နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက်ကြည့်ရှုလေ့လာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan ၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဇွန် – ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ Kazan Higher Tank Red Banner Command School သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Kazan Higher Tank Red Banner Command School မှ ခေတ္တကျောင်းအုပ်ကြီး Colonel Alexander Urin နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ခေတ္တကျောင်းအုပ်ကြီးက သင်တန်းကျောင်းဖြစ်ပေါ် လာပုံ သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းပြောကြားကာ ပြည်ပမှ သင်တန်းသားများ လာရောက် ပညာသင်ကြားပါက နေထိုင်နိုင်ရေး တည်ဆောက်ထားရှိသည့် အခြေ အနေများ၊ သင်တန်းသားများအား တင့်ကားအစစ်ဖြင့် လေ့ကျင့်ပါက လေ့ကျင့်မှု ကုန်ကျစရိတ်နှင့် တင့်ကား၏ စွမ်းဆောင်ရည်ပိုင်းကိုလည်း ထိခိုက်စေနိုင်သည့် အတွက် အမျိုးမျိုးသော Tank simulator များဖြင့် စနစ်တကျသင်ကြားလေ့ကျင့်ပြီးမှ သာလျင်တင့်ကားအစစ်များဖြင့် လေ့ကျင့်ပေးလျက်ရှိသည့် အခြေအနေများ၊ အရေး ပေါ်အခြေအနေနှင့် ကမ်းတက် စစ်ဆင်ရေးများတွင် ရေကူးကျွမ်းကျင်မှုနှင့် ရေအောက် တွင် လှုပ်ရှားသွား လာ၍ တင့်ယာဉ်များအား ထိန်းသိမ်းနိုင်ရေးအတွက် ရေကူး၊ ရေငုပ် လေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးနေမှု အခြေအနေများကို လိုက်လံရှင်းလင်း ပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ခေတ္တကျောင်းအုပ်ကြီးတို့ သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

အဆိုပါ Kazan Higher Tank Red Banner Command School ကို ၁၉၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၀၂ ခန့်ကြာမြင့်ပြီဖြစ်သည့် သမိုင်း အစဉ်အလာကြီးမားသည့် သင်တန်းကျောင်းတစ်ခု ဖြစ်ကြောင်း၊ သင်တန်း ကျောင်းတွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး အဆင့်သင်တန်းအထိ သင်ကြား လေ့ကျင့်ပေးလျက်ရှိပြီး ယာဉ်မောင်းနှင်မှုအပြင် အခြားကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် စစ်ပညာ ကျွမ်းကျင်မှု သင်တန်းများကိုပါကို ဘက်စုံကျွမ်းကျင်မှုရှိအောင် သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊ သင်တန်းဆင်းပြီး တင့်တပ်ခွဲမှူးများကို စစ်မြေပြင်တွင် ချက်ချင်း ကွပ်ကဲအုပ်ချုပ်နိုင်သည်အထိ လေ့ကျင့်ပေးထားပြီးဖြစ်ပြီး လိုအပ်ပါက တင့်ကား တပ်ရင်း ခေါင်းဆောင်အဖြစ် ကွပ်ကဲအုပ်ချုပ်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်း ကျောင်းမှ သင်တန်းဆင်းပြီး အရာရှိများသည် အမျိုးမျိုးသော တင့်ကား အမျိုးအစား များကို မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် ကွပ်ကဲအုပ်ချုပ်မှု ကောင်းသည့် ခေါင်းဆောင်များအဖြစ် တာဝန်ထမ်းဆောင်နိုင်စေရန် လေ့ကျင့် သင်ကြား မွေးထုတ် ပေးလျက်ရှိကြောင်း၊ ရုရှားတပ်မတော်စစ်ဦးစီးချုပ် Army General V.V Gerasimov တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းကျောင်းလည်းဖြစ်ပြီး သင်တန်းဆင်းအရာရှိ များအနက်မှ ဗိုလ်ချုပ်အဆင့်အထက်အရာရှိ ဦးရေ ၁၀၀ ကျော်နှင့် သူရဲကောင်း ဘွဲ့ရရှိသူ ၁၀ ဦးအထိရှိပြီဖြစ်သည်။

(Zawgyi Version)

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ Republic of the Tatarstan ၊ Kazan ၿမိဳ႕ေတာ္ရွိ Kazan Higher Tank Red Banner Command School သို႔ သြားေရာက္ၾကည့္ရႈေလ့လာ

ေနျပည္ေတာ္ ဇြန္ – ၂၆

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေက်ာ္စိုးမိုးႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါ၍ ယေန႔ ေဒသစံေတာ္ခ်ိန္ နံနက္ပိုင္းတြင္ Republic of the Tatarstan၊ Kazan ၿမိဳ႕ေတာ္ရွိ Kazan Higher Tank Red Banner Command School သို႔ သြားေရာက္ၾကည့္ရႈေလ့လာၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား Kazan Higher Tank Red Banner Command School မွ ေခတၱေက်ာင္းအုပ္ႀကီး Colonel Alexander Urin ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆို ႏႈတ္ဆက္ၾကသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ေခတၱေက်ာင္းအုပ္ႀကီးက သင္တန္းေက်ာင္းျဖစ္ေပၚ လာပုံ သမိုင္းအက်ဥ္းခ်ဳပ္ကို ရွင္းလင္းေျပာၾကားကာ ျပည္ပမွ သင္တန္းသားမ်ား လာေရာက္ ပညာသင္ၾကားပါက ေနထိုင္ႏိုင္ေရး တည္ေဆာက္ထားရွိသည့္ အေျခ အေနမ်ား၊ သင္တန္းသားမ်ားအား တင့္ကားအစစ္ျဖင့္ ေလ့က်င့္ပါက ေလ့က်င့္မႈ ကုန္က်စရိတ္ႏွင့္ တင့္ကား၏ စြမ္းေဆာင္ရည္ပိုင္းကိုလည္း ထိခိုက္ေစႏိုင္သည့္ အတြက္ အမ်ိဳးမ်ိဳးေသာ Tank simulator မ်ားျဖင့္ စနစ္တက်သင္ၾကားေလ့က်င့္ၿပီးမွ သာလ်င္တင့္ကားအစစ္မ်ားျဖင့္ ေလ့က်င့္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ အေရး ေပၚအေျခအေနႏွင့္ ကမ္းတက္ စစ္ဆင္ေရးမ်ားတြင္ ေရကူးကြၽမ္းက်င္မႈႏွင့္ ေရေအာက္ တြင္ လႈပ္ရွားသြား လာ၍ တင့္ယာဥ္မ်ားအား ထိန္းသိမ္းႏိုင္ေရးအတြက္ ေရကူး၊ ေရငုပ္ ေလ့က်င့္ခန္းမ်ားကို ေလ့က်င့္သင္ၾကားေပးေနမႈ အေျခအေနမ်ားကို လိုက္လံရွင္းလင္း ျပသရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ က သိရွိလိုသည္မ်ားအား ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့သည္။
ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ေခတၱေက်ာင္းအုပ္ႀကီးတို႔ သည္ အထိမ္းအမွတ္တံဆိပ္ႏွင့္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့သည္။

အဆိုပါ Kazan Higher Tank Red Banner Command School ကို ၁၉၁၉ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ႏွစ္ေပါင္း ၁၀၂ ခန႔္ၾကာျမင့္ၿပီျဖစ္သည့္ သမိုင္း အစဥ္အလာႀကီးမားသည့္ သင္တန္းေက်ာင္းတစ္ခု ျဖစ္ေၾကာင္း၊ သင္တန္း ေက်ာင္းတြင္ တပ္စုမႉး၊ တပ္ခြဲမႉး၊ တပ္ရင္းမႉး အဆင့္သင္တန္းအထိ သင္ၾကား ေလ့က်င့္ေပးလ်က္ရွိၿပီး ယာဥ္ေမာင္းႏွင္မႈအျပင္ အျခားကိုယ္ခႏၶာႀကံ့ခိုင္မႈႏွင့္ စစ္ပညာ ကြၽမ္းက်င္မႈ သင္တန္းမ်ားကိုပါကို ဘက္စုံကြၽမ္းက်င္မႈရွိေအာင္ သင္ၾကားေလ့က်င့္ ေပးလ်က္ရွိေၾကာင္း၊ သင္တန္းဆင္းၿပီး တင့္တပ္ခြဲမႉးမ်ားကို စစ္ေျမျပင္တြင္ ခ်က္ခ်င္း ကြပ္ကဲအုပ္ခ်ဳပ္ႏိုင္သည္အထိ ေလ့က်င့္ေပးထားၿပီးျဖစ္ၿပီး လိုအပ္ပါက တင့္ကား တပ္ရင္း ေခါင္းေဆာင္အျဖစ္ ကြပ္ကဲအုပ္ခ်ဳပ္ႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ အဆိုပါ သင္တန္း ေက်ာင္းမွ သင္တန္းဆင္းၿပီး အရာရွိမ်ားသည္ အမ်ိဳးမ်ိဳးေသာ တင့္ကား အမ်ိဳးအစား မ်ားကို ေမာင္းႏွင္အသုံးျပဳႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ ကြပ္ကဲအုပ္ခ်ဳပ္မႈ ေကာင္းသည့္ ေခါင္းေဆာင္မ်ားအျဖစ္ တာဝန္ထမ္းေဆာင္ႏိုင္ေစရန္ ေလ့က်င့္ သင္ၾကား ေမြးထုတ္ ေပးလ်က္ရွိေၾကာင္း၊ ႐ုရွားတပ္မေတာ္စစ္ဦးစီးခ်ဳပ္ Army General V.V Gerasimov တက္ေရာက္ေအာင္ျမင္ခဲ့သည့္ သင္တန္းေက်ာင္းလည္းျဖစ္ၿပီး သင္တန္းဆင္းအရာရွိ မ်ားအနက္မွ ဗိုလ္ခ်ဳပ္အဆင့္အထက္အရာရွိ ဦးေရ ၁၀၀ ေက်ာ္ႏွင့္ သူရဲေကာင္း ဘြဲ႕ရရွိသူ ၁၀ ဦးအထိရွိၿပီျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။