နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan၊ Kazan မြို့တော်ရှိ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုဆေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများသို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် – ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်သည့် “Eidos Medicine” နှင့် “Endome-dium” ကုမ္ပဏီမှ ထုတ်လုပ်သည့် ခွဲစိတ်ခန်းသုံးစက်ကိရိယာများ အား သွားရောက် လေ့လာကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် “Eidos Medicine” သို့ ရောက်ရှိကြရာ ကုမ္ပဏီ CEO Mr.Lenar Valeev နှင့် “Endomedium” ကုမ္ပဏီ CEO Mr.Oleg Gusev နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် “Eidos Medicine” ဖြစ်ပေါ် လာသည့်သမိုင်းအကျဉ်း မှတ်တမ်းဓာတ်ပုံများ၊ COVID-19 ရောဂါ ရှာဖွေရေး Test-kit စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ထားရှိမှု အခြေအနေများ၊ Human Patient Simulation စနစ်ဖြင့်ရောဂါရှာဖွေစမ်းသပ်နေမှု အခြေအနေများ၊ “Endomedium” ကုမ္ပဏီမှ ထုတ်လုပ်သည့် မှန်ပြောင်းအသုံးပြု၍ ရောဂါရှာဖွေပေးသည့် အဆင့်မြင့်စက် များနှင့် ဆက်စပ်ပစ္စည်းများဖြင့် ရောဂါရှာဖွေစမ်းသပ်နေမှု အခြေအနေများအား လိုက် လံ ရှင်းလင်းပြသကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ယင်းနောက် အစည်းအဝေးခန်းမတွင် ကုမ္ပဏီများမှ ထုတ်လုပ်သည့် ဆေးကုသ ရေးဆိုင်ရာပစ္စည်းများ ထုတ်လုပ်ထားရှိမှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများအား ရှင်းလင်းပြောကြားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များအား ပြန် လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ “Eidos Medicine” စက်ရုံကို Med Vision Group of Companies မှ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာနယ်ပယ်အတွက် တိကျမှု မြင့်မားသော Simulators Design နှင့် Medical Simulators များအား အထူးပြုထုတ် လုပ်ခြင်းဖြင့် လျင်မြန်စွာတိုးတက်လျက်ရှိသည့် ဂျပန်ဆေးဘက်ဆိုင်ရာကုမ္ပဏီတစ်ခု ဖြစ်ကြောင်း၊ Human Patient Simulation နှင့် Surgery Simulation အမျိုးအစား နှစ် မျိုးကို အဓိက ထုတ်ကုန်များအဖြစ် ထုတ်လုပ်လျက်ရှိပြီး Human Patient Simula- tion စနစ်တွင် တိကျမှုမြင့်မားခြင်း၊ အသားအရေအစစ်ကဲ့သို့ ဖန်တီးထားခြင်း၊ Physiological math. Model များဖြင့် တည်ဆောက်ထားခြင်းတို့ကြောင့် လူနာများ အား ထိရောက်မှန်ကန်စွာ ကုသပေးနိုင်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းနှင့် ဝန်ဆောင်မှု စရိတ်များမှာ အခြားသော စက်အမျိုးအစားများထက် များစွာသက်သာမှုရှိပြီး ဥရောပ နှင့် အမေရိကနိုင်ငံများတွင် ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အခြားသော ကဏ္ဍများတွင်လည်း အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

“Endomedium” ကုမ္ပဏီ ကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီ အနေဖြင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ရင်ခေါင်း၊ ဝမ်းဗိုက်နှင့် ဆီးလမ်းကြောင်းများအတွင်း မှန်ပြောင်းအသုံးပြု၍ ရောဂါရှာဖွေပေး သည့် အဆင့်မြင့်စက်များနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် ထုတ်ကုန်အမျိုးအစား ၄၀ ကျော်၊ Endosurgical ခွဲစိတ်ကုသမှု ကိရိယာ ၈၀၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ “Endomedium” ကုမ္ပဏီသည် kazan ဆေးပညာအကယ်ဒမီနှင့် တွဲဖက်၍ လေ့ကျင့် ရေး စင်တာဖွင့်လှစ်ထားရှိပြီး ပညာရေးဆိုင်ရာလှုပ်ရှားမှုများကိုလည်း ပြုလုပ်လျက်ရှိ ကြောင်း၊ ထို့ပြင် ဆရာဝန်များအား Endoscopic ခွဲစိတ်မှု၊ မီးယပ်နှင့် သားဖွားရောဂါ၊ သွေးကြောထုံးရောဂါ၊ အူကျွံအူကျရောဂါနှင့် အဆစ်ရောင်နာရောဂါ အစရှိသည့် ရောဂါ တို့နှင့် ပတ်သက်၍လည်း ဆွေးနွေးလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

 

Zawgyi Version

 

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ Republic of the Tatarstan၊ Kazan ၿမိဳ႕ေတာ္ရွိ ေဆးကုသေရးဆိုင္ရာ အေထာက္အကူျပဳေဆးပစၥည္း ထုတ္လုပ္ေရးကုမၸဏီမ်ားသို႔ သြားေရာက္ေလ့လာ

ေနျပည္ေတာ္ ဇြန္ – ၂၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုးႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါ၍ ယေန႔ ေဒသစံေတာ္ခ်ိန္ နံနက္ပိုင္းတြင္ Republic of the Tatarstan၊ Kazan ၿမိဳ႕ေတာ္ရွိ ေဆးကုသေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား ထုတ္လုပ္သည့္ “Eidos Medicine” ႏွင့္ “Endome-dium” ကုမၸဏီမွ ထုတ္လုပ္သည့္ ခြဲစိတ္ခန္းသုံးစက္ကိရိယာမ်ား အား သြားေရာက္ ေလ့လာၾကည့္ရႈၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ “Eidos Medicine” သို႔ ေရာက္ရွိၾကရာ ကုမၸဏီ CEO Mr.Lenar Valeev ႏွင့္ “Endomedium” ကုမၸဏီ CEO Mr.Oleg Gusev ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ “Eidos Medicine” ျဖစ္ေပၚ လာသည့္သမိုင္းအက်ဥ္း မွတ္တမ္းဓာတ္ပုံမ်ား၊ COVID-19 ေရာဂါ ရွာေဖြေရး Test-kit စက္ပစၥည္းကိရိယာမ်ား ထုတ္လုပ္ထားရွိမႈ အေျခအေနမ်ား၊ Human Patient Simulation စနစ္ျဖင့္ေရာဂါရွာေဖြစမ္းသပ္ေနမႈ အေျခအေနမ်ား၊ “Endomedium” ကုမၸဏီမွ ထုတ္လုပ္သည့္ မွန္ေျပာင္းအသုံးျပဳ၍ ေရာဂါရွာေဖြေပးသည့္ အဆင့္ျမင့္စက္ မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားျဖင့္ ေရာဂါရွာေဖြစမ္းသပ္ေနမႈ အေျခအေနမ်ားအား လိုက္ လံ ရွင္းလင္းျပသၾကရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ားကို ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့သည္။

ယင္းေနာက္ အစည္းအေဝးခန္းမတြင္ ကုမၸဏီမ်ားမွ ထုတ္လုပ္သည့္ ေဆးကုသ ေရးဆိုင္ရာပစၥည္းမ်ား ထုတ္လုပ္ထားရွိမႈ အေျခအေနမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ ႏိုင္မည့္အေျခအေနမ်ားအား ရွင္းလင္းေျပာၾကားရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက သိရွိလိုသည္မ်ားအား ျပန္ လည္ေမးျမန္းေဆြးေႏြးခဲ့ၾကသည္။

အဆိုပါ “Eidos Medicine” စက္႐ုံကို Med Vision Group of Companies မွ ၂၀၁၄ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ေဆးဘက္ဆိုင္ရာနယ္ပယ္အတြက္ တိက်မႈ ျမင့္မားေသာ Simulators Design ႏွင့္ Medical Simulators မ်ားအား အထူးျပဳထုတ္ လုပ္ျခင္းျဖင့္ လ်င္ျမန္စြာတိုးတက္လ်က္ရွိသည့္ ဂ်ပန္ေဆးဘက္ဆိုင္ရာကုမၸဏီတစ္ခု ျဖစ္ေၾကာင္း၊ Human Patient Simulation ႏွင့္ Surgery Simulation အမ်ိဳးအစား ႏွစ္ မ်ိဳးကို အဓိက ထုတ္ကုန္မ်ားအျဖစ္ ထုတ္လုပ္လ်က္ရွိၿပီး Human Patient Simula- tion စနစ္တြင္ တိက်မႈျမင့္မားျခင္း၊ အသားအေရအစစ္ကဲ့သို႔ ဖန္တီးထားျခင္း၊ Physiological math. Model မ်ားျဖင့္ တည္ေဆာက္ထားျခင္းတို႔ေၾကာင့္ လူနာမ်ား အား ထိေရာက္မွန္ကန္စြာ ကုသေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ေဈးႏႈန္းႏွင့္ ဝန္ေဆာင္မႈ စရိတ္မ်ားမွာ အျခားေသာ စက္အမ်ိဳးအစားမ်ားထက္ မ်ားစြာသက္သာမႈရွိၿပီး ဥေရာပ ႏွင့္ အေမရိကႏိုင္ငံမ်ားတြင္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္းႏွင့္ ေက်ာင္းမ်ား၊ ေဆး႐ုံမ်ား၊ စစ္ဘက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ အျခားေသာ က႑မ်ားတြင္လည္း အသုံးျပဳလ်က္ရွိေၾကာင္း သိရွိရသည္။

“Endomedium” ကုမၸဏီ ကို ၁၉၉၇ ခုႏွစ္၊ ဇြန္လ ၆ ရက္ေန႔တြင္ စတင္ တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ကုမၸဏီ အေနျဖင့္ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း၊ ရင္ေခါင္း၊ ဝမ္းဗိုက္ႏွင့္ ဆီးလမ္းေၾကာင္းမ်ားအတြင္း မွန္ေျပာင္းအသုံးျပဳ၍ ေရာဂါရွာေဖြေပး သည့္ အဆင့္ျမင့္စက္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ထုတ္လုပ္ေပးႏိုင္ခဲ့ ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ထုတ္ကုန္အမ်ိဳးအစား ၄၀ ေက်ာ္၊ Endosurgical ခြဲစိတ္ကုသမႈ ကိရိယာ ၈၀၀ ေက်ာ္ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ထုတ္လုပ္ေပးလ်က္ရွိေၾကာင္း၊ “Endomedium” ကုမၸဏီသည္ kazan ေဆးပညာအကယ္ဒမီႏွင့္ တြဲဖက္၍ ေလ့က်င့္ ေရး စင္တာဖြင့္လွစ္ထားရွိၿပီး ပညာေရးဆိုင္ရာလႈပ္ရွားမႈမ်ားကိုလည္း ျပဳလုပ္လ်က္ရွိ ေၾကာင္း၊ ထို႔ျပင္ ဆရာဝန္မ်ားအား Endoscopic ခြဲစိတ္မႈ၊ မီးယပ္ႏွင့္ သားဖြားေရာဂါ၊ ေသြးေၾကာထုံးေရာဂါ၊ အူကြၽံအူက်ေရာဂါႏွင့္ အဆစ္ေရာင္နာေရာဂါ အစရွိသည့္ ေရာဂါ တို႔ႏွင့္ ပတ္သက္၍လည္း ေဆြးေႏြးလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရွိရသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။