နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Republic of Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် – ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် ကိုယ်စား လှယ် အဖွဲ့ဝင်များလိုက်ပါ၍ ဇွန် ၂၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatastan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov က ကရင်မလင်ရှိ သမ္မတရုံးတွင် ကြိုဆိုနှုတ်ဆက်၍ သမ္မတရုံးခန်း၌ သီးသန့်တွေ့ဆုံဆွေးနွေးပြီး အမှတ် တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော်မှတ် တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် Republic of the Tatastan သမ္မတတို့သည် သမ္မတရုံးရှိ ဧည့်ခန်းမ ဆောင်၌ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြန်အလှန် မိတ်ဆက်ပေးပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တွေ့ဆုံဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဉီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော်(အငြိမ်းစား)နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး Republic of the Tatarstan သမ္မတနှင့်အတူ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှုပိုမို တိုးတက်ရေးဆိုင်ရာများ၊ Republic of the Tatarstan သမ္မတ အနေဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ရောက်ရှိလေ့လာခဲ့ပြီး စီးပွားရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံ ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး၊ ပြည်သူ လူထု မထိခိုက်စေရေးအတွက် ဆူပူအကြမ်းဖက်မှုများကို နိုင်ငံတကာဥပဒေ၊ ပြည် တွင်းရှိ တည်ဆဲဥပဒေများနှင့်အညီ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်ဦးနှစ်ဖက် ဆက်ဆံ မှုတိုးမြင့်ရေးအတွက် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့တွင် မြှင့်တင် ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ စက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင် ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား Republic of the Tatarstan သမ္မတက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဦးစွာ Republic of the Tatarstan သမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြပြီး အဖွဲ့ဝင်များနှင့်အတူညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။
ညစာသုံးဆောင်နေစဉ်အတွင်း Republic of the Tatarstan မှ ရိုးရာတေးဂီတ အဖွဲ့က ရိုးရာတေးသီချင်းများ၊ ယဉ်ကျေးမှု အကအလှများဖြင့် တီးမှုတ် ဖျော်ဖြေ တင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းများပေးအပ်ချီးမြှင့်ပြီး ညစာသုံးဆောင် အပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Republic of the Tatar-stan၊ Kazan မြို့တော်ရှိ ကရင်မလင်သို့ သွားရောက်၍ Blagoveshenskiy ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် Kul Sharif အစ္စလာမ်ဘုရားရှိခိုးကျောင်းတို့သို့ သွား ရောက်လေ့လာကြည့်ရှုကြရာ ဘုန်းတော်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီး လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Republic of Tatarstan သမၼတ Mr. Rustam Nurgaliyevich Minnikhanov ႏွင့္ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္ ဇြန္ – ၂၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုးႏွင့္ ကိုယ္စား လွယ္ အဖြဲ႕ဝင္မ်ားလိုက္ပါ၍ ဇြန္ ၂၅ ရက္ ေဒသစံေတာ္ခ်ိန္ ညေနပိုင္းတြင္ Republic of the Tatastan သမၼတ Mr. Rustam Nurgaliyevich Minnikhanov ႏွင့္ ေတြ႕ဆုံေဆြးေႏြးသည္။.

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားအား Republic of the Tatarstan သမၼတ Mr. Rustam Nurgaliyevich Minnikhanov က ကရင္မလင္ရွိ သမၼတ႐ုံးတြင္ ႀကိဳဆိုႏႈတ္ဆက္၍ သမၼတ႐ုံးခန္း၌ သီးသန႔္ေတြ႕ဆုံေဆြးေႏြးၿပီး အမွတ္ တရလက္ေဆာင္မ်ား အျပန္အလွန္ေပးအပ္ၾကသည္။ ထို႔ေနာက္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဧည့္သည္ေတာ္မွတ္ တမ္း စာအုပ္တြင္ လက္မွတ္ေရးထိုးသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ Republic of the Tatastan သမၼတတို႔သည္ သမၼတ႐ုံးရွိ ဧည့္ခန္းမ ေဆာင္၌ တက္ေရာက္လာၾကသည့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားအား အျပန္အလွန္ မိတ္ဆက္ေပးၿပီး ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားႏွင့္အတူ ေတြ႕ဆုံေဆြးေႏြးၾကသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဉီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ေမာင္ေမာင္ႏိုင္၊ ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးသန္းေအာင္ေက်ာ္၊ ႐ုရွား-ျမန္မာ ခ်စ္ၾကည္ေရး အသင္း ဥကၠ႒ ဗိုလ္မႉးခ်ဳပ္ ေအာင္ေသာ္(အၿငိမ္းစား)ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ ၾကၿပီး Republic of the Tatarstan သမၼတႏွင့္အတူ ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။
ေတြ႕ဆုံေဆြးေႏြးရာတြင္ ႐ုရွား-ျမန္မာ သံတမန္ဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ ရင္းႏွီးမႈပိုမို တိုးတက္ေရးဆိုင္ရာမ်ား၊ Republic of the Tatarstan သမၼတ အေနျဖင့္ ျမန္မာႏိုင္ငံသို႔ ၂၀၁၃ ခုႏွစ္တြင္ ေရာက္ရွိေလ့လာခဲ့ၿပီး စီးပြားေရးဆိုင္ရာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး ေဆြးေႏြးေဆာင္႐ြက္ခဲ့သည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈ အေျခအေနမ်ားႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရး တရားဥပေဒစိုးမိုးေရး၊ ျပည္သူ လူထု မထိခိုက္ေစေရးအတြက္ ဆူပူအၾကမ္းဖက္မႈမ်ားကို ႏိုင္ငံတကာဥပေဒ၊ ျပည္ တြင္းရွိ တည္ဆဲဥပေဒမ်ားႏွင့္အညီ ကိုင္တြယ္ေျဖရွင္းေဆာင္႐ြက္လ်က္ရွိသည့္ အေျခ အေနမ်ားႏွင့္ ေရွ႕ဆက္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ ႏွစ္ဦးႏွစ္ဖက္ ဆက္ဆံ မႈတိုးျမင့္ေရးအတြက္ ကူးသန္းေရာင္းဝယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာတို႔တြင္ ျမႇင့္တင္ ေဆာင္႐ြက္သြားႏိုင္မည့္ကိစၥရပ္မ်ား၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ထုတ္လုပ္ေရး၊ စက္မႈ လုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ပညာေရး၊ စီးပြားေရး စသည္ျဖင့္ က႑အသီးသီးတြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ ခင္မင္ရင္းႏွီးစြာ အျမင္ ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံေဆြးေႏြးပြဲအၿပီးတြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားအား Republic of the Tatarstan သမၼတက ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

ဦးစြာ Republic of the Tatarstan သမၼတႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ တို႔သည္ ႏႈတ္ခြန္းဆက္စကားမ်ား အသီးသီးေျပာၾကားၾကၿပီး အဖြဲ႕ဝင္မ်ားႏွင့္အတူညစာကို အတူတကြ သုံးေဆာင္ခဲ့ၾကသည္။
ညစာသုံးေဆာင္ေနစဥ္အတြင္း Republic of the Tatarstan မွ ႐ိုးရာေတးဂီတ အဖြဲ႕က ႐ိုးရာေတးသီခ်င္းမ်ား၊ ယဥ္ေက်းမႈ အကအလွမ်ားျဖင့္ တီးမႈတ္ ေဖ်ာ္ေျဖ တင္ဆက္ၾကရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ က ဂုဏ္ျပဳဆုေငြႏွင့္ ဂုဏ္ျပဳပန္းျခင္းမ်ားေပးအပ္ခ်ီးျမႇင့္ၿပီး ညစာသုံးေဆာင္ အၿပီးတြင္ အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ကူးၾကသည္။

ညေနပိုင္းတြင္လည္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ Republic of the Tatar-stan၊ Kazan ၿမိဳ႕ေတာ္ရွိ ကရင္မလင္သို႔ သြားေရာက္၍ Blagoveshenskiy ခရစ္ယာန္ဘုရားရွိခိုးေက်ာင္းႏွင့္ Kul Sharif အစၥလာမ္ဘုရားရွိခိုးေက်ာင္းတို႔သို႔ သြား ေရာက္ေလ့လာၾကည့္ရႈၾကရာ ဘုန္းေတာ္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက အသီးသီး လိုက္လံ ရွင္းလင္းျပသခဲ့ေၾကာင္းႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က သိရွိလိုသည္မ်ားကို ျပန္လည္ေမးျမန္း ေဆြးေႏြးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။