ယခုကဲ့သို့ သင်တန်းတက်ရောက်ခြင်းဖြင့် တပ်မတော်၏ စွမ်းရည်ကို တိုးတက်စေပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရာတွင် အထောက်အကူပြုမည်ဖြစ်

ေနျပည္ေတာ္၊ ႏို၀င္ဘာ – ၁၄

အရည္အခ်င္းျပည့္၀သည့္ အရာရွိႀကီးမ်ားကုိသာ စိစစ္ေရြးခ်ယ္၍ စစ္ဘက္ဆုိင္ရာသင္တန္းမ်ားတြင္ အျမင့္ဆုံးျဖစ္သည့္ ယခုသင္တန္းကို တက္ေရာက္ေစျခင္းျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔ သင္တန္း တက္ေရာက္ျခင္းျဖင့္ တပ္မေတာ္၏ စြမ္းရည္ကုိ တုိးတက္ေစၿပီး ႏုိင္ငံေတာ္ႏွင့္ ျပည္သူလူထု၏ အသက္အုိးအိမ္စည္းစိမ္ကုိ ကာကြယ္ရာတြင္ အေထာက္အကူ ျပဳမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ ကေလာတပ္နယ္ရွိ စစ္ဦးစီးတကၠသိုလ္မွ သင္တန္းသားအရာရွိႀကီးမ်ားကို ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ထည့္သြင္း ေျပာၾကားသည္။

ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး၊ စစ္ဦးစီးတကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ နည္းျပအရာရွိႀကီးမ်ား၊ သင္တန္းသားအရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က တပ္မေတာ္၏ တာ၀န္သည္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ႏွင့္ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကုိ ကာကြယ္ရန္ ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရး တာ၀န္ထမ္းေဆာင္ရာတြင္ ဥပေဒႏွင့္အညီသာ ထမ္းေဆာင္လ်က္ ရွိေၾကာင္း၊ ကာကြယ္ေရး တည္ေဆာက္မႈသည္လည္း ႏုိင္ငံေတာ္ကုိ ကာကြယ္ရန္အတြက္သာျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တုိင္းျပည္ကအားထားရသည့္၊ ျပည္သူက အားကိုးရသည့္ တပ္မေတာ္ ျဖစ္ရန္လုိေၾကာင္း၊ မိမိတို႔ႏုိင္ငံႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္လ်က္ရွိသည့္ အိမ္နီးခ်င္းႏုိင္ငံ ၅ ႏုိင္ငံရွိၿပီး နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းမႈရွိရန္ အေရးႀကီးေၾကာင္း၊ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းမႈမရွိလွ်င္ ႏွစ္ႏုိင္ငံ ဆက္ဆံေရးကိုထိခိုက္ႏိုင္ၿပီး တုိင္းျပည္ဖြံ႕ၿဖိဳးတုိးတက္မႈကုိ ေႏွာင့္ေႏွးေစႏုိင္ေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ အိမ္နီးခ်င္းႏုိင္ငံမ်ား၏ တပ္မေတာ္မ်ားႏွင့္ ခ်စ္ၾကည္ရင္းႏွီးစြာ ဆက္ဆံေရး ပိုမုိခိုင္မာေအာင္တည္ေဆာက္လ်က္ရွိေၾကာင္း ဦးစြာေျပာၾကားသည္။

ထုိ႔ေနာက္ ကာကြယ္ေရးတာ၀န္ထမ္းေဆာင္မႈႏွင့္ပတ္သက္၍ တပ္မေတာ္ တစ္ရပ္သည္ တိုက္စြမ္းရည္၊ တုိက္စြမ္းအားရွိသည့့္ တပ္မေတာ္ျဖစ္ရမည္ျဖစ္ေၾကာင္း၊ တုိက္စြမ္းအားရရွိရန္အတြက္ ေငြေၾကးသုံးစြဲႏုိင္မႈ၊ လူသားအရင္းအျမစ္မ်ားႏွင့္ စြမ္းေဆာင္ႏုိင္မႈမ်ားအေပၚမူတည္ေၾကာင္း၊ တိုက္စြမ္းရည္ ဆိုသည္မွာ အရာရွိ၊ စစ္သည္မ်ား၏ အရည္အခ်င္းပင္ျဖစ္ေၾကာင္း၊ စစ္ေရးစြမ္းရည္၊ အုပ္ခ်ဳပ္ေရးစြမ္းရည္ႏွင့္ စည္း႐ုံးေရးစြမ္းရည္စသည့္ စြမ္းရည္ ၃ ရပ္ျပည့္စုံရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔စြမ္းရည္ ၃ ရပ္ျပည့္၀ ေနေစရန္အတြက္ ေလ့လာေလ့က်င့္မႈမ်ား ျပဳလုပ္ရမည္ျဖစ္ေၾကာင္း၊ ယေန႔ေခတ္သစ္စစ္ပြဲမ်ားတြင္ ေလေၾကာင္းအကဲသာမႈႏွင့္ အီလက္ထေရာနစ္နည္းပညာ သာလြန္မႈရွိသည့္ တပ္ကသာစစ္ပြဲကုိ အဆံုးအျဖတ္ ေပးႏုိင္မည္ျဖစ္ေၾကာင္း၊ စစ္ေျမျပင္တြင္ ေတြ႕ႀကံဳခဲ့ရသည့္အေတြ႕အႀကဳံမ်ားႏွင့္ သင္ယူတတ္ေျမာက္ထားသည့္ စစ္အတတ္ ပညာမ်ားကိုေပါင္းစပ္ၿပီး လက္ေတြ႕လိုက္နာက်င့္သံုးျခင္းျဖင့္ စြမ္းရည္ရွိေသာ တပ္မေတာ္ကို တည္ေဆာက္ႏုိင္မည္ျဖစ္ၿပီး ႏိုင္ငံေတာ္ကို အျပည့္အ၀ကာကြယ္ႏိုင္ မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္ကုိ အင္အားခိုင္မာေအာင္တည္ေဆာက္ရာတြင္ စည္းလုံးညီၫြတ္ေရးသည္ အေရးပါေၾကာင္း၊ တပ္တြင္းစည္းလုံးညီၫြတ္ေရးကို တည္ေဆာက္ရာတြင္ ညီၫြတ္မွ်တသည့္ အမိန္႔ေပးျခင္း၊ စီမံခန္႔ခြဲျခင္းႏွင့္ စည္း႐ုံးျခင္းမ်ားျဖင့္ တည္ေဆာက္ရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔အုပ္ခ်ဳပ္ရသူမ်ား၏ သေဘာသဘာ၀ကို နားလည္ေနရမည္ျဖစ္ၿပီး မိမိအေနျဖင့္စံနမူနာျပထား၍ ”ငါေျပာသလုိလုပ္၊ ငါလုပ္သလုိ လုပ္” ဟုျပတ္သားစြာဦးေဆာင္မႈေပးရန္လုိေၾကာင္း၊ အုပ္ခ်ဳပ္မႈႏွင့္ စီမံခန္႔ခြဲမႈမ်ားကို ေဆာင္ရြက္ရာတြင္ ေတြးေခၚေျမာ္ျမင္မႈကို အေထာက္အကူျဖစ္ေစသည့္ သမုိင္း၊ ပထ၀ီ၊ ယဥ္ေက်းမႈႏွင့္စိတ္ပညာစသည့္ ၀ိဇၨာပညာ ရပ္မ်ားကုိ ပစ္ပယ္၍မရေၾကာင္း၊ ၎ပညာရပ္မ်ားသည္ စီမံခန္႔ခြဲမႈကို မ်ားစြာအေထာက္အကူျပဳသျဖင့္ မျဖစ္မေနေလ့လာ သင္ယူရမည္ျဖစ္ေၾကာင္း၊ စည္းလုံးညီၫြတ္မႈရွိမွသာတပ္အေနျဖင့္ တုိက္စြမ္းရည္ တုိးတက္ေကာင္းမြန္မည္ျဖစ္ေၾကာင္း၊ ထုတ္ျပန္ထားသည့္ အမိန္႔ႏွင့္စစ္စည္းကမ္းမ်ားကုိ တိက်စြာလိုက္နာၿပီး စစ္သားပီသစြာေနထုိင္က်င့္ႀကံျခင္းသည္ လက္ေတြ႕မပါေသာ စည္း႐ုံးေရးပင္ျဖစ္ေၾကာင္း ရွင္းလင္းမွာ ၾကားသည္။

ရခုိင္ျပည္နယ္အေရးကိစၥႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ ျဖစ္စဥ္မွန္မ်ားကုိ ႏုိုင္ငံတကာအစိုးရ၊ အဖြဲ႕အစည္းမ်ားႏွင့္ မီဒီယာမ်ားက အမွန္အတိုင္းသိရွိျခင္းမရွိေသာေၾကာင့္ ၎တို႔သိရွိေစရန္အတြက္ မိမိတို႔အေနျဖင့္ က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ေဆာင္ႏုိင္ရန္လိုေၾကာင္း၊ အစုိးရႏွင့္တပ္မေတာ္အေနျဖင့္ ရခုိင္ျပည္နယ္အတြင္း လူသားခ်င္းစာနာ ေထာက္ထားမႈဆုိင္ရာကိစၥရပ္မ်ားကို ဥပေဒႏွင့္အညီေဆာင္ရြက္ ေပးလ်က္ရွိေသာ္လည္း လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားရွိေနသည္ဟု စြပ္စြဲေျပာဆုိမႈမ်ားရွိေၾကာင္း၊ တပ္မေတာ္ အေနျဖင့္ တုိင္းျပည္၏ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးအတြက္ ႏိုင္ငံေတာ္အစုိးရထံတင္ျပ၍ ဥပေဒႏွင့္အညီ လုပ္သင့္လုပ္ထုိက္သည္မ်ားကုိသာ ေဆာင္ရြက္ေနျခင္းပင္ျဖစ္ေၾကာင္း၊ ဘဂၤါလီမ်ား သာမကမည္သူမဆုိ ႏုိင္ငံသားျဖစ္ခြင့္အား ၁၉၈၂ခုႏွစ္၊ ႏုိင္ငံသားဥပေဒႏွင့္အညီသာ ေပးသြားမည္ျဖစ္ေၾကာင္း၊ ထုိ႔ျပင္ တုိင္းျပည္စည္းလုံးညီၫြတ္မႈကို ပ်က္ျပားေစႏုိင္သည့္ မည္သည့္ကိစၥမ်ိဳးကိုမဆုိ တပ္မေတာ္က လက္ခံမည္မဟုတ္ေၾကာင္းေျပာၾကားသည္။

ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ေျပာၾကားရာတြင္ ယေန႔ျပည္သူက ေရြးခ်ယ္ထားသည့္ ပါတီစုံ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ဒီမုိကေရစီက်င့္စဥ္မ်ားအတိုင္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္း အားလုံးက လုိက္ပါေဆာင္ရြက္ရန္လုိေၾကာင္း၊ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ မိမိတို႔အတြက္ ရရွိမည့္ အခြင့္အေရးတစ္ခုတည္းကိုသာ ေမွ်ာ္မွန္းၿပီး လုပ္ေဆာင္ေနလွ်င္ ၿငိမ္းခ်မ္းေရးႏွင့္ အလွမ္းကြာေ၀းေနမည္သာျဖစ္ေၾကာင္း၊ ဥပေဒႏွင့္အညီသာ အခြင့္အေရးမ်ားကိုရရွိႏုိင္ မည္ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးေဆာင္ရြက္ရာတြင္ စိတ္ရွည္သည္းခံမႈရွိရန္လုိၿပီး ပစၥဳပၸန္အေျခအေနမွ အနာဂတ္ကို ပုံေဖာ္ ရမည္ျဖစ္ကာ အတိတ္ကိုသင္ခန္းစာယူရမည္ ျဖစ္ေၾကာင္း၊ သို႔မွသာျပည္တြင္းၿငိမ္းခ်မ္းေရးကို အျမန္ဆုံးရရွိၿပီး တုိင္းျပည္ဖြံ႕ၿဖိဳးတုိး တက္လာမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သင္တန္းသားစားရိပ္သာ၌ သင္တန္းသားမ်ားႏွင့္အတူ ေန႔လယ္စာကို အတူတကြ သုံးေဆာင္ၾကသည္။

ယင္းေနာက္ မြန္းလြဲပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေအာင္ပန္း တပ္နယ္ရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ုံသို႔သြားေရာက္ၾကည့္႐ႈစစ္ေဆးရာ အစည္းအေ၀းခန္းမ၌ ေဆး႐ုံ တပ္မွဴးက စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆုိင္ရာ လုပ္ငန္းမ်ားေဆာင္ရြက္ထားရွိမႈႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေဆး၀ါးကုသ ေပးေနမႈအေျခအေန မ်ားကိုရွင္းလင္း တင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အုပ္ခ်ဳပ္မႈဆုိင္ရာႏွင့္ ေဆး၀ါးကုသမႈဆုိင္ရာမ်ားအေပၚ လုိအပ္သည္မ်ား ျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေဆး႐ုံတက္ေရာက္ ကုသလ်က္ ရွိေသာ အရာရွိ၊ စစ္သည္မ်ားအား လိုက္လံေတြ႕ဆုံ၍ တစ္ဦးခ်င္း၏ ေရာဂါျဖစ္ပြားမႈမ်ား၊ ေဆး၀ါးကုသ ေပးထားမႈမ်ားႏွင့္ က်န္းမာေရး တုိးတက္မႈအေျခအေနမ်ားအားေမးျမန္းကာ အားေပးစကား မ်ားေျပာၾကားၿပီး လက္ေဆာင္ ပစၥည္းမ်ားေပးအပ္သည္။

အလားတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးေဒၚၾကဴၾကဴလွႏွင့္အဖြဲ႕၀င္မ်ားသည္လည္း အမ်ိဳးသမီးကုသေဆာင္၌ တက္ေရာက္ကုသလ်က္ရွိေသာ မိသားစု၀င္မ်ားအား လိုက္လံေတြ႕ဆုံ၍ တစ္ဦးခ်င္း၏ ေရာဂါျဖစ္ပြားမႈမ်ား၊ ေဆး၀ါးကုသေပးထား မႈမ်ားႏွင့္ က်န္းမာေရးတုိးတက္မႈအေျခအေနမ်ားအား ေမးျမန္းကာ အားေပးစကားမ်ား ေျပာၾကားၿပီး လက္ေဆာင္ပစၥည္းမ်ားေပးအပ္ခဲ့ၾကသည္။

(unicode Version)

ယခုကဲ့သို့ သင်တန်းတက်ရောက်ခြင်းဖြင့် တပ်မတော်၏ စွမ်းရည်ကို တိုးတက်စေပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရာတွင် အထောက်အကူပြုမည်ဖြစ်

နေပြည်တော်၊ နိုဝင်ဘာ – ၁၄

အရည်အချင်းပြည့်ဝသည့် အရာရှိကြီးများကိုသာ စိစစ်ရွေးချယ်၍ စစ်ဘက်ဆိုင်ရာသင်တန်းများတွင် အမြင့်ဆုံးဖြစ်သည့် ယခုသင်တန်းကို တက်ရောက်စေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ သင်တန်း တက်ရောက်ခြင်းဖြင့် တပ်မတော်၏ စွမ်းရည်ကို တိုးတက်စေပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရာတွင် အထောက်အကူ ပြုမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများကို တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် နည်းပြအရာရှိကြီးများ၊ သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တပ်မတော်၏ တာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် ဥပဒေနှင့်အညီသာ ထမ်းဆောင်လျက် ရှိကြောင်း၊ ကာကွယ်ရေး တည်ဆောက်မှုသည်လည်း နိုင်ငံတော်ကို ကာကွယ်ရန်အတွက်သာဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည်ကအားထားရသည့်၊ ပြည်သူက အားကိုးရသည့် တပ်မတော် ဖြစ်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုရှိရန် အရေးကြီးကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုမရှိလျှင် နှစ်နိုင်ငံ ဆက်ဆံရေးကိုထိခိုက်နိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ တပ်မတော်များနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး ပိုမိုခိုင်မာအောင်တည်ဆောက်လျက်ရှိကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ တပ်မတော် တစ်ရပ်သည် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့့် တပ်မတော်ဖြစ်ရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းအားရရှိရန်အတွက် ငွေကြေးသုံးစွဲနိုင်မှု၊ လူသားအရင်းအမြစ်များနှင့် စွမ်းဆောင်နိုင်မှုများအပေါ်မူတည်ကြောင်း၊ တိုက်စွမ်းရည် ဆိုသည်မှာ အရာရှိ၊ စစ်သည်များ၏ အရည်အချင်းပင်ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်စသည့် စွမ်းရည် ၃ ရပ်ပြည့်စုံရမည်ဖြစ်ကြောင်း၊ ထိုသို့စွမ်းရည် ၃ ရပ်ပြည့်ဝ နေစေရန်အတွက် လေ့လာလေ့ကျင့်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်သစ်စစ်ပွဲများတွင် လေကြောင်းအကဲသာမှုနှင့် အီလက်ထရောနစ်နည်းပညာ သာလွန်မှုရှိသည့် တပ်ကသာစစ်ပွဲကို အဆုံးအဖြတ် ပေးနိုင်မည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများနှင့် သင်ယူတတ်မြောက်ထားသည့် စစ်အတတ် ပညာများကိုပေါင်းစပ်ပြီး လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် စွမ်းရည်ရှိသော တပ်မတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကို အပြည့်အဝကာကွယ်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ကို အင်အားခိုင်မာအောင်တည်ဆောက်ရာတွင် စည်းလုံးညီညွတ်ရေးသည် အရေးပါကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာတွင် ညီညွတ်မျှတသည့် အမိန့်ပေးခြင်း၊ စီမံခန့်ခွဲခြင်းနှင့် စည်းရုံးခြင်းများဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အုပ်ချုပ်ရသူများ၏ သဘောသဘာဝကို နားလည်နေရမည်ဖြစ်ပြီး မိမိအနေဖြင့်စံနမူနာပြထား၍ ”ငါပြောသလိုလုပ်၊ ငါလုပ်သလို လုပ်” ဟုပြတ်သားစွာဦးဆောင်မှုပေးရန်လိုကြောင်း၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုများကို ဆောင်ရွက်ရာတွင် တွေးခေါ်မြော်မြင်မှုကို အထောက်အကူဖြစ်စေသည့် သမိုင်း၊ ပထဝီ၊ ယဉ်ကျေးမှုနှင့်စိတ်ပညာစသည့် ဝိဇ္ဇာပညာ ရပ်များကို ပစ်ပယ်၍မရကြောင်း၊ ၎င်းပညာရပ်များသည် စီမံခန့်ခွဲမှုကို များစွာအထောက်အကူပြုသဖြင့် မဖြစ်မနေလေ့လာ သင်ယူရမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုရှိမှသာတပ်အနေဖြင့် တိုက်စွမ်းရည် တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့် အမိန့်နှင့်စစ်စည်းကမ်းများကို တိကျစွာလိုက်နာပြီး စစ်သားပီသစွာနေထိုင်ကျင့်ကြံခြင်းသည် လက်တွေ့မပါသော စည်းရုံးရေးပင်ဖြစ်ကြောင်း ရှင်းလင်းမှာ ကြားသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားရာတွင် ဖြစ်စဉ်မှန်များကို နိုုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းများနှင့် မီဒီယာများက အမှန်အတိုင်းသိရှိခြင်းမရှိသောကြောင့် ၎င်းတို့သိရှိစေရန်အတွက် မိမိတို့အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန်လိုကြောင်း၊ အစိုးရနှင့်တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို ဥပဒေနှင့်အညီဆောင်ရွက် ပေးလျက်ရှိသော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု စွပ်စွဲပြောဆိုမှုများရှိကြောင်း၊ တပ်မတော် အနေဖြင့် တိုင်းပြည်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်အစိုးရထံတင်ပြ၍ ဥပဒေနှင့်အညီ လုပ်သင့်လုပ်ထိုက်သည်များကိုသာ ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ဘင်္ဂါလီများ သာမကမည်သူမဆို နိုင်ငံသားဖြစ်ခွင့်အား ၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်အညီသာ ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းပြည်စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သည့် မည်သည့်ကိစ္စမျိုးကိုမဆို တပ်မတော်က လက်ခံမည်မဟုတ်ကြောင်းပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် ယနေ့ပြည်သူက ရွေးချယ်ထားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဒီမိုကရေစီကျင့်စဉ်များအတိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက လိုက်ပါဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့အတွက် ရရှိမည့် အခွင့်အရေးတစ်ခုတည်းကိုသာ မျှော်မှန်းပြီး လုပ်ဆောင်နေလျှင် ငြိမ်းချမ်းရေးနှင့် အလှမ်းကွာဝေးနေမည်သာဖြစ်ကြောင်း၊ ဥပဒေနှင့်အညီသာ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံမှုရှိရန်လိုပြီး ပစ္စုပ္ပန်အခြေအနေမှ အနာဂတ်ကို ပုံဖော် ရမည်ဖြစ်ကာ အတိတ်ကိုသင်ခန်းစာယူရမည် ဖြစ်ကြောင်း၊ သို့မှသာပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိပြီး တိုင်းပြည်ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းသားစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အောင်ပန်း တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်ကြည့်ရှုစစ်ဆေးရာ အစည်းအဝေးခန်းမ၌ ဆေးရုံ တပ်မှူးက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဆေးဝါးကုသ ပေးနေမှုအခြေအနေ များကိုရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အုပ်ချုပ်မှုဆိုင်ရာနှင့် ဆေးဝါးကုသမှုဆိုင်ရာများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ကုသလျက် ရှိသော အရာရှိ၊ စစ်သည်များအား လိုက်လံတွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသ ပေးထားမှုများနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများအားမေးမြန်းကာ အားပေးစကား များပြောကြားပြီး လက်ဆောင် ပစ္စည်းများပေးအပ်သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှနှင့်အဖွဲ့ဝင်များသည်လည်း အမျိုးသမီးကုသဆောင်၌ တက်ရောက်ကုသလျက်ရှိသော မိသားစုဝင်များအား လိုက်လံတွေ့ဆုံ၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသပေးထား မှုများနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများအား မေးမြန်းကာ အားပေးစကားများ ပြောကြားပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။