နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သံလွင်တံတား(ချောင်းဆုံ) ဆိုင်းဘုတ်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇွန် ၁

သံလွင်တံတား(ချောင်းဆုံ)ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် အမှာစကားပြောကြား သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ် ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များအား ဒေသခံတိုင်းရင်းသားပြည်သူများက ရိုးရာအကအလှများဖြင့် ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အခမ်းအနားကို စတင်ကျင်းပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် တံတားအမည် ပြောင်းလဲသတ်မှတ်ခြင်း အခမ်းအနားသည် မိမိတို့ နိုင်ငံတွင် လိုအပ်နေသည့် ငြိမ်းချမ်းရေး၏အခြေခံ စည်းလုံးညီညွတ်ခြင်း သဘော တရား၊ ဒီမိုကရေစီစနစ်၏အခြေခံ ဒေသခံပြည်သူလူထု ဆန္ဒသဘောထားများကို လက်တွေ့ဖော်ဆောင်ပေးသည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ယခု တံတားကို ဒေသခံပြည်သူများ၏ စိတ်သဘောဆန္ဒနှင့်အညီ စည်းလုံးညီညွတ်ရေး ကိုရှေးရှုပြီး မူလအမည် သံလွင်တံတား(ချောင်းဆုံ)အဖြစ် အမည်နာမ ပြန်လည်ပြောင်းလဲ သတ်မှတ်ခြင်းဖြစ်ကြောင်း။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် မြစ်ကူးတံတားများအနက် ယခု မြင်တွေ့နေရသည့် သံလွင်တံတား(ချောင်းဆုံ)သည် စတင်တည်ဆောက်စဉ် ကတည်း ကပင် သံလွင်မြစ်ကူးတံတား(ချောင်းဆုံ)အဖြစ် အမည်သတ်မှတ်ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စတင်တည်ဆောက်စဉ် ကတည်းက ထိုကဲ့သို့ အမည်ပေးထားခြင်းသည် ဒေသခံတိုင်းရင်းသားများ၏ သဘောထားဆန္ဒအပါအဝင် ဒေသနှင့်ကိုက်ညီသင့်လျော်သည့် အမည်နာမ ဖြစ်သည့်အတွက် သတ်မှတ်ခေါ်ဝေါ်စေခဲ့ခြင်းဖြစ်ပါကြောင်း။

ဒေသတစ်ခု စီးပွားရေးတိုးတက်ကောင်းမွန်စေရန်အတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အားရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်မှုနှင့် လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ပေးနိုင်မှုတို့သည် အဓိကကျ ပါကြောင်း၊ ချောင်းဆုံမြို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသော အချက် အလက်များ သင့်တင့်ပြည့်စုံမှုရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေးအရ ရေကြောင်း လမ်းကိုသာ အဓိကထားသုံးစွဲနေရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုတွင် မျှော်မှန်း သလောက် မရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် အဓိကထား အသုံးပြုနေရ သည့် သံလွင်မြစ်ကြောင်းသည်လည်း ရေစီးသန်သည့်မြစ်တစ်ခုဖြစ်သည့်အပြင် ပင်လယ် ရေပြင်နှင့် ထိစပ်နေသည့်အတွက် ဒီရေအတက်အကျများကြောင့် ရေကြောင်း ဆက်သွယ်သွားလာမှုတွင်လည်း ဘေးအန္တရာယ်အခက်အခဲများစွာနှင့် ရင်ဆိုင် ကြုံ တွေ့ခဲ့ရပါကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားပြီး ဒေသနှင့်မြို့နယ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသည့် ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရေး ဒီမိုကရေစီပထမအစိုးရသစ်(၂၀၁၀-၂၀၁၅) ခုနှစ်တွင် တံတားတည်ဆောက်ရေးအတွက် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆင့်ဆင့် ဆောင်ရွက်မှုများအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၇၀၀ သန်းဖြင့် ချဉ်းကပ်လမ်းများ ဖောက်လုပ်ခြင်း၊ မြေသားရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၂၀၀၀၀ ကိုအသုံးပြုပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၁၃၆၀ သန်း သုံးစွဲပြီး တံတားအား တည်ဆောက်ပြီးစီးဖွင့်လှစ်နိုင်သည်အထိ လျာထား ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုတံတားကြီးကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများပြီးစီးပြီး တံတား ကို စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊ မေလ ၉ ရက်နေ့အထိ စီမံကိန်းကာလ ၂ နှစ်နှင့် ၃ လကျော်အထိ အချိန်ယူတည် ဆောက်ခဲ့ရပါကြောင်း၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့ကို ဖြတ်သန်း ဖောက်လုပ်ထား သည့် တံတားအရှည်အနေဖြင့် ချဉ်းကပ်လမ်း စုစုပေါင်း မီတာ ၁၀၅၀၊ ပင်မတံတား အရှည် ၅၃၆ မီတာရှိသည့်အတွက် စုစုပေါင်းတံတားအရှည် ၁၅၈၆ မီတာ ရှည်လျားပါကြောင်း။

တစ်ဆက်တည်းအနေဖြင့် ဒီမိုကရေစီပထမအစိုးရသစ် (၂၀၁၀-၂၀၁၅)ခုနှစ် လက်ထက်တွင် ချောင်းဆုံမြို့နယ်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး အလေးပေး ဆောင်ရွက်ခဲ့သည်ကိုလည်း ထည့်သွင်းပြောကြားလိုပါကြောင်း၊ ယခုအမည် ပြန်လည် ပြောင်းလဲသည့် တံတားတည်ဆောက်နိုင်ရေးသာမကဘဲ ချောင်းဆုံမြို့နယ်အတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက်ကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ၆၆ KVA မဟာလျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းနိုင်ရေးကို ဆောင်ရွက်ခဲ့ပြီး စီမံကိန်း တန်ဖိုး ကျပ်သန်း ၃၄၀၀ အထိ အကုန်အကျခံ ဆောင်ရွက်ခဲ့ကြောင်း။

ယခုတံတားကြီး တံတားတည်ဆောက်ပြီးစီးချိန် ယခင်အစိုးရလက်ထက်တွင် ဖွင့်လှစ်ခဲ့ပြီး တံတားဖွင့်လှစ်စဉ်တွင် ၎င်းတို့ ပါတီပုံရိပ်အတွက် မူလသတ်မှတ်ထားသည့် အမည်အစား ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးပြီးဖွင့်လှစ်နိုင်ရေး ဦးတည်လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထို့သို့လုပ် ဆောင်လာမှုများ အပေါ် ကန့်ကွက်မှုများ ပေါ်ပေါက်လာချိန်တွင် မြန်မာ့နိုင်ငံရေးသမိုင်းမှာမရှိခဲ့သည့် တံတားအမည်ပေးအပ်ခြင်းကို လွှတ်တော်သို့ တင်ပြမဲခွဲအတည်ပြုခဲ့ရသည်အထိ မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ ထိုသို့ လွှတ်တော်တွင် အဆိုတင်မဲခွဲစဉ်ကလည်း ဒေသနှင့် တိုင်းရင်းသား ကိုယ်စားပြုပါတီကိုယ်စားလှယ်များ၊ ပါတီအသီးသီးမှလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံပြည်သူ လူထု၏အသံကို ထင်ဟပ်စေသည့် မူလပေးအပ်ထားသည့် အမည်ကိုသာပေးအပ်ရန် ဆွေး နွေး ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း အာဏာရပါတီအနေဖြင့် ကိုယ်စားလှယ် အင်အားသာလွန်မှုနှင့် ဒီမိုကရေစီစနစ်ကို လက်တစ်လုံးခြား ပြုလုပ်ပြီး တံတား အမည်ပေးအပ်မှုအား ရှေ့တိုးဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ထိုကဲ့သို့ တံတားအမည်ပေးအပ်ခဲ့မှုအပေါ် ပြည်သူလူထု၏ ကန့်ကွက်ဆန္ဒပြမှု များ၊ ဆန့်ကျင်သည့်လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ရပြီး ကန့်ကွက်လက်မှတ် ရေးထိုး ကောက်ယူမှု ဆောင်ရွက်ခဲ့သည့်နေရာတွင်လည်း လက်မှတ်ပေါင်း တစ်သိန်းခွဲခန့်အထိ ရရှိခဲ့သည်ဟု သိရှိရပါကြောင်း၊ ထို့အပြင် တံတားအမည်ပေးအပ်မှုကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူမပြုသည့်အပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ထိခိုက်စေနိုင်သည့်အတွက် ပြန်လည်သုံးသပ်ပေးနိုင်ရေး နိုင်ငံရေးပါတီ ၁၄ ခုက ကြေညာချက် ထုတ်ပြန်ခဲ့သည်ကိုလည်း မှတ်သားမိပါကြောင်း။

ဗိုလ်ချုပ်အောင်ဆန်းသည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးဖခင် အမျိုးသား ခေါင်းဆောင် ဖြစ်သကဲ့သို့ တပ်မတော်၏ဖခင်လည်း ဖြစ်ပါကြောင်း၊ မိမိတို့သည် မိမိတို့ လေးစားကြည်ညိုရသူများ၏ပုံရိပ်ဆိုခြင်းထက် ၎င်းတို့၏လမ်းစဉ်၊ ၎င်းတို့၏စကား များကို ပို၍အလေးထား လိုက်နာဆောင်ရွက်ခြင်းသည် ၎င်းတို့၏ ဂုဏ်ကို မြှင့်တင်ရာ ရောက်မည်ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုသည့် အမည်သည် မြန်မာ့ လွတ်လပ်ရေးသမိုင်းတွင် အထင်ကရတည်တံ့နေမည့်အမည်ဖြစ်သကဲ့သို့ ယခုတံတား အမည် ပြောင်းလဲသတ်မှတ်မှုသည်လည်း ဗိုလ်ချုပ် အောင်ဆန်း လိုလားတောင့်တခဲ့ သည့် တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေးကို ခိုင်ခိုင်မာမာ ဖြစ်စေ မည် ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့် မလိုလားသော်လည်း ယခင်အစိုးရ သည် ၎င်းတို့ပါတီပုံရိပ်အတွက် ဗိုလ်ချုပ် အောင်ဆန်း တံတားအဖြစ် အမည်ပေးအပ် ခဲ့သည့်အတွက် ယနေ့တွင် ဒေသခံပြည်သူလူထု၏ လိုအင်ဆန္ဒအတိုင်း တံတား၏ မူလအမည်ဖြစ်သည့် သံလွင်တံတား(ချောင်းဆုံ)အဖြစ် ပြန်လည် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။

မွန်ပြည်နယ်သည် ခရိုင်(၂)ခု၊ မြို့နယ်ပေါင်း(၁၀)မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ယခု ဘီလူးကျွန်းပေါ်တွင် တည်ထားသည့် ချောင်းဆုံတစ်မြို့နယ်တည်းသာလျင် ကားလမ်း နှင့် တစ်ဆက်တစ်စပ်တည်း သွားလာ၍မရဘဲ ရေလမ်းခရီးကိုသာ အဓိကထား သွားလာရသည့်မြို့ဖြစ်ပါကြောင်း၊ ကျေးရွာပေါင်း ၇၂ ရွာနှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ကျွန်းမြို့ကလေးတစ်မြို့သာ ဖြစ်သော်လည်း ကမ္ဘာမှာပါ ထင်ရှား ကျော်ကြားခဲ့သည့် ကျေးရွာများဖြင့် ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာကျော်ခဲ့သည့် ဆေးတံထွက်ရှိရာ ဒေသဖြစ်သည့်အပြင် ကျောက်သင်ပုန်း၊ လက်မှု ပညာရပ်များသာမက မြေဆီမြေဩဇာ ထက်သန်ကောင်းမွန်မှုကြောင့် မြန်မာနိုင်ငံ တွင် အကောင်းဆုံး ဆန်စပါးထွက်ရှိရာ မြို့နယ်များအနက် တစ်မြို့နယ်အဖြစ် ပါဝင်လျက် ရှိ သည်ကို မှတ်တမ်းတင် ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ မြေအနေအထားကောင်းမွန်မှု၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်မှု၊ လျှပ်စစ်မီးရရှိနိုင်မှု၊ လူသားအရင်းအမြစ်ကောင်း မွန်မှုများကြောင့် ချောင်းဆုံဒေသတွင် စက်မှုလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ဒေသ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုတို့တွင် များစွာအကျိုးရှိနိုင်မည်ဟု ပြောလိုပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယာယီသမ္မတ၏ တာဝန်ပေးအပ် ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ နိုင်ငံတော်ကို အရေးပေါ် အခြေ အနေအဖြစ် ကြေညာပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ နိုင်ငံတော် တာဝန်များကို ခေတ္တတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် ကာလ အတွင်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ လိုအပ် ချက်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ တပ်မတော်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ပါကြောင်း၊ ဒေသခံများ၏ လိုအင်ဆန္ဒနှင့်အညီ အမည်ပြန်လည်ပြောင်းလဲသတ်မှတ်ခဲ့သည့် သံလွင် တံတား(ချောင်းဆုံ)ကို အကျိုးရှိစွာ အသုံးချပြီး ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်ပေါင်းစုံတွင် ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက် သွားကြစေလိုပါကြောင်း၊ ထို့အပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက် မှု အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာစေရေးအတွက် “We Are Myanmar” “ငါတို့အားလုံး မြန်မာ” ဆိုသည့် စိတ်ကိုထားရှိပြီး နိုင်ငံအကျိုး၊ တိုင်းပြည်ကောင်းကျိုးအတွက် နိုင်ရာ တာဝန်များကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ချောင်းဆုံမြို့နယ်သည် ယခင်က ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုသွားလာနေရခြင်းဖြစ်သဖြင့် သွားလာမှုခက်ခဲ ခဲ့ကြောင်း၊ ယခင်ဒီမိုကရေစီပထမ အစိုးရလက်ထက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်၌ ချောင်းဆုံမြို့နယ်အတွင်းသွားလာမှုအဆင်ပြေစေရန်အတွက် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ဆန္ဒနှင့်အညီ သံလွင်တံတား(ချောင်းဆုံ) အမည်ဖြင့် အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ချောင်းဆုံမြို့နယ် အတွင်း လျှပ်စစ်မီးရရှိရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့သဖြင့် ဒေသခံတိုင်းရင်း သားများ၏ တစ်ပိုင်တစ်နိုင် စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တံတားဆောက်လုပ်ပြီးစီးသည့် အချိန်တွင် ယခင်အစိုးရမှ တံတား၏အမည်အား ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကန့်ကွက်မှုများကို အလေး မထားဘဲ ၎င်းတို့၏သဘောဆန္ဒနှင့်အညီ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒေသခံပြည်သူများ၏ သဘောထားဆန္ဒ နှင့်အညီ တံတားအမည်အား မူလအမည်ဖြစ်သည့် သံလွင်တံတား(ချောင်းဆုံ) ဟု ပြန်လည်သတ်မှတ်ဆောင်ရွက်ပေးသည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ ကိုယ်စား များစွာကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က သံလွင်တံတား(ချောင်းဆုံ)ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ကမ္ဗည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးကြပြီး တံတားကြီးအား ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည်များ အား မှာကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အခမ်းအနားမှ ပြန်လည်ထွက်ခွာရာ ဒေသခံ တိုင်းရင်းသားပြည်သူများက ရိုးရာအကအလှများဖြင့် ခင်မင်ရင်းနှီးစွာ လက်ဝှေ့ ရမ်းပြ နှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သံလြင္တံတား(ေခ်ာင္းဆုံ) ဆိုင္းဘုတ္ဖြင့္လွစ္ျခင္းအခမ္းအနားသို႔ တက္ေရာက္အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဇြန္ ၁

သံလြင္တံတား(ေခ်ာင္းဆုံ)ဆိုင္းဘုတ္ဖြင့္လွစ္ျခင္း အခမ္းအနားကို ယေန႔နံနက္ ပိုင္းတြင္ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တက္ေရာက္ အမွာ စကားေျပာၾကား သည္။

အဆိုပါ အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဇနီးေဒၚၾကဴၾကဴလွ၊ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ေဒါက္တာ ဗညားေအာင္မိုး၊ ေကာင္စီ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ ၾကသည့္ ေဒါက္တာ ၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ မြန္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေဇာ္လင္းထြန္း၊ အေရွ႕ ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုေမာင္၊ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအဖြဲ႕ဝင္မ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေဒသခံတိုင္းရင္းသားျပည္သူ မ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ေဒသခံတိုင္းရင္းသားျပည္သူမ်ားက ႐ိုးရာအကအလွမ်ားျဖင့္ ရင္းႏွီးေႏြးေထြးစြာ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ အခမ္းအနားကို စတင္က်င္းျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ယေန႔ျပဳလုပ္သည့္ တံတားအမည္ ေျပာင္းလဲသတ္မွတ္ျခင္း အခမ္းအနားသည္ မိမိတို႔ ႏိုင္ငံတြင္ လိုအပ္ေနသည့္ ၿငိမ္းခ်မ္းေရး၏အေျခခံ စည္းလုံးညီၫြတ္ျခင္း သေဘာ တရား၊ ဒီမိုကေရစီစနစ္၏အေျခခံ ေဒသခံျပည္သူလူထု ဆႏၵသေဘာထားမ်ားကို လက္ေတြ႕ေဖာ္ေဆာင္ေပးသည့္ အခမ္းအနားတစ္ခုျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ယခု တံတားကို ေဒသခံျပည္သူမ်ား၏ စိတ္သေဘာဆႏၵႏွင့္အညီ စည္းလုံးညီၫြတ္ေရး ကိုေရွးရႈၿပီး မူလအမည္ သံလြင္တံတား(ေခ်ာင္းဆုံ)အျဖစ္ အမည္နာမ ျပန္လည္ေျပာင္းလဲ သတ္မွတ္ျခင္းျဖစ္ေၾကာင္း။

သံလြင္ျမစ္ေပၚတြင္ တည္ေဆာက္ထားသည့္ ျမစ္ကူးတံတားမ်ားအနက္ ယခု ျမင္ေတြ႕ေနရသည့္ သံလြင္တံတား(ေခ်ာင္းဆုံ)သည္ စတင္တည္ေဆာက္စဥ္ ကတည္း ကပင္ သံလြင္ျမစ္ကူးတံတား(ေခ်ာင္းဆုံ)အျဖစ္ အမည္သတ္မွတ္ၿပီး တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ စတင္တည္ေဆာက္စဥ္ ကတည္းက ထိုကဲ့သို႔ အမည္ေပးထားျခင္းသည္ ေဒသခံတိုင္းရင္းသားမ်ား၏ သေဘာထားဆႏၵအပါအဝင္ ေဒသႏွင့္ကိုက္ညီသင့္ေလ်ာ္သည့္ အမည္နာမ ျဖစ္သည့္အတြက္ သတ္မွတ္ေခၚေဝၚေစခဲ့ျခင္းျဖစ္ပါေၾကာင္း။

ေဒသတစ္ခု စီးပြားေရးတိုးတက္ေကာင္းမြန္ေစရန္အတြက္ လုံေလာက္သည့္ လွ်ပ္စစ္ဓာတ္အားရရွိမႈ၊ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္မႈ၊ ဆက္သြယ္ေရးစနစ္ ေကာင္းမြန္မႈႏွင့္ လူ႔စြမ္းအား အရင္းအျမစ္မ်ားေမြးထုတ္ေပးႏိုင္မႈတို႔သည္ အဓိကက် ပါေၾကာင္း၊ ေခ်ာင္းဆုံၿမိဳ႕အေနျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အျခားေသာ အခ်က္ အလက္မ်ား သင့္တင့္ျပည့္စုံမႈရွိေနေသာ္လည္း လမ္းပန္းဆက္သြယ္ေရးအရ ေရေၾကာင္း လမ္းကိုသာ အဓိကထားသုံးစြဲေနရသည့္အတြက္ ဖြံ႕ၿဖိဳးတိုးတက္မႈတြင္ ေမွ်ာ္မွန္း သေလာက္ မရရွိခဲ့သည္ကို ေတြ႕ရွိရပါေၾကာင္း၊ ထို႔အျပင္ အဓိကထား အသုံးျပဳေနရ သည့္ သံလြင္ျမစ္ေၾကာင္းသည္လည္း ေရစီးသန္သည့္ျမစ္တစ္ခုျဖစ္သည့္အျပင္ ပင္လယ္ ေရျပင္ႏွင့္ ထိစပ္ေနသည့္အတြက္ ဒီေရအတက္အက်မ်ားေၾကာင့္ ေရေၾကာင္း ဆက္သြယ္သြားလာမႈတြင္လည္း ေဘးအႏၲရာယ္အခက္အခဲမ်ားစြာႏွင့္ ရင္ဆိုင္ ႀကဳံ ေတြ႕ခဲ့ရပါေၾကာင္း၊ ယင္းအခက္အခဲမ်ားကို ေက်ာ္လႊားၿပီး ေဒသႏွင့္ၿမိဳ႕နယ္ ဖြံ႕ၿဖိဳး တိုးတက္ေစေရးအတြက္ လိုအပ္လ်က္ရွိသည့္ ကြက္လပ္ကို ျဖည့္ဆည္းေပးႏိုင္ေရး ဒီမိုကေရစီပထမအစိုးရသစ္(၂၀၁၀-၂၀၁၅) ခုႏွစ္တြင္ တံတားတည္ေဆာက္ေရးအတြက္ စတင္ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ အဆင့္ဆင့္ ေဆာင္႐ြက္မႈမ်ားအေနျဖင့္ ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္တြင္ ေငြက်ပ္ ၃၇၀၀ သန္းျဖင့္ ခ်ဥ္းကပ္လမ္းမ်ား ေဖာက္လုပ္ျခင္း၊ ေျမသားရွင္းလင္းေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ၂၀၁၅-၂၀၁၆ ခုႏွစ္ ဘ႑ာေရးႏွစ္တြင္ ေငြက်ပ္သန္း ၂၀၀၀၀ ကိုအသုံးျပဳၿပီး တံတားတည္ေဆာက္ေရး လုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္ရန္ႏွင့္ ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္တြင္ ေငြက်ပ္ ၃၁၃၆၀ သန္း သုံးစြဲၿပီး တံတားအား တည္ေဆာက္ၿပီးစီးဖြင့္လွစ္ႏိုင္သည္အထိ လ်ာထား ေဆာင္႐ြက္ခဲ့ပါေၾကာင္း။

ယခုတံတားႀကီးကို ၂၀၁၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔တြင္ စတင္ ေဆာင္႐ြက္ခဲ့ၿပီး စီမံကိန္းလုပ္ငန္းမ်ားၿပီးစီးၿပီး တံတား ကို စတင္ဖြင့္လွစ္ခဲ့သည့္ ၂၀၁၇ ခုႏွစ္၊ ေမလ ၉ ရက္ေန႔အထိ စီမံကိန္းကာလ ၂ ႏွစ္ႏွင့္ ၃ လေက်ာ္အထိ အခ်ိန္ယူတည္ ေဆာက္ခဲ့ရပါေၾကာင္း၊ ေမာ္လၿမိဳင္ၿမိဳ႕ႏွင့္ ေခ်ာင္းဆုံၿမိဳ႕ကို ျဖတ္သန္း ေဖာက္လုပ္ထား သည့္ တံတားအရွည္အေနျဖင့္ ခ်ဥ္းကပ္လမ္း စုစုေပါင္း မီတာ ၁၀၅၀၊ ပင္မတံတား အရွည္ ၅၃၆ မီတာရွိသည့္အတြက္ စုစုေပါင္းတံတားအရွည္ ၁၅၈၆ မီတာ ရွည္လ်ားပါေၾကာင္း။

တစ္ဆက္တည္းအေနျဖင့္ ဒီမိုကေရစီပထမအစိုးရသစ္ (၂၀၁၀-၂၀၁၅)ခုႏွစ္ လက္ထက္တြင္ ေခ်ာင္းဆုံၿမိဳ႕နယ္ႏွင့္ ေဒသတြင္းဖြံ႕ၿဖိဳးတိုးတက္မႈရရွိေစေရး အေလးေပး ေဆာင္႐ြက္ခဲ့သည္ကိုလည္း ထည့္သြင္းေျပာၾကားလိုပါေၾကာင္း၊ ယခုအမည္ ျပန္လည္ ေျပာင္းလဲသည့္ တံတားတည္ေဆာက္ႏိုင္ေရးသာမကဘဲ ေခ်ာင္းဆုံၿမိဳ႕နယ္အတြက္ လိုအပ္လ်က္ရွိသည့္ လွ်ပ္စစ္ဓာတ္အား ရရွိေစေရးအတြက္ကိုလည္း ဟန္ခ်က္ညီ ေဆာင္႐ြက္ေပးခဲ့သည္ကို ေတြ႕ရွိရမည္ျဖစ္ပါေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားရရွိႏိုင္ေရး ၆၆ KVA မဟာလွ်ပ္စစ္ဓာတ္အားလိုင္း သြယ္တန္းႏိုင္ေရးကို ေဆာင္႐ြက္ခဲ့ၿပီး စီမံကိန္း တန္ဖိုး က်ပ္သန္း ၃၄၀၀ အထိ အကုန္အက်ခံ ေဆာင္႐ြက္ခဲ့ေၾကာင္း။

ယခုတံတားႀကီး တံတားတည္ေဆာက္ၿပီးစီးခ်ိန္ ယခင္အစိုးရလက္ထက္တြင္ ဖြင့္လွစ္ခဲ့ၿပီး တံတားဖြင့္လွစ္စဥ္တြင္ ၎တို႔ ပါတီပုံရိပ္အတြက္ မူလသတ္မွတ္ထားသည့္ အမည္အစား ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားအျဖစ္ အမည္ေပးၿပီးဖြင့္လွစ္ႏိုင္ေရး ဦးတည္လုပ္ေဆာင္လာခဲ့သည္ကို ေတြ႕ရွိခဲ့ရပါေၾကာင္း၊ ထို႔သို႔လုပ္ ေဆာင္လာမႈမ်ား အေပၚ ကန႔္ကြက္မႈမ်ား ေပၚေပါက္လာခ်ိန္တြင္ ျမန္မာ့ႏိုင္ငံေရးသမိုင္းမွာမရွိခဲ့သည့္ တံတားအမည္ေပးအပ္ျခင္းကို လႊတ္ေတာ္သို႔ တင္ျပမဲခြဲအတည္ျပဳခဲ့ရသည္အထိ မွတ္တမ္းဝင္ခဲ့ပါေၾကာင္း၊ ထိုသို႔ လႊတ္ေတာ္တြင္ အဆိုတင္မဲခြဲစဥ္ကလည္း ေဒသႏွင့္ တိုင္းရင္းသား ကိုယ္စားျပဳပါတီကိုယ္စားလွယ္မ်ား၊ ပါတီအသီးသီးမွလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေဒသခံျပည္သူ လူထု၏အသံကို ထင္ဟပ္ေစသည့္ မူလေပးအပ္ထားသည့္ အမည္ကိုသာေပးအပ္ရန္ ေဆြး ေႏြး ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ သို႔ေသာ္လည္း အာဏာရပါတီအေနျဖင့္ ကိုယ္စားလွယ္ အင္အားသာလြန္မႈႏွင့္ ဒီမိုကေရစီစနစ္ကို လက္တစ္လုံးျခား ျပဳလုပ္ၿပီး တံတား အမည္ေပးအပ္မႈအား ေရွ႕တိုးေဆာင္႐ြက္ခဲ့သည္ကို ေတြ႕ရွိရပါေၾကာင္း။

ထိုကဲ့သို႔ တံတားအမည္ေပးအပ္ခဲ့မႈအေပၚ ျပည္သူလူထု၏ ကန႔္ကြက္ဆႏၵျပမႈ မ်ား၊ ဆန႔္က်င္သည့္လႈပ္ရွားမႈမ်ား ေပၚေပါက္ခဲ့ရၿပီး ကန႔္ကြက္လက္မွတ္ ေရးထိုး ေကာက္ယူမႈ ေဆာင္႐ြက္ခဲ့သည့္ေနရာတြင္လည္း လက္မွတ္ေပါင္း တစ္သိန္းခြဲခန႔္အထိ ရရွိခဲ့သည္ဟု သိရွိရပါေၾကာင္း၊ ထို႔အျပင္ တံတားအမည္ေပးအပ္မႈေၾကာင့္ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးကို အေထာက္အကူမျပဳသည့္အျပင္ တိုင္းရင္းသား စည္းလုံး ညီၫြတ္မႈကို ထိခိုက္ေစႏိုင္သည့္အတြက္ ျပန္လည္သုံးသပ္ေပးႏိုင္ေရး ႏိုင္ငံေရးပါတီ ၁၄ ခုက ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္ကိုလည္း မွတ္သားမိပါေၾကာင္း။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ မိမိတို႔ႏိုင္ငံ၏ လြတ္လပ္ေရးဖခင္ အမ်ိဳးသား ေခါင္းေဆာင္ ျဖစ္သကဲ့သို႔ တပ္မေတာ္၏ဖခင္လည္း ျဖစ္ပါေၾကာင္း၊ မိမိတို႔သည္ မိမိတို႔ ေလးစားၾကည္ညိဳရသူမ်ား၏ပုံရိပ္ဆိုျခင္းထက္ ၎တို႔၏လမ္းစဥ္၊ ၎တို႔၏စကား မ်ားကို ပို၍အေလးထား လိုက္နာေဆာင္႐ြက္ျခင္းသည္ ၎တို႔၏ ဂုဏ္ကို ျမႇင့္တင္ရာ ေရာက္မည္ျဖစ္ပါေၾကာင္း၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဆိုသည့္ အမည္သည္ ျမန္မာ့ လြတ္လပ္ေရးသမိုင္းတြင္ အထင္ကရတည္တံ့ေနမည့္အမည္ျဖစ္သကဲ့သို႔ ယခုတံတား အမည္ ေျပာင္းလဲသတ္မွတ္မႈသည္လည္း ဗိုလ္ခ်ဳပ္ ေအာင္ဆန္း လိုလားေတာင့္တခဲ့ သည့္ တိုင္းရင္းသားမ်ား အခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈရွိေစေရးကို ခိုင္ခိုင္မာမာ ျဖစ္ေစ မည္ ျဖစ္ပါေၾကာင္း၊ ေဒသခံျပည္သူလူထုအေနျဖင့္ မလိုလားေသာ္လည္း ယခင္အစိုးရ သည္ ၎တို႔ပါတီပုံရိပ္အတြက္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း တံတားအျဖစ္ အမည္ေပးအပ္ ခဲ့သည့္အတြက္ ယေန႔တြင္ ေဒသခံျပည္သူလူထု၏ လိုအင္ဆႏၵအတိုင္း တံတား၏ မူလအမည္ျဖစ္သည့္ သံလြင္တံတား(ေခ်ာင္းဆုံ)အျဖစ္ ျပန္လည္ သတ္မွတ္ေပးခဲ့ျခင္း ျဖစ္ပါေၾကာင္း။

မြန္ျပည္နယ္သည္ ခ႐ိုင္(၂)ခု၊ ၿမိဳ႕နယ္ေပါင္း(၁၀)ၿမိဳ႕နယ္ျဖင့္ ဖြဲ႕စည္းထားၿပီး ယခု ဘီလူးကြၽန္းေပၚတြင္ တည္ထားသည့္ ေခ်ာင္းဆုံတစ္ၿမိဳ႕နယ္တည္းသာလ်င္ ကားလမ္း ႏွင့္ တစ္ဆက္တစ္စပ္တည္း သြားလာ၍မရဘဲ ေရလမ္းခရီးကိုသာ အဓိကထား သြားလာရသည့္ၿမိဳ႕ျဖစ္ပါေၾကာင္း၊ ေက်း႐ြာေပါင္း ၇၂ ႐ြာႏွင့္ ဖြဲ႕စည္း တည္ေဆာက္ ထားသည့္ ကြၽန္းၿမိဳ႕ကေလးတစ္ၿမိဳ႕သာ ျဖစ္ေသာ္လည္း ကမာၻမွာပါ ထင္ရွား ေက်ာ္ၾကားခဲ့သည့္ ေက်း႐ြာမ်ားျဖင့္ ပါဝင္ဖြဲ႕စည္းထားသည္ကို ေတြ႕ရွိရပါေၾကာင္း၊ ကမာၻေက်ာ္ခဲ့သည့္ ေဆးတံထြက္ရွိရာ ေဒသျဖစ္သည့္အျပင္ ေက်ာက္သင္ပုန္း၊ လက္မႈ ပညာရပ္မ်ားသာမက ေျမဆီေျမဩဇာ ထက္သန္ေကာင္းမြန္မႈေၾကာင့္ ျမန္မာႏိုင္ငံ တြင္ အေကာင္းဆုံး ဆန္စပါးထြက္ရွိရာ ၿမိဳ႕နယ္မ်ားအနက္ တစ္ၿမိဳ႕နယ္အျဖစ္ ပါဝင္လ်က္ ရွိ သည္ကို မွတ္တမ္းတင္ ဂုဏ္ျပဳေျပာၾကားလိုပါေၾကာင္း၊ ေျမအေနအထားေကာင္းမြန္မႈ၊ လမ္းပန္းဆက္သြယ္မႈ ေကာင္းမြန္မႈ၊ လွ်ပ္စစ္မီးရရွိႏိုင္မႈ၊ လူသားအရင္းအျမစ္ေကာင္း မြန္မႈမ်ားေၾကာင့္ ေခ်ာင္းဆုံေဒသတြင္ စက္မႈလုပ္ငန္းေဆာင္႐ြက္မည္ဆိုပါက ေဒသ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ အလုပ္အကိုင္အခြင့္အလမ္းရရွိမႈတို႔တြင္ မ်ားစြာအက်ိဳးရွိႏိုင္မည္ဟု ေျပာလိုပါေၾကာင္း။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ယာယီသမၼတ၏ တာဝန္ေပးအပ္ ခ်က္အရ ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ႏွင့္အညီ ႏိုင္ငံေတာ္ကို အေရးေပၚ အေျခ အေနအျဖစ္ ေၾကညာၿပီး ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွစတင္၍ ႏိုင္ငံေတာ္ တာဝန္မ်ားကို ေခတၱတာဝန္ယူ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ တာဝန္ထမ္းေဆာင္ေနသည့္ ကာလ အတြင္း ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္နဲ႔ ဦးတည္ခ်က္ ၉ ရပ္ကို ခ်မွတ္ကာ ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းၿပီး ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေစရန္ ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိပါ ေၾကာင္း၊ ခ်မွတ္ထားသည့္ ေရွ႕လုပ္ငန္းစဥ္မ်ားႏွင့္ ဦးတည္ခ်က္မ်ားကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ေရး ေဆာင္႐ြက္ရာတြင္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား၏ လိုအပ္ ခ်က္မ်ားကို တတ္ႏိုင္သေ႐ြ႕ ျဖည့္ဆည္းေဆာင္႐ြက္ ေပးႏိုင္ေရး ဦးစားေပးအျဖစ္ သတ္မွတ္ေဆာင္႐ြက္လ်က္ရွိသည္ကို ေျပာၾကားလိုပါေၾကာင္း။

ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ၊ တပ္မေတာ္အေနျဖင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုကို ခိုင္ခိုင္မာမာ အာမခံထားၿပီး ျဖစ္ပါေၾကာင္း၊ ေဒသခံမ်ား၏ လိုအင္ဆႏၵႏွင့္အညီ အမည္ျပန္လည္ေျပာင္းလဲသတ္မွတ္ခဲ့သည့္ သံလြင္ တံတား(ေခ်ာင္းဆုံ)ကို အက်ိဳးရွိစြာ အသုံးခ်ၿပီး ေဒသတြင္း စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး အစရွိသည့္ နယ္ပယ္ေပါင္းစုံတြင္ ဖြံၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ သြားၾကေစလိုပါေၾကာင္း၊ ထို႔အျပင္ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ မႈ အရွိန္အဟုန္ျဖင့္ ျဖစ္ေပၚလာေစေရးအတြက္ “We Are Myanmar” “ငါတို႔အားလုံး ျမန္မာ” ဆိုသည့္ စိတ္ကိုထားရွိၿပီး ႏိုင္ငံအက်ိဳး၊ တိုင္းျပည္ေကာင္းက်ိဳးအတြက္ ႏိုင္ရာ တာဝန္မ်ားကို ႀကိဳးပမ္းေဆာင္႐ြက္သြားၾကေစလိုပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ မြန္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေဇာ္လင္းထြန္း က ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားရာတြင္ ေခ်ာင္းဆုံၿမိဳ႕နယ္သည္ ယခင္က ေရလမ္းတစ္ခုတည္းကိုသာ အသုံးျပဳသြားလာေနရျခင္းျဖစ္သျဖင့္ သြားလာမႈခက္ခဲ ခဲ့ေၾကာင္း၊ ယခင္ဒီမိုကေရစီပထမ အစိုးရလက္ထက္ ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္၏ ခရီးစဥ္၌ ေခ်ာင္းဆုံၿမိဳ႕နယ္အတြင္းသြားလာမႈအဆင္ေျပေစရန္အတြက္ ေဒသခံ တိုင္းရင္းသားျပည္သူမ်ား၏ဆႏၵႏွင့္အညီ သံလြင္တံတား(ေခ်ာင္းဆုံ) အမည္ျဖင့္ အေကာင္အထည္ေဖာ္တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထို႔အျပင္ ေခ်ာင္းဆုံၿမိဳ႕နယ္ အတြင္း လွ်ပ္စစ္မီးရရွိေရးအတြက္လည္း ေဆာင္႐ြက္ေပးခဲ့သျဖင့္ ေဒသခံတိုင္းရင္း သားမ်ား၏ တစ္ပိုင္တစ္ႏိုင္ စက္မႈကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား အဆင္ေျပစြာ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း၊ တံတားေဆာက္လုပ္ၿပီးစီးသည့္ အခ်ိန္တြင္ ယခင္အစိုးရမွ တံတား၏အမည္အား ေဒသခံတိုင္းရင္းသားျပည္သူမ်ား၏ ကန႔္ကြက္မႈမ်ားကို အေလး မထားဘဲ ၎တို႔၏သေဘာဆႏၵႏွင့္အညီ ေျပာင္းလဲသတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခု အခါ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ေဒသခံျပည္သူမ်ား၏ သေဘာထားဆႏၵ ႏွင့္အညီ တံတားအမည္အား မူလအမည္ျဖစ္သည့္ သံလြင္တံတား(ေခ်ာင္းဆုံ) ဟု ျပန္လည္သတ္မွတ္ေဆာင္႐ြက္ေပးသည့္အတြက္ ေဒသခံတိုင္းရင္းသားျပည္သူမ်ား ကိုယ္စား မ်ားစြာေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ က သံလြင္တံတား(ေခ်ာင္းဆုံ)ဆိုင္းဘုတ္အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးသည္။ ထို႔ေနာက္ ကမၺည္းေမာ္ကြန္းေက်ာက္စာကို အေမႊးနံ႔သာရည္မ်ားျဖင့္ ပက္ဖ်န္းၾကကာ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ကူးၾကသည္။

ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တံတားႀကီးေပၚမွ ျဖတ္သန္းၾကည့္ရႈစစ္ေဆးၾကၿပီး တံတားႀကီးအား ေရရွည္တည္တံ့ခိုင္ၿမဲေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ရန္လိုအပ္သည္မ်ား အား မွာၾကားသည္။ ထို႔ေနာက္ တက္ေရာက္လာၾကသည့္ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္၍ အခမ္းအနားမွ ျပန္လည္ထြက္ခြာရာ ေဒသခံ တိုင္းရင္းသားျပည္သူမ်ားက ႐ိုးရာအကအလွမ်ားျဖင့္ ခင္မင္ရင္းႏွီးစြာ လက္ေဝွ႔ ရမ္းျပ ႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။