တိုင်းပြည်အတွက် မဖြစ်သင့်သည်များကို မဖြစ်အောင်ကာကွယ်ဆောင်ရွက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်နေခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်

နေပြည်တော် မေ ၁၈

တပ်မတော်အနေဖြင့် ပြည်သူကရွေးခြယ်ထားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ခိုင်ခိုင်မာမာဖြစ်စေရန် နိုင်ငံတော်၏တာဝန်များကို ဥပဒေနှင့်အညီ ခေတ္တတာဝန်ယူထမ်းဆောင်နေခြင်းဖြစ်သဖြင့် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကို ဆင်ခြင်သုံးသပ်ပြီး နိုင်ငံတော်အတွက် မဖြစ်သင့်တာ မဖြစ်ရအောင် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မ တော်အပေါ် သစ္စာစောင့်သိရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေး တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြား သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မသင်္ကာဖွယ်မဲစာရင်းများနှင့် ပတ်သက်၍ တပ်မတော်မှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီ နည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေးညှိနှိုင်း ဖြေရှင်းမရသည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို ဒီမိုကရေစီနည်းလမ်းနှင့် ညီညွတ်မှုမရှိဘဲ အတင်းအဓမ္မ ရယူရန် ကြံစည်ကြိုးပမ်းလာမှုများကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ယာယီသမ္မတ၏ လွှဲအပ်ချက်အရ နိုင်ငံတော်၏တာဝန်များကို ထိန်းသိမ်းဆောင်ရွက်နေရခြင်းဖြစ် ကြောင်း၊ ရွေးကောက် ပွဲမတိုင်မီတွင်လည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက် ပွဲဖြစ်ရန် လိုအပ် ကြောင်းကို မိမိအနေဖြင့် အမြဲတိုက်တွန်းပြောကြားခဲ့ကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်ကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိကြောင်း၊ တပ်မတော် အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီ ဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပထမဦးစားပေးအနေဖြင့် မဲစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စိစစ်လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကြောင်း၊ COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာများနှင့် ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာများကို လည်း ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိအခြေအနေများအရ ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျ လာပြီဖြစ်သည့်အတွက် ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် အခြေအနေ များရှိနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ သော်လည်း အချို့သော မသမာသူများက စာသင်ကျောင်းများအား မီးရှို့ခြင်း၊ ဗုံးခွဲခြင်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းမတက်နိုင်စေရန် ခြိမ်းခြောက်ခြင်းတို့ဖြင့် နှောင့်ယှက် ဖျက်ဆီးလျက်ရှိကြောင်း၊ စာပေသင်ကြားနိုင်ရန် စီစဉ်နေခြင်းသည် တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ် ကလေးများအားလုံး စာပေ သင်ကြားနိုင်‌ရေး စီစဉ်ဆောင်ရွက်နေခြင်းသာ ဖြစ်သဖြင့် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေမှုများသည် စိတ်ဓာတ် မကောင်းမွန်သည့် လုပ်ရပ် များဖြစ်သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။

ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူလူထုအတွက် စာပေသင်ကြားပေးရန်နှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်တိုးတက်ရေး မလိုလားသူတို့၏ သွေးထိုးစကားများအရ CDM လှုပ်ရှားမှုများကြောင့် အချို့သော ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်း ခွင်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေ ဖြင့် မိမိတို့၏ တာဝန်ဝတ္တရားနှင့် တစ်ဦးချင်း၏ စိတ်ခံစားချက်များကို ခွဲခြားရမည် ဖြစ်ပြီး ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များအနေဖြင့် CDM လှုပ်ရှားမှုများကြောင့် လိုအပ်နေသည့် နေရာများတွင် ဆေးဝါး ကုသမှုများကို သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၄ နှစ်ဖြစ်ပြီး အသက် ၅ နှစ်မတိုင်မီ သေဆုံးမှုနှုန်းမြင့်မားနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် ကျန်းမာရေးဝန်ထမ်းများ အထူးလိုအပ်နေချိန်တွင် ဝန်ထမ်းအချို့ အနေ ဖြင့် လုပ်ငန်းခွင်ပျက်ကွက်နေခြင်းသည် ဆေးဝန်ထမ်းတို့၏ ကျင့်ဝတ်ကို ဖောက်ဖျက် ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့တွင် မြှင့်တင်ဆောင်ရွက်မှုများနှင့် ပြုပြင်ပြောင်းလဲမှုများ များစွာ လုပ်ဆောင်ရန် လိုအပ် မည်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်သားများအနေဖြင့် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများ ကို သိရှိနားလည်ရမည်ဖြစ်ပြီး တပ်မတော်၏ ဥပဒေအရလုပ်ဆောင်နေမှုများတွင် ပေးအပ် လာသည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိ တပ်အပေါ်သစ္စာရှိရန်၊ တပ်မတော်အပေါ် သစ္စာရှိရန်နှင့် နိုင်ငံတော် အပေါ်သစ္စာစောင့် သိရမည်ဖြစ်ကာ တိုင်းပြည်ကောင်းကျိုးကို သယ်ပိုး ဆောင်ရွက် ကြရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူပြည်သားများ မဖြစ်သင့်မဖြစ်ထိုက်သည်ကို ကာကွယ်ပေးခြင်းသည်လည်း နိုင်ငံတော်ကို ကာကွယ်ခြင်းပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ် အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန် လိုအပ်သည့်အတွက် ထာဝရငြိမ်းချမ်းရေး ရရှိအောင် တပ်မတော်အနေဖြင့် အမြဲကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ် မိခင်နှင့် ကလေးအသင်းအတွက် ချီးမြှင့်‌ငွေ များကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များကို မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့ ရှေးဟောင်းအမွေအနှစ် နယ်မြေဖြစ်သည့် မြနန်းစံကျော်ရွှေနန်းတော် ပရိဝုဏ်အတွင်းရှိ အမြောက်ပြတိုက်၊ မင်းတုန်းမင်းအုတ်ဂူ၊ ဒင်္ဂါးသွန်းစက်ရုံနှင့် မြနန်းစံကျော်ရွှေနန်းတော်ကြီး တို့သို့ သွား ရောက်ကြည့်ရှုကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မင်းတုန်းမင်းအုတ်ဂူတွင် ဆိုင်းဘုတ်များ စနစ်တကျရှိစေရေး၊ ဒင်္ဂါးသွန်းစက်ရုံအား ယခင်စက်ရုံလည်ပတ်စဉ်က ဆောင်ရွက်ခဲ့ သည့် ရှေးလက်ရာအတိုင်း ပြန်လည် ပြုပြင်မွမ်းမံထိန်းသိမ်းဆောင်ရွက်ရေး နှင့် ရှေးမူလက်ရာများ မပျောက်ပျက်အောင် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေး၊ ရွှေနန်းတော်ကြီး အဆောက်အဦများ ရေရှည်တည်တံ့စေရေး စနစ်တကျ ထိန်းသိမ်း ပြု ပြင်ရန် တို့အတွက် လိုအပ်သည်များအား မှာကြားခဲ့သည်။

မြနန်းစံကျော်ရွှေနန်းတော် ပရိဝုဏ်အတွင်း၌ အမြောက်ပြတိုက်ကို ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်အမြောက်များအား တစ်နေရာတည်းတွင် တစ်စု တစ်စည်းတည်း အများပြည်သူများ လေ့လာနိုင်စေရန်ရည်ရွယ်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်အချက်အရ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်နေ့ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမြောက်ပြတိုက် အတွင်း ရှေးဟောင်း အမြောက် ၃၀ လက်နှင် ဆက်စပ်ပစ္စည်းများကို စနစ်တကျ ခင်းကျင်းပြသထားရှိ ပြီး တပ်မတော်မှ ငွေကျပ်သိန်းပေါင်း ၃၅၀၀ ကျော်အကုန်အကျခံ ဆောက်လုပ်ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဖွင့်ပွဲနေ့တွင်ပင် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီး ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

(Zawgyi Version)

 

တိုင္းျပည္အတြက္ မျဖစ္သင့္သည္မ်ားကို မျဖစ္ေအာင္ကာကြယ္ေဆာင္႐ြက္ျခင္းသည္ ႏိုင္ငံေတာ္ကို ကာကြယ္ေနျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အေပၚ သစၥာေစာင့္သိရမည္ျဖစ္

ေနျပည္ေတာ္ ေမ ၁၈

တပ္မေတာ္အေနျဖင့္ ျပည္သူကေ႐ြးျခယ္ထားသည့္ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္း ခိုင္ခိုင္မာမာျဖစ္ေစရန္ ႏိုင္ငံေတာ္၏တာဝန္မ်ားကို ဥပေဒႏွင့္အညီ ေခတၱတာဝန္ယူထမ္းေဆာင္ေနျခင္းျဖစ္သျဖင့္ ေပးအပ္လာသည့္တာဝန္မ်ားကို ေက်ပြန္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ လက္ရွိျဖစ္ေပၚေနသည့္ အေျခအေန အရပ္ရပ္ကို ဆင္ျခင္သုံးသပ္ၿပီး ႏိုင္ငံေတာ္အတြက္ မျဖစ္သင့္တာ မျဖစ္ရေအာင္ ထိန္းသိမ္းေဆာင္႐ြက္ၾကရန္လိုေၾကာင္းႏွင့္ ႏိုင္ငံေတာ္ႏွင့္ တပ္မ ေတာ္အေပၚ သစၥာေစာင့္သိရမည္ျဖစ္ေၾကာင္းျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔မြန္းလြဲပိုင္းတြင္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ မႏၲေလး တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကား သည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီး ေဒၚၾကဴၾကဴလွ၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုဦးႏွင့္ မႏၲေလးတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က အမွာစကားေျပာၾကားရာတြင္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ျဖစ္ေပၚခဲ့သည့္ မသကၤာဖြယ္မဲစာရင္းမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္မွ စစ္ေဆးေဆာင္႐ြက္ခဲ့ေၾကာင္း၊ မဲစာရင္းမွားယြင္းမႈမ်ားကို ဒီမိုကေရစီ နည္းလမ္းမ်ားႏွင့္အညီ အတတ္ႏိုင္ဆုံး ေျဖရွင္းေဆာင္႐ြက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း မည္သို႔မွ် ေဆြးေႏြးညႇိႏႈိင္း ေျဖရွင္းမရသည့္အျပင္ တတိယအႀကိမ္လႊတ္ေတာ္ေခၚယူ၍ ႏိုင္ငံေတာ္၏အာဏာကို ဒီမိုကေရစီနည္းလမ္းႏွင့္ ညီၫြတ္မႈမရွိဘဲ အတင္းအဓမၼ ရယူရန္ ႀကံစည္ႀကိဳးပမ္းလာမႈမ်ားေၾကာင့္ တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ (၂၀၀၈ ခုႏွစ္)ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ယာယီသမၼတ၏ လႊဲအပ္ခ်က္အရ ႏိုင္ငံေတာ္၏တာဝန္မ်ားကို ထိန္းသိမ္းေဆာင္႐ြက္ေနရျခင္းျဖစ္ ေၾကာင္း၊ ေ႐ြးေကာက္ ပြဲမတိုင္မီတြင္လည္း လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ ပြဲျဖစ္ရန္ လိုအပ္ ေၾကာင္းကို မိမိအေနျဖင့္ အၿမဲတိုက္တြန္းေျပာၾကားခဲ့ေၾကာင္း။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္းၿပီး ႏိုင္ငံေတာ္ကို အဘက္ဘက္မွ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ တည္ေဆာက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ စစ္မွန္သည့္ ဒီမိုကေရစီျဖစ္ေစေရး၊ စည္းကမ္းရွိၿပီး ခိုင္မာသည့္ ဒီမိုကေရစီ ျဖစ္ေစေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိၿပီး ပထမဦးစားေပးအေနျဖင့္ မဲစာရင္းမ်ားကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ စိစစ္လ်က္ရွိၿပီး ေတြ႕ရွိခ်က္မ်ားကို ထုတ္ျပန္ေၾကညာလ်က္ရွိေၾကာင္း၊ COVID-19 ေရာဂါကာကြယ္တားဆီးေရးဆိုင္ရာမ်ားႏွင့္ ကာကြယ္ေဆးထိုးႏွံေရးဆိုင္ရာမ်ားကို လည္း ဆက္လက္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ ပိတ္ထားရသည့္ စာသင္ေက်ာင္းမ်ား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ေရး ႀကိဳးပမ္း ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ လက္ရွိအေျခအေနမ်ားအရ ေရာဂါျဖစ္ပြားမႈႏႈန္းေလ်ာ့က် လာၿပီျဖစ္သည့္အတြက္ ေက်ာင္းမ်ား အျမန္ဆုံးျပန္လည္ဖြင့္လွစ္ႏိုင္ရန္ အေျခအေန မ်ားရွိေနၿပီး သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားမွ ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ ေသာ္လည္း အခ်ိဳ႕ေသာ မသမာသူမ်ားက စာသင္ေက်ာင္းမ်ားအား မီးရႈိ႕ျခင္း၊ ဗုံးခြဲျခင္း၊ ဆရာ၊ ဆရာမႏွင့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအား ေက်ာင္းမတက္ႏိုင္ေစရန္ ၿခိမ္းေျခာက္ျခင္းတို႔ျဖင့္ ေႏွာင့္ယွက္ ဖ်က္ဆီးလ်က္ရွိေၾကာင္း၊ စာေပသင္ၾကားႏိုင္ရန္ စီစဥ္ေနျခင္းသည္ တစ္ႏိုင္ငံလုံးရွိ ေက်ာင္းေနအ႐ြယ္ ကေလးမ်ားအားလုံး စာေပ သင္ၾကားႏိုင္‌ေရး စီစဥ္ေဆာင္႐ြက္ေနျခင္းသာ ျဖစ္သျဖင့္ အဖ်က္အေမွာင့္ လုပ္ငန္းမ်ား လုပ္ေဆာင္ေနမႈမ်ားသည္ စိတ္ဓာတ္ မေကာင္းမြန္သည့္ လုပ္ရပ္ မ်ားျဖစ္သည္ကို ေတြ႕ျမင္ၾကရမည္ျဖစ္ေၾကာင္း။

ပညာေရးဝန္ထမ္းမ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားသည္ ျပည္သူလူထုအတြက္ စာေပသင္ၾကားေပးရန္ႏွင့္ ေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ေပးရန္ တာဝန္ရွိေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္တိုးတက္ေရး မလိုလားသူတို႔၏ ေသြးထိုးစကားမ်ားအရ CDM လႈပ္ရွားမႈမ်ားေၾကာင့္ အခ်ိဳ႕ေသာ ပညာေရးႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား လုပ္ငန္း ခြင္သို႔ ျပန္လည္ေရာက္ရွိလာျခင္းမရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ားအေန ျဖင့္ မိမိတို႔၏ တာဝန္ဝတၱရားႏွင့္ တစ္ဦးခ်င္း၏ စိတ္ခံစားခ်က္မ်ားကို ခြဲျခားရမည္ ျဖစ္ၿပီး ပါတီႏိုင္ငံေရးကင္းရွင္းရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ေဆးတပ္ဖြဲ႕ဝင္ မ်ားအေနျဖင့္ CDM လႈပ္ရွားမႈမ်ားေၾကာင့္ လိုအပ္ေနသည့္ ေနရာမ်ားတြင္ ေဆးဝါး ကုသမႈမ်ားကို သြားေရာက္ေဆာင္႐ြက္ေပးလ်က္ရွိသည္ကို ေတြ႕ျမင္ၾကရမည္ျဖစ္ ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းသည္ ၆၇ ဒသမ ၄ ႏွစ္ျဖစ္ၿပီး အသက္ ၅ ႏွစ္မတိုင္မီ ေသဆုံးမႈႏႈန္းျမင့္မားေနသည္ကို ေတြ႕ရွိရေၾကာင္း၊ ႏိုင္ငံ၏ က်န္းမာေရး က႑အတြက္ က်န္းမာေရးဝန္ထမ္းမ်ား အထူးလိုအပ္ေနခ်ိန္တြင္ ဝန္ထမ္းအခ်ိဳ႕ အေန ျဖင့္ လုပ္ငန္းခြင္ပ်က္ကြက္ေနျခင္းသည္ ေဆးဝန္ထမ္းတို႔၏ က်င့္ဝတ္ကို ေဖာက္ဖ်က္ ျခင္းပင္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္ က်န္းမာေရးႏွင့္ ပညာေရးက႑တို႔တြင္ ျမႇင့္တင္ေဆာင္႐ြက္မႈမ်ားႏွင့္ ျပဳျပင္ေျပာင္းလဲမႈမ်ား မ်ားစြာ လုပ္ေဆာင္ရန္ လိုအပ္ မည္ျဖစ္ေၾကာင္း။

မိမိတို႔တပ္မေတာ္သားမ်ားအေနျဖင့္ ျဖစ္ေပၚေနသည့္ ႏိုင္ငံေရးအေျခအေနမ်ား ကို သိရွိနားလည္ရမည္ျဖစ္ၿပီး တပ္မေတာ္၏ ဥပေဒအရလုပ္ေဆာင္ေနမႈမ်ားတြင္ ေပးအပ္ လာသည့္ တာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိကိုယ္ကို သစၥာရွိရန္၊ မိမိ တပ္အေပၚသစၥာရွိရန္၊ တပ္မေတာ္အေပၚ သစၥာရွိရန္ႏွင့္ ႏိုင္ငံေတာ္ အေပၚသစၥာေစာင့္ သိရမည္ျဖစ္ကာ တိုင္းျပည္ေကာင္းက်ိဳးကို သယ္ပိုး ေဆာင္႐ြက္ ၾကရ မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ႏွင့္ ျပည္သူျပည္သားမ်ား မျဖစ္သင့္မျဖစ္ထိုက္သည္ကို ကာကြယ္ေပးျခင္းသည္လည္း ႏိုင္ငံေတာ္ကို ကာကြယ္ျခင္းပင္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရး ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေရးအရ တည္ၿငိမ္ ေအးခ်မ္းရန္ႏွင့္ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ လိုအပ္သည့္အတြက္ ထာဝရၿငိမ္းခ်မ္းေရး ရရွိေအာင္ တပ္မေတာ္အေနျဖင့္ အၿမဲႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က စားေသာက္ဖြယ္ရာပစၥည္းမ်ားကို ေပးအပ္ရာ တိုင္းမႉးက လက္ခံရယူသည္။ ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးက တပ္နယ္ မိခင္ႏွင့္ ကေလးအသင္းအတြက္ ခ်ီးျမႇင့္‌ေငြ မ်ားကို ေပးအပ္ရာ တိုင္းမႉး၏ ဇနီးက လက္ခံရယူသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္မ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ကာ လိုအပ္သည္မ်ားကို ေမးျမန္း ျဖည့္ဆည္းေဆာင္႐ြက္ေပးခဲ့သည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မႏၲေလးၿမိဳ႕ ေရွးေဟာင္းအေမြအႏွစ္ နယ္ေျမျဖစ္သည့္ ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ ပရိဝုဏ္အတြင္းရွိ အေျမာက္ျပတိုက္၊ မင္းတုန္းမင္းအုတ္ဂူ၊ ဒဂၤါးသြန္းစက္႐ုံႏွင့္ ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ႀကီး တို႔သို႔ သြား ေရာက္ၾကည့္ရႈၾကရာ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ မႏၲေလးဌာနခြဲမွ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္း ျပသၾကသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မင္းတုန္းမင္းအုတ္ဂူတြင္ ဆိုင္းဘုတ္မ်ား စနစ္တက်ရွိေစေရး၊ ဒဂၤါးသြန္းစက္႐ုံအား ယခင္စက္႐ုံလည္ပတ္စဥ္က ေဆာင္႐ြက္ခဲ့ သည့္ ေရွးလက္ရာအတိုင္း ျပန္လည္ ျပဳျပင္မြမ္းမံထိန္းသိမ္းေဆာင္႐ြက္ေရး ႏွင့္ ေရွးမူလက္ရာမ်ား မေပ်ာက္ပ်က္ေအာင္ စနစ္တက်ထိန္းသိမ္းေစာင့္ေရွာက္ေရး၊ ေ႐ႊနန္းေတာ္ႀကီး အေဆာက္အဦမ်ား ေရရွည္တည္တံ့ေစေရး စနစ္တက် ထိန္းသိမ္း ျပဳ ျပင္ရန္ တို႔အတြက္ လိုအပ္သည္မ်ားအား မွာၾကားခဲ့သည္။

ျမနန္းစံေက်ာ္ေ႐ႊနန္းေတာ္ ပရိဝုဏ္အတြင္း၌ အေျမာက္ျပတိုက္ကို ေရွးေဟာင္းအေမြအႏွစ္ သမိုင္းဝင္အေျမာက္မ်ားအား တစ္ေနရာတည္းတြင္ တစ္စု တစ္စည္းတည္း အမ်ားျပည္သူမ်ား ေလ့လာႏိုင္ေစရန္ရည္႐ြယ္၍ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၏ လမ္းၫႊန္အခ်က္အရ ၂၀၂၀ ျပည့္ႏွစ္ ဩဂုတ္လ ၂၈ ရက္ေန႔ တြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အေျမာက္ျပတိုက္ အတြင္း ေရွးေဟာင္း အေျမာက္ ၃၀ လက္ႏွင္ ဆက္စပ္ပစၥည္းမ်ားကို စနစ္တက် ခင္းက်င္းျပသထားရွိ ၿပီး တပ္မေတာ္မွ ေငြက်ပ္သိန္းေပါင္း ၃၅၀၀ ေက်ာ္အကုန္အက်ခံ ေဆာက္လုပ္ထိန္းသိမ္းခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ ဖြင့္ပြဲေန႔တြင္ပင္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီး ဌာနသို႔ လႊဲေျပာင္းေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။