နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ “ဂုဏ်ထူးဆောင် ပါမောက္ခ”ဘွဲ့ ပေးအပ်ချီးမြှင့်

နေပြည်တော် ဇွန် – ၂၄

(၉)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021))သို့ ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ “ဂုဏ်ထူး ဆောင်ပါမောက္ခ”ဘွဲ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၂၃ ရက် ဒေသ စံတော်ချိန် ညနေပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့် အဆိုပါ စစ်တက္ကသိုလ်သို့ ရောက်ရှိကြရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြပြီး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးက ကျောင်းမှနည်းပြများနှင့် မိတ်ဆက်ပေး သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် စစ် တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်း လင်းပြသသည်။

ယင်းနောက် စစ်တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အီဂေါမီ ရှုသ်ကင် (Lieutenant General Lgor Mishutkin)က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်မှု၊ စစ်ဘက် နည်း ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင် သင်တန်း သားများကို စေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံ တပ်မတော်နှင့် အစိုးရနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင် စွမ်းဆောင်နိုင်မှုတို့ကြောင့် စစ်တက္ကသိုလ် မှ ဘုတ်အဖွဲ့များ၏ ဆုံးဖြတ်ချက်အရ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးအပ်ချီးမြှင့်ရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်(Military University of Defence Ministry)၏ “ဂုဏ်ထူးဆောင် ပါမောက္ခ”ဘွဲ့ (Honorary Professor of the Russian Military University) အဆောင်အယောင်များဖြစ်ကြသည့် ဘွဲ့ဝတ်ရုံ၊ ခေါင်းဆောင်း၊ ဘွဲ့တံဆိပ်၊ ဘွဲ့လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူ သည်။ ထို့ပြင် စစ်တက္ကသိုလ်၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ရင်ထိုးတံဆိပ်ကိုလည်း ဂုဏ်ပြုတပ်ဆင်ပေးသည်။ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်နေစဉ်အတွင်း အဆိုပါ စစ်တက္က သိုလ်မှ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော် သီချင်းကို ဂုဏ်ပြုတီးမှုတ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခုကဲ့သို့ “ဂုဏ်ထူးဆောင် ပါမောက္ခ” ပေးအပ်ချီးမြှင့်ခြင်းခံရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်စကားပြောကြားရာတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၏ သမိုင်းကြောင်းကောင်းမွန်လှသည့် ယခုစစ်တက္ကသိုလ်မှ ချီးမြှင့် သည့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရရှိခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ဂုဏ်ထူးဆောင်ပါမောက္ခ၏ ဂုဏ်ဒြပ်နှင့်အညီ ရုရှား-မြန်မာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ နှစ်နိုင်ငံ စစ်ဘက်-အရပ်ဘက် လူမှုအဖွဲ့အစည်းအတွက် အကျိုးရှိစေမည့်ကိစ္စရပ်များ၊ ယဉ်ကျေးမှု၊ စစ်ဘက် နည်း ပညာနှင့် သိပ္ပံနည်းပညာရပ် ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နယ် ပယ်ပေါင်းစုံတွင် ဆက်ဆံရေးတိုးမြှင့်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာ့တပ်မတော်မှ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာ တက္က သိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (ဗထူး)၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)နှင့် တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာတက္ကသိုလ်တို့မှ သင်တန်းဆင်းထူးချွန်ဆုရ အရာရှိများနှင့် မိတ်ဆက်ပေးသည်။ ယင်းနောက် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးက နှုတ်ဆက်စကား ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းပြတိုက်အား လှည့်လည်ကြည့်ရှု လေ့လာကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်း နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးအား နိုင်ငံတကာကပေးအပ် ထားသော လက်ဆောင်များ ပြခန်းကို ကြည့်ရှုလေ့လာကြပြီး နှစ်နိုင်ငံ အထိမ်းအမှတ် တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အဆိုပါ မော်စကိုမြို့တွင် ဖွင့်လှစ်ထားရှိသည့် စစ်ဘက်ဆိုင်ရာတက္ကသိုလ် (Military University of Defence Ministry) သည် ရုရှားနိုင်ငံ၏ ရှေးအကျဆုံး တက္ကသိုလ်များအနက် တစ်ခုဖြစ်ပြီး ၁၉၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် သင်တန်းကျောင်းအနေဖြင့် ဖွင့်လှစ်ခဲ့ရာမှ ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်တွင် စစ်ဘက်ဆိုင်ရာ ကောလိပ်တစ်ခုအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ ထို့နောက် ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်တွင် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ပညာရပ် များ၊ သိပ္ပံပညာရပ်များ၊ စီးပွားရေးဆိုင်ရာ ပညာရပ်များနှင့် တရားဥပဒေရေးရာ ပညာ ရပ်များကို သက်ဆိုင်ရာ နှစ်အလိုက် သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ပြင် Vladimir Lenin စစ်ဘက်ဆိုင်ရာနိုင်ငံရေးသင်တန်းကျောင်း၊ နိုင်ငံခြားဘာသာစကားဆိုင်ရာ စစ်ဘက် သင်တန်းကျောင်း၊ ဥပဒေရေးရာစစ်ဘက်သင်တန်းကျောင်း၊ ဘဏ္ဍာရေး ဆိုင်ရာ စစ်ဘက်သင်တန်းကျောင်း၊ Lviv စစ်ဘက်ဆိုင်ရာနိုင်ငံရေး သင်တန်းကျောင်း နှင့် မော်စကို မှန်လုံအိမ်စိုက်ပျိုးရေးနည်းပညာဆိုင်ရာ စစ်ဘက်သင်တန်းကျောင်းများ ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် တက္ကသိုလ်မှ မွေးထုတ်ပေး လိုက်သည့် ကျောင်းဆင်းဗိုလ်လောင်းများသည် ရုရှားတပ်မတော်၏ တပ်ဖွဲ့ အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Zawgyi Version

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အား ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ စစ္ဘက္ဆိုင္ရာတကၠသိုလ္မွ “ဂုဏ္ထူးေဆာင္ ပါေမာကၡ”ဘြဲ႕ ေပးအပ္ခ်ီးျမႇင့္

ေနျပည္ေတာ္ ဇြန္ – ၂၄

(၉)ႀကိမ္ေျမာက္ႏိုင္ငံတကာလုံၿခဳံေရးဆိုင္ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021))သို႔ ပါဝင္တက္ေရာက္ခဲ့သည့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အား ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ စစ္ဘက္ဆိုင္ရာတကၠသိုလ္မွ “ဂုဏ္ထူး ေဆာင္ပါေမာကၡ”ဘြဲ႕ေပးအပ္ခ်ီးျမႇင့္ျခင္း အခမ္းအနားကို ဇြန္ ၂၃ ရက္ ေဒသ စံေတာ္ခ်ိန္ ညေနပိုင္းတြင္ အဆိုပါတကၠသိုလ္၌ က်င္းပျပဳလုပ္သည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အခမ္းအနားျပဳလုပ္မည့္ အဆိုပါ စစ္တကၠသိုလ္သို႔ ေရာက္ရွိၾကရာ စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ ၾကၿပီး စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီးက ေက်ာင္းမွနည္းျပမ်ားႏွင့္ မိတ္ဆက္ေပး သည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဉကၠ႒ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္ တကၠသိုလ္စာၾကည့္တိုက္ကို ၾကည့္ရႈေလ့လာၾကရာ တာဝန္ရွိသူမ်ားက လိုက္လံရွင္း လင္းျပသသည္။

ယင္းေနာက္ စစ္တကၠသိုလ္မွ ေက်ာင္းအုပ္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး အီေဂါမီ ရႈသ္ကင္ (Lieutenant General Lgor Mishutkin)က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ႏွစ္ႏိုင္ငံတပ္မေတာ္ ႏွစ္ရပ္အၾကား ဆက္ဆံေရးတိုးတက္ခိုင္မာေအာင္ ေဆာင္႐ြက္ႏိုင္မႈ၊ စစ္ဘက္ နည္း ပညာဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေစေရးပူးေပါင္းေဆာင္႐ြက္မႈ၊ ပညာေတာ္သင္ သင္တန္း သားမ်ားကို ေစလႊတ္ျခင္းျဖင့္ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွင့္ အစိုးရႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈကို တိုးတက္ခိုင္မာေအာင္ စြမ္းေဆာင္ႏိုင္မႈတို႔ေၾကာင့္ စစ္တကၠသိုလ္ မွ ဘုတ္အဖြဲ႕မ်ား၏ ဆုံးျဖတ္ခ်က္အရ ဂုဏ္ထူးေဆာင္ပါေမာကၡဘြဲ႕ ေပးအပ္ခ်ီးျမႇင့္ရ ျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။ ထို႔ေနာက္ ေက်ာင္းအုပ္ႀကီးက ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ စစ္ဘက္ဆိုင္ရာတကၠသိုလ္(Military University of Defence Ministry)၏ “ဂုဏ္ထူးေဆာင္ ပါေမာကၡ”ဘြဲ႕ (Honorary Professor of the Russian Military University) အေဆာင္အေယာင္မ်ားျဖစ္ၾကသည့္ ဘြဲ႕ဝတ္႐ုံ၊ ေခါင္းေဆာင္း၊ ဘြဲ႕တံဆိပ္၊ ဘြဲ႕လက္မွတ္ႏွင့္ ဂုဏ္ျပဳမွတ္တမ္းလႊာတို႔ကို ေပးအပ္ခ်ီးျမႇင့္ရာ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လက္ခံရယူ သည္။ ထို႔ျပင္ စစ္တကၠသိုလ္၏ ႏွစ္ ၁၀၀ ျပည့္အထိမ္းအမွတ္ ရင္ထိုးတံဆိပ္ကိုလည္း ဂုဏ္ျပဳတပ္ဆင္ေပးသည္။ ဂုဏ္ထူးေဆာင္ဘြဲ႕ခ်ီးျမႇင့္ေနစဥ္အတြင္း အဆိုပါ စစ္တကၠ သိုလ္မွ ဂုဏ္ျပဳတပ္ဖြဲ႕က ႏွစ္ႏိုင္ငံ ႏိုင္ငံေတာ္ သီခ်င္းကို ဂုဏ္ျပဳတီးမႈတ္ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ယခုကဲ့သို႔ “ဂုဏ္ထူးေဆာင္ ပါေမာကၡ” ေပးအပ္ခ်ီးျမႇင့္ျခင္းခံရသည့္ အတြက္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းႏွင့္ ေက်းဇူးတင္စကားေျပာၾကားရာတြင္ ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံ၏ သမိုင္းေၾကာင္းေကာင္းမြန္လွသည့္ ယခုစစ္တကၠသိုလ္မွ ခ်ီးျမႇင့္ သည့္ ဂုဏ္ထူးေဆာင္ပါေမာကၡဘြဲ႕ကို လက္ခံရရွိခဲ့သည့္အတြက္ အထူးပင္ ဝမ္းေျမာက္ ဂုဏ္ယူမိပါေၾကာင္း၊ ဂုဏ္ထူးေဆာင္ပါေမာကၡ၏ ဂုဏ္ျဒပ္ႏွင့္အညီ ႐ုရွား-ျမန္မာ စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈလုပ္ငန္းမ်ား၊ ႏွစ္ႏိုင္ငံ စစ္ဘက္-အရပ္ဘက္ လူမႈအဖြဲ႕အစည္းအတြက္ အက်ိဳးရွိေစမည့္ကိစၥရပ္မ်ား၊ ယဥ္ေက်းမႈ၊ စစ္ဘက္ နည္း ပညာႏွင့္ သိပၸံနည္းပညာရပ္ ဆိုင္ရာမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မိမိကိုယ္စြမ္း ဉာဏ္စြမ္း ရွိသေ႐ြ႕ ဆက္လက္ပံ့ပိုးကူညီ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ နယ္ ပယ္ေပါင္းစုံတြင္ ဆက္ဆံေရးတိုးျမႇင့္ခိုင္မာေအာင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ျမန္မာ့တပ္မေတာ္မွ စစ္တကၠသိုလ္၊ တပ္မေတာ္နည္းပညာ တကၠ သိုလ္၊ တပ္မေတာ္ေဆးတကၠသိုလ္၊ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္း ေက်ာင္း (ဗထူး)၊ တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)ႏွင့္ တပ္မေတာ္သူနာျပဳ ႏွင့္ ေဆးဘက္ပညာတကၠသိုလ္တို႔မွ သင္တန္းဆင္းထူးခြၽန္ဆုရ အရာရွိမ်ားႏွင့္ မိတ္ဆက္ေပးသည္။ ယင္းေနာက္ စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီးက ႏႈတ္ဆက္စကား ေျပာၾကားသည္။

ဆက္လက္၍ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဉကၠ႒ တပ္မေတာ္ ကာကြယ္ေရးဉီးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ေက်ာင္းျပတိုက္အား လွည့္လည္ၾကည့္ရႈ ေလ့လာၾကၿပီး ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးသည္။ ယင္း ေနာက္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးအား ႏိုင္ငံတကာကေပးအပ္ ထားေသာ လက္ေဆာင္မ်ား ျပခန္းကို ၾကည့္ရႈေလ့လာၾကၿပီး ႏွစ္ႏိုင္ငံ အထိမ္းအမွတ္ တံဆိပ္ႏွင့္ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကသည္။

အဆိုပါ ေမာ္စကိုၿမိဳ႕တြင္ ဖြင့္လွစ္ထားရွိသည့္ စစ္ဘက္ဆိုင္ရာတကၠသိုလ္ (Military University of Defence Ministry) သည္ ႐ုရွားႏိုင္ငံ၏ ေရွးအက်ဆုံး တကၠသိုလ္မ်ားအနက္ တစ္ခုျဖစ္ၿပီး ၁၉၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္တြင္ သင္တန္းေက်ာင္းအေနျဖင့္ ဖြင့္လွစ္ခဲ့ရာမွ ၁၉၇၄ ခုႏွစ္၊ ဇူလိုင္လ ၂၀ ရက္တြင္ စစ္ဘက္ဆိုင္ရာ ေကာလိပ္တစ္ခုအျဖစ္ ေျပာင္းလဲခဲ့ေၾကာင္း၊ ထို႔ေနာက္ ၁၉၉၄ ခုႏွစ္၊ ဇူလိုင္လ ၂၀ ရက္ေန႔တြင္ ယခုကဲ့သို႔ စစ္ဘက္ဆိုင္ရာ တကၠသိုလ္အျဖစ္ ေျပာင္းလဲ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တကၠသိုလ္တြင္ ေခါင္းေဆာင္မႈပိုင္းဆိုင္ရာ ပညာရပ္ မ်ား၊ သိပၸံပညာရပ္မ်ား၊ စီးပြားေရးဆိုင္ရာ ပညာရပ္မ်ားႏွင့္ တရားဥပေဒေရးရာ ပညာ ရပ္မ်ားကို သက္ဆိုင္ရာ ႏွစ္အလိုက္ သင္ၾကားေပးလ်က္ရွိေၾကာင္း၊ ထို႔ျပင္ Vladimir Lenin စစ္ဘက္ဆိုင္ရာႏိုင္ငံေရးသင္တန္းေက်ာင္း၊ ႏိုင္ငံျခားဘာသာစကားဆိုင္ရာ စစ္ဘက္ သင္တန္းေက်ာင္း၊ ဥပေဒေရးရာစစ္ဘက္သင္တန္းေက်ာင္း၊ ဘ႑ာေရး ဆိုင္ရာ စစ္ဘက္သင္တန္းေက်ာင္း၊ Lviv စစ္ဘက္ဆိုင္ရာႏိုင္ငံေရး သင္တန္းေက်ာင္း ႏွင့္ ေမာ္စကို မွန္လုံအိမ္စိုက္ပ်ိဳးေရးနည္းပညာဆိုင္ရာ စစ္ဘက္သင္တန္းေက်ာင္းမ်ား ကိုလည္း ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္းႏွင့္ တကၠသိုလ္မွ ေမြးထုတ္ေပး လိုက္သည့္ ေက်ာင္းဆင္းဗိုလ္ေလာင္းမ်ားသည္ ႐ုရွားတပ္မေတာ္၏ တပ္ဖြဲ႕ အသီးသီး တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။