နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan သို့ ရောက်ရှိ၊ KAMAZ Holdingကုမ္ပဏီသို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် – ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို မြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် Republic of the Tatarstan သို့ ထွက်ခွာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးရာဌာန၊ ဒုတိယဌာနကြီးမှူး Major General Alexander Lopilin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Republic of the Tatarstan၊ Naberezhnye (နာဘီ ရေညီယယ်ချဲလ်နေ)မြို့၊ Begishevo လေဆိပ်သို့ ရောက်ရှိကြရာ ဒုတိယဝန်ကြီးချုပ် H.E. Mr. Nigmatullin Rustan Kamilievich နှင့် တာဝန်ရှိသူတို့က ရိုးရာဓလေ့နှင့် အညီ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် Naberezhnyeမြို့ရှိ KAMAZ Holding မော်တော်ကားစက်ရုံ သို့သွားရောက်၍ ထရပ်ကားများ၊ ဘတ်စ်ကားများနှင့် ဒီဇယ်အင်ဂျင်များ ထုတ်လုပ်နေမှု အခြေအနေများအား သွားရောက်လေ့လာကြည့်ရှုကြရာ စက်ရုံမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် Mr. Gerasimov Yuri Ivanovich၊ ဒီဇိုင်းအင်ဂျင်နီယာချုပ် Mr. Makarov Evgeni Gennagievichနှင့်တာဝန်ရှိသူများက စက်ကိရိယာအစိတ်အပိုင်းထုတ်လုပ်ရာ ဌာန၊ စက်ခေါင်းပိုင်း၊ ကိုယ်ထည်ပိုင်း၊ အင်ဂျင်ပိုင်း စသည်ဖြင့် ယာဉ်တစ်စီးလုံး ပြီးစီး သည်အထိ အဆင့်ဆင့် တပ်ဆင်ထုတ်လုပ်နေမှုများကိုပြသကြသည်။ ထို့သို့ လိုက်လံ ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။ ထို့နောက် KAMAZ Holding မှ ထုတ်လုပ်ထားရှိသည့် Truck ယာဉ်များနှင့် စစ်မြေပြင် သုံး Typhoon သံချပ်ကာယာဉ်တို့၏ စွမ်းရည်များကို လက်တွေ့မောင်းနှင်ပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များက လေ့လာကြည့်ရှုခဲ့ကြသည်။

ထို့နောက် ထပ်မံထုတ်လုပ်လျက်ရှိသည့် Truck ယာဉ်ကြီးများ၊ Battery စနစ် သုံး အမှိုက်သိမ်းယာဉ်၊ လူစီးယာဉ်ငယ်နှင့် အခြားယာဉ်အမျိုးမျိုးတို့အား လိုက်လံ ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KAMAZ Holding မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်း များ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

အဆိုပါ KAMAZ စက်ရုံကို အရွယ်အစားကြီးမားသည့် ထရပ်ကားများ ထုတ်လုပ် ရန် ရည်ရွယ်ချက်ဖြင့် ဆိုဗီယက်ပြည်ထောင်စုကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီနှင့် ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထောင်စု၏ ဥပဒေပြုရေးကောင်စီတို့မှ Naberezhnye Chelny မြို့၌ ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် Oka midget (VAZ-1111) မော်တော်ယာဉ်များ အား ပထမဆုံးထုတ်လုပ်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်တွင် Joint Stock ကုမ္ပဏီ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် KAMAZ အင်ဂျင်စက် ရုံ မီးလောင်ပျက်စီးမှု ၁ ကြိမ်ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၀၆ ခုနှစ်တွင် မိတ်ဖက် ကုမ္ပဏီဖြစ်သည့် Cummins Inc. ကုမ္ပဏီနှင့် ပူးတွဲ၍ CUMMINS KAMA Joint Venture ကုမ္ပဏီအား တည်ထောင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာအနှံ့အပြား သို့ လုပ်ငန်းသုံးယာဉ်ကြီးများကို တင်ပို့ရောင်းချပေးလျက်ရှိပြီး KAMAZ ကုမ္ပဏီ သည် Dakar Rally ကားပြိုင်ပွဲတွင် ၁၈ ကြိမ်အနိုင်ရရှိထားကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် စာရင်းအရ တစ်နှစ်လျင် ထရပ်ကားအစီးရေ ၄၃၀၀၀ ကျော် ထုတ်လုပ်နိုင်ပြီး ရုရှား တပ်မတော်တွင် အသုံးပြုသည့် ထရပ်ကားအများစုမှာ KAMAZ ကုမ္ပဏီမှ ထုတ်လုပ် သည့် မော်တော်ကားများဖြစ်ကြောင်း သိရှိရသည်။

 

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် Naberezhnyeမြို့မှ Republic of the Tatarstan၊ Kazan မြို့တော်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး Republic of the Tatarstan သမ္မတ အထူးဧည့်ဂေဟာသို့ရောက်ရှိကာ ညအိပ်ရပ်နားခဲ့ကြသည်။

Zawgyi Version

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ Republic of the Tatarstan သို႔ ေရာက္ရွိ၊ KAMAZ Holdingကုမၸဏီသို႔ သြားေရာက္ေလ့လာ

ေနျပည္ေတာ္ ဇြန္ – ၂၅

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသို႔ေရာက္ရွိေနသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုးႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါ၍ ဇြန္ ၂၄ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ပိုင္းတြင္ ႐ုရွား ဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကို ၿမိဳ႕ Sheremetyevo အျပည္ျပည္ဆိုင္ရာေလဆိပ္မွ တစ္ဆင့္ Republic of the Tatarstan သို႔ ထြက္ခြာရာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာနမွ အျပည္ျပည္ဆိုင္ရာ စစ္ဘက္ပူးေပါင္းေဆာင္႐ြက္ေရးရာဌာန၊ ဒုတိယဌာနႀကီးမႉး Major General Alexander Lopilin၊ ႐ုရွားႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံ႐ုံးမွ သံမႉးႀကီး ဦးေဇာ္လင္းဦးႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ Republic of the Tatarstan၊ Naberezhnye (နာဘီ ေရညီယယ္ခ်ဲလ္ေန)ၿမိဳ႕၊ Begishevo ေလဆိပ္သို႔ ေရာက္ရွိၾကရာ ဒုတိယဝန္ႀကီးခ်ဳပ္ H.E. Mr. Nigmatullin Rustan Kamilievich ႏွင့္ တာဝန္ရွိသူတို႔က ႐ိုးရာဓေလ့ႏွင့္ အညီ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ Naberezhnyeၿမိဳ႕ရွိ KAMAZ Holding ေမာ္ေတာ္ကားစက္႐ုံ သို႔သြားေရာက္၍ ထရပ္ကားမ်ား၊ ဘတ္စ္ကားမ်ားႏွင့္ ဒီဇယ္အင္ဂ်င္မ်ား ထုတ္လုပ္ေနမႈ အေျခအေနမ်ားအား သြားေရာက္ေလ့လာၾကည့္ရႈၾကရာ စက္႐ုံမွ ဒုတိယ ၫႊန္ၾကား ေရးမႉးခ်ဳပ္ Mr. Gerasimov Yuri Ivanovich၊ ဒီဇိုင္းအင္ဂ်င္နီယာခ်ဳပ္ Mr. Makarov Evgeni Gennagievichႏွင့္တာဝန္ရွိသူမ်ားက စက္ကိရိယာအစိတ္အပိုင္းထုတ္လုပ္ရာ ဌာန၊ စက္ေခါင္းပိုင္း၊ ကိုယ္ထည္ပိုင္း၊ အင္ဂ်င္ပိုင္း စသည္ျဖင့္ ယာဥ္တစ္စီးလုံး ၿပီးစီး သည္အထိ အဆင့္ဆင့္ တပ္ဆင္ထုတ္လုပ္ေနမႈမ်ားကိုျပသၾကသည္။ ထို႔သို႔ လိုက္လံ ရွင္းလင္းျပသမႈမ်ားအေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ားကို ျပန္လည္ေမးျမန္းေဆြးေႏြးသည္။ ထို႔ေနာက္ KAMAZ Holding မွ ထုတ္လုပ္ထားရွိသည့္ Truck ယာဥ္မ်ားႏွင့္ စစ္ေျမျပင္ သုံး Typhoon သံခ်ပ္ကာယာဥ္တို႔၏ စြမ္းရည္မ်ားကို လက္ေတြ႕ေမာင္းႏွင္ျပသရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္ မ်ားက ေလ့လာၾကည့္ရႈခဲ့ၾကသည္။

ထို႔ေနာက္ ထပ္မံထုတ္လုပ္လ်က္ရွိသည့္ Truck ယာဥ္ႀကီးမ်ား၊ Battery စနစ္ သုံး အမႈိက္သိမ္းယာဥ္၊ လူစီးယာဥ္ငယ္ႏွင့္ အျခားယာဥ္အမ်ိဳးမ်ိဳးတို႔အား လိုက္လံ ၾကည့္ရႈေလ့လာၾကၿပီး သိရွိလိုသည္မ်ားကို ေမးျမန္းေဆြးေႏြးခဲ့သည္။ ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ KAMAZ Holding မွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္း မ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

အဆိုပါ KAMAZ စက္႐ုံကို အ႐ြယ္အစားႀကီးမားသည့္ ထရပ္ကားမ်ား ထုတ္လုပ္ ရန္ ရည္႐ြယ္ခ်က္ျဖင့္ ဆိုဗီယက္ျပည္ေထာင္စုကြန္ျမဴနစ္ပါတီ၏ ဗဟိုေကာ္မတီႏွင့္ ဆိုဗီယက္ဆိုရွယ္လစ္ျပည္ေထာင္စု၏ ဥပေဒျပဳေရးေကာင္စီတို႔မွ Naberezhnye Chelny ၿမိဳ႕၌ ၁၉၇၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ စတင္တည္ေဆာက္ခဲ့ ျခင္းျဖစ္ေၾကာင္း၊ ၁၉၈၇ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္တြင္ Oka midget (VAZ-1111) ေမာ္ေတာ္ယာဥ္မ်ား အား ပထမဆုံးထုတ္လုပ္ခဲ့ၿပီး ၁၉၉၀ ျပည့္ႏွစ္၊ ဇြန္လ ၂၅ ရက္တြင္ Joint Stock ကုမၸဏီ အျဖစ္ ေျပာင္းလဲဖြဲ႕စည္းခဲ့ေၾကာင္း၊ ၁၉၉၃ ခုႏွစ္တြင္ KAMAZ အင္ဂ်င္စက္ ႐ုံ မီးေလာင္ပ်က္စီးမႈ ၁ ႀကိမ္ျဖစ္ေပၚခဲ့ေသာ္လည္း ၂၀၀၆ ခုႏွစ္တြင္ မိတ္ဖက္ ကုမၸဏီျဖစ္သည့္ Cummins Inc. ကုမၸဏီႏွင့္ ပူးတြဲ၍ CUMMINS KAMA Joint Venture ကုမၸဏီအား တည္ေထာင္ခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ကမာၻအႏွံ႔အျပား သို႔ လုပ္ငန္းသုံးယာဥ္ႀကီးမ်ားကို တင္ပို႔ေရာင္းခ်ေပးလ်က္ရွိၿပီး KAMAZ ကုမၸဏီ သည္ Dakar Rally ကားၿပိဳင္ပြဲတြင္ ၁၈ ႀကိမ္အႏိုင္ရရွိထားေၾကာင္းႏွင့္ ၂၀၂၀ ျပည့္ႏွစ္ စာရင္းအရ တစ္ႏွစ္လ်င္ ထရပ္ကားအစီးေရ ၄၃၀၀၀ ေက်ာ္ ထုတ္လုပ္ႏိုင္ၿပီး ႐ုရွား တပ္မေတာ္တြင္ အသုံးျပဳသည့္ ထရပ္ကားအမ်ားစုမွာ KAMAZ ကုမၸဏီမွ ထုတ္လုပ္ သည့္ ေမာ္ေတာ္ကားမ်ားျဖစ္ေၾကာင္း သိရွိရသည္။

၎ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ Naberezhnyeၿမိဳ႕မွ Republic of the Tatarstan၊ Kazan ၿမိဳ႕ေတာ္သို႔ ဆက္လက္ထြက္ခြာခဲ့ၿပီး Republic of the Tatarstan သမၼတ အထူးဧည့္ေဂဟာသို႔ေရာက္ရွိကာ ညအိပ္ရပ္နားခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။