(၉)ကြိမ်မြောက် မော်စကိုအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးညီလာခံ (MCIS) ၏ သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဇွန်လ ၂၃

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်ကျင်းပသော (၉) ကြိမ်မြောက် မော်စကိုအပြည်ပြည်ဆိုင်ရာလုံခြုံရေးညီလာခံ၏ အဓိကခေါင်းစဉ် မှာ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးပြဿနာများကို ရည်ညွှန်းပါ သည်။
အဆိုပါညီလာခံသို့ ကာကွယ်ရေးဝန်ကြီးများ၊ တပ်မတော်ကိုယ်စားလှယ် အဖွဲ့များ၊ ပြည်ပနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများဖြစ်သော CIS၊ CSTO၊ UN၊ OSCE၊ ICRC၊ LAS တို့မှခေါင်းဆောင်များ အပါအဝင် လူအင်အား ၆၀၀ ကျော်တက်ရောက်ပါသည်။

ညီလာခံကို ဇွန်လ ၂၃ ရက်တွင်စတင်ဖွင့်လှစ်ပါသည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ဗလာဒီမာပူတင်က တက်ရောက်လာကြသူများအား ဗီဒီယိုမှတစ်ဆင့် ညီလာခံအဖွင့်မိန့်ခွန်းပြောပါသည်။ အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်(စ်)ကလည်း ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောပါသည်။ ယင်းနောက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူနှင့် ဗဟို လုံခြုံရေးဌာနညွှန်ကြားရေးမှူး အလက်ဇန်းဒါးဘော့နီကော့တို့က အဓိကကျသော ကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ရပ်တည်မှုများကို မိတ်ဆက်ရှင်းလင်းပါ သည်။ထို့နောက် မျက်နှာစုံညီအစည်းအဝေးကို အပိုင်း ၄ ပိုင်းဖြင့် ကျင်းပသည်။

အစည်းအဝေးပထမပိုင်းကို “မဟာဗျူဟာမြောက်တည်ငြိမ်အေးချမ်းရေး အပေါ် ပြုပြင်ပြောင်းလဲမှုနှင့် ရှေ့ရေးအလားအလာ” ဟုအမည်ပေးထားပြီး ရုရှား ဖက်ဒရေးရှင်းနိုင်ငံတပ်မတော်စစ်ဦးစီးအရာရှိချုပ်နှင့် ဒုတိယကာကွယ်ရေးဝန်ကြီး ကြည်းတပ်ဗိုလ်ချုပ်ကြီး ဗာလီရီဂျီရာဆီမော့၊ တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေဖန်း၊ ကာတာနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး မိုဟမ်မတ်အယ်အတီယာ၊ ဘယ်လာရုသမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဗစ်တာခရီနင်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီဥက္ကဋ္ဌ ပီတာမော်ရာ၊ အာဖဂန်နစ္စတန်သမ္မတဟောင်း ဟာမစ်ကာဇိုင်းတို့က ပါဝင်ဆွေးနွေး ကြပါသည်။

အစည်းအဝေးဒုတိယပိုင်းကို “ကမ္ဘာ့နိုင်ငံရေးမူဘောင်အတွင်းက အာရှ-ပစိဖိတ်ဒေသ” ဟုအမည်ပေးထားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဦးစီးညွှန်ကြားရေးမှူး ရုံးအကြီးအကဲနှင့်ဒုတိယစစ်ဦးစီး အရာရှိချုပ် ရေတပ်ဗိုလ်ချုပ်ကြီး အီဂေါကော့စယူ ကော့၊ ဗီယက်နမ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဖန်ဗန်ဇန်း၊ မော်ဒိုက် သမ္မတနိုင်ငံဒုတိယကာကွယ်ရေးဝန်ကြီး ဟက်ဆန်ဇာမီး၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ရှိတ်ဟာဆီနာ၊ ဘရူနိုင်း နိုင်ငံ ကာကွယ်ရေးဝန်ကြီး မိုဟမ်မတ်ယူဆွတ်တို့က ပါဝင်ဆွေးနွေးကြပါသည်။

အစည်းအဝေးတတိယပိုင်းကို “နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ကိုဗစ်-၁၉ ကိုတိုက်ဖျက်ရာတွင် တပ်မတော်အဖွဲ့အစည်းများ၏အခန်းကဏ္ဍ” ဟုအမည်ပေး ထားပြီး ကာဇက်စတန်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး နာလန်အာမက်ဘာယက်၊ မွန်ဂိုလီးယားနိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဂါဆီဒင်ဆိုက်ဟန်ဘာယာ၊ ဇင်ဘာဘွေနိုင်ငံကာကွယ်ရေးဝန်ကြီး အိုဖားမူချင်ဂူရီကာ ရှီနီ၊ ဆူဒန်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီး ယက်ဆင်အီဘရာဟင်၊ ငြိမ်းချမ်းရေးလုပ်ငန်းများဆိုင်ရာ ကုလသမဂ္ဂဒုတိယ အတွင်းရေးမှူးချုပ် ယွန်းပီယက်လက်ခွာ၊ ယူဂန်ဒါနိုင်ငံ တပ်မတော်ဆေးဘက် ဆိုင်ရာညွှန်ကြားရေးမှူး ဗိုလ်ချုပ် အေဘရမ်မူဆင်ဂူဇီတို့က ပါဝင်ဆွေးနွေး ကြပါသည်။
ညီလာခံပထမနေ့၏နောက်ဆုံးဖြစ်သော အစည်းအဝေးစတုတ္ထပိုင်းကို “သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့်အဖြေများ” ဟုအမည်ပေး ထားပြီး ကုလသမဂ္ဂဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဗာဆီလီညီဘန်ဇီယာ၊ ပါကစ္စတန်နိုင်ငံဒုတိယကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး မိုဟမ်မတ်ဟီလယ်ဟူစိန်၊ Alternative for Germany Party ပူးတွဲဥက္ကဋ္ဌတီနိုခရူပါလာ၊ ဗင်နီဇွဲလားတပ်မတော်စီမံခန့်ခွဲရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဒုတိယကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဗာလက် စကူဘတ်စတီဒက်၊ ရုရှားအထက်လွှတ်တော်အမတ်နှင့် လူထုမီဒီယာနှင့်ပူးပေါင်း ဆောင်ရွက်ရေးနှင့်ပြန်ကြားရေးမူဝါဒဆိုင်ရာ ဖက်ဒရေးရှင်းကောင်စီကော်မတီဥက္ကဋ္ဌ အလက်ဇန်းဒါးပုရှကော့၊ ပြင်သစ်နိုင်ငံတကာလုံခြုံရေးဆိုင်ရာ လေ့လာဆန်းစစ်မှု ဌာန ညွှန်ကြားရေးမှူးအလက်ဆန်ဒရိုဇာနာဆီ၊ ကာလက်တန်တက္ကသိုလ် ပြည်သူ့ ရေးရာ စီမံအုပ်ချုပ်မှုနှင့်ပြည်သူ့ရေးရာမူဝါဒဌာနညွှန်ကြားရေးမှူး ပီယော့တာ ဒူကီဝစ်၊ ဆားဘီးယားနိုင်ငံ တစ်မျိုးသားလုံးလွတ်မြောက်ရေးစစ်ပွဲများမှ စစ်ပြန်များ သမဂ္ဂ ဥက္ကဋ္ဌအငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးဗလာဒီမာကိုဗာဆီဗစ်၊ ဘီလာရုနိုင်ငံ မဟာဗျူဟာသုတေသနဌာန ညွှန်ကြားရေးမှူး အိုလက်မာကာရော့၊ ရုရှား-ဆလိုဗက်ကီးယား အသိုင်းအဝိုင်းသမဂ္ဂဥက္ကဋ္ဌ ချာနိုဂါစကီ၊ မဟာဗျူဟာလေ့လာရေးဌာနမှူး ရော့ဒီဝစ်တို့က ပါဝင် ဆွေးနွေးကြပါသည်။

ညီလာခံဒုတိယနေ့ဖြစ်သော ဇွန်လ ၂၄ ရက်တွင် ရုရှားနိုင်ငံလုံခြုံရေး ကောင်စီအတွင်းရေးမှူးကြည်းတပ်ဗိုလ်ချုပ်ကြီး နီကိုလိုင်းပါထရူရှပ်၊ ရုရှားဖက် ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဆာဂျီလက်ရော့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပြည်ပ ထောက်လှမ်းရေးဌာနညွှန်ကြားရေးမှူး ဆာဂျီနာရစ်ရှကင်တို့၏ တင်ပြချက်များနှင့် အတူ ညီလာခံကိုဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

မော်စကိုအပြည်ပြည်ဆိုင်ရာလုံခြုံရေးညီလာခံကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ကမကထပြုမှုဖြင့် ၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါညီလာခံသည် အပြည်ပြည်ဆိုင်ရာလုံခြုံရေးအတွက်အမှန်တစ်ကယ်ဖြစ်ပျက် နေသောပြဿနာများကိုဆွေးနွေးရေးအတွက် ယုံကြည်လောက်သောပလက်ဖောင်း အဖြစ် ၎င်း၏အခန်းကဏ္ဍကို အမြဲတစေခိုင်မာစေပြီး ရုရှားနိုင်ငံအတွက်သာမက ပြည်ပနိုင်ငံများအတွက်ပါ အစဉ်အလာကောင်းတစ်ခုဖြစ်ပါသည်။

Zawgyi Version

(၉)ႀကိမ္ေျမာက္ ေမာ္စကိုအျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးေရးညီလာခံ (MCIS) ၏ သတင္းထုတ္ျပန္ခ်က္

ေနျပည္ေတာ္၊ ဇြန္လ ၂၃

႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕၌ ဇြန္လ ၂၃ ရက္ႏွင့္ ၂၄ ရက္တို႔တြင္က်င္းပေသာ (၉) ႀကိမ္ေျမာက္ ေမာ္စကိုအျပည္ျပည္ဆိုင္ရာလုံၿခဳံေရးညီလာခံ၏ အဓိကေခါင္းစဥ္ မွာ တစ္ကမာၻလုံးႏွင့္ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရးျပႆနာမ်ားကို ရည္ၫႊန္းပါ သည္။
အဆိုပါညီလာခံသို႔ ကာကြယ္ေရးဝန္ႀကီးမ်ား၊ တပ္မေတာ္ကိုယ္စားလွယ္ အဖြဲ႕မ်ား၊ ျပည္ပႏိုင္ငံမ်ားမွ ကြၽမ္းက်င္ပညာရွင္ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ားျဖစ္ေသာ CIS၊ CSTO၊ UN၊ OSCE၊ ICRC၊ LAS တို႔မွေခါင္းေဆာင္မ်ား အပါအဝင္ လူအင္အား ၆၀၀ ေက်ာ္တက္ေရာက္ပါသည္။

ညီလာခံကို ဇြန္လ ၂၃ ရက္တြင္စတင္ဖြင့္လွစ္ပါသည္။ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံသမၼတ ဗလာဒီမာပူတင္က တက္ေရာက္လာၾကသူမ်ားအား ဗီဒီယိုမွတစ္ဆင့္ ညီလာခံအဖြင့္မိန႔္ခြန္းေျပာပါသည္။ အလားတူ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတားရက္(စ္)ကလည္း ဗီဒီယိုမွတစ္ဆင့္ မိန႔္ခြန္းေျပာပါသည္။ ယင္းေနာက္တြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံကာကြယ္ေရးဝန္ႀကီး ဆာဂ်ီ႐ႊိုင္ဂူႏွင့္ ဗဟို လုံၿခဳံေရးဌာနၫႊန္ၾကားေရးမႉး အလက္ဇန္းဒါးေဘာ့နီေကာ့တို႔က အဓိကက်ေသာ ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ႐ုရွားႏိုင္ငံ၏ရပ္တည္မႈမ်ားကို မိတ္ဆက္ရွင္းလင္းပါ သည္။ထို႔ေနာက္ မ်က္ႏွာစုံညီအစည္းအေဝးကို အပိုင္း ၄ ပိုင္းျဖင့္ က်င္းပသည္။

အစည္းအေဝးပထမပိုင္းကို “မဟာဗ်ဴဟာေျမာက္တည္ၿငိမ္ေအးခ်မ္းေရး အေပၚ ျပဳျပင္ေျပာင္းလဲမႈႏွင့္ ေရွ႕ေရးအလားအလာ” ဟုအမည္ေပးထားၿပီး ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံတပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ႏွင့္ ဒုတိယကာကြယ္ေရးဝန္ႀကီး ၾကည္းတပ္ဗိုလ္ခ်ဳပ္ႀကီး ဗာလီရီဂ်ီရာဆီေမာ့၊ တ႐ုတ္ႏိုင္ငံကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးေဝဖန္း၊ ကာတာႏိုင္ငံဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ကာကြယ္ေရးဝန္ႀကီး မိုဟမ္မတ္အယ္အတီယာ၊ ဘယ္လာ႐ုသမၼတႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဗစ္တာခရီနင္၊ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီဥကၠ႒ ပီတာေမာ္ရာ၊ အာဖဂန္နစၥတန္သမၼတေဟာင္း ဟာမစ္ကာဇိုင္းတို႔က ပါဝင္ေဆြးေႏြး ၾကပါသည္။

အစည္းအေဝးဒုတိယပိုင္းကို “ကမာၻ႔ႏိုင္ငံေရးမူေဘာင္အတြင္းက အာရွ-ပစိဖိတ္ေဒသ” ဟုအမည္ေပးထားၿပီး ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဉကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ စစ္ဦးစီးၫႊန္ၾကားေရးမႉး ႐ုံးအႀကီးအကဲႏွင့္ဒုတိယစစ္ဦးစီး အရာရွိခ်ဳပ္ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး အီေဂါေကာ့စယူ ေကာ့၊ ဗီယက္နမ္ႏိုင္ငံကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ဖန္ဗန္ဇန္း၊ ေမာ္ဒိုက္ သမၼတႏိုင္ငံဒုတိယကာကြယ္ေရးဝန္ႀကီး ဟက္ဆန္ဇာမီး၊ ဘဂၤလားေဒ့ရွ္ ျပည္သူ႔သမၼတႏိုင္ငံ ဝန္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဝန္ႀကီး ရွိတ္ဟာဆီနာ၊ ဘ႐ူႏိုင္း ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး မိုဟမ္မတ္ယူဆြတ္တို႔က ပါဝင္ေဆြးေႏြးၾကပါသည္။

အစည္းအေဝးတတိယပိုင္းကို “ႏိုဗယ္ကို႐ိုနာဗိုင္းရပ္ကူးစက္မႈ ကိုဗစ္-၁၉ ကိုတိုက္ဖ်က္ရာတြင္ တပ္မေတာ္အဖြဲ႕အစည္းမ်ား၏အခန္းက႑” ဟုအမည္ေပး ထားၿပီး ကာဇက္စတန္သမၼတႏိုင္ငံကာကြယ္ေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး နာလန္အာမက္ဘာယက္၊ မြန္ဂိုလီးယားႏိုင္ငံကာကြယ္ေရးဝန္ႀကီး ဗိုလ္မႉးခ်ဳပ္ ဂါဆီဒင္ဆိုက္ဟန္ဘာယာ၊ ဇင္ဘာေဘြႏိုင္ငံကာကြယ္ေရးဝန္ႀကီး အိုဖားမူခ်င္ဂူရီကာ ရွီနီ၊ ဆူဒန္သမၼတႏိုင္ငံကာကြယ္ေရးဝန္ႀကီး ယက္ဆင္အီဘရာဟင္၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားဆိုင္ရာ ကုလသမဂၢဒုတိယ အတြင္းေရးမႉးခ်ဳပ္ ယြန္းပီယက္လက္ခြာ၊ ယူဂန္ဒါႏိုင္ငံ တပ္မေတာ္ေဆးဘက္ ဆိုင္ရာၫႊန္ၾကားေရးမႉး ဗိုလ္ခ်ဳပ္ ေအဘရမ္မူဆင္ဂူဇီတို႔က ပါဝင္ေဆြးေႏြး ၾကပါသည္။
ညီလာခံပထမေန႔၏ေနာက္ဆုံးျဖစ္ေသာ အစည္းအေဝးစတုတၳပိုင္းကို “သတင္းအခ်က္အလက္လုံၿခဳံေရးဆိုင္ရာ ျပႆနာမ်ားႏွင့္အေျဖမ်ား” ဟုအမည္ေပး ထားၿပီး ကုလသမဂၢဆိုင္ရာ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံအၿမဲတမ္းကိုယ္စားလွယ္ ဗာဆီလီညီဘန္ဇီယာ၊ ပါကစၥတန္ႏိုင္ငံဒုတိယကာကြယ္ေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုဟမ္မတ္ဟီလယ္ဟူစိန္၊ Alternative for Germany Party ပူးတြဲဥကၠ႒တီႏိုခ႐ူပါလာ၊ ဗင္နီဇြဲလားတပ္မေတာ္စီမံခန႔္ခြဲေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရး ဆိုင္ရာဒုတိယကာကြယ္ေရးဝန္ႀကီး ေရတပ္ဗိုလ္ခ်ဳပ္ႀကီး အလက္ဇန္းဒါးဗာလက္ စကူဘတ္စတီဒက္၊ ႐ုရွားအထက္လႊတ္ေတာ္အမတ္ႏွင့္ လူထုမီဒီယာႏွင့္ပူးေပါင္း ေဆာင္႐ြက္ေရးႏွင့္ျပန္ၾကားေရးမူဝါဒဆိုင္ရာ ဖက္ဒေရးရွင္းေကာင္စီေကာ္မတီဥကၠ႒ အလက္ဇန္းဒါးပုရွေကာ့၊ ျပင္သစ္ႏိုင္ငံတကာလုံၿခဳံေရးဆိုင္ရာ ေလ့လာဆန္းစစ္မႈ ဌာန ၫႊန္ၾကားေရးမႉးအလက္ဆန္ဒ႐ိုဇာနာဆီ၊ ကာလက္တန္တကၠသိုလ္ ျပည္သူ႔ ေရးရာ စီမံအုပ္ခ်ဳပ္မႈႏွင့္ျပည္သူ႔ေရးရာမူဝါဒဌာနၫႊန္ၾကားေရးမႉး ပီေယာ့တာ ဒူကီဝစ္၊ ဆားဘီးယားႏိုင္ငံ တစ္မ်ိဳးသားလုံးလြတ္ေျမာက္ေရးစစ္ပြဲမ်ားမွ စစ္ျပန္မ်ား သမဂၢ ဥကၠ႒အၿငိမ္းစားဒုတိယဗိုလ္ခ်ဳပ္ႀကီးဗလာဒီမာကိုဗာဆီဗစ္၊ ဘီလာ႐ုႏိုင္ငံ မဟာဗ်ဴဟာသုေတသနဌာန ၫႊန္ၾကားေရးမႉး အိုလက္မာကာေရာ့၊ ႐ုရွား-ဆလိုဗက္ကီးယား အသိုင္းအဝိုင္းသမဂၢဥကၠ႒ ခ်ာႏိုဂါစကီ၊ မဟာဗ်ဴဟာေလ့လာေရးဌာနမႉး ေရာ့ဒီဝစ္တို႔က ပါဝင္ ေဆြးေႏြးၾကပါသည္။

ညီလာခံဒုတိယေန႔ျဖစ္ေသာ ဇြန္လ ၂၄ ရက္တြင္ ႐ုရွားႏိုင္ငံလုံၿခဳံေရး ေကာင္စီအတြင္းေရးမႉးၾကည္းတပ္ဗိုလ္ခ်ဳပ္ႀကီး နီကိုလိုင္းပါထ႐ူရွပ္၊ ႐ုရွားဖက္ ဒေရးရွင္းႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဆာဂ်ီလက္ေရာ့ႏွင့္ ႐ုရွားဖက္ဒေရးရွင္း ႏိုင္ငံျပည္ပ ေထာက္လွမ္းေရးဌာနၫႊန္ၾကားေရးမႉး ဆာဂ်ီနာရစ္ရွကင္တို႔၏ တင္ျပခ်က္မ်ားႏွင့္ အတူ ညီလာခံကိုဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရွိရသည္။

ေမာ္စကိုအျပည္ျပည္ဆိုင္ရာလုံၿခဳံေရးညီလာခံကို ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာန၏ကမကထျပဳမႈျဖင့္ ၂၀၁၂ ခုႏွစ္မွစ၍ ႏွစ္စဥ္က်င္းပခဲ့ျခင္းျဖစ္သည္။ အဆိုပါညီလာခံသည္ အျပည္ျပည္ဆိုင္ရာလုံၿခဳံေရးအတြက္အမွန္တစ္ကယ္ျဖစ္ပ်က္ ေနေသာျပႆနာမ်ားကိုေဆြးေႏြးေရးအတြက္ ယုံၾကည္ေလာက္ေသာပလက္ေဖာင္း အျဖစ္ ၎၏အခန္းက႑ကို အၿမဲတေစခိုင္မာေစၿပီး ႐ုရွားႏိုင္ငံအတြက္သာမက ျပည္ပႏိုင္ငံမ်ားအတြက္ပါ အစဥ္အလာေကာင္းတစ္ခုျဖစ္ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။