နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဝင်များနှင့် ဇနီးများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်

နေပြည်တော်၊ မေ – ၂၅

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်များအား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားအား ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မဟာဗောဓိ ညောင်ပင်များကို ညောင်ရေသွန်း လောင်းပူဇော်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်ဇနီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်ဇနီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်း အဖွဲ့များတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်ရန် နေရာယူကြရာ အခမ်းအနားမှူးက မဟာဗောဓိ ရုက္ခသိဉ္စနပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး သတ်မှတ်ထားသည့်နေရာများအလိုက် မဟာဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင်များအား လက်ယာရစ်လှည့်လည်ပူဇော်ကြ သည်။

ထို့ပြင် ဇေယျာသီရိမြို့နယ်၊ လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်ဟု” ဗျာဒိတ်တော်စကား မိန့်ကြားတော်မူ သောနေ့၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့၊ ဘုရားအဖြစ်ကို ရတော်မူသောနေ့၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောနေ့ စသည့်နေ့များအားလုံးသည် ကဆုန် လပြည့်နေ့များပင်ဖြစ်သဖြင့် “ဖွားမြင်ပွင့်စံ၊ ဗျာဒိတ်ခံ၊ မှတ်ရန်ကဆုန်၊ လပြည့်ကြုံ” ဟု လည်းကောင်း၊ “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”ဟုလည်းကောင်း မှတ်တမ်း ပြုကြပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက အထွတ်အမြတ် ထားခဲ့ကြ ကြောင်း၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားသာလျှင် မကဘဲ အခြားနှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားတို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ် တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ ပင်ဖြစ်၍ ကဆုန် လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော်တစ်ခုဖြစ်သည့် အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်း နှင့် ကဆုန် လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်း လောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရေများပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင် ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင်ပြင်ခြင်း စသည့် ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ေကာင္စီဝင္မ်ားႏွင့္ ဇနီးမ်ားက ကဆုန္ေညာင္ေရ သြန္းေလာင္းပူေဇာ္

ေနျပည္ေတာ္၊ ေမ – ၂၅

ဗုဒၶဘာသာျမန္မာလူမ်ိဳးတို႔၏ ၁၂ လရာသီပြဲေတာ္တြင္ တစ္ခုအပါအဝင္ျဖစ္သည့္ ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္၊ ကဆုန္လျပည့္ဗုဒၶေန႔ျဖစ္ေသာ ယေန႔တြင္က်ေရာက္သည့္ ကဆုန္ေညာင္ေရသြန္းပြဲေတာ္တြင္ ေနျပည္ေတာ္၊ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး ပရိဝုဏ္ေတာ္ေျမာက္ဘက္အရပ္ရွိ မဟာေဗာဓိေညာင္ပင္ေတာ္မ်ားအား (၁၃)ႀကိမ္ေျမာက္ ကဆုန္ေညာင္ေရသြန္းေလာင္း ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားအား ယေန႔ညေနပိုင္း၌ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔က မဟာေဗာဓိ ေညာင္ပင္မ်ားကို ေညာင္ေရသြန္း ေလာင္းပူေဇာ္ၾကသည္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ေကာင္စီ အဖြဲ႕ဝင္မ်ားႏွင့္ဇနီးမ်ား၊ အတြင္းေရးမႉးႏွင့္ဇနီး၊ တြဲဖက္အတြင္းေရးမႉးႏွင့္ဇနီး၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္၊ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒဆိုင္ရာခုံ႐ုံးဥကၠ႒၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ႏွင့္ဇနီး၊ ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠ႒၊ ေနျပည္ ေတာ္ေကာင္စီဥကၠ႒၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ႏွင့္ဇနီး၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ဥကၠ႒ႏွင့္ဇနီး၊ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ ဥကၠ႒၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီးႏွင့္ တာဝန္ရွိသူမ်ား၊ ဝတ္အသင္း အဖြဲ႕မ်ားတက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ဇနီး၊ ေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ဇနီးမ်ား၊ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး ပရိဝုဏ္ေတာ္အတြင္းရွိ မဟာေဗာဓိေညာင္ပင္မ်ားအား ေညာင္ေရသြန္းေလာင္းပူေဇာ္ရန္ ေနရာယူၾကရာ အခမ္းအနားမႉးက မဟာေဗာဓိ ႐ုကၡသိၪၥနပူဇာဂါထာေတာ္ကို ႐ြတ္ဖတ္ပူေဇာ္ၿပီး သတ္မွတ္ထားသည့္ေနရာမ်ားအလိုက္ မဟာေဗာဓိေညာင္ပင္မ်ားအား ေညာင္ေရသြန္းေလာင္းပူေဇာ္၍ အေမႊးနံ႔သာရည္မ်ား ပက္ဖ်န္းပူေဇာ္ၾကကာ မဟာေဗာဓိေညာင္ပင္မ်ားအား လက္ယာရစ္လွည့္လည္ပူေဇာ္ၾက သည္။

ထို႔ျပင္ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေလာကခ်မ္းသာဆုေတာင္းျပည့္အသင္းဘုရားႀကီးရွိ မဟာေဗာဓိေညာင္ပင္မ်ားကိုလည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး အမႉးျပဳသည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ခဲ့ၾကသည္။

ဒီပကၤရာျမတ္စြာဘုရားက ေဂါတမဘုရားအေလာင္းေတာ္ သုေမဓာရွင္ရေသ့အား “ဘဒၵကမာၻတြင္ ဘုရားအျဖစ္ကိုရလိမ့္မည္ဟု” ဗ်ာဒိတ္ေတာ္စကား မိန႔္ၾကားေတာ္မူ ေသာေန႔၊ ဘုရားအေလာင္းေတာ္သိဒၶတၳမင္းသား ဖြားျမင္ေသာေန႔၊ ဘုရားအျဖစ္ကို ရေတာ္မူေသာေန႔၊ ျမတ္စြာဘုရား ပရိနိဗၺာန္စံေတာ္မူေသာေန႔ စသည့္ေန႔မ်ားအားလုံးသည္ ကဆုန္ လျပည့္ေန႔မ်ားပင္ျဖစ္သျဖင့္ “ဖြားျမင္ပြင့္စံ၊ ဗ်ာဒိတ္ခံ၊ မွတ္ရန္ကဆုန္၊ လျပည့္ႀကဳံ” ဟု လည္းေကာင္း၊ “ဗ်ာဒိတ္ဖြားျမင္ ေဗာဓိပင္၊ စံဝင္နိဗၺာန္နန္း”ဟုလည္းေကာင္း မွတ္တမ္း ျပဳၾကၿပီး ကဆုန္လျပည့္ ဗုဒၶေန႔ဟူ၍ ဗုဒၶဘာသာဝင္မ်ားက အထြတ္အျမတ္ ထားခဲ့ၾက ေၾကာင္း၊ ကဆုန္လျပည့္ေန႔၏ ထူးျခားခ်က္မွာ ေဂါတမျမတ္စြာဘုရားသာလွ်င္ မကဘဲ အျခားႏွစ္က်ိပ္ရွစ္ဆူကုန္ေသာ ျမတ္စြာဘုရားတို႔၏ ဖြားျမင္ေတာ္မူေသာေန႔၊ ဘုရားျဖစ္ ေတာ္မူေသာေန႔၊ ပရိနိဗၺာန္ျပဳေသာေန႔မ်ားမွာလည္း ကဆုန္လျပည့္ေန႔ ပင္ျဖစ္၍ ကဆုန္ လျပည့္ေန႔ကို “ဗုဒၶေန႔”ဟု သတ္မွတ္ျခင္းျဖစ္ေၾကာင္း၊ ကဆုန္ေညာင္ေရသြန္းပြဲေတာ္သည္ ကုသိုလ္ယူဖြယ္ရာ၊ ဝမ္းသာၾကည္ႏူးဖြယ္ရာ ဘာသာေရးဆိုင္ရာပြဲေတာ္တစ္ခုျဖစ္သည့္ အျပင္ ျမန္မာ့ယဥ္ေက်းမႈအေမြအႏွစ္တစ္ရပ္အျဖစ္ က်င္းပျပဳလုပ္သည့္ ပြဲေတာ္ျဖစ္ေၾကာင္း ႏွင့္ ကဆုန္ လျပည့္ေန႔မတိုင္မီ တစ္ရက္အလိုတြင္ ေညာင္ေရသြန္း ေလာင္းၾကမည့္ ေညာင္ပင္မ်ားကို အေမႊးနံ႔သာေရမ်ားပက္ဖ်န္းေပးျခင္း၊ မဟာေဗာဓိပင္ ပလႅင္ေတာ္အား ၾကည္ညိဳစဖြယ္ျဖစ္ေအာင္ျပင္ျခင္း စသည့္ ကုသိုလ္ယူဖြယ္မ်ားကို ျပဳလုပ္ေလ့ရွိၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။