တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson နှင့် တွေ့ဆုံ



(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson နှင့် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပေါ်ခဲ့မှု အခြေအနေမှန်များ၊ ဘင်္ဂါလီများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးမှုအကြောင်းအရင်းမှန်များ၊ ဥပဒေနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးဆောင်ရွက်မှုများ၊ လူသားချင်းစာနာထောက်ထားသော အကူအညီများမျှတမှုရှိရန် လိုအပ်သည့် အခြေအနေများ၊ အစိုးရနှင့်တပ်မတော် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၅

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။