားကို မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။