နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်

နေပြည်တော် မေ ၂

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားများအား ယနေ့ နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးချစ်နိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံဖွင့်ပွဲ အခမ်းအနားအား ကျင်းပ ပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ မြန်မာ စီးပွားရေးကော်ပိုရေးရှင်းဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့က မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိုးကောင်းရတနာ မိခင်နှင့်ကလေး ဆေးရုံ အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံအတွင်း လှည့်လည် ကြည့်ရှုကြရာ ဌာနအလိုက်တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြ သည်။

မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ လမ်းညွှန်ချက်ဖြစ်သည့် မိမိနိုင်ငံအတွင်း နိုင်ငံသူနိုင်ငံသားများ အားကိုးအားထားပြု ရသည့် နိုင်ငံတကာအဆင့်မီ နိုင်ငံတကာ အသိအမှတ်ပြု မိခင်နှင့်ကလေးဆေးရုံကြီး အဖြစ် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍအား အထောက်အကူပြုပေးနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆေးရုံတွင် မိခင်နှင့်ကလေးဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုအနေဖြင့် ဖန်ပြွန်သန္ဓေသား ပြုလုပ်ခြင်း၊ မျိုးရိုးဗီဇများ သိမ်းဆည်းခြင်း၊ မျိုးရိုးလိုက်ရောဂါရှာဖွေစစ်ဆေးခြင်း၊ တစ်သက်တာကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျသော ကလေးငယ်များအားပြုစု ကုသခြင်း၊ ကလေးအာဟာရဆွေးနွေးကုသခြင်း၊ မွေးကင်းစ ကလေးငယ်များအား အထူး ကြပ်မတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လာရောက်ကုသ မှုခံယူသည့် မိဘပြည်သူများအတွက် စာတွေ့လက်တွေ့ ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံ ပြည့်ဝသည့် သူနာပြုနှင့် ပါရဂူဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များက နောက်ဆုံး ပေါ်ခေတ်မီစက်ကိရိယာများဖြင့် မိခင်နှင့် ရင်သွေးငယ်များ ကျန်းမာရေးအတွက် ၂၄ နာရီကာလပတ်လုံး အထူးဂရုပြုစောင့်ရှောက်ပေးသွားမည်ဖြစ်သည့်အပြင် ရင်သွေးမရနိုင် သောမိဘများအတွက် မိုးကောင်းရတနာ မိခင်နှင့် ကလေး ဆေးရုံကြီးမှ သားဖွား မီးယပ်ပါရဂူများ၊ သူနာပြုကျွမ်းကျင်များနှင့် သန္ဓေသား ပညာရှင်များက ကူညီဖြေရှင်း ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော လေကိုခံစားရရှိနိုင်သည့် Mini Garden လေးခု၊ ကလေးငယ်များအတွက် Out Door နှင့် In Door ကလေးကစားကွင်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ရေဆိုးများ စနစ်တကျ စွန့်ပစ်ရန်အတွက် (Hospital Waste Treatment) စနစ်တို့ကို ထည့်သွင်းတည်ဆောက် ထားသည့်အပြင် အထွေထွေဝန်ဆောင်မှုများဖြစ်သည့် ATM ငွေထုတ်စက်၊ Convenience Store ၊ Food Court ၊ Café Teria ၊ ဆိုင်ခန်းများလည်း ပါရှိသည်။

ဆက်လက်၍ မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ရာ ပြန်ကြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့က မြဝတီမီဒီယာစင်တာအား ဖဲကြိုးဖြတ်ဖွင့်လှစ် ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြဝတီမီဒီယာစင်တာအား စက်ခလုပ်နှိပ်ဖွင့် လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် Mini Theatre အတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံနှင့် မြဝတီမီဒီယာစင်တာ တို့ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာ စကားပြောကြားရာတွင် ယခုပေါ်ထွန်းလာခဲ့သည့် မိုးကောင်းရတနာမိခင်နှင့် ကလေး ဆေးရုံကြီး အောင်မြင်စွာဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတကာမှ အတွေ့အကြုံရှိသည့် ကျွမ်းကျင်ပညာရှင်ကြီးများ၊ အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်အခါခါ တိုင်ပင်ညှိနှိုင်း ဆွေးနွေးပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးအချက် အလက်များအရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအနက် ပဉ္စမမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ကြောင်း၊ ကျန်းမာရေးအသုံးစရိတ်(Healthcare Expenditure) များကို လည်း တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်သုံးစွဲလျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပအိမ်နီး ချင်းနိုင်ငံများသို့ ဆေးကုသမှု၊ ကျန်းမာရေးစစ်ဆေးမှုများအတွက် COVID-19 မဖြစ်ပွားမီ ယခင်နှစ်များက သွားရောက်ကုသသူ လူဦးရေ နေ့စဉ် ၅၀၀ ခန့်ရှိကြောင်း၊ ထိုသို့ပြည်ပသို့ သွားရောက်ဆေးကုသသူဦးရေ တစ်နှစ်ထက်တစ်နှစ် များပြားလျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ပြည်ပသို့ သွားရောက်ဆေးကုသသူ လူဦးရေစုစုပေါင်း ၂၁၇၉၅၁ ဦးရှိကြောင်း၊ ပြည်ပသို့ ဆေးကုသမှုအတွက် သွားရောက်မှုအများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံ ၅၆ ရာခိုင်နှုန်း၊ ဒုတိယ အများဆုံးနိုင်ငံမှာ အိန္ဒိယနိုင်ငံ ၁၉ ရာခိုင်နှုန်းနှင့် တတိယအများဆုံးနိုင်ငံမှာ စင်္ကာပူနိုင်ငံ ၁၁ ရာခိုင်နှုန်းရှိသည်ကို လေ့လာသိရှိရကြောင်း။

ကျန်းမာရေးဝန်ဆောင်မှုအချက်အလက်များအရ မြန်မာနိုင်ငံတွင် ဆေးရုံပေါင်း ၁၃၀၁ ရုံရှိပြီး အများပိုင် (Public Hospital) ၁၁၁၅ ရုံ၊ ပုဂ္ဂလိကပိုင်(Private Hospital) ၁၈၇ ရုံရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆေးရုံခုတင်ပေါင်း ၆၁၃၉၅ ခုတင် ရှိပြီး အများပိုင်(Public) ၅၅၈၉၅ ခုတင်နှင့် ပုဂ္ဂလိကပိုင် (Private) ၅၅၀၀ ခုတင် ဖြစ်ကြောင်း၊ စစ်တမ်းများအရ ၇၂ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိက ဆေးရုံဆေးခန်း များတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသည်ကို လေ့လာသိရှိရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ပေးနိုင်ရန် မိုးကောင်းရတနာမိခင်နှင့်ကလေးဆေးရုံအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုးကောင်းရတနာမိခင်နှင့် ကလေးဆေးရုံ၏ မျှော်မှန်း (Vision) အနေဖြင့် “ကျွမ်းကျင်ပညာရှင်များမှ လူနာများကို (၂၄)နာရီ ပတ်လုံး နိုင်ငံတကာ အဆင့်မီ မိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေးဝန်ဆောင်မှုများကို စိတ်ချ လုံခြုံစွာအဆင့်မြင့်ဆုံးပေးနိုင်မည့် မိခင်နှင့်ကလေးဆေးရုံကြီးအဖြစ် စဉ်ဆက်မပြတ် အောင်မြင်စေရန်” ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ လွှဲပြောင်းလူနာ များ၊ ကုသမှုလိုအပ်သည့် ကလေးငယ်များကို သင့်လျော်သည့် ဝန်ဆောင်မှုနှုန်းထားဖြင့် “Tertiary Care” အဆင့်မြင့်ကုသမှုပေးနိုင်ရန်ဖြစ်သကဲ့သို့ မိခင် နှင့်ကလေးရောဂါများကို အထူးကုသရာတွင် (One Stop Service Center) အဖြစ် တစ်နေရာတည်းတွင် ပြည့်စုံလုံလောက်သည့် ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရန် ဖြစ်ကြောင်း။

ထို့အပြင် မိမိတို့ပြည်သူလူထုများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက် ရာတွင် ပြည်ပနိုင်ငံများသို့ သွားရောက်ဆေးကုသခံယူမှု ဈေးကွက်ကို အစားထိုးနိုင်ရန် ဖြစ်ပြီး ဘာသာစကားကန့်သတ်ချက်ကို ကျော်လွှားနိုင်ရန်၊ ဆရာဝန်များနှင့် အရေးပေါ် ချိတ်ဆက်ဆွေးနွေးဆောင်ရွက်မှု အခက်အခဲများမရှိစေရန်၊ ဒေသတွင်းပြည်သူလူထု များအတွက် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုခံစားရရှိနိုင်စေရန်၊ မိသားစုနှင့်အတူ အိုးမကွာအိမ်မကွာ နွေးထွေးသည့် ကုသခံစားမှုမျိုးရရှိနိုင်စေရန်၊ ဆေးရုံနှင့်လူနာမမျှတမှု ကိုဖြည့်ဆည်းပေးနိုင်စေရန်နှင့် အဆင့်မြင့်ရောဂါရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်း ကိရိယာနှင့် နည်းပညာအဆင့်မြင့်မားသည့် ကုသမှုများကို ပြည်သူလူထုအများရရှိနိုင်စေ ရန် ရည်ရွယ်ပြီး နိုင်ငံတကာအဆင့်မီ မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံကြီးကို တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း။

စက်ပစ္စည်းများကိုလည်း Brand ကောင်းသည့် စက်ပစ္စည်းကိရိယာများနှင့် အနည်းဆုံး(၁၀)နှစ်ခန့်အထိ ခေတ်မီနေနိုင်မည့် Technology မြင့်သည့် စက်ပစ္စည်းကြီး များကို တပ်ဆင်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင်လူနာများ အတွက် ဘေးကင်းလုံခြုံစိတ်ချရမှု (Patient Safety) ပိုင်းနှင့်အရည် အသွေးကောင်းမွန်မှု (Hospital Quality) ပိုင်းများတွင် ယုံကြည်စိတ်ချရသည့် နိုင်ငံတကာအသိအမှတ်ပြု ဆေးရုံတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရေးအတွက် International Patient Safety Goals (IPS Goals) (၆)ချက်ကို အခြေခံကာ ကမ္ဘာ့အသိ အမှတ်ပြုဆေးရုံလက်မှတ် Joint Commission International (JCI)လက်မှတ်ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဆေးရုံစတင်အကောင်အထည်ဖော်ချိန်မှစ၍ ဆေးရုံသုံး စက်ပစ္စည်းကိရိယာများ တပ်ဆင်ဆောင်ရွက်စဉ်ကာလတွင်လည်း အကြိမ်ကြိမ် လာရောက်စစ်ဆေးခဲ့ပြီး မှာကြားမှုများပေးခဲ့ကြောင်း။

ဆက်လက်ပြီး မြဝတီမီဒီယာစင်တာနှင့်ပတ်သက်၍ သတင်း၊ စာပေ၊ ရုပ်ရှင်၊ သီချင်း၊ ဂီတ၊ ရုပ်မြင် သံကြားများ၊ အကျုံးဝင်သည့် မီဒီယာလုပ်ငန်းများသည် နိုင်ငံတစ်ခု အတွက် အမျိုးသားယဉ်ကျေးမှုနှင့် အမျိုးသားအကျိုးစီးပွားအတွက် များစွာအထောက် အကူပြုစေနိုင်သည့် အင်အားစုကြီးတစ်ခုဖြစ်ပါကြောင်း၊ အဆင့်မြင့်နည်းပညာများ လိုအပ်လာသည့်အချိန်တွင် မိမိတို့နိုင်ငံ၌ အပြည့်အဝမလုပ်ဆောင်နိုင်ဘဲ ပြည်ပနိုင်ငံများ သို့ သွားရောက်လုပ်ကိုင်နေကြရသည်ကို မိမိအနေဖြင့် အားမလိုအားမရဖြစ်ခဲ့ရသည့် အတွက် တက်နိုင်သည့်အချိန်တွင်လုပ်ဆောင်မည်ဟု စဉ်းစား၍လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း။

မြန်မာနိုင်ငံ၏ မီဒီယာလုပ်ငန်းများကို နိုင်ငံတကာနှင့်အတူ ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နိုင်တော့မည့် နိုင်ငံတကာအဆင့်မီ မြဝတီမီဒီယာစင်တာနှင့်ပတ်သက်၍ မီဒီယာနှင့်ပတ်သက်သည့် ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် စာနယ်ဇင်းလုပ်ငန်းများကို တစ်နေရာ တည်းတွင် နိုင်ငံတကာအဆင့်မီဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်၏မီဒီယာ အဆင့်အတန်း မြင့်မားလာစေရန်အတွက် ရည်ရွယ်တည်ဆောက်ထားရှိခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တည်ဆောက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုယုံကြည်အားထားရမည့် အဓိကမီဒီယာလုပ်ငန်းကြီးတစ်ခု ဖန်တီးတည်ဆောက်နိုင်စေရန်၊ နိုင်ငံတော်၏ မီဒီယာ ကျင့်ဝတ်များနှင့်အညီ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြု စေရန်၊ သတင်းနှင့်မီဒီယာအခန်းကဏ္ဍ နည်းပညာဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာစံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီ မီဒီယာ နည်းပညာများ သင်ယူလေ့လာနိုင်စေရန် တို့ပင်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသည့် မဏ္ဍိုင်သုံးရပ်ဖြင့် တည်ဆောက်ထားပြီး ၎င်းမဏ္ဍိုင်ကြီး သုံးရပ်သည် အပြန်အလှန်ထိန်း ကျောင်းမှုကျင့်စဉ်နှင့် ရပ်တည်ခြင်းမှာလည်း ဒီမိုကရေစီကျင့်စဉ်၏ အနှစ်သာရတစ်ရပ်ပင် ဖြစ်ကြောင်း၊ အဆိုပါမဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်ထောက်ပြမှု ပြုလုပ်နိုင်သည့် အခြား မဏ္ဍိုင်ကြီးတစ်ခုမှာ မီဒီယာဆိုသည့် စတုတ္ထမဏ္ဍိုင်ပင်ဖြစ်ကြောင်း၊ ၂၁ ရာစု ၏ သတင်းအချက်အလက်စီးဆင်းမှု မြန်ဆန်နှုန်းကြောင့် မီဒီယာကဏ္ဍအနေဖြင့် အရေးကြီး သည့် အခန်းကဏ္ဍကို ရောက်ရှိလာကြောင်း၊ မြဝတီမီဒီယာစင်တာတွင် ရုပ်ရှင်၊ သဘင်၊ ဂီတအနုပညာရှင်များ၊ ပုဂ္ဂလိက မီဒီယာကုမ္ပဏီများသည် နိုင်ငံတော် အကျိုးပြုနိုင်ရေး အတွက် အဆင့်မြှင့်တင်ကွန်ရက်ပေါင်းစည်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသည် ဒီမိုကရေစီစနစ်အတွက် ဖော်ထုတ်ရေးသား ပြောဆိုနိုင်ခွင့်ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်ရုံသာမက ပြည်သူတစ်ဦးချင်းစီအတွက် သိသင့်သိထိုက်သည့် ဗဟုသုတအချက်အလက်များ ဖြန့်ဝေခြင်းဖြင့် အစိုးရ၏ပွင့်လင်းမြင်သာမှုကို တိုးတက် အောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ Media များ၏ အရည်အသွေး၊ နိုင်ငံ၏သမိုင်း ကြောင်းပေါ်တွင်နားလည်နိုင်မှုနှင့် နိုင်ငံကိုမြန်မာတို့၏ ထုံးတမ်းစဉ်လာနှင့် မသွေဖီဘဲ တိုးတက်ကြီးပွားစေလိုမှု ရှိစေလိုကြောင်း၊ မိမိအနေဖြင့် ပြောရမည်ဆိုပါက ရှေးရိုးစွဲရန် မဟုတ်ဘဲ ခေတ်မီသည့်အတွေးအခေါ်များကိုအားပေးရန်ဖြစ်ကြောင်း၊ အဆိုပါရည်ရွယ် ချက်များဖြင့်ပြည်သူများကို စိတ်ဓာတ်ခွန်အား၊ အသိဉာဏ်ခွန်အား ပေးနိုင်စေရန် လိုကြောင်း၊ သို့သော်အခြေအနေများသည် အခြေခံအကြောင်းတရားများအပေါ်တွင်သာ မူတည်နေကြောင်း၊ လက်ရှိကာလကမ္ဘာ့နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံး နေကြခြင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ အဓိကကျသည့် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် အစရှိသည့် မဏ္ဍိုင်ကြီး သုံးရပ်အပြင် လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စည်းကမ်းများ၊ သဘောသဘာဝများကို လိုက်နာဆောင် ရွက်သည့် မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်ထားရှိသည့်အတွက် ယနေ့ဖွင့်လှစ် လိုက်သည့် မြဝတီမီဒီယာစင်တာအနေဖြင့်လည်း နိုင်ငံတော်၏ မီဒီယာကဏ္ဍ နိုင်ငံတကာ အဆင့်မီဖွံ့ဖြိုးတိုးတက်အောင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန်အဓိက ခံယူထား ကြောင်း။

ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် သတင်းမီဒီယာ IT ခေတ်တွင် သတင်း ရရှိပေးပို့မှုများ အင်မတန်လျင်မြန်လာသကဲ့သို့ သတင်းဖော်ပြမှုနှင့် အထောက်အကူ ပစ္စည်းများ နည်းပညာများသည်လည်း တစ်ရက်နှင့်တစ်ရက် မတူအောင် တိုးတက်ပြောင်းလဲ နေကြောင်း၊ ပြိင်ဆိုင်မှုများပြီး လျင်မြန်လွန်းသည့် မီဒီယာခေတ်တွင် မှန်ကန်တိကျသည့် သတင်းဖော်ပြမှုသည် အရေးပါပြီး မှားယွင်းဖော်ပြမိသည်နှင့်အမျှ တရားစွဲဆိုခံရမှုများ ဖြစ်လာနိုင်သကဲ့သို့ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် သတင်းမီဒီယာပညာ များသည်လည်း လေ့လာသင်ယူစရာများစွာရှိနေကြောင်း၊ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေး ဆိုသည်မှာ မိမိအဖွဲ့အစည်းလုပ်ငန်းများကို လူသိများစေရန် ဆောင်ရွက်သည့်အခါတွင် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများတွင် အများပြည်သူနှင့်ဆက်ဆံရေး၊ မိမိအသိုက်အဝန်းနှင့်ဆက်ဆံရေး၊ မိမိကို ထောက်ပံ့သူများနှင့် ဆက်ဆံရေးဟူ၍ ဆက်ဆံရေးအမျိုးမျိုး ပါဝင်လျက်ရှိကြောင်း၊ မိမိသိစေချင်သည့် အကြောင်းအရာတစ်ရပ်ကို လူအများသိရှိလာစေရန် မီဒီယာမှတစ်ဆင့် ဆောင်ရွက်နိုင်ကြောင်း၊ ထို့ကြောင့် မီဒီယာဆက်ဆံရေးသည် လူသိများစေရန် ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး မိမိအနေဖြင့်ပြောရမည်ဆိုပါက မီဒီယာလုပ်ငန်း သည် အတွေးအခေါ်ကောင်းရမည်၊ စက်မှုပိုင်းဆိုင်ရာကောင်းရမည်၊ နည်းပညာပိုင်းဆိုင်ရာ ကောင်းရမည်၊ သရုပ်ဆောင်မှုအပိုင်းတွင် အရုပ်နှင့်အသံပိုင်းဆိုင်ရာကောင်းရမည်၊ သံစဉ်များ ဟာမိုနီဖြစ်ရမည်၊ ပရိသတ်ကို သုတ၊ ရသပေးနိုင်ရမည်ဖြစ်ပြီး စိတ်ဓာတ် ခွန်အား ရစေရမည်ဖြစ်ကြောင်းနှင့် ကြည့်ရှုသူတို့၏ ရင်ထဲတွင် စွဲထင်ကျန်နေရမည် ဖြစ်ကြောင်း။

မြဝတီမီဒီယာစင်တာအနေဖြင့် နယ်ပယ်စုံမှ အနုပညာသမားများနှင့် မီဒီယာ လုပ်ငန်းလုပ်ကိုင်သူများကို အချက်အချာကျသည့် တစ်နေရာထဲတွင် အဆင့်မြင့် နည်းပညာသုံး ရိုက်ကူးရေးနှင့် အသံဖမ်းစတူရီယိုများ ထည့်သွင်းငှားရမ်းခြင်း၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရိုက်ကူး၊ ထုတ်လွှင့်တင်ဆက်မှုများကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရန်နှင့် ရုံးခန်းများကိုလည်း သင့်တင့်သည့်နှုန်းထားဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ဖွင့်လှစ်ခြင်းအားဖြင့် အဆင့်အတန်း ရှိသည့် မီဒီယာလုပ်ငန်းတင်ဆက်မှုများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။

အချုပ်အားဖြင့် မိခင်နှင့်ကလေးဆေးရုံအနေဖြင့် အဆင့်မြင့်ကျန်းမာရေး ဝန်ဆောင်မှု များဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ အတွင်းလူနာခန်းများ၊ HDU၊ ICU၊ Day Care၊ Emergency ကဲ့သို့ အခန်းများကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး ကျန်းမာရေးစစ်ဆေးခြင်း အစီအစဉ်များအနေဖြင့် အထွေထွေ ကျန်းမာရေးစစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အတွက် မိခင်နှင့်ကလေး ကုသခြင်းများ၊ မွေးဖွားမှု ဆိုင်ရာ Package များ၊ Member Card အစီအစဉ်များကိုလည်း စိတ်ကြိုက်ရွေးချယ် အားကိုးအားထားပြု ကုသပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုဆေးရုံဖွင့်လှစ်ခြင်းကြောင်း မိခင်နှင့်ကလေးများနှင့် မြန်မာနိုင်ငံအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြု နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း။

သတင်းမီဒီယာလုပ်ငန်းအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများက ၎င်းတို့၏အကျိုးစီးပွား အတွက် ခေတ်မီဘက်စုံမီဒီယာများကို တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး ၎င်းတို့လိုလား သည့် အယူအဆ၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုဓလေ့စရိုက်များကို သွတ်သွင်းခြင်းနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှ ထိုးနှက်မှုများကို ခိုင်ခိုင်မာမာကာကွယ်နိုင် ရန်လိုအပ်ကြောင်း၊ မြဝတီမီဒီယာစင်တာ၏ အထောက်အကူပြုဆောင်ရွက်မှုကြောင့် မီဒီယာလုပ်ငန်းရှင်များ၊ မီဒီယာဝါသနာရှင်များ၊ အနုပညာရှင်များအားလုံး စုစည်းခိုင်မာ ပြီး ညီညီညွတ်ညွတ်နှင့် စုပေါင်းကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း စီမံကိန်းများ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံတို့ကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ လုပ်ဆောင်ပေး နိုင်မည့် ဝန်ဆောင်မှုများအား Video Clip များနှင့်တကွ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ က နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မိုးကောင်းရတနာ မိခင်နှင့်ကလေး ဆေးရုံနှင့် မြဝတီမီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြဝတီမီဒီယာစင်တာအတွင်း ရှိ ရုပ်သံမီဒီယာလုပ်ငန်းများ၊ အသံလွှင့်မီဒီယာလုပ်ငန်းအစီအစဉ်၊ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်၊ ရုပ်သံဇာတ်လမ်းများ ထုတ်လွှင့်တင်ဆက်မှုအစီအစဉ်၊ နိုင်ငံတကာနှင့် ပြည်တွင်းသတင်းတင်ဆက်မှုအစီအစဉ်၊ “ပြောင်းလဲလာသော မြန်မာ့ရုပ်ရှင်များအကြောင်း” နှင့်ပတ်သက်၍ အနုပညာရှင်များ၏ ဆွေးနွေးမှုအစီအစဉ်၊ မြန်မာ့ဂီတသံစဉ်တူရိယာများ တီးမှုတ်အသံသွင်းခြင်း အစီအစဉ် သရုပ်ပြသမှုများအား လိုက်လံကြည့်ရှုကြသည်။

မြဝတီမီဒီယာစင်တာအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက် အတိုင်း ပြည်သူလူထုယုံကြည်အားထားရသည့် အဓိကမီဒီယာလုပ်ငန်းကြီးအဖြစ် မီဒီယာ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးနှင့် မီဒီယာအခန်းကဏ္ဍအား နိုင်ငံတကာ အဆင့်မီဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်‌ မေလတွင် စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။

မြဝတီမီဒီယာစင်တာသည် ခုနှစ်ထပ် အဆောက်အဦဖြစ်ပြီး ပထမထပ်နှင့် ဒုတိယ ထပ် ၌ 4K အရည်အသွေးဖြင့် 3D ပြသနိုင်သည့် လူ ၂၀၀ ဆံ့ရုပ်ရှင်ရုံ၊ ကြီးမားသော LED Projector ပါဝင်သည့် လူ ၃၀၀ ဆံ့ ကဇာတ်ရုံ ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ သီချင်းဆို ပြိုင်ပွဲများ၊ Game Show များ၊ Model Show ပြိုင်ပွဲများပြုလုပ်နိုင်ပြီး စတိတ်စင် ၏နောက်ခံဒီဇိုင်းများ လိုအပ်သလိုပြောင်းလဲအသုံးပြုနိုင်သည့် TV Studio (၂)ခန်း၊ Talk Show Studio ၊ Radio Studio ၊ Mini Studio ၊ Sound Studio ၊ News Studio ၊ Music Studio ခန်းများ၊ စာကြည့်တိုက်နှင့် မြဝတီမီဒီယာသင်တန်းခန်းမများပါဝင်ပြီး တတိယ ထပ်၊ စတုတ္ထနှင့် ပဉ္စမထပ် တို့၌စီးပွားရေးဆိုင်ရာရုံးခန်းများ၊ ဆဌမထပ်၌ လူ ၁၂၀ ဆံ့ Ball Room၊ လူ ၈၈ ဦးဆံ့ Function Hall၊ လူ ၃၀ ဦးဆံ့ Meeting Room များ ထည့်သွင်း တည်ဆောက်ထားသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မိုးေကာင္းရတနာ မိခင္ႏွင့္ကေလးေဆး႐ုံႏွင့္ ျမဝတီမီဒီယာစင္တာ ဖြင့္ပြဲအခမ္းအနားမ်ားသို႔ တက္ေရာက္ဖြင့္လွစ္

ေနျပည္ေတာ္ ေမ ၂

ရန္ကုန္တိုင္းေဒသႀကီး ရန္ကင္းၿမိဳ႕နယ္၊ မိုးေကာင္းလမ္းရွိ မိုးေကာင္းရတနာ မိခင္ႏွင့္ကေလးေဆး႐ုံႏွင့္ ျမဝတီမီဒီယာစင္တာ ဖြင့္ပြဲအခမ္းအနားမ်ားအား ယေန႔ နံနက္ ပိုင္းတြင္ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ဖြင့္လွစ္ေပးသည္။

အခမ္းအနားမ်ားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ား ျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဦးဝင္းရွိန္၊ ဦးေအာင္ႏိုင္ဦး၊ ဦးခ်စ္ႏိုင္၊ ေဒါက္တာပြင့္ဆန္း၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ရန္ကုန္တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးလွစိုး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ၫြန႔္ဝင္းေဆြ၊ ဖိတ္ၾကား ထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ မိုးေကာင္းရတနာ မိခင္ႏွင့္ကေလးေဆး႐ုံဖြင့္ပြဲ အခမ္းအနားအား က်င္းပ ျပဳလုပ္ရာ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာ သက္ခိုင္ဝင္း၊ ရန္ကုန္တိုင္းေဒသႀကီးစီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးလွစိုး၊ ျမန္မာ စီးပြားေရးေကာ္ပိုေရးရွင္းဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာတို႔က မိုးေကာင္းရတနာ မိခင္ႏွင့္ကေလးေဆး႐ုံအား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မိုးေကာင္းရတနာ မိခင္ႏွင့္ကေလး ေဆး႐ုံ အား စက္ခလုပ္ႏွိပ္ဖြင့္လွစ္ေပးၿပီးေနာက္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မိုးေကာင္းရတနာ မိခင္ႏွင့္ကေလးေဆး႐ုံအတြင္း လွည့္လည္ ၾကည့္ရႈၾကရာ ဌာနအလိုက္တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းတင္ျပၾက သည္။

မိုးေကာင္းရတနာ မိခင္ႏွင့္ကေလးေဆး႐ုံသည္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ၏ လမ္းၫႊန္ခ်က္ျဖစ္သည့္ မိမိႏိုင္ငံအတြင္း ႏိုင္ငံသူႏိုင္ငံသားမ်ား အားကိုးအားထားျပဳ ရသည့္ ႏိုင္ငံတကာအဆင့္မီ ႏိုင္ငံတကာ အသိအမွတ္ျပဳ မိခင္ႏွင့္ကေလးေဆး႐ုံႀကီး အျဖစ္ ပုဂၢလိကက်န္းမာေရးက႑အား အေထာက္အကူျပဳေပးႏိုင္ရန္ရည္႐ြယ္၍ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ ေဆး႐ုံတြင္ မိခင္ႏွင့္ကေလးဆိုင္ရာ က်န္းမာေရးဝန္ေဆာင္မႈအေနျဖင့္ ဖန္ႁပြန္သေႏၶသား ျပဳလုပ္ျခင္း၊ မ်ိဳး႐ိုးဗီဇမ်ား သိမ္းဆည္းျခင္း၊ မ်ိဳး႐ိုးလိုက္ေရာဂါရွာေဖြစစ္ေဆးျခင္း၊ တစ္သက္တာကာကြယ္ေဆးထိုး လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးျခင္း၊ ဖြံ႕ၿဖိဳးမႈေနာက္က်ေသာ ကေလးငယ္မ်ားအားျပဳစု ကုသျခင္း၊ ကေလးအာဟာရေဆြးေႏြးကုသျခင္း၊ ေမြးကင္းစ ကေလးငယ္မ်ားအား အထူး ၾကပ္မတ္ကုသျခင္းတို႔ကို ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း၊ လာေရာက္ကုသ မႈခံယူသည့္ မိဘျပည္သူမ်ားအတြက္ စာေတြ႕လက္ေတြ႕ ကြၽမ္းက်င္မႈရွိၿပီး အေတြ႕အႀကဳံ ျပည့္ဝသည့္ သူနာျပဳႏွင့္ ပါရဂူဆရာဝန္ႀကီးမ်ား၊ ကြၽမ္းက်င္ပညာရွင္မ်ားက ေနာက္ဆုံး ေပၚေခတ္မီစက္ကိရိယာမ်ားျဖင့္ မိခင္ႏွင့္ ရင္ေသြးငယ္မ်ား က်န္းမာေရးအတြက္ ၂၄ နာရီကာလပတ္လုံး အထူးဂ႐ုျပဳေစာင့္ေရွာက္ေပးသြားမည္ျဖစ္သည့္အျပင္ ရင္ေသြးမရႏိုင္ ေသာမိဘမ်ားအတြက္ မိုးေကာင္းရတနာ မိခင္ႏွင့္ ကေလး ေဆး႐ုံႀကီးမွ သားဖြား မီးယပ္ပါရဂူမ်ား၊ သူနာျပဳကြၽမ္းက်င္မ်ားႏွင့္ သေႏၶသား ပညာရွင္မ်ားက ကူညီေျဖရွင္း ေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ က်န္းမာေရးႏွင့္ ညီၫြတ္ၿပီး သန႔္ရွင္းလတ္ဆတ္ေသာ ေလကိုခံစားရရွိႏိုင္သည့္ Mini Garden ေလးခု၊ ကေလးငယ္မ်ားအတြက္ Out Door ႏွင့္ In Door ကေလးကစားကြင္းမ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ား၊ ေရဆိုးမ်ား စနစ္တက် စြန႔္ပစ္ရန္အတြက္ (Hospital Waste Treatment) စနစ္တို႔ကို ထည့္သြင္းတည္ေဆာက္ ထားသည့္အျပင္ အေထြေထြဝန္ေဆာင္မႈမ်ားျဖစ္သည့္ ATM ေငြထုတ္စက္၊ Convenience Store ၊ Food Court ၊ Café Teria ၊ ဆိုင္ခန္းမ်ားလည္း ပါရွိသည္။

ဆက္လက္၍ ျမဝတီမီဒီယာစင္တာ ဖြင့္ပြဲအခမ္းအနားအား က်င္းပျပဳလုပ္ရာ ျပန္ၾကားေရး ဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးခ်စ္ႏိုင္၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ သာယာေရးေကာ္မတီဥကၠဌ ၿမိဳ႕ေတာ္ဝန္ ဦးဗိုလ္ေဌး၊ ျမန္မာစီးပြားေရး ေကာ္ပိုေရးရွင္း ဥကၠဌ ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာတို႔က ျမဝတီမီဒီယာစင္တာအား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ျမဝတီမီဒီယာစင္တာအား စက္ခလုပ္ႏွိပ္ဖြင့္ လွစ္ေပးၿပီး ကမၺည္းေမာ္ကြန္းအား အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းေပးကာ အမွတ္တရ စုေပါင္း ဓာတ္ပုံ႐ိုက္ၾကသည္။

ယင္းေနာက္ Mini Theatre အတြင္း၌ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ က မိုးေကာင္းရတနာ မိခင္ႏွင့္ကေလးေဆး႐ုံႏွင့္ ျမဝတီမီဒီယာစင္တာ တို႔ဖြင့္လွစ္ရျခင္းႏွင့္ ပတ္သက္၍ အမွာ စကားေျပာၾကားရာတြင္ ယခုေပၚထြန္းလာခဲ့သည့္ မိုးေကာင္းရတနာမိခင္ႏွင့္ ကေလး ေဆး႐ုံႀကီး ေအာင္ျမင္စြာျဖစ္ေပၚလာေစေရးအတြက္ ႏိုင္ငံတကာမွ အေတြ႕အႀကဳံရွိသည့္ ကြၽမ္းက်င္ပညာရွင္ႀကီးမ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ အႀကိမ္ႀကိမ္အခါခါ တိုင္ပင္ညႇိႏႈိင္း ေဆြးေႏြးၿပီး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ က်န္းမာေရးအခ်က္ အလက္မ်ားအရ ျမန္မာႏိုင္ငံသည္ ေဒသတြင္းႏိုင္ငံမ်ားအနက္ ပၪၥမေျမာက္ လူဦးေရ အမ်ားဆုံးႏိုင္ငံျဖစ္ေၾကာင္း၊ က်န္းမာေရးအသုံးစရိတ္(Healthcare Expenditure) မ်ားကို လည္း တစ္ႏွစ္ထက္တစ္ႏွစ္ တိုးျမႇင့္သုံးစြဲလ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံမွ ျပည္ပအိမ္နီး ခ်င္းႏိုင္ငံမ်ားသို႔ ေဆးကုသမႈ၊ က်န္းမာေရးစစ္ေဆးမႈမ်ားအတြက္ COVID-19 မျဖစ္ပြားမီ ယခင္ႏွစ္မ်ားက သြားေရာက္ကုသသူ လူဦးေရ ေန႔စဥ္ ၅၀၀ ခန႔္ရွိေၾကာင္း၊ ထိုသို႔ျပည္ပသို႔ သြားေရာက္ေဆးကုသသူဦးေရ တစ္ႏွစ္ထက္တစ္ႏွစ္ မ်ားျပားလ်က္ရွိၿပီး ၂၀၁၇ ခုႏွစ္တြင္ ျပည္ပသို႔ သြားေရာက္ေဆးကုသသူ လူဦးေရစုစုေပါင္း ၂၁၇၉၅၁ ဦးရွိေၾကာင္း၊ ျပည္ပသို႔ ေဆးကုသမႈအတြက္ သြားေရာက္မႈအမ်ားဆုံးႏိုင္ငံမွာ ထိုင္းႏိုင္ငံ ၅၆ ရာခိုင္ႏႈန္း၊ ဒုတိယ အမ်ားဆုံးႏိုင္ငံမွာ အိႏၵိယႏိုင္ငံ ၁၉ ရာခိုင္ႏႈန္းႏွင့္ တတိယအမ်ားဆုံးႏိုင္ငံမွာ စကၤာပူႏိုင္ငံ ၁၁ ရာခိုင္ႏႈန္းရွိသည္ကို ေလ့လာသိရွိရေၾကာင္း။

က်န္းမာေရးဝန္ေဆာင္မႈအခ်က္အလက္မ်ားအရ ျမန္မာႏိုင္ငံတြင္ ေဆး႐ုံေပါင္း ၁၃၀၁ ႐ုံရွိၿပီး အမ်ားပိုင္ (Public Hospital) ၁၁၁၅ ႐ုံ၊ ပုဂၢလိကပိုင္(Private Hospital) ၁၈၇ ႐ုံရွိေၾကာင္း၊ တစ္ႏိုင္ငံလုံး အတိုင္းအတာအေနျဖင့္ ေဆး႐ုံခုတင္ေပါင္း ၆၁၃၉၅ ခုတင္ ရွိၿပီး အမ်ားပိုင္(Public) ၅၅၈၉၅ ခုတင္ႏွင့္ ပုဂၢလိကပိုင္ (Private) ၅၅၀၀ ခုတင္ ျဖစ္ေၾကာင္း၊ စစ္တမ္းမ်ားအရ ၇၂ ရာခိုင္ႏႈန္းခန႔္သည္ ပုဂၢလိက ေဆး႐ုံေဆးခန္း မ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူလ်က္ရွိသည္ကို ေလ့လာသိရွိရေၾကာင္း၊ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ ပုဂၢလိကက်န္းမာေရးက႑ကို တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳ ေပးႏိုင္ရန္ မိုးေကာင္းရတနာမိခင္ႏွင့္ကေလးေဆး႐ုံအား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ မိုးေကာင္းရတနာမိခင္ႏွင့္ ကေလးေဆး႐ုံ၏ ေမွ်ာ္မွန္း (Vision) အေနျဖင့္ “ကြၽမ္းက်င္ပညာရွင္မ်ားမွ လူနာမ်ားကို (၂၄)နာရီ ပတ္လုံး ႏိုင္ငံတကာ အဆင့္မီ မိခင္ႏွင့္ကေလးျပဳစုေစာင့္ေရွာက္ေရးဝန္ေဆာင္မႈမ်ားကို စိတ္ခ် လုံၿခဳံစြာအဆင့္ျမင့္ဆုံးေပးႏိုင္မည့္ မိခင္ႏွင့္ကေလးေဆး႐ုံႀကီးအျဖစ္ စဥ္ဆက္မျပတ္ ေအာင္ျမင္ေစရန္” ျဖစ္ေၾကာင္း၊ ထို႔အျပင္ ျမန္မာျပည္ အနယ္နယ္အရပ္ရပ္မွ လႊဲေျပာင္းလူနာ မ်ား၊ ကုသမႈလိုအပ္သည့္ ကေလးငယ္မ်ားကို သင့္ေလ်ာ္သည့္ ဝန္ေဆာင္မႈႏႈန္းထားျဖင့္ “Tertiary Care” အဆင့္ျမင့္ကုသမႈေပးႏိုင္ရန္ျဖစ္သကဲ့သို႔ မိခင္ ႏွင့္ကေလးေရာဂါမ်ားကို အထူးကုသရာတြင္ (One Stop Service Center) အျဖစ္ တစ္ေနရာတည္းတြင္ ျပည့္စုံလုံေလာက္သည့္ က်န္းမာေရးဝန္ေဆာင္မႈ ေပးႏိုင္ရန္ ျဖစ္ေၾကာင္း။

ထို႔အျပင္ မိမိတို႔ျပည္သူလူထုမ်ားအေနျဖင့္ က်န္းမာေရးဝန္ေဆာင္မႈ ေဆာင္႐ြက္ ရာတြင္ ျပည္ပႏိုင္ငံမ်ားသို႔ သြားေရာက္ေဆးကုသခံယူမႈ ေဈးကြက္ကို အစားထိုးႏိုင္ရန္ ျဖစ္ၿပီး ဘာသာစကားကန႔္သတ္ခ်က္ကို ေက်ာ္လႊားႏိုင္ရန္၊ ဆရာဝန္မ်ားႏွင့္ အေရးေပၚ ခ်ိတ္ဆက္ေဆြးေႏြးေဆာင္႐ြက္မႈ အခက္အခဲမ်ားမရွိေစရန္၊ ေဒသတြင္းျပည္သူလူထု မ်ားအတြက္ ႏိုင္ငံတကာအဆင့္မီ ေဆးကုသမႈခံစားရရွိႏိုင္ေစရန္၊ မိသားစုႏွင့္အတူ အိုးမကြာအိမ္မကြာ ေႏြးေထြးသည့္ ကုသခံစားမႈမ်ိဳးရရွိႏိုင္ေစရန္၊ ေဆး႐ုံႏွင့္လူနာမမွ်တမႈ ကိုျဖည့္ဆည္းေပးႏိုင္ေစရန္ႏွင့္ အဆင့္ျမင့္ေရာဂါရွာေဖြကုသေရးဆိုင္ရာ စက္ပစၥည္း ကိရိယာႏွင့္ နည္းပညာအဆင့္ျမင့္မားသည့္ ကုသမႈမ်ားကို ျပည္သူလူထုအမ်ားရရွိႏိုင္ေစ ရန္ ရည္႐ြယ္ၿပီး ႏိုင္ငံတကာအဆင့္မီ မိုးေကာင္းရတနာ မိခင္ႏွင့္ကေလးေဆး႐ုံႀကီးကို တည္ေဆာက္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း။

စက္ပစၥည္းမ်ားကိုလည္း Brand ေကာင္းသည့္ စက္ပစၥည္းကိရိယာမ်ားႏွင့္ အနည္းဆုံး(၁၀)ႏွစ္ခန႔္အထိ ေခတ္မီေနႏိုင္မည့္ Technology ျမင့္သည့္ စက္ပစၥည္းႀကီး မ်ားကို တပ္ဆင္အသုံးျပဳႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း၊ ထို႔အျပင္လူနာမ်ား အတြက္ ေဘးကင္းလုံၿခဳံစိတ္ခ်ရမႈ (Patient Safety) ပိုင္းႏွင့္အရည္ အေသြးေကာင္းမြန္မႈ (Hospital Quality) ပိုင္းမ်ားတြင္ ယုံၾကည္စိတ္ခ်ရသည့္ ႏိုင္ငံတကာအသိအမွတ္ျပဳ ေဆး႐ုံတစ္ခုအျဖစ္ ရပ္တည္ေဆာင္႐ြက္ႏိုင္ေရးအတြက္ International Patient Safety Goals (IPS Goals) (၆)ခ်က္ကို အေျခခံကာ ကမာၻ႔အသိ အမွတ္ျပဳေဆး႐ုံလက္မွတ္ Joint Commission International (JCI)လက္မွတ္ရရွိႏိုင္ေရးကိုလည္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ မိမိအေနျဖင့္ ေဆး႐ုံစတင္အေကာင္အထည္ေဖာ္ခ်ိန္မွစ၍ ေဆး႐ုံသုံး စက္ပစၥည္းကိရိယာမ်ား တပ္ဆင္ေဆာင္႐ြက္စဥ္ကာလတြင္လည္း အႀကိမ္ႀကိမ္ လာေရာက္စစ္ေဆးခဲ့ၿပီး မွာၾကားမႈမ်ားေပးခဲ့ေၾကာင္း။

ဆက္လက္ၿပီး ျမဝတီမီဒီယာစင္တာႏွင့္ပတ္သက္၍ သတင္း၊ စာေပ၊ ႐ုပ္ရွင္၊ သီခ်င္း၊ ဂီတ၊ ႐ုပ္ျမင္ သံၾကားမ်ား၊ အက်ဳံးဝင္သည့္ မီဒီယာလုပ္ငန္းမ်ားသည္ ႏိုင္ငံတစ္ခု အတြက္ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ မ်ားစြာအေထာက္ အကူျပဳေစႏိုင္သည့္ အင္အားစုႀကီးတစ္ခုျဖစ္ပါေၾကာင္း၊ အဆင့္ျမင့္နည္းပညာမ်ား လိုအပ္လာသည့္အခ်ိန္တြင္ မိမိတို႔ႏိုင္ငံ၌ အျပည့္အဝမလုပ္ေဆာင္ႏိုင္ဘဲ ျပည္ပႏိုင္ငံမ်ား သို႔ သြားေရာက္လုပ္ကိုင္ေနၾကရသည္ကို မိမိအေနျဖင့္ အားမလိုအားမရျဖစ္ခဲ့ရသည့္ အတြက္ တက္ႏိုင္သည့္အခ်ိန္တြင္လုပ္ေဆာင္မည္ဟု စဥ္းစား၍လုပ္ေဆာင္ခဲ့ျခင္းျဖစ္ ေၾကာင္း။

ျမန္မာႏိုင္ငံ၏ မီဒီယာလုပ္ငန္းမ်ားကို ႏိုင္ငံတကာႏွင့္အတူ ရင္ေပါင္တန္းႏိုင္ေအာင္ ေဆာင္႐ြက္ႏိုင္ေတာ့မည့္ ႏိုင္ငံတကာအဆင့္မီ ျမဝတီမီဒီယာစင္တာႏွင့္ပတ္သက္၍ မီဒီယာႏွင့္ပတ္သက္သည့္ ႐ုပ္ရွင္၊ သဘင္၊ ဂီတႏွင့္ စာနယ္ဇင္းလုပ္ငန္းမ်ားကို တစ္ေနရာ တည္းတြင္ ႏိုင္ငံတကာအဆင့္မီေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ႏိုင္ငံေတာ္၏မီဒီယာ အဆင့္အတန္း ျမင့္မားလာေစရန္အတြက္ ရည္႐ြယ္တည္ေဆာက္ထားရွိျခင္းျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ တည္ေဆာက္ဖြင့္လွစ္ရျခင္း၏ ရည္႐ြယ္ခ်က္မွာ ျပည္သူလူထုယုံၾကည္အားထားရမည့္ အဓိကမီဒီယာလုပ္ငန္းႀကီးတစ္ခု ဖန္တီးတည္ေဆာက္ႏိုင္ေစရန္၊ ႏိုင္ငံေတာ္၏ မီဒီယာ က်င့္ဝတ္မ်ားႏွင့္အညီ ျပည္သူလူထု၏ လူမႈဘဝဖြံ႕ၿဖိဳးတိုးတက္ေစေရး အေထာက္အကူျပဳ ေစရန္၊ သတင္းႏွင့္မီဒီယာအခန္းက႑ နည္းပညာဆိုင္ရာမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ဖြံ႕ၿဖိဳးတိုးတက္ေစရန္၊ ႏိုင္ငံတကာစံႏႈန္းမ်ား၊ က်င့္ဝတ္မ်ားႏွင့္အညီ ေခတ္မီ မီဒီယာ နည္းပညာမ်ား သင္ယူေလ့လာႏိုင္ေစရန္ တို႔ပင္ျဖစ္ေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံအတြက္ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးႏွင့္ တရားစီရင္ေရးဟူသည့္ မ႑ိဳင္သုံးရပ္ျဖင့္ တည္ေဆာက္ထားၿပီး ၎မ႑ိဳင္ႀကီး သုံးရပ္သည္ အျပန္အလွန္ထိန္း ေက်ာင္းမႈက်င့္စဥ္ႏွင့္ ရပ္တည္ျခင္းမွာလည္း ဒီမိုကေရစီက်င့္စဥ္၏ အႏွစ္သာရတစ္ရပ္ပင္ ျဖစ္ေၾကာင္း၊ အဆိုပါမ႑ိဳင္ႀကီး သုံးရပ္ကို ေစာင့္ၾကည့္ေထာက္ျပမႈ ျပဳလုပ္ႏိုင္သည့္ အျခား မ႑ိဳင္ႀကီးတစ္ခုမွာ မီဒီယာဆိုသည့္ စတုတၳမ႑ိဳင္ပင္ျဖစ္ေၾကာင္း၊ ၂၁ ရာစု ၏ သတင္းအခ်က္အလက္စီးဆင္းမႈ ျမန္ဆန္ႏႈန္းေၾကာင့္ မီဒီယာက႑အေနျဖင့္ အေရးႀကီး သည့္ အခန္းက႑ကို ေရာက္ရွိလာေၾကာင္း၊ ျမဝတီမီဒီယာစင္တာတြင္ ႐ုပ္ရွင္၊ သဘင္၊ ဂီတအႏုပညာရွင္မ်ား၊ ပုဂၢလိက မီဒီယာကုမၸဏီမ်ားသည္ ႏိုင္ငံေတာ္ အက်ိဳးျပဳႏိုင္ေရး အတြက္ အဆင့္ျမႇင့္တင္ကြန္ရက္ေပါင္းစည္းေဆာင္႐ြက္ႏိုင္ရန္ျဖစ္ေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံ၏ စတုတၳမ႑ိဳင္ျဖစ္သည့္ မီဒီယာသည္ ဒီမိုကေရစီစနစ္အတြက္ ေဖာ္ထုတ္ေရးသား ေျပာဆိုႏိုင္ခြင့္ကို တိုးျမႇင့္ေဆာင္႐ြက္ရာတြင္ အဓိကက်သည့္ အခန္းက႑က ပါဝင္႐ုံသာမက ျပည္သူတစ္ဦးခ်င္းစီအတြက္ သိသင့္သိထိုက္သည့္ ဗဟုသုတအခ်က္အလက္မ်ား ျဖန႔္ေဝျခင္းျဖင့္ အစိုးရ၏ပြင့္လင္းျမင္သာမႈကို တိုးတက္ ေအာင္ ေဆာင္႐ြက္ေပးႏိုင္ေၾကာင္း၊ Media မ်ား၏ အရည္အေသြး၊ ႏိုင္ငံ၏သမိုင္း ေၾကာင္းေပၚတြင္နားလည္ႏိုင္မႈႏွင့္ ႏိုင္ငံကိုျမန္မာတို႔၏ ထုံးတမ္းစဥ္လာႏွင့္ မေသြဖီဘဲ တိုးတက္ႀကီးပြားေစလိုမႈ ရွိေစလိုေၾကာင္း၊ မိမိအေနျဖင့္ ေျပာရမည္ဆိုပါက ေရွး႐ိုးစြဲရန္ မဟုတ္ဘဲ ေခတ္မီသည့္အေတြးအေခၚမ်ားကိုအားေပးရန္ျဖစ္ေၾကာင္း၊ အဆိုပါရည္႐ြယ္ ခ်က္မ်ားျဖင့္ျပည္သူမ်ားကို စိတ္ဓာတ္ခြန္အား၊ အသိဉာဏ္ခြန္အား ေပးႏိုင္ေစရန္ လိုေၾကာင္း၊ သို႔ေသာ္အေျခအေနမ်ားသည္ အေျခခံအေၾကာင္းတရားမ်ားအေပၚတြင္သာ မူတည္ေနေၾကာင္း၊ လက္ရွိကာလကမာၻ႔ႏိုင္ငံအမ်ားစုသည္ ဒီမိုကေရစီစနစ္ကို က်င့္သုံး ေနၾကျခင္းျဖစ္သည့္အတြက္ ႏိုင္ငံတစ္ႏိုင္ငံ၏ အဓိကက်သည့္ ဥပေဒျပဳေရးမ႑ိဳင္၊ တရားစီရင္ေရးမ႑ိဳင္၊ အုပ္ခ်ဳပ္ေရးမ႑ိဳင္ အစရွိသည့္ မ႑ိဳင္ႀကီး သုံးရပ္အျပင္ လိုက္နာ ေစာင့္ထိန္းရမည့္ က်င့္ဝတ္မ်ား၊ စည္းကမ္းမ်ား၊ သေဘာသဘာဝမ်ားကို လိုက္နာေဆာင္ ႐ြက္သည့္ မီဒီယာကို စတုတၳမ႑ိဳင္အျဖစ္ သတ္မွတ္ထားရွိသည့္အတြက္ ယေန႔ဖြင့္လွစ္ လိုက္သည့္ ျမဝတီမီဒီယာစင္တာအေနျဖင့္လည္း ႏိုင္ငံေတာ္၏ မီဒီယာက႑ ႏိုင္ငံတကာ အဆင့္မီဖြံ႕ၿဖိဳးတိုးတက္ေအာင္ တစ္တပ္တစ္အား ပါဝင္ေဆာင္႐ြက္ရန္အဓိက ခံယူထား ေၾကာင္း။

ေခတ္ႏွင့္အညီ ေျပာင္းလဲတိုးတက္ေနသည့္ သတင္းမီဒီယာ IT ေခတ္တြင္ သတင္း ရရွိေပးပို႔မႈမ်ား အင္မတန္လ်င္ျမန္လာသကဲ့သို႔ သတင္းေဖာ္ျပမႈႏွင့္ အေထာက္အကူ ပစၥည္းမ်ား နည္းပညာမ်ားသည္လည္း တစ္ရက္ႏွင့္တစ္ရက္ မတူေအာင္ တိုးတက္ေျပာင္းလဲ ေနေၾကာင္း၊ ၿပိင္ဆိုင္မႈမ်ားၿပီး လ်င္ျမန္လြန္းသည့္ မီဒီယာေခတ္တြင္ မွန္ကန္တိက်သည့္ သတင္းေဖာ္ျပမႈသည္ အေရးပါၿပီး မွားယြင္းေဖာ္ျပမိသည္ႏွင့္အမွ် တရားစြဲဆိုခံရမႈမ်ား ျဖစ္လာႏိုင္သကဲ့သို႔ ေခတ္ႏွင့္အညီ ေျပာင္းလဲတိုးတက္ေနသည့္ သတင္းမီဒီယာပညာ မ်ားသည္လည္း ေလ့လာသင္ယူစရာမ်ားစြာရွိေနေၾကာင္း၊ မီဒီယာႏွင့္ျပည္သူ႔ဆက္ဆံေရး ဆိုသည္မွာ မိမိအဖြဲ႕အစည္းလုပ္ငန္းမ်ားကို လူသိမ်ားေစရန္ ေဆာင္႐ြက္သည့္အခါတြင္ ျပည္သူ႔ဆက္ဆံေရးလုပ္ငန္းမ်ား၏ အစိတ္အပိုင္းတစ္ရပ္ျဖစ္ေၾကာင္း၊ ျပည္သူ႔ဆက္ဆံေရး လုပ္ငန္းမ်ားတြင္ အမ်ားျပည္သူႏွင့္ဆက္ဆံေရး၊ မိမိအသိုက္အဝန္းႏွင့္ဆက္ဆံေရး၊ မိမိကို ေထာက္ပံ့သူမ်ားႏွင့္ ဆက္ဆံေရးဟူ၍ ဆက္ဆံေရးအမ်ိဳးမ်ိဳး ပါဝင္လ်က္ရွိေၾကာင္း၊ မိမိသိေစခ်င္သည့္ အေၾကာင္းအရာတစ္ရပ္ကို လူအမ်ားသိရွိလာေစရန္ မီဒီယာမွတစ္ဆင့္ ေဆာင္႐ြက္ႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ မီဒီယာဆက္ဆံေရးသည္ လူသိမ်ားေစရန္ ေဆာင္႐ြက္သည့္ လုပ္ငန္းတစ္ရပ္ျဖစ္ၿပီး မိမိအေနျဖင့္ေျပာရမည္ဆိုပါက မီဒီယာလုပ္ငန္း သည္ အေတြးအေခၚေကာင္းရမည္၊ စက္မႈပိုင္းဆိုင္ရာေကာင္းရမည္၊ နည္းပညာပိုင္းဆိုင္ရာ ေကာင္းရမည္၊ သ႐ုပ္ေဆာင္မႈအပိုင္းတြင္ အ႐ုပ္ႏွင့္အသံပိုင္းဆိုင္ရာေကာင္းရမည္၊ သံစဥ္မ်ား ဟာမိုနီျဖစ္ရမည္၊ ပရိသတ္ကို သုတ၊ ရသေပးႏိုင္ရမည္ျဖစ္ၿပီး စိတ္ဓာတ္ ခြန္အား ရေစရမည္ျဖစ္ေၾကာင္းႏွင့္ ၾကည့္ရႈသူတို႔၏ ရင္ထဲတြင္ စြဲထင္က်န္ေနရမည္ ျဖစ္ေၾကာင္း။

ျမဝတီမီဒီယာစင္တာအေနျဖင့္ နယ္ပယ္စုံမွ အႏုပညာသမားမ်ားႏွင့္ မီဒီယာ လုပ္ငန္းလုပ္ကိုင္သူမ်ားကို အခ်က္အခ်ာက်သည့္ တစ္ေနရာထဲတြင္ အဆင့္ျမင့္ နည္းပညာသုံး ႐ိုက္ကူးေရးႏွင့္ အသံဖမ္းစတူရီယိုမ်ား ထည့္သြင္းငွားရမ္းျခင္း၊ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ျခင္း၊ ႐ိုက္ကူး၊ ထုတ္လႊင့္တင္ဆက္မႈမ်ားကို ႏိုင္ငံတကာအဆင့္မီ ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ ႐ုံးခန္းမ်ားကိုလည္း သင့္တင့္သည့္ႏႈန္းထားျဖင့္ ဝန္ေဆာင္မႈ ေပးႏိုင္ရန္ရည္႐ြယ္ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း၊ ထိုကဲ့သို႔ဖြင့္လွစ္ျခင္းအားျဖင့္ အဆင့္အတန္း ရွိသည့္ မီဒီယာလုပ္ငန္းတင္ဆက္မႈမ်ားကို ႏိုင္ငံတကာႏွင့္ ရင္ေပါင္တန္း ေဆာင္႐ြက္ ႏိုင္မည္ျဖစ္ေၾကာင္း။

အခ်ဳပ္အားျဖင့္ မိခင္ႏွင့္ကေလးေဆး႐ုံအေနျဖင့္ အဆင့္ျမင့္က်န္းမာေရး ဝန္ေဆာင္မႈ မ်ားေဆာင္႐ြက္ေပးႏိုင္ရန္အတြက္ ႏိုင္ငံတကာအဆင့္မီ အတြင္းလူနာခန္းမ်ား၊ HDU၊ ICU၊ Day Care၊ Emergency ကဲ့သို႔ အခန္းမ်ားကိုလည္း ထည့္သြင္းတည္ေဆာက္ထားၿပီး က်န္းမာေရးစစ္ေဆးျခင္း အစီအစဥ္မ်ားအေနျဖင့္ အေထြေထြ က်န္းမာေရးစစ္ေဆးႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ထားရွိၿပီး ျဖစ္သည့္အတြက္ မိခင္ႏွင့္ကေလး ကုသျခင္းမ်ား၊ ေမြးဖြားမႈ ဆိုင္ရာ Package မ်ား၊ Member Card အစီအစဥ္မ်ားကိုလည္း စိတ္ႀကိဳက္ေ႐ြးခ်ယ္ အားကိုးအားထားျပဳ ကုသေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ယခုေဆး႐ုံဖြင့္လွစ္ျခင္းေၾကာင္း မိခင္ႏွင့္ကေလးမ်ားႏွင့္ ျမန္မာႏိုင္ငံအတြက္ တစ္ေထာင့္တစ္ေနရာမွ အေထာက္အကူျပဳ ႏိုင္မည္ဟု မိမိအေနျဖင့္ ယုံၾကည္ေၾကာင္း။

သတင္းမီဒီယာလုပ္ငန္းအေနျဖင့္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားက ၎တို႔၏အက်ိဳးစီးပြား အတြက္ ေခတ္မီဘက္စုံမီဒီယာမ်ားကို တြင္တြင္က်ယ္က်ယ္အသုံးျပဳၿပီး ၎တို႔လိုလား သည့္ အယူအဆ၊ လူေနမႈစနစ္၊ ယဥ္ေက်းမႈဓေလ့စ႐ိုက္မ်ားကို သြတ္သြင္းျခင္းႏွင့္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး က႑စုံမွ ထိုးႏွက္မႈမ်ားကို ခိုင္ခိုင္မာမာကာကြယ္ႏိုင္ ရန္လိုအပ္ေၾကာင္း၊ ျမဝတီမီဒီယာစင္တာ၏ အေထာက္အကူျပဳေဆာင္႐ြက္မႈေၾကာင့္ မီဒီယာလုပ္ငန္းရွင္မ်ား၊ မီဒီယာဝါသနာရွင္မ်ား၊ အႏုပညာရွင္မ်ားအားလုံး စုစည္းခိုင္မာ ၿပီး ညီညီၫြတ္ၫြတ္ႏွင့္ စုေပါင္းႀကိဳးစားေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

၎ေနာက္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း စီမံကိန္းမ်ား ၫႊန္ၾကားေရးမႉး ဦးခင္ေမာင္စိုးက မိုးေကာင္းရတနာ မိခင္ႏွင့္ကေလးေဆး႐ုံတို႔ကို ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ခဲ့မႈအေျခအေနမ်ားႏွင့္ ရည္႐ြယ္ခ်က္၊ ရည္မွန္းခ်က္မ်ား၊ လုပ္ေဆာင္ေပး ႏိုင္မည့္ ဝန္ေဆာင္မႈမ်ားအား Video Clip မ်ားႏွင့္တကြ ရွင္းလင္းတင္ျပသည္။

ယင္းေနာက္ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း ဥကၠ႒ က ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား မိုးေကာင္းရတနာ မိခင္ႏွင့္ကေလး ေဆး႐ုံႏွင့္ ျမဝတီမီဒီယာစင္တာ ဖြင့္ပြဲအခမ္းအနားအထိမ္းအမွတ္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္သည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ျမဝတီမီဒီယာစင္တာအတြင္း ရွိ ႐ုပ္သံမီဒီယာလုပ္ငန္းမ်ား၊ အသံလႊင့္မီဒီယာလုပ္ငန္းအစီအစဥ္၊ ေတြ႕ဆုံေမးျမန္းျခင္း အစီအစဥ္၊ ႐ုပ္သံဇာတ္လမ္းမ်ား ထုတ္လႊင့္တင္ဆက္မႈအစီအစဥ္၊ ႏိုင္ငံတကာႏွင့္ ျပည္တြင္းသတင္းတင္ဆက္မႈအစီအစဥ္၊ “ေျပာင္းလဲလာေသာ ျမန္မာ့႐ုပ္ရွင္မ်ားအေၾကာင္း” ႏွင့္ပတ္သက္၍ အႏုပညာရွင္မ်ား၏ ေဆြးေႏြးမႈအစီအစဥ္၊ ျမန္မာ့ဂီတသံစဥ္တူရိယာမ်ား တီးမႈတ္အသံသြင္းျခင္း အစီအစဥ္ သ႐ုပ္ျပသမႈမ်ားအား လိုက္လံၾကည့္ရႈၾကသည္။

ျမဝတီမီဒီယာစင္တာအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ လမ္းၫႊန္ခ်က္ အတိုင္း ျပည္သူလူထုယုံၾကည္အားထားရသည့္ အဓိကမီဒီယာလုပ္ငန္းႀကီးအျဖစ္ မီဒီယာ ဆိုင္ရာလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေစေရးႏွင့္ မီဒီယာအခန္းက႑အား ႏိုင္ငံတကာ အဆင့္မီဖြံ႕ၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္၍ ၂၀၁၉ ခုႏွစ္‌ ေမလတြင္ စတင္ေဆာက္လုပ္ ခဲ့ျခင္းျဖစ္သည္။

ျမဝတီမီဒီယာစင္တာသည္ ခုႏွစ္ထပ္ အေဆာက္အဦျဖစ္ၿပီး ပထမထပ္ႏွင့္ ဒုတိယ ထပ္ ၌ 4K အရည္အေသြးျဖင့္ 3D ျပသႏိုင္သည့္ လူ ၂၀၀ ဆံ့႐ုပ္ရွင္႐ုံ၊ ႀကီးမားေသာ LED Projector ပါဝင္သည့္ လူ ၃၀၀ ဆံ့ ကဇာတ္႐ုံ ၊ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ား၊ သီခ်င္းဆို ၿပိဳင္ပြဲမ်ား၊ Game Show မ်ား၊ Model Show ၿပိဳင္ပြဲမ်ားျပဳလုပ္ႏိုင္ၿပီး စတိတ္စင္ ၏ေနာက္ခံဒီဇိုင္းမ်ား လိုအပ္သလိုေျပာင္းလဲအသုံးျပဳႏိုင္သည့္ TV Studio (၂)ခန္း၊ Talk Show Studio ၊ Radio Studio ၊ Mini Studio ၊ Sound Studio ၊ News Studio ၊ Music Studio ခန္းမ်ား၊ စာၾကည့္တိုက္ႏွင့္ ျမဝတီမီဒီယာသင္တန္းခန္းမမ်ားပါဝင္ၿပီး တတိယ ထပ္၊ စတုတၳႏွင့္ ပၪၥမထပ္ တို႔၌စီးပြားေရးဆိုင္ရာ႐ုံးခန္းမ်ား၊ ဆဌမထပ္၌ လူ ၁၂၀ ဆံ့ Ball Room၊ လူ ၈၈ ဦးဆံ့ Function Hall၊ လူ ၃၀ ဦးဆံ့ Meeting Room မ်ား ထည့္သြင္း တည္ေဆာက္ထားသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။