နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား စိုက်ပျိုးပေး

နေပြည်တော် ဇွန် ၁၈

၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက် ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တာ်-တပ်ကုန်း အမှတ်(၁)လမ်းဘေးရှိ ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဦးရွှေကြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရေပျိုးပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီအဖွဲ့ဝင်များ နှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပျိုးပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက်အမှတ် (၁၇)၌ ပျိုးပင်များ စိုက်ပျိုးထားရှိမှုအား လိုက်လံကြည့်ရှု အားပေးသည်။

ယနေ့အခမ်းအနားတွင် ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ယင်းမာ၊ ဆီသပြေ၊ သင်းဝင်၊ စစ်၊ ယမနေ၊ သပြေ၊ လယ်စ၊ ရေသကြည်း၊ မာတာကွတ်၊ မအူလက် တံရှည်၊ ဖျောက်ဆိပ် စသည့်ပျိုးပင်စုစုပေါင်း (၁၆)မျိုးကို စိုက်ပျိုးခဲ့ကြကြောင်းနှင့် ဖိုးဇောင်တောင်ကြိုးဝိုင်းသည် ဧရိယာ ၈၅၁၇ ဒသမ ၀၉ ဧက ကျယ်ဝန်ပြီး အကွက်ပေါင်း (၅၁)ကွက်ရှိကာ အပင်မျိုးပေါင်း (၂၀) ကျော် ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၇ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် ရေး လှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၇၂ ဒသမ ၈၈ သန်း စိုက်ပျိုးခဲ့ရာ ၅၉ ဒသမ ၀၂ သန်း ရှင်သန်သည့်အတွက် အပင်ရှင်သန်မှုရာခိုင်နှုန်း ၈၀ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၈ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးလှုပ်ရှားမှု မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၇၃ ဒသမ ၂၂ သန်းစိုက်ပျိုးခဲ့ရာ ၆၂ ဒသမ ၃၂ သန်း ရှင်သန်သည့်အတွက် အပင်ရှင်သန်မှု ရာခိုင်နှုန်း ၈၅ ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၉ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၆၈ ဒသမ ၇၉ သန်းစိုက်ပျိုးခဲ့ရာ ၅၈ ဒသမ ၄၈ သန်း ရှင်သန်သည့် အတွက် အပင်ရှင်သန်မှု ရာခိုင်နှုန်း ၈၅ ဒသမ ၀၁ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၀ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၆၈ ဒသမ ၈၆ သန်း စိုက်ပျိုးခဲ့ရာ ၅၇ ဒသမ ၈၁ သန်း ရှင်သန်သည့်အတွက် အပင်ရှင်သန်မှု ရာခိုင်နှုန်း ၈၃ ဒသမ ၉၆ ရာခိုင်နှုန်းရှိပြီး ယခု ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် တစ်နိုင်ငံလုံးအတိုင်း အနေဖြင့် ပျိုးပင်ပေါင်း ၃၆ ဒသမ ၂၆ သန်း စိုက်ပျိုးရန် လျာထာကြောင်း သိရှိရသည်။

Zawgyi Version

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ၂၀၂၁ ခုႏွစ္ ပတ္ဝန္းက်င္စိမ္းလန္းစိုျပည္ေရးလႈပ္ရွားမႈ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲသို႔ တက္ေရာက္၍ ခေရပ်ိဳးပင္အား စိုက္ပ်ိဳးေပး

ေနျပည္ေတာ္ ဇြန္ ၁၈

၂၀၂၁ ခုႏွစ္ ပတ္ဝန္းက်င္စိမ္းလန္းစိုျပည္ေရးလႈပ္ရွားမႈ မိုးရာသီသစ္ပင္စိုက္ ပ်ိဳးပြဲ အခမ္းအနားကို ယေန႔နံနက္ ၇ နာရီခြဲတြင္ ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္ ေနျပည္တာ္-တပ္ကုန္း အမွတ္(၁)လမ္းေဘးရွိ ဖိုးေဇာင္ေတာင္ႀကိဳးဝိုင္း အကြက္အမွတ္(၁၇)၌ က်င္းပ ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္၍ ခေရပ်ိဳးပင္အား ဦးေဆာင္စိုက္ပ်ိဳးေပးသည္။

အခမ္းအနားသို႔ ေကာင္စီအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ဦးေမာင္းဟာ၊ ဦးစိုင္းလုံးဆိုင္၊ ေစာဒန္နီယယ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ဦးေ႐ႊႀကိမ္း၊ တြဲဖက္အတြင္းေရးမႉး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္ ဦးထြန္းထြန္းဦး၊ ျပည္ေထာင္စု ဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

အခမ္းအနားတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ခေရပ်ိဳးပင္ကို သတ္မွတ္ေနရာတြင္ ဦးေဆာင္စိုက္ပ်ိဳးေပးသည္။

ထို႔ေနာက္ အခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ ေကာင္စီအဖြဲ႕ဝင္မ်ား ႏွင့္ တြဲဖက္အတြင္းေရးမႉး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ဒုတိယ ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက ပ်ိဳးပင္မ်ားကို သတ္မွတ္ေနရာမ်ားတြင္ စိုက္ပ်ိဳးေပးၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ဖိုးေဇာင္ေတာင္ ႀကိဳးဝိုင္း အကြက္အမွတ္ (၁၇)၌ ပ်ိဳးပင္မ်ား စိုက္ပ်ိဳးထားရွိမႈအား လိုက္လံၾကည့္ရႈ အားေပးသည္။

ယေန႔အခမ္းအနားတြင္ ခေရ၊ ကြၽန္း၊ ပ်ဥ္းကတိုး၊ ပိေတာက္၊ တမလန္း၊ ယင္းမာ၊ ဆီသေျပ၊ သင္းဝင္၊ စစ္၊ ယမေန၊ သေျပ၊ လယ္စ၊ ေရသၾကည္း၊ မာတာကြတ္၊ မအူလက္ တံရွည္၊ ေဖ်ာက္ဆိပ္ စသည့္ပ်ိဳးပင္စုစုေပါင္း (၁၆)မ်ိဳးကို စိုက္ပ်ိဳးခဲ့ၾကေၾကာင္းႏွင့္ ဖိုးေဇာင္ေတာင္ႀကိဳးဝိုင္းသည္ ဧရိယာ ၈၅၁၇ ဒသမ ၀၉ ဧက က်ယ္ဝန္ၿပီး အကြက္ေပါင္း (၅၁)ကြက္ရွိကာ အပင္မ်ိဳးေပါင္း (၂၀) ေက်ာ္ ေပါက္ေရာက္လ်က္ရွိေၾကာင္း သိရသည္။

တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ၂၀၁၇ ခုႏွစ္ ပတ္ဝန္းက်င္စိမ္းလန္းစိုျပည္ ေရး လႈပ္ရွားမႈ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲတြင္ ပ်ိဳးပင္ေပါင္း ၇၂ ဒသမ ၈၈ သန္း စိုက္ပ်ိဳးခဲ့ရာ ၅၉ ဒသမ ၀၂ သန္း ရွင္သန္သည့္အတြက္ အပင္ရွင္သန္မႈရာခိုင္ႏႈန္း ၈၀ ဒသမ ၉ ရာခိုင္ႏႈန္းရွိေၾကာင္း၊ ၂၀၁၈ ခုႏွစ္ ပတ္ဝန္းက်င္စိမ္းလန္း စိုျပည္ေရးလႈပ္ရွားမႈ မိုးရာသီ သစ္ပင္စိုက္ပ်ိဳးပြဲတြင္ ပ်ိဳးပင္ေပါင္း ၇၃ ဒသမ ၂၂ သန္းစိုက္ပ်ိဳးခဲ့ရာ ၆၂ ဒသမ ၃၂ သန္း ရွင္သန္သည့္အတြက္ အပင္ရွင္သန္မႈ ရာခိုင္ႏႈန္း ၈၅ ဒသမ ၁၁ ရာခိုင္ႏႈန္းရွိေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ပတ္ဝန္းက်င္စိမ္းလန္း စိုျပည္ေရးလႈပ္ရွားမႈ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲတြင္ ပ်ိဳးပင္ေပါင္း ၆၈ ဒသမ ၇၉ သန္းစိုက္ပ်ိဳးခဲ့ရာ ၅၈ ဒသမ ၄၈ သန္း ရွင္သန္သည့္ အတြက္ အပင္ရွင္သန္မႈ ရာခိုင္ႏႈန္း ၈၅ ဒသမ ၀၁ ရာခိုင္ႏႈန္းရွိေၾကာင္း၊ ၂၀၂၀ ခုႏွစ္ ပတ္ဝန္းက်င္စိမ္းလန္း စိုျပည္ေရးလႈပ္ရွားမႈ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲတြင္ ပ်ိဳးပင္ေပါင္း ၆၈ ဒသမ ၈၆ သန္း စိုက္ပ်ိဳးခဲ့ရာ ၅၇ ဒသမ ၈၁ သန္း ရွင္သန္သည့္အတြက္ အပင္ရွင္သန္မႈ ရာခိုင္ႏႈန္း ၈၃ ဒသမ ၉၆ ရာခိုင္ႏႈန္းရွိၿပီး ယခု ၂၀၂၁ ခုႏွစ္ ပတ္ဝန္းက်င္ စိမ္းလန္းစိုျပည္ေရးလႈပ္ရွားမႈ မိုးရာသီသစ္ပင္ စိုက္ပ်ိဳးပြဲတြင္ တစ္ႏိုင္ငံလုံးအတိုင္း အေနျဖင့္ ပ်ိဳးပင္ေပါင္း ၃၆ ဒသမ ၂၆ သန္း စိုက္ပ်ိဳးရန္ လ်ာထာေၾကာင္း သိရွိရသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။