နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဇွန် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မော်လမြိုင်မြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြား သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်ရဲထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိများ တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေးခန်းမတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်ရဲထွန်းက ပြည်နယ်အတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုး တိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေများ၊ COVID -19 ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အထွေထွေအချက်အလက်များကို လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မော်လမြိုင်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများနှင့် မော်လမြိုင်လေဆိပ်အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအားရှင်းလင်း တင်ပြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံ၏ စက္ကူလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် စစ်တောင်းစက္ကူစက်ရုံအား အသစ်ပြန်လည် တည်ဆောက်နိုင်ရေး အတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက္ကူထုတ်လုပ်ရန် အတွက် လိုအပ်သည့် ကုန်ကြမ်းဖြစ်သည့် ဝါးနှင့် ယူကလစ်များအပြင် မန်ဂျန်ရှား စသည့် ကြီးမြန်သစ်ပင်ကိုလည်း စနစ်တကျဖြင့် စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မော်လမြိုင်လေယဉ်ကွင်းအား အဆင့်မြှင့်တင်မှုများပြုလုပ်ရာတွင် ရှေရှည် အတွက် ထည့်သွင်းစဉ်းစားတည်ဆောက်ရန်လိုကြောင်း၊ မော်လမြိုင်ဆိပ်ကမ်း ဖွံ့ဖြိုး တိုးတက် ရေး ဆောင်ရွက်နိုင်ခြင်းဖြင့် ရေထွက်ပစ္စည်းများကိုအခြေခံသည့် ကုန်ထုတ် လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ရေတိုရှေရှည်စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ၁၉၉၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းတွင် မွန်ပြည်နယ်သည် ပြည်နယ် များတွင် အမြင့်ဆုံး ဖြစ်သည်ကို အားရဖွယ်တွေ့ရှိရကြောင်း၊ ပညာရေး၌ ကြိုးစား အားထုတ်မှုကောင်းသည့်ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ထို့ကြောင့်ရှိပြီးသား အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်၍ အကျိုး ရှိစွာ အသုံးချနိုင်ပါက ပြည်နယ်အတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ကျောင်းသား များ အားလုံး ပညာသင်ကြားရေးကိုသာ ဂရုစိုက်ဆောင်ရွက်ကြစေလိုပြီး မိဘများနှင့် တာဝန်ရှိသူများအနေဖြင့်လည်း ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ တက္ကသိုလ်ပညာရပ်များကို သင်ကြားခြင်းသည် မိမိတို့ အထူးပြုသည့် ဘာသာရပ် အပေါ် ကျယ်ပြန့်စွာလေ့လာ သင်ကြားခြင်းပင်ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာပြီးဆုံး သူတိုင်း ပညာရှင်မဖြစ်နိုင်သော်လည်း လေ့လာခဲ့သည့် ပညာရပ်၊ သင်ယူခဲ့သည့် ဘာသာရပ်များအလိုက် အသိပညာအတတ်ပညာများရရှိပြီး အဆိုပါပညာရပ်များကို အသုံးချ၍ မိမိတို့၏ ဘဝတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သဖြင့် တက္ကသိုလ်ပညာ ရေးကို အားပေးသင့်ကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသတွင်းပညာတတ် များပေါများရန်လိုကြောင်း၊ အသိပညာအတတ်ပညာများမရှိဘဲ အဆင့်မြင့် ထုတ်ကုန် များ၊ အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များထုတ်လုပ်နိုင်ရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် အဓိကလိုအပ်သည့် ပညာရပ်များ တတ်မြောက်စေရေး စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးသိပ္ပံများဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ အတွင်းထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အား ပြည်တွင်း၌ပင် အဆင့်မီစွာဖြင့် လုံလုံလောက်လောက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်၍ ပြည်တွင်းထုတ်လုပ်မှုကို အားပေးရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်း နိုင်ငံအတွက်လိုအပ်သည့် ထုတ်လုပ်၍ရသည့် ပစ္စည်းများထုတ်လုပ်၍ ပြည်ပသွင်းကုန် များကို အစားထိုး ဆောင်ရွက်နိုင်ပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။

မြေအသုံးချမှုနှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းများကို အသက်မွေးဝမ်း ကြောင်းလုပ်ငန်းအဖြစ် အဓိကဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စပါး စိုက်ပျိုးထုတ်လုပ်မှုမှာ ပြည်နယ်အတွက်ဆန်ဖူလုံမှုရှိသော်လည်း တစ်ဧကချင်း စိုက်ပျိုး ထွက်ရှိမှုနှုန်း နည်းပါးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် အထွက်နှုန်း ကောင်းမွန်စေရန်အတွက် မျိုးကောင်းရန်၊ မြေနှင့် ရေကောင်းရန်၊ စိုက်နည်းစနစ် မှန်ကန်ရန်နှင့် လိုအပ်သည့် သွင်းအားစုများကိုလည်း ပြည့်ပြည့်ဝဝဖြင့် ထည့်သွင်း အသုံးပြုရန်လိုကြောင်း၊ အထွက်နှုန်းတိုး အောင်ဆောင်ရွက်နိုင်ပါက ဒေသခံတောင်သူ များ၏ လူမှုစီးပွားဘဝကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး နှင့်ပတ်သက်၍ တာဝန်ရှိသူများက တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ရော်ဘာ၊ ဒူးရင်း၊ ကြက်မောက်၊ အုန်း၊ ကျွဲကော၊ သရက်၊ သီဟိုဠ် စသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးရာတွင်လည်း ရှိပြီးသား ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များအပေါ်တွင်မူတည်၍ အထွက် နှုန်းကောင်းမွန်ရန်နှင့် အသီးအနှံများ၏ အရည်အသွေးပိုမိုတိုးတက်ကောင်းမွန် စေရန် သုတေသနပြုဆောင်ရွက်နေရန်လိုကြောင်း၊ ထွက်ရှိသည့် သီးနှံများအရည်အသွေး ကောင်းမွန်ပါက ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချနိုင်ခြင်းကြောင့် နိုင်ငံခြားငွေများ ရရှိမည်ဖြစ်သဖြင့် ဒေသခံစိုက်ပျိုးတောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်သဖြင့် ဒေသတိုးတက်ရေးကို များစွာအထောက်အကူပြုနိင်မည်ဖြစ် ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်နိုင်ပါက အောင်မြင်မှုရရှိနိုင်သည့် အလားအလာကောင်းများရှိကြောင်း၊ ရေပေါသည့်ဒေသ ဖြစ်သဖြင့်ဘဲမွေးမြူရေးလုပ်ငန်းများကိုလည်း စနစ်တကျဖြင့်ဆောင်ရွက်သင့်ကြောင်း၊ အသားစားနွားများ၊ ကြက်၊ ဝက်နှင့် ငါးပုဇွန်များအား နည်ပညာအသုံးပြုအဆင့်မြင့် မွေးမြူ၍ အေးခဲအသားများပြုလုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရန်လိုကြောင်း၊ မွန်ပြည် နယ်သည် အချက်အခြာကျသည့် နေရာတွင်တည်ရှိခြင်းကြောင့် ရှိပြီးသားအခြေခံ များကိုအသုံးချ၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပိုမိုအားပေးဆောင်ရွက်သင့် ကြောင်း၊ ပြည်နယ်အတွင်းဖြစ်နိုင်သည့် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ပါက ပြည်နယ်နှင့် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။

တပ်မတော်သည် ပြည်သူကလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိအနေဖြင့် ၂၀၁၈ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် တတိယအကြိမ် နှစ်ပတ် လည်နေ့ အခမ်းအနား၌ သန့်ရှင်းသည့် ဒီမိုကရေစီ၊ ရိုးသားသည့် ဒီမိုကရေစီ စနစ်ကို သွားချင်သည်ဟု ပြောကြားခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ထူးခြားသည့် ဝိသေသလက္ခဏာများ များစွာရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) အခြေခံမူများနှင့် အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ကိုလေ့လာကြည့်ပါက နိုင်ငံအတွင်းရှိ တိုင်းရင်းသား အားလုံးအား တူညီသည့်အခွင့်အရေးများပေးထားသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုကိုသာ လိုလားခဲ့ကြောင်း၊ စစ်ဘက်အရပ်ဘက် ဆက်ဆံရေး ပိုမိုအဆင်ပြေစေရေး ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ ပြုလုပ်ခဲ့ချိန်တွင်လည်း တပ်မ တော်မဲရုံများ တပ်ပြင်ပတွင်ဖွင့်လှစ်ရန်ပြောကြားခဲ့သည့်အတွက် ခွင့်ပြုပေးခဲ့ ကြောင်း၊ မိမိကိုယ်တိုင်လည်း ကြိုတင်မဲမပေးဘဲ တပ်မိသားစုများနှင့်အတူ ဆန္ဒမဲပေးခဲ့ ကြောင်း၊ ထို့နောက် မဲစာရင်းမှားယွင်းမှုများကို တွေ့ရှိရသဖြင့် ပြန်လည်စိစစ်နိုင်ရန် အတွက် ရွေးကောက်ပွဲကော်မရှင်သို့ မဲဆန္ဒရှင်စာရင်းများ တောင်းခံခဲ့သော်လည်း ပေးအပ် ခဲ့ခြင်းမရှိသည့်အပြင် ဖြေရှင်းဆောင်ရွက်မှုလည်း မရှိခဲ့ကြောင်း၊ ယခု အသစ်ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည် စိစစ်သည့်အချိန်တွင် လည်း မှားယွင်းမှုများ များစွာဖြစ်ပေါ်ခဲ့သည်ကို ထပ်မံစစ်ဆေးတွေ့ရှိရကြောင်း၊ အောက်ခြေမှစ၍ နိုင်ငံတော်အဆင့်အထိ မရိုးမသားဆောင်ရွက်ထားသည် များကိုပါ စိစစ်တွေ့ရှိရသဖြင့် တွေ့ရှိချက်များကို အချိန်ကာလတစ်ခုတွင် ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ မရိုးမသားဆောင်ရွက်၍ မရကြောင်း၊ ဒီမိုကရေစီ စနစ်ဖြင့် လျှောက်လှမ်းချိန်တွင် ရွေးကောက်ပွဲသည် အဓိက အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် မဲစာရင်းမှားယွင်းမှုများကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များအား ခေတ္တတာဝန်ယူထမ်းဆောင် နေခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ပြီးမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး အတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသည့် ကောင်စီအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ရှိ ရာမည ဘောလုံးကွင်း အဆင့်မြှင့်တင်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး ကာ အဆင့်မြှင့်တင်မှုများလုပ်ဆောင်ရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ မြန္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္ ဇြန္ ၁

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ မြန္ျပည္နယ္ စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားအား ေမာ္လၿမိဳင္ၿမိဳ႕ရွိ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၌ သြားေရာက္ေတြ႕ဆုံ အမွာစကားေျပာၾကား သည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ မန္းၿငိမ္းေမာင္၊ ေဒါက္တာ ဗညားေအာင္မိုး၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ေဒါက္တာ ၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ဦးေ႐ႊေလး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ မြန္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ဦးေဇာ္ရဲထြန္း၊ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ကိုကိုေမာင္၊ တိုင္းေဒသႀကီးစီမံ အုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိမ်ား တက္ေရာက္ၾကသည္။

ဦးစြာ အစည္းအေဝးခန္းမတြင္ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးေဇာ္ရဲထြန္းက ျပည္နယ္အတြင္း လူမႈေရး၊ စီးပြားေရး၊ က်န္းမာေရးႏွင့္ ေဒသဖြံၿဖိဳး တိုးတက္ေရးေဆာင္႐ြက္ေနမႈ အေျခအေနမ်ား၊ COVID -19 ေရာဂါကာကြယ္ေဆး ထိုးႏွံေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားႏွင့္ အေထြေထြအခ်က္အလက္မ်ားကို လည္းေကာင္း၊ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက ေမာ္လၿမိဳင္ဆိပ္ကမ္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္႐ြက္သင့္သည့္ အစီအမံမ်ားႏွင့္ ေမာ္လၿမိဳင္ေလဆိပ္အဆင့္ျမႇင့္တင္ေရးဆိုင္ရာ ကိစၥရပ္မ်ားအားရွင္းလင္း တင္ျပသည္။

တင္ျပခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတို႔ႏိုင္ငံ၏ စကၠဴလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္း ေပးႏိုင္ရန္အတြက္ စစ္ေတာင္းစကၠဴစက္႐ုံအား အသစ္ျပန္လည္ တည္ေဆာက္ႏိုင္ေရး အတြက္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ စကၠဴထုတ္လုပ္ရန္ အတြက္ လိုအပ္သည့္ ကုန္ၾကမ္းျဖစ္သည့္ ဝါးႏွင့္ ယူကလစ္မ်ားအျပင္ မန္ဂ်န္ရွား စသည့္ ႀကီးျမန္သစ္ပင္ကိုလည္း စနစ္တက်ျဖင့္ စိုက္ပ်ိဳးရန္လိုအပ္ေၾကာင္း၊ ေမာ္လၿမိဳင္ေလယဥ္ကြင္းအား အဆင့္ျမႇင့္တင္မႈမ်ားျပဳလုပ္ရာတြင္ ေရွရွည္ အတြက္ ထည့္သြင္းစဥ္းစားတည္ေဆာက္ရန္လိုေၾကာင္း၊ ေမာ္လၿမိဳင္ဆိပ္ကမ္း ဖြံ႕ၿဖိဳး တိုးတက္ ေရး ေဆာင္႐ြက္ႏိုင္ျခင္းျဖင့္ ေရထြက္ပစၥည္းမ်ားကိုအေျခခံသည့္ ကုန္ထုတ္ လုပ္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္မည္ျဖစ္သျဖင့္ ေရတိုေရွရွည္စီမံကိန္းမ်ားခ်မွတ္၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္လိုေၾကာင္းမွာၾကားသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ၁၉၉၇ ခုႏွစ္မွ ၂၀၂၀ ျပည့္ႏွစ္အထိ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ခ်က္ရာခိုင္ႏႈန္းတြင္ မြန္ျပည္နယ္သည္ ျပည္နယ္ မ်ားတြင္ အျမင့္ဆုံး ျဖစ္သည္ကို အားရဖြယ္ေတြ႕ရွိရေၾကာင္း၊ ပညာေရး၌ ႀကိဳးစား အားထုတ္မႈေကာင္းသည့္ျပည္နယ္တစ္ခုျဖစ္ေၾကာင္း၊ထို႔ေၾကာင့္ရွိၿပီးသား အစဥ္အလာ ေကာင္းမ်ားကို ဆက္လက္ထိန္းသိမ္းၿပီး ပိုမိုေကာင္းမြန္ေအာင္ေဆာင္႐ြက္၍ အက်ိဳး ရွိစြာ အသုံးခ်ႏိုင္ပါက ျပည္နယ္အတြက္မ်ားစြာအက်ိဳးရွိမည္ျဖစ္ေၾကာင္း၊ ေက်ာင္းသား မ်ား အားလုံး ပညာသင္ၾကားေရးကိုသာ ဂ႐ုစိုက္ေဆာင္႐ြက္ၾကေစလိုၿပီး မိဘမ်ားႏွင့္ တာဝန္ရွိသူမ်ားအေနျဖင့္လည္း ပညာေရးကို အားေပးေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ တကၠသိုလ္ပညာရပ္မ်ားကို သင္ၾကားျခင္းသည္ မိမိတို႔ အထူးျပဳသည့္ ဘာသာရပ္ အေပၚ က်ယ္ျပန႔္စြာေလ့လာ သင္ၾကားျခင္းပင္ျဖစ္ေၾကာင္း၊ တကၠသိုလ္ပညာၿပီးဆုံး သူတိုင္း ပညာရွင္မျဖစ္ႏိုင္ေသာ္လည္း ေလ့လာခဲ့သည့္ ပညာရပ္၊ သင္ယူခဲ့သည့္ ဘာသာရပ္မ်ားအလိုက္ အသိပညာအတတ္ပညာမ်ားရရွိၿပီး အဆိုပါပညာရပ္မ်ားကို အသုံးခ်၍ မိမိတို႔၏ ဘဝတိုးတက္ေရးအတြက္ ေဆာင္႐ြက္ႏိုင္သျဖင့္ တကၠသိုလ္ပညာ ေရးကို အားေပးသင့္ေၾကာင္း။

ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ေဒသတြင္းပညာတတ္ မ်ားေပါမ်ားရန္လိုေၾကာင္း၊ အသိပညာအတတ္ပညာမ်ားမရွိဘဲ အဆင့္ျမင့္ ထုတ္ကုန္ မ်ား၊ အဆင့္ျမင့္စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားထုတ္လုပ္ႏိုင္ရန္ မျဖစ္ႏိုင္ေၾကာင္း၊ ထို႔ေၾကာင့္ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားအတြက္ အဓိကလိုအပ္သည့္ ပညာရပ္မ်ား တတ္ေျမာက္ေစေရး စိုက္ပ်ိဳးေရးသိပၸံႏွင့္ ေမြးျမဴေရးသိပၸံမ်ားဖြင့္လွစ္သင္ၾကားေပး လ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံ အတြင္းထြက္ရွိသည့္ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ား အား ျပည္တြင္း၌ပင္ အဆင့္မီစြာျဖင့္ လုံလုံေလာက္ေလာက္ ထုတ္လုပ္ႏိုင္ေရး ေဆာင္႐ြက္၍ ျပည္တြင္းထုတ္လုပ္မႈကို အားေပးရန္လိုေၾကာင္း၊ မြန္ျပည္နယ္အတြင္း ႏိုင္ငံအတြက္လိုအပ္သည့္ ထုတ္လုပ္၍ရသည့္ ပစၥည္းမ်ားထုတ္လုပ္၍ ျပည္ပသြင္းကုန္ မ်ားကို အစားထိုး ေဆာင္႐ြက္ႏိုင္ပါက မ်ားစြာအက်ိဳးရွိမည္ျဖစ္ေၾကာင္း။

ေျမအသုံးခ်မႈႏွင့္ပတ္သက္၍ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို အသက္ေမြးဝမ္း ေၾကာင္းလုပ္ငန္းအျဖစ္ အဓိကေဆာင္႐ြက္လ်က္ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ စပါး စိုက္ပ်ိဳးထုတ္လုပ္မႈမွာ ျပည္နယ္အတြက္ဆန္ဖူလုံမႈရွိေသာ္လည္း တစ္ဧကခ်င္း စိုက္ပ်ိဳး ထြက္ရွိမႈႏႈန္း နည္းပါးလ်က္ရွိသည္ကို ေတြ႕ရွိရသျဖင့္ အထြက္ႏႈန္း ေကာင္းမြန္ေစရန္အတြက္ မ်ိဳးေကာင္းရန္၊ ေျမႏွင့္ ေရေကာင္းရန္၊ စိုက္နည္းစနစ္ မွန္ကန္ရန္ႏွင့္ လိုအပ္သည့္ သြင္းအားစုမ်ားကိုလည္း ျပည့္ျပည့္ဝဝျဖင့္ ထည့္သြင္း အသုံးျပဳရန္လိုေၾကာင္း၊ အထြက္ႏႈန္းတိုး ေအာင္ေဆာင္႐ြက္ႏိုင္ပါက ေဒသခံေတာင္သူ မ်ား၏ လူမႈစီးပြားဘဝကို တိုးတက္ေစမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ စိုက္ပ်ိဳးေရး ႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားက တစ္ဧကအထြက္ႏႈန္း တိုးတက္ေရးအတြက္ ဝိုင္းဝန္းအားေပးေဆာင္႐ြက္ရန္လိုေၾကာင္း၊ အလားတူ ေရာ္ဘာ၊ ဒူးရင္း၊ ၾကက္ေမာက္၊ အုန္း၊ ကြၽဲေကာ၊ သရက္၊ သီဟိုဠ္ စသည့္ ႏွစ္ရွည္သီးႏွံပင္မ်ား စိုက္ပ်ိဳးရာတြင္လည္း ရွိၿပီးသား ေကာင္းမြန္သည့္ မ်ိဳးေကာင္းမ်ိဳးသန႔္မ်ားအေပၚတြင္မူတည္၍ အထြက္ ႏႈန္းေကာင္းမြန္ရန္ႏွင့္ အသီးအႏွံမ်ား၏ အရည္အေသြးပိုမိုတိုးတက္ေကာင္းမြန္ ေစရန္ သုေတသနျပဳေဆာင္႐ြက္ေနရန္လိုေၾကာင္း၊ ထြက္ရွိသည့္ သီးႏွံမ်ားအရည္အေသြး ေကာင္းမြန္ပါက ျပည္ပႏိုင္ငံမ်ားသို႔တင္ပို႔ေရာင္းခ်ႏိုင္ျခင္းေၾကာင့္ ႏိုင္ငံျခားေငြမ်ား ရရွိမည္ျဖစ္သျဖင့္ ေဒသခံစိုက္ပ်ိဳးေတာင္သူမ်ားအတြက္ မ်ားစြာအက်ိဳးျဖစ္ထြန္း ေစမည္ျဖစ္သျဖင့္ ေဒသတိုးတက္ေရးကို မ်ားစြာအေထာက္အကူျပဳနိင္မည္ျဖစ္ ေၾကာင္း၊ အလားတူ ေမြးျမဴေရးလုပ္ငန္းမ်ားကို စနစ္တက်ျဖင့္ေဆာင္႐ြက္ႏိုင္ပါက ေအာင္ျမင္မႈရရွိႏိုင္သည့္ အလားအလာေကာင္းမ်ားရွိေၾကာင္း၊ ေရေပါသည့္ေဒသ ျဖစ္သျဖင့္ဘဲေမြးျမဴေရးလုပ္ငန္းမ်ားကိုလည္း စနစ္တက်ျဖင့္ေဆာင္႐ြက္သင့္ေၾကာင္း၊ အသားစားႏြားမ်ား၊ ၾကက္၊ ဝက္ႏွင့္ ငါးပုဇြန္မ်ားအား နည္ပညာအသုံးျပဳအဆင့္ျမင့္ ေမြးျမဴ၍ ေအးခဲအသားမ်ားျပဳလုပ္ၿပီး ျပည္ပသို႔ တင္ပို႔ႏိုင္ရန္လိုေၾကာင္း၊ မြန္ျပည္ နယ္သည္ အခ်က္အျခာက်သည့္ ေနရာတြင္တည္ရွိျခင္းေၾကာင့္ ရွိၿပီးသားအေျခခံ မ်ားကိုအသုံးခ်၍ ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ၾကေစလိုေၾကာင္း။

လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းႏွင့္ပတ္သက္၍ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ ျဖစ္သည့္ ေရအားလွ်ပ္စစ္ထုတ္လုပ္ျခင္းလုပ္ငန္းမ်ားကို ပိုမိုအားေပးေဆာင္႐ြက္သင့္ ေၾကာင္း၊ ျပည္နယ္အတြင္းျဖစ္ႏိုင္သည့္ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားကို အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ပါက ျပည္နယ္ႏွင့္ ႏိုင္ငံအတြက္မ်ားစြာ အက်ိဳးျဖစ္ထြန္း ေစမည္ျဖစ္ေၾကာင္း။

တပ္မေတာ္သည္ ျပည္သူကလိုလားသည့္ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္း ေပၚတြင္ ခိုင္ခိုင္မာမာရွိေစေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မိမိအေနျဖင့္ ၂၀၁၈ ခုႏွစ္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ တတိယအႀကိမ္ ႏွစ္ပတ္ လည္ေန႔ အခမ္းအနား၌ သန႔္ရွင္းသည့္ ဒီမိုကေရစီ၊ ႐ိုးသားသည့္ ဒီမိုကေရစီ စနစ္ကို သြားခ်င္သည္ဟု ေျပာၾကားခဲ့ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)တြင္ ထူးျခားသည့္ ဝိေသသလကၡဏာမ်ား မ်ားစြာရွိေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ အခန္း(၁) အေျခခံမူမ်ားႏွင့္ အခန္း(၈)ႏိုင္ငံသား၊ ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးႏွင့္ တာဝန္မ်ား ကိုေလ့လာၾကည့္ပါက ႏိုင္ငံအတြင္းရွိ တိုင္းရင္းသား အားလုံးအား တူညီသည့္အခြင့္အေရးမ်ားေပးထားသည္ကိုေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ႏိုင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းမႈကိုသာ လိုလားခဲ့ေၾကာင္း၊ စစ္ဘက္အရပ္ဘက္ ဆက္ဆံေရး ပိုမိုအဆင္ေျပေစေရး ေဆာင္႐ြက္သင့္သည္မ်ားကို ေဆာင္႐ြက္ေပး ခဲ့ေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲ ျပဳလုပ္ခဲ့ခ်ိန္တြင္လည္း တပ္မ ေတာ္မဲ႐ုံမ်ား တပ္ျပင္ပတြင္ဖြင့္လွစ္ရန္ေျပာၾကားခဲ့သည့္အတြက္ ခြင့္ျပဳေပးခဲ့ ေၾကာင္း၊ မိမိကိုယ္တိုင္လည္း ႀကိဳတင္မဲမေပးဘဲ တပ္မိသားစုမ်ားႏွင့္အတူ ဆႏၵမဲေပးခဲ့ ေၾကာင္း၊ ထို႔ေနာက္ မဲစာရင္းမွားယြင္းမႈမ်ားကို ေတြ႕ရွိရသျဖင့္ ျပန္လည္စိစစ္ႏိုင္ရန္ အတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ မဲဆႏၵရွင္စာရင္းမ်ား ေတာင္းခံခဲ့ေသာ္လည္း ေပးအပ္ ခဲ့ျခင္းမရွိသည့္အျပင္ ေျဖရွင္းေဆာင္႐ြက္မႈလည္း မရွိခဲ့ေၾကာင္း၊ ယခု အသစ္ဖြဲ႕စည္းထားသည့္ ေ႐ြးေကာက္ပြဲေကာ္မရွင္မွ ျပန္လည္ စိစစ္သည့္အခ်ိန္တြင္ လည္း မွားယြင္းမႈမ်ား မ်ားစြာျဖစ္ေပၚခဲ့သည္ကို ထပ္မံစစ္ေဆးေတြ႕ရွိရေၾကာင္း၊ ေအာက္ေျခမွစ၍ ႏိုင္ငံေတာ္အဆင့္အထိ မ႐ိုးမသားေဆာင္႐ြက္ထားသည္ မ်ားကိုပါ စိစစ္ေတြ႕ရွိရသျဖင့္ ေတြ႕ရွိခ်က္မ်ားကို အခ်ိန္ကာလတစ္ခုတြင္ ထုတ္ျပန္ေပးသြား မည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီစနစ္တြင္ ႏိုင္ငံေရးအရ မ႐ိုးမသားေဆာင္႐ြက္၍ မရေၾကာင္း၊ ဒီမိုကေရစီ စနစ္ျဖင့္ ေလွ်ာက္လွမ္းခ်ိန္တြင္ ေ႐ြးေကာက္ပြဲသည္ အဓိက အေရးႀကီးေၾကာင္း၊ မိမိတို႔အေနျဖင့္ မဲစာရင္းမွားယြင္းမႈမ်ားေၾကာင့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒႏွင့္အညီ ႏိုင္ငံေတာ္၏ တာဝန္မ်ားအား ေခတၱတာဝန္ယူထမ္းေဆာင္ ေနျခင္း ျဖစ္ေၾကာင္း၊ လြတ္လပ္ၿပီးမွ်တသည့္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပႏိုင္ေရး အတြက္ လည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မိမိတို႔အေနျဖင့္ ဒီမိုကေရစီစနစ္ႏွင့္ ဖက္ဒရယ္ စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုစနစ္ တည္ေဆာက္ေရးအတြက္ ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က တက္ေရာက္လာၾကသည့္ ေကာင္စီအဖြဲ႕ဝင္မ်ားႏွင့္ ဌာန ဆိုင္ရာတာဝန္ရွိသူမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည္။

ယင္းေနာက္ ညေနပိုင္းတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ရာမည ေဘာလုံးကြင္း အဆင့္ျမႇင့္တင္ေနမႈအေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆး ကာ အဆင့္ျမႇင့္တင္မႈမ်ားလုပ္ေဆာင္ရာတြင္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ ရန္ႏွင့္ အျခားလိုအပ္သည္မ်ားကို မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။