ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် – ၂၃

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားခဲ့သည့်အချိန်တွင် သိသာမှုမရှိခဲ့သော်လည်း တတိယ လှိုင်းကူးစက်မှု ဖြစ်ပွားချိန်၌ ကူးစက်မှုမြန်ဆန်ခဲ့သည့် အခြေအနေဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ ဗဟိုအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များအား အချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့သည့်အတွက် ရောဂါကူးစက်မှုများ အတိုင်းအတာတစ်ခုအထိ လျော့ကျလာသည်ကို တွေ့ရှိရ ကြောင်း၊ ဇူလိုင် ၉ ရက် တွင် လူဦးရေ ၁၅၇၄၀ ဦးအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူဦးရေ ၄၃၂၀ ဦး တွေ့ရှိရကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် လူဦးရေ ၂၁၃၅၀ အား စစ်ဆေးခဲ့ရာ ပိုးတွေ့လူဦးရေ ၇၀၈၃ ဦးအထိတွေ့ရှိခဲ့ရသဖြင့် ရာခိုင်နှုန်းအရ ၃၄ ရာနှုန်းအထိ ရောက်ရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လိုအပ်သည်များ ထိန်းချုပ်မှုများ ဆောင်ရွက်ခြင်းနှင့် ပြည်နယ်နှင့် တိုင်းအလိုက် ကြပ်မတ်မှုများဆောင်ရွက်ခဲ့ခြင်း ကြောင့် ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှုများ သိသိသာသာလျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ယခုလအကုန်တွင် ရောဂါကူးစက်မှုရာခိုင်နှုန်း ထက်ဝက်ခန့်အထိ လျော့ကျအောင် ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့် ဩဂုတ်လ ၁ ရက် နေ့တွင် ပိုးတွေ့ လူနာ ၃၁၈၀ ဦး၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ၈၉၉၁ ဦး အား စစ်ဆေး ခဲ့ရာ ပိုးတွေ့လူနာ ၂၁၇၃ ဦးရှိခဲ့သဖြင့် ရာခိုင်နှုန်းအရ ၂၄ ဒသမ ၁၇ ရာခိုင်နှုန်း အထိကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ရောဂါ ကူးစက်မှုနှုန်း ကျဆင်းရခြင်း မှာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှုများနှင့် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ခြင်းကြောင့်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှု လျှော့ချနိုင်ရေး ဆက်လက်ဆောင်ရွက်ရာတွင် ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကို လည်း စစ်ဆေးနိုင်ရန်လိုအပ်ကြောင်း၊ ရောဂါစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဖြစ်နိုင်ခြေရှိသည်များအားလုံးကို စစ်ဆေးရန်လိုပြီး “အနာသိမှ ဆေးရှိမည်” ဖြစ် ကြောင်း၊ သို့မှသာ ကာကွယ်မှုအတွက် ပိုမိုစဉ်းစား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုများလျော့ကျလာသော်လည်း ပေါ့ဆမှုများမရှိရန်လိုကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သွားလာမှုအခက်အခဲများဖြစ်ပေါ်ခဲ့သဖြင့် ကုန်ထုတ်လုပ်မှုများထိခိုက်ခဲ့မှုများရှိကြောင်း၊ စားသောက်ရေးအတွက် မိမိတို့လုပ်နိုင် သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် ဝိသမလောဘ များဖြင့် ရောင်းဝယ်နေမှုများကိုလည်း တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့်ကာလအတွင်း ဆေးဝါးများ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး တို့တွင် စစ်ဆေးကြပ်မတ်ခြင်းများ စနစ်တကျဆောင်ရွက်ခဲ့ခြင်းကြောင့် ဆေးဝါးများ၏ ဈေးနှုန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ကျဆင်းခဲ့ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ အမျိုးသားရေး စရိုက်လက္ခဏာသည် စေတနာထားပြီး လှူဒါန်းလို သည့်စိတ်၊ ပေးကမ်းလိုသည့် အခြေခံစိတ်များရှိပြီးဖြစ်သဖြင့် ၎င်းစိတ်ကို အခြေခံ၍ ဆောင်ရွက်မှုများသည် သဟဇာတ ဖြစ်ရန်လိုကြောင်း၊ မိမိတို့ နိုင်ငံတစ်ခုတည်း မဟုတ်ဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးတွင် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စားသောက်ရေးနှင့် ကာကွယ်ကုသ ဆေးများနှင့်ပတ်သက်၍ ဝိသမလောဘများဖြစ်ပေါ်မှု မရှိအောင် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

ကိုဗစ်-၁၉ ရောဂါသည် ကာကွယ်ဆေးများထိုးနှံထားပါက ရောဂါဖြစ်နိုင်မှု ကျဆင်းပြီး ကာကွယ်နိုင်မှုရှိသည်ကို တစ်ကမ္ဘာလုံးက လက်ခံထားကြကြောင်း၊ ထိုသို့ ကာကွယ်နိုင်မှုများကို သိရှိလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံ နိုင်ရန်အတွက် ထိုးနှံလိုကြသူများ များပြားလာခဲ့ပြီး မိမိတို့အနေဖြင့်လည်း ကာကွယ် ဆေးများရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် အိန္ဒိယနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သန်း ၃၀ ရရှိအောင် ဆောင်ရွက် ခဲ့သော်လည်း ပထမအသုတ်ရောက်ရှိပြီး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိခြင်းမရှိခဲ့ကြောင်း၊ ထိုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းပြီးခါစ အချိန်ဖြစ်သဖြင့် အိန္ဒိယနိုင်ငံတစ်ခုတည်းကသာ အဓိကဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ တတိယလှိုင်း ဖြစ်ပေါ်လာချိန်တွင် တစ်ကမ္ဘာလုံးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာခဲ့ရာ လက်ရှိကမ္ဘာ့လူဦးရေ၏ ၂၁၂ သန်း အထိ ဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း၊ နိုင်ငံအားလုံး၌ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေး များရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း ၎င်းကဲ့သို့ အခြေအနေများအကြားမှ ပြည်သူလူထု ကျန်းမာရေးအတွက် ကာကွယ်ဆေးများ ရရှိအောင် ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ကာကွယ် ဆေးများ ရောက်ရှိချိန်တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိ သူများ အနေဖြင့် ကာကွယ်ဆေးထိုးနှံမှုများအား အမြန်ဆုံးထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တစ်ရက်စော၍ ဆေးထိုးနိုင်လျင် တစ်ရက်စော၍ ကာကွယ်ပြီးဖြစ်မည်ဖြစ်ကြောင်း။

ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ပြည်ပနိုင်ငံများမှ ကာကွယ်ဆေး ဆေးဝါးအတုများဝင်ရောက်လာမှုများရှိသည်ဟု ကြားသိရသဖြင့် ပြည်သူများ ထိခိုက်မှုများရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ၎င်းကိစ္စနှင့် ပတ်သက်၍ ဩဂုတ် ၂၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပြည်သူလူထု သတိပြုနိုင်ရန် အသိပေးကြေညာထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာနယ်စပ် ဒေသများမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန် လိုကြောင်း၊ မြို့ကြီးများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆေးဝါးကုမ္ပဏီများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တင်သွင်းခွင့်ပေးထားကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသမှ ပြည်သူများ အနေဖြင့် ဆေးဝါးအတုများ ထိုးနှံမှုမရှိစေရေးအတွက် ဒေသခံပြည်သူများသိရှိစေရေး အမြဲမပြတ်အသိပေး ထုတ်ပြန်ဆောင်ရွက်နေရန် လိုကြောင်း၊ ဆေးဝါး အတုများသည် လူ့အသက်အန္တရာယ်အထိဖြစ်ပေါ်စေနိုင်သဖြင့် ထိုသို့ဆောင်ရွက်သူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုကြောင်း။

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် နွေစပါးရာသီတွင် စပါးစိုက်ပျိုးမှုများ လျော့နည်းခဲ့ကြောင်း၊ ယခုအခါ မိုးရွာသွန်းမှု ရာခိုင်နှုန်း မြင့်မားလျက်ရှိသဖြင့် ထိုအခြေအနေအား ကောင်းစွာအသုံးချ၍ တောင်သူများအနေဖြင့် စပါးများနှင့် အခြား သီးနှံများအား စနစ်တကျ စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ နိုင်ငံအတွင်းစားသောက်ကုန် များ ဖူလုံစွာ ထုတ်လုပ်နိုင်ပြီး ရိက္ခာများပေါများလာပါက နိုင်ငံအတွက်ရိက္ခာရှားပါးမှု မဖြစ်ပေါ်နိုင်ကြောင်း၊ ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် စားသောက်မှုနှင့် ပတ်သက်၍ ရိက္ခာများ လိုအပ်မှုဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးရေးထုတ်ကုန် များ ပေါများလာပါက ပြည်ပပို့ကုန်များလည်း တင်ပို့နိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားဝင်ငွေ များ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးတောင်သူများအား လိုက်လံကြည့်ရှု အားပေး၍ အသိအမှတ်ပြုဆောင်ရွက်နေရန်လိုကြောင်း မှာကြား သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီး များနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလျက်ရှိသည့် အခြေအနေများ၊ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျခြင်းမရှိဘဲ ရောဂါပိုးအတည်ပြုလူနာတွေ့ရှိမှုနှုန်း မြင့်မားလျက် ရှိသည့် အချို့မြို့နယ်များကို နေအိမ်တွင်နေထိုင်ရေး(Stay at home) ထပ်မံကန့်သတ် ထားရှိ၍ ကူးစက်ဖြစ်ပွားမှုနှုန်းလျော့ကျစေရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေ များ၊ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဗီဇပြောင်းရောဂါပိုးများ ဆက်လက် တွေ့ရှိနေရမှု၊ ကူးစက်ပြန့်ပွားနိုင်မှု အခြေအနေများနှင့် ဗီဇပြောင်းရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ်တားဆီးနိုင်ရေးလုပ်ဆောင်လျက်ရှိသည့် အခြေ အနေများ၊ အောက်ဆီဂျင်သုံးစွဲသူများအနေဖြင့် SOP Guide Line နှင့် အညီသုံးစွဲရန် လိုအပ်သည့် အခြေအနေများ၊ ဆေးရုံအသီးသီးတွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကျန်းမာရေး ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားထောက်ပံ့မှုများ ပြုလုပ်ရန် စီမံဆောင်ရွက်နေမှုအခြေအနေများ၊ ဆေးရုံများအလိုက် ICU အခန်းများ အဆင့် မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လက်ရှိအချိန်အထိ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကာကွယ်ဆေးထိုးနှံမှုအား အာဆီယံ Website များနှင့် WHO Website များတွင်လည်း တင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ ကာကွယ်ဆေးများရောက်ရှိမှု၊ ထပ်မံမှာယူ ထားရှိမှု အခြေအနေများနှင့် ထပ်မံဝယ်ယူ ရရှိနိုင်ရေး ညှိနှိုင်းချိတ်ဆက် ဆောင်ရွက် နေမှုအခြေအနေများ၊ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေး ထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ ကာကွယ်ဆေး တင်သွင်းမှုနှင့် ထိုးနှံနေမှု အခြေအနေများကို မှတ်တမ်းရေးသွင်းနိုင် ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာထောက်ပံ့မှုများကို နိုင်ငံတကာမှ လှူဒါန်းပေးအပ်ခဲ့မှုနှင့် ထပ်မံ လှူဒါန်းလာမည့် အခြေအနေများ၊ Relif Flight များ ပြေးဆွဲပျံသန်း၍ နိုင်ငံသားများကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက် ပြေး ဆွဲသွားမည့် အခြေအနေများ၊ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာနှင့် ဆက်စပ် ဆေးဝါးများ၊ စက်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးခဲ့သည့် အခြေအနေများ၊ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေးအတွက် စီမံဆောင်ရွက်ပေးထားမှုနှင့် ပေါင်းစပ်ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ FDA ၏ ထောက်ခံချက်ဖြင့် ကုန်စည်များ စိစစ်ထုတ်ပေးနိုင် ရေး ပေါင်းစပ်ဆောင်ရွက်ပေးနေမှု အခြေအနေများ။

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို သတင်းစာများ၊ နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိကရုပ်သံလိုင်းများမှ အသိပညာပေးလျက်ရှိသည့် အခြေအနေများ၊ နေအိမ်တွင်နေထိုင်ရေး(Stay at home) ကာလအတွင်း ပြည်သူများ စိတ်ချမ်းမြေ့မှုရရှိစေရေး၊ အသိပညာရရှိရေး၊ စိတ်ဖိစီးမှု များလျော့ကျစေရေး သီချင်းနှင့် ဇာတ်လမ်းတိုများ၊ အင်တာဗျူးအစီအစဉ်များ၊ အငြိမ့် များအပြင် အခြားအစီအစဉ်များစွာကို တင်ဆက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။

အောက်ဆီဂျင်များအား ပြည်ပမှ တင်သွင်းဖြန့်ဖြူးနေမှု၊ ပြည်တွင်းမှ ထုတ်လုပ် နေမှုအခြေအနေများ၊ ကာကွယ်ဆေးများအား သတ်မှတ်နယ်ပယ်များအလိုက် ထိုးနှံ ပေးနေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ထိုးနှံရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ပ ရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နေမှု၊ နယ်စပ်ဂိတ် အသီးသီး၌ စနစ်တကျစစ်ဆေး၍ ရောဂါပိုးတွေ့ရှိသူများအား စောင့်ကြည့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ရောဂါပိုး မတွေ့ရှိသူများကို ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေများ၊

စားရေးအခက်အခဲမရှိစေရန်အတွက် အခြေခံစားကုန်များကို ရွေ့လျားဈေးကား များဖြင့် လှည့်လည်ရောင်းချပေးနေမှုနှင့် အခြေခံအိမ်သုံးဆေးဝါးများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည့် အခြေအနေများ၊ တပ်မတော် ဆေးရုံများ၊ စင်တာများတွင် စောင့်ကြည့်၊ ကုသမှုများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ Oxygen Plant များ တည်ဆောက်ပြီးစီးမှု၊ ဆက်လက်တည်ဆောက် နေမှုနှင့် တည်ဆောက်ပြီးစီးပါက ထွက်ရှိလာမည့် အခြေအနေများ၊ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများတွင် ဗီဇပြောင်းရောဂါမျိုးကွဲများဖြင့် ကူးစက်ပြန့်ပွားခဲ့မှု အခြေအနေများ၊ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများ၊ အောက်ဆီဂျင်များ၊ တစ်ခါသုံးဆေးထိုးအပ် နှင့် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးပေးလျက် ရှိသည့် အခြေအနေများ၊ ပြည်တွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ ဆေးဝါးများကုန်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေး စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အခြေခံ အိမ်သုံးဆေးဝါးများ ကုန်ဈေးနှုန်းကျဆင်းလာမှု၊ ကိုဗစ်-၁၉ ပထမလှိုင်းကာလအတွင်း ပြည်တွင်းရှိ အထည်ချုပ်စက်ရုံအချို့ပိတ်ထားရမှုများ ရှိခဲ့ပြီး ယခုတတိယလှိုင်းကာလ အတွင်းပင် အထည်ချုပ် အမှာစာများရောက်ရှိလာသည့် အတွက် စက်ရုံများကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် လည်ပတ်ခဲ့ပြီး ယခင်လည်ပတ်မှုရပ်ဆိုင်း ထားသည့် အထည်ချုပ်စက်ရုံ ၃၈ ရုံနှင့် စက်ရုံအသစ် ၁၁ ရုံ၊ စုစုပေါင်း စက်ရုံ ၄၉ ရုံ လည်ပတ်လာနိုင်သည့်အတွက် ဝန်ထမ်း ၂ သောင်းကျော်ကို အလုပ်အကိုင် အခွင့် အလမ်း ဖော်ဆောင်ပေးနိုင်ခဲ့သည့် အခြေအနေများ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ် သမားများအား ကာကွယ် ဆေးထိုးနှံနိုင်ရေး လုပ်ဆောင်လျက် ရှိရာ ဩဂုတ် ၂၂ ရက် အထိ အလုပ်သမား ၈ သောင်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီး ဆက်လက် ထိုးနှံပေးသွား မည့်အခြေအနေများ။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် မြို့နယ်၊ ခရိုင်အလိုက် ဖြစ်ပေါ်ခဲ့သည့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု၊ ဆေးရုံတက်ရောက်မှု၊ အောက်ဆီဂျင် လိုအပ်မှု အခြေအနေများကို ဆန်းစစ်သုံးသပ်၍ အမှန်တကယ် လိုအပ် ချက်များကို တွက်ချက်ပြင်ဆင်ထားရန်လိုအပ်သည့် အခြေအနေများ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒေသများအတွင်း ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စနစ်တကျစာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိပြီး ဦးစားပေးအုပ်စု အလိုက် အမြန်ဆုံးထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ တိုက်ပွဲရှောင်နှင့် IDP Camp များ၌ ရှိနေသူ လူဦးရေ ၅ သိန်းကျော်အနက် အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ၁၆၅၂၉၆ ဦးရှိပြီး ၎င်းတို့အနက် လူဦးရေ ၅ သောင်းကျော်ကို ယခုအပတ်အတွင်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ် ဆေးထိုးနှံပြီးစီးသူများကို စနစ်တကျ မှတ်တမ်းတင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများပုံမှန် အတိုင်း လည်ပတ်နေမှုများကို အားပေးရမည်ဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ကုသရေး စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံပိုင်ရှင်များအနေဖြင့်လည်း ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ၎င်းတို့၏ လိုအပ် ချက်များနှင့် ပတ်သက်၍ အလေးထားလုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သည်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ် သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကျန်းမာရေးဆိုင်ရာဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါသည် မျိုးရိုးဗီဇ များ ပြောင်းလဲကူးစက်မှုဖြစ်ပွားလျက်ရှိသည့်အတွက် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် ကျန်းမာရေးအဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံနှုန်းသတ်မှတ်ချက်များရှိပြီး ၎င်းတို့ကို လေ့လာ၍ လိုက်နာ ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများတွင် ဗဟိုအဖွဲ့၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအနေဖြင့် လိုအပ်သည်မှန်သမျှကို ကြပ်ကြပ် မတ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများနေဖြင့်လည်း ပြည်သူများမှ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြပ် မတ်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း။

ထို့နောက် ဆေးရုံများကိုအဆင့်မြှင့်တင်နိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဆေးရုံတိုင်းသည် ဆေးရုံအင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုခေတ်၌ နိုင်ငံတကာရှိ ဆေးရုံများ၏ ပုံသဏ္ဍန်များ၊ အင်္ဂါရပ်များကို အလွယ်တကူ လေ့လာ တွေ့ရှိနိုင်ကြောင်း၊ ထိုသို့လေ့လာ၍ မြို့နယ်၊ တိုက်နယ်၊ ခရိုင်အဆင့် ဆေးရုံများ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ICU ခန်းများရှိသည် ဖြစ်သော်လည်း ကိုဗစ်နှင့် ပတ်သက်၍ သီးသန့်ထားရှိပြီး အခြားရောဂါ များအတွက် လည်း ICU ခန်းကို သီးသန့်ထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင် ရေး အတွက်လည်း နိုင်ငံတော်မှ လိုအပ်သည့် ကုန်ကျမှုများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဆေးရုံများအဆင့်မြှင့်တင်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက် သရိုက်များ ရှင်းလင်းရေး၊ ခြံစည်းရိုးများကောင်းမွန်ရေး၊ သန့်ရှင်းသပ်ယပ်မှုရှိစေရေး ဆေးရုံဝန်ထမ်းများ၊ တပ်မတော်၊ လူမှုရေး အဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ် မည်ဖြစ်ကြောင်း။

ထို့နောက် အောက်ဆီဂျင်နှင့် ပတ်သက်၍ လိုအပ်သည်များကို ဆောင်ရွက်ပေး ရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ “ဆက်စပ်ပြီးပြောချင်တာကတော့ အောက်ဆီဂျင်ကိစ္စပေါ့၊ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့က ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်မှာ အောက်ဆီဂျင်လိုအပ်ချက်တွေ တစ်အားမြင့်တက်လာတဲ့အခါကျတော့၊ အကုန်လုံးက အောက်ဆီဂျင်ရရှိဖို့ အသည်းအသန်ကြိုးစားကြတာပေါ့၊ အမြင့်ဆုံး လိုအပ်ချက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကတော့ ၃၁၂၉၈ လုံး လိုတယ် ဆိုပြီးတော့ ကမ္ဘာကစောင့်ကြည့်လေ့လာရေး Indicator တွေမှာ သွားတွေ့တယ်။ အခု ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀ ရက်နေ့လိုအပ်ချက်က ၁၈၆၆၇ တွေ့တယ်။ ကျွန်တော်တို့ ထုတ်နိုင်တာက အခု ၄ သောင်းကျော်၊ တစ်ကယ်လို့ အပြည့်အစုံဆို လေးသောင်းကျော် လောက် ထုတ်နိုင်တာကို ကျွန်တော်တို့တွေ့တယ်။ ဆိုလိုချင်တာကတော့ဗျာ အမြင့် ဆုံး လိုအပ်ချက်ထက်ကို ပိုပြီးတော့မှ အောက်ဆီဂျင် ထုတ်နိုင်တဲ့အနေအထားတော့ ရောက်သွားပြီ။ သို့သော် ဒါတွေကလည်း၊ ဒါကျွန်တော် ဆေးရုံသုံး အောက်ဆီဂျင်တွေ သန့်ရှင်းပြီးတော့မှ စနစ်တကျဖြစ်တဲ့ အောက်ဆီဂျင် ဖြစ်စေချင်တယ်။ အဲဒါလည်း ကျွန်တော် ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာလည်း ပြောပါတယ်။ အောက်ဆီဂျင်အိုး တွေက အစ စနစ်တကျလုပ်ပါ။ သန့်သန့်ရှင်းရှင်း သပ်သပ် ရပ်ရပ်ဖြစ်အောင် ကြိုးစား ပါ။ နောက်တစ်ခါလည်း အောက်ဆီဂျင် အောက်ဆီဂျင်လို့ ပြောတဲ့အခါကျတော့။ မြို့နယ်တွေမှာ ကြိုးစားကြတယ်။ အဓိက ကတော့ ဆက်သွယ်မှု ခက်ခဲတဲ့ နေရာ တွေမှာ အောက်ဆီဂျင် မဖြစ်မနေရအောင် လုပ်ရမယ်။ ဥပမာအားဖြင့်- နန်းယွန်းလို မြို့နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဆိုရင် နန်းယွန်းလိုဟာမျိုးပေါ့၊ သွားရလာရတာ နည်းနည်းခက်တာကိုး။ လဟယ်ကမှ ခန္တီးကသွားရင် နည်းနည်း အဆင်ပြေနိုင်သေးတယ်။ ဒါ ဥပမာ ပြောပြတာ၊ ဥပမာ အားဖြင့် – မာန်အောင်လို ဟာမျိုးဆိုရင် လေကြောင်းလမ်းတစ်ခုနဲ့ ရာသီဥတုကောင်းလို့ရှိရင် သင်္ဘောလမ်းသွား လို့ရတယ်။ ကားလမ်းမရှိဘူး။ မာန်အောင်ကျွန်းမျိုး ဆိုရင် ရကိုရရမယ်။ သူ့ကို Survive လုပ်နိုင်၊ သူ့ကိုယ်သူ ရပ်တည်နိုင်ရမဲ့ အခြေအနေမျိုး ရှိရမယ်။ အဲ့ဒါမျိုးလေးတွေ ပေါ့ဗျာ၊ ပြည်နယ်နဲ့ တိုင်းအလိုက် သွားလာမှုခက်ခဲတဲ့ မြို့နယ်တွေမှာ၊ ခရိုင် မဟုတ်လို့၊ မြို့နယ် မဟုတ်လို့၊ မဟုတ်ဘူး၊ သွားလာမှု ခက်ခဲတဲ့ ဒေသတွေကတော့ မဖြစ်မနေရ အောင် ကြိုးစားပေး၊ စိတ်မပူရအောင်၊ လျှပ်စစ်မီး ဘယ်လိုရအောင်လုပ်မလဲ၊ ဥပမာအားဖြင့်- အသေးစား ရေအားလျှပ်စစ် စီမံကိန်း၊ အဲ့ဒီမှာ ၅၀၀ ကီလိုဝပ်၊ ၁၀၀၀ ကီလိုဝပ်၊ ဒါမှမဟုတ်လို့ရှိရင် ၂၀၀ ကီလိုဝပ် လား၊ ၃၀၀ ကီလိုဝပ်တော့ ရသလား၊ ရရင် ခုနကပြောတဲ့ အောက်ဆီဂျင်စက်ရုံနဲ့ ပတ်သက်ပြီး အထောက်အကူရအောင် ချိတ်ဆက်ထား၊ လူထက် အရေးကြီးတာ၊ အသက်ထက် အရေးကြီးတာဘာမှမရှိဘူး။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ၏ ပြောကြားမှု Video file ကိုပြသမည်ဖြစ်ပါသည်။)

ဆက်လက်ပြောကြားရာတွင် ကိုဗစ်ကာကွယ်ဆေးများနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းမှုများကို နယ်စပ်ဂိတ်များ၊ လေကြောင်းနှင့် ရေကြောင်းတို့မှတဆင့် နည်းလမ်းမျိုးစုံဖြင့် တင်သွင်းမှုများလုပ်ဆောင်လျက်ရှိပြီး နှောင့်နှေးကြန့်ကြာမှု မရှိစေ ရေး အမြန်ဆုံး ထုတ်ပေးနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် စစ်ဆေးမှု များ၊ ခွင့်ပြုမှုများကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မတော်လောဘများဖြင့် ကန့်သတ်တားမြစ်ဆေးဝါးများ၊ ဆေးဝါးအတု များ တင်သွင်းမှုမရှိစေရေး စစ်ဆေးရမည်ဖြစ်ပြီး တွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ပညာပေးမှုနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ လုပ်ဆောင်နေမှုများ ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တွင်လည်း အသံချဲ့စက်များနှင့် အသိပေးကြေညာခြင်း၊ ကျန်းမာရေးအသိပညာပေး၊ သတိပေးဆိုင်းဘုတ်များ ထောင် ခြင်းများပြုလုပ်ရန်လည်းလိုကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားဒေသ များတွင် ပညာပေးမှုများပိုမိုဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးမှု၊ သတိပေး မှုများ နေ့စဉ်မြင်တွေ့ကြားသိနေရမှသာလျင် ဆင်ခြင်လိုက်နာနိုင်မည် ဖြစ်သော ကြောင့် ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း။

ကိုဗစ်-၁၉ ရောဂါကို ရေှ့တန်းမှ ကာကွယ်ထိန်းချုပ်ကုသပေးနေသော ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်းများတွင် ထမ်းဆောင်ကြ သည့် အဖွဲ့အစည်းများ၊ ပြည်သူလူထု၏ သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်ပေးနေ သည့် အဖွဲ့များ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ကျန်းမာရေးကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်သဖြင့် ကာကွယ် ဆေးထိုးနှံရာတွင် ဦးစားပေးသတ်မှတ်ချက်များအလိုက် စနစ်တကျထိုးနှံ ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်တပ်မတော်(လေ)နှင့် တပ်မတော်ပို့ဆောင် ရေး စနစ်များမှတဆင့် ပြည်နယ်နှင့်တိုင်းအားလုံးသို့ အမြန်ဆုံးရောက်ရှိနိုင်ရေး ပို့ဆောင်ပေး လျက်ရှိကြောင်း၊ ရောက်ရှိလာသည့် ဆေးပစ္စည်းများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းထားသို၍ အမြန်ဆုံးထိုးနှံပေးရမည်ဖြစ်ကြောင်း၊ အသက်အရွယ် ကြီးမြင့်သူများတွင် သေဆုံးမှုနှုန်းမြင့်မားသည်ကိုတွေ့ရှိရပြီး အသက် ၅၀ နှင့် အထက် သေဆုံးမှု ၈၀ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးကို အသက်အရွယ်ကြီးရင့်သူများအား ဦးစားပေးထိုးနှံစေလျက်ရှိကြောင်း၊ ယခု ကာကွယ် ဆေး ၈ သန်းရောက်ရှိပြီး ၆ သန်းကို ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ်ထိုးနှံရန် ဆေး ၂ သန်းကျန်ရှိကြောင်း၊ တစ်ဖက်ကလည်း ကိုယ်ခံစွမ်းအားကောင်းမွန်အောင် နေထိုင်ရန်လိုအပ်မည်ဖြစ်ပြီး ကျန်းမာသန်စွမ်းမှုရှိစေရန် ကိုယ်လက်လှုပ်ရှားမှုများကို လည်း လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် အသိ ပညာပေးမှုများကိုသာမက အခြေခံကျန်းမာရေးနှင့်ပတ်သက်သည့် ပညာပေးမှုများကို လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားရေးသောက်ရေးနှင့် ပတ်သက်၍ အဆင်ပြေ ချောမွေ့မှုရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး နှင့်မွေးမြူရေး၊ ဒေသအလိုက် စားရေရိက္ခာပေါများစေရေး ဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ အခြေခံအနေဖြင့် နိုင်ငံသားများနှင့် တိုင်းပြည်၏ စီးပွားရေး ကောင်းမွန်အောင် လုပ်ဆောင်ရန် အဓိက လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း လုပ်ဆောင်ရသည့် တာဝန်များအလိုက် မိမိအလုပ်နှင့် တိုင်းပြည်အပေါ်တွင် စေတနာ ထား၍ လုပ်ဆောင်မည်ဆိုပါက မိမိတို့၏ လုပ်ဆောင်မှုများ အောင်မြင်နိုင်မည်ဖြစ်ပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စေတနာ ထား၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

 

Zawgyi Version

 

ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ (၉)ႀကိမ္ေျမာက္ ညႇိႏႈိင္းအစည္းအေဝးျပဳလုပ္၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဩဂုတ္ – ၂၃

ကိုဗစ္ – ၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ (၉)ႀကိမ္ေျမာက္ ညႇိႏႈိင္းအစည္းအေဝးကို ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အိမ္ေစာင့္အစိုးရအဖြဲ႕၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္အမွာစကား ေျပာၾကားသည္။

အစည္းအေဝးသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ ဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ေကာင္စီအဖြဲ႕ဝင္မ်ား၊ ေကာင္စီ တြဲဖက္ အတြင္းေရးမႉး၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္မ်ား၊ တာဝန္ရွိသူမ်ားက Video Conferencing ျဖင့္ တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က အဖြင့္အမွာစကားေျပာၾကားရာတြင္ မိမိတို႔ႏိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါစတင္ျဖစ္ပြားခဲ့သည့္အခ်ိန္တြင္ သိသာမႈမရွိခဲ့ေသာ္လည္း တတိယ လႈိင္းကူးစက္မႈ ျဖစ္ပြားခ်ိန္၌ ကူးစက္မႈျမန္ဆန္ခဲ့သည့္ အေျခအေနျဖစ္ေပၚခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔ ဗဟိုအဖြဲ႕အေနျဖင့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဆိုင္ရာ ကိစၥရပ္မ်ားအား အခ်ိန္ႏွင့္ တေျပးညီ ေဆာင္႐ြက္ခဲ့သည့္အတြက္ ေရာဂါကူးစက္မႈမ်ား အတိုင္းအတာတစ္ခုအထိ ေလ်ာ့က်လာသည္ကို ေတြ႕ရွိရ ေၾကာင္း၊ ဇူလိုင္ ၉ ရက္ တြင္ လူဦးေရ ၁၅၇၄၀ ဦးအား စစ္ေဆးခဲ့ရာ ပိုးေတြ႕လူဦးေရ ၄၃၂၀ ဦး ေတြ႕ရွိရေၾကာင္း၊ ဇူလိုင္ ၁၄ ရက္တြင္ လူဦးေရ ၂၁၃၅၀ အား စစ္ေဆးခဲ့ရာ ပိုးေတြ႕လူဦးေရ ၇၀၈၃ ဦးအထိေတြ႕ရွိခဲ့ရသျဖင့္ ရာခိုင္ႏႈန္းအရ ၃၄ ရာႏႈန္းအထိ ေရာက္ရွိခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔အေနျဖင့္ လိုအပ္သည္မ်ား ထိန္းခ်ဳပ္မႈမ်ား ေဆာင္႐ြက္ျခင္းႏွင့္ ျပည္နယ္ႏွင့္ တိုင္းအလိုက္ ၾကပ္မတ္မႈမ်ားေဆာင္႐ြက္ခဲ့ျခင္း ေၾကာင့္ ယခုအခါ ေရာဂါကူးစက္ျဖစ္ပြားမႈမ်ား သိသိသာသာေလ်ာ့က်လာသည္ကို ေတြ႕ရွိရေၾကာင္း၊ မိမိတို႔အေနျဖင့္ ယခုလအကုန္တြင္ ေရာဂါကူးစက္မႈရာခိုင္ႏႈန္း ထက္ဝက္ခန႔္အထိ ေလ်ာ့က်ေအာင္ ႀကိဳးစားေဆာင္႐ြက္ခဲ့မႈေၾကာင့္ ဩဂုတ္လ ၁ ရက္ ေန႔တြင္ ပိုးေတြ႕ လူနာ ၃၁၈၀ ဦး၊ ဩဂုတ္လ ၂၂ ရက္ေန႔တြင္ ၈၉၉၁ ဦး အား စစ္ေဆး ခဲ့ရာ ပိုးေတြ႕လူနာ ၂၁၇၃ ဦးရွိခဲ့သျဖင့္ ရာခိုင္ႏႈန္းအရ ၂၄ ဒသမ ၁၇ ရာခိုင္ႏႈန္း အထိက်ဆင္းလာသည္ကို ေတြ႕ရွိရေၾကာင္း၊ ထိုသို႔ေရာဂါ ကူးစက္မႈႏႈန္း က်ဆင္းရျခင္း မွာ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၏ ႀကီးၾကပ္ကြပ္ကဲမႈမ်ားႏွင့္ ျပည္သူလူထု၏ ပူးေပါင္း ေဆာင္႐ြက္မႈ ေကာင္းမြန္ျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ ေရာဂါကူးစက္မႈ ေလွ်ာ့ခ်ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ရာတြင္ ပိုးေတြ႕လူနာမ်ားႏွင့္ ဆက္စပ္ထိေတြ႕မႈရွိခဲ့သူမ်ားကို လည္း စစ္ေဆးႏိုင္ရန္လိုအပ္ေၾကာင္း၊ ေရာဂါစစ္ေဆးမႈမ်ား ေဆာင္႐ြက္ရာတြင္ ျဖစ္ႏိုင္ေျခရွိသည္မ်ားအားလုံးကို စစ္ေဆးရန္လိုၿပီး “အနာသိမွ ေဆးရွိမည္” ျဖစ္ ေၾကာင္း၊ သို႔မွသာ ကာကြယ္မႈအတြက္ ပိုမိုစဥ္းစား ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ေရာဂါကူးစက္မႈမ်ားေလ်ာ့က်လာေသာ္လည္း ေပါ့ဆမႈမ်ားမရွိရန္လိုေၾကာင္း။

ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈေၾကာင့္ သြားလာမႈအခက္အခဲမ်ားျဖစ္ေပၚခဲ့သျဖင့္ ကုန္ထုတ္လုပ္မႈမ်ားထိခိုက္ခဲ့မႈမ်ားရွိေၾကာင္း၊ စားေသာက္ေရးအတြက္ မိမိတို႔လုပ္ႏိုင္ သမွ် ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၾကေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ခ်ိန္တြင္ ဝိသမေလာဘ မ်ားျဖင့္ ေရာင္းဝယ္ေနမႈမ်ားကိုလည္း ေတြ႕ရွိရေၾကာင္း၊ ၿပီးခဲ့သည့္ကာလအတြင္း ေဆးဝါးမ်ား ေဈးႏႈန္းႀကီးျမင့္လာျခင္းေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ မႏၲေလးတိုင္း ေဒသႀကီး တို႔တြင္ စစ္ေဆးၾကပ္မတ္ျခင္းမ်ား စနစ္တက်ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ေဆးဝါးမ်ား၏ ေဈးႏႈန္းမ်ား ပုံမွန္အေျခအေနသို႔ ျပန္လည္က်ဆင္းခဲ့ေၾကာင္း၊ မိမိတို႔ ျမန္မာႏိုင္ငံ၏ အမ်ိဳးသားေရး စ႐ိုက္လကၡဏာသည္ ေစတနာထားၿပီး လႉဒါန္းလို သည့္စိတ္၊ ေပးကမ္းလိုသည့္ အေျခခံစိတ္မ်ားရွိၿပီးျဖစ္သျဖင့္ ၎စိတ္ကို အေျခခံ၍ ေဆာင္႐ြက္မႈမ်ားသည္ သဟဇာတ ျဖစ္ရန္လိုေၾကာင္း၊ မိမိတို႔ ႏိုင္ငံတစ္ခုတည္း မဟုတ္ဘဲ ကမာၻေပၚရွိ ႏိုင္ငံမ်ားအားလုံးတြင္ စီးပြားေရးက်ဆင္းမႈမ်ား ျဖစ္ေပၚေနျခင္း ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ စားေသာက္ေရးႏွင့္ ကာကြယ္ကုသ ေဆးမ်ားႏွင့္ပတ္သက္၍ ဝိသမေလာဘမ်ားျဖစ္ေပၚမႈ မရွိေအာင္ ထိန္းသိမ္းၾကပ္မတ္ ေဆာင္႐ြက္ၾကရန္ တိုက္တြန္းပါေၾကာင္း။

ကိုဗစ္-၁၉ ေရာဂါသည္ ကာကြယ္ေဆးမ်ားထိုးႏွံထားပါက ေရာဂါျဖစ္ႏိုင္မႈ က်ဆင္းၿပီး ကာကြယ္ႏိုင္မႈရွိသည္ကို တစ္ကမာၻလုံးက လက္ခံထားၾကေၾကာင္း၊ ထိုသို႔ ကာကြယ္ႏိုင္မႈမ်ားကို သိရွိလာျခင္းေၾကာင့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးမ်ားထိုးႏွံ ႏိုင္ရန္အတြက္ ထိုးႏွံလိုၾကသူမ်ား မ်ားျပားလာခဲ့ၿပီး မိမိတို႔အေနျဖင့္လည္း ကာကြယ္ ေဆးမ်ားရရွိေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခင္အစိုးရ လက္ထက္တြင္ အိႏၵိယႏိုင္ငံမွ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး သန္း ၃၀ ရရွိေအာင္ ေဆာင္႐ြက္ ခဲ့ေသာ္လည္း ပထမအသုတ္ေရာက္ရွိၿပီး ေနာက္ပိုင္းတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္ရွိျခင္းမရွိခဲ့ေၾကာင္း၊ ထိုအခ်ိန္တြင္ ကိုဗစ္-၁၉ ေရာဂါ ဒုတိယလႈိင္းၿပီးခါစ အခ်ိန္ျဖစ္သျဖင့္ အိႏၵိယႏိုင္ငံတစ္ခုတည္းကသာ အဓိကဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း၊ တတိယလႈိင္း ျဖစ္ေပၚလာခ်ိန္တြင္ တစ္ကမာၻလုံးေရာဂါ ျဖစ္ပြားမႈႏႈန္း ျမင့္မားလာခဲ့ရာ လက္ရွိကမာၻ႔လူဦးေရ၏ ၂၁၂ သန္း အထိ ျဖစ္ပြားခဲ့ၿပီး ေသဆုံးမႈႏႈန္းမ်ားလည္း ျမင့္တက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံအားလုံး၌ ေရာဂါကာကြယ္ေရးအတြက္ ကာကြယ္ေဆး မ်ားရရွိေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ မိမိတို႔အေနျဖင့္လည္း ၎ကဲ့သို႔ အေျခအေနမ်ားအၾကားမွ ျပည္သူလူထု က်န္းမာေရးအတြက္ ကာကြယ္ေဆးမ်ား ရရွိေအာင္ ခက္ခက္ခဲခဲ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ အဆိုပါ ကာကြယ္ ေဆးမ်ား ေရာက္ရွိခ်ိန္တြင္လည္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ တာဝန္ရွိ သူမ်ား အေနျဖင့္ ကာကြယ္ေဆးထိုးႏွံမႈမ်ားအား အျမန္ဆုံးထိုးႏွံႏိုင္ေရး စနစ္တက် ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း၊ တစ္ရက္ေစာ၍ ေဆးထိုးႏိုင္လ်င္ တစ္ရက္ေစာ၍ ကာကြယ္ၿပီးျဖစ္မည္ျဖစ္ေၾကာင္း။

ယခုအခါ ကိုဗစ္-၁၉ ေရာဂါကာကြယ္ကုသေရးအတြက္ ျပည္ပႏိုင္ငံမ်ားမွ ကာကြယ္ေဆး ေဆးဝါးအတုမ်ားဝင္ေရာက္လာမႈမ်ားရွိသည္ဟု ၾကားသိရသျဖင့္ ျပည္သူမ်ား ထိခိုက္မႈမ်ားရွိေၾကာင္း၊ က်န္းမာေရးဝန္ႀကီးဌာနကလည္း ၎ကိစၥႏွင့္ ပတ္သက္၍ ဩဂုတ္ ၂၂ ရက္ေန႔တြင္ ေၾကညာခ်က္ထုတ္ျပန္၍ ျပည္သူလူထု သတိျပဳႏိုင္ရန္ အသိေပးေၾကညာထားၿပီးျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ သက္ဆိုင္ရာနယ္စပ္ ေဒသမ်ားမွ တာဝန္ရွိသူမ်ားအေနျဖင့္ စနစ္တက် ၾကပ္မတ္ေဆာင္႐ြက္ေနရန္ လိုေၾကာင္း၊ ၿမိဳ႕ႀကီးမ်ားတြင္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ေဆးဝါးကုမၸဏီမ်ားအား ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးမ်ား တင္သြင္းခြင့္ေပးထားေၾကာင္း၊ အထူးသျဖင့္ နယ္စပ္ေဒသမွ ျပည္သူမ်ား အေနျဖင့္ ေဆးဝါးအတုမ်ား ထိုးႏွံမႈမရွိေစေရးအတြက္ ေဒသခံျပည္သူမ်ားသိရွိေစေရး အၿမဲမျပတ္အသိေပး ထုတ္ျပန္ေဆာင္႐ြက္ေနရန္ လိုေၾကာင္း၊ ေဆးဝါး အတုမ်ားသည္ လူ႔အသက္အႏၲရာယ္အထိျဖစ္ေပၚေစႏိုင္သျဖင့္ ထိုသို႔ေဆာင္႐ြက္သူမ်ားအား ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္သြားရန္ လိုေၾကာင္း။

ကုန္ထုတ္လုပ္မႈႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ေႏြစပါးရာသီတြင္ စပါးစိုက္ပ်ိဳးမႈမ်ား ေလ်ာ့နည္းခဲ့ေၾကာင္း၊ ယခုအခါ မိုး႐ြာသြန္းမႈ ရာခိုင္ႏႈန္း ျမင့္မားလ်က္ရွိသျဖင့္ ထိုအေျခအေနအား ေကာင္းစြာအသုံးခ်၍ ေတာင္သူမ်ားအေနျဖင့္ စပါးမ်ားႏွင့္ အျခား သီးႏွံမ်ားအား စနစ္တက် စိုက္ပ်ိဳးၾကရန္လိုအပ္ေၾကာင္း၊ ႏိုင္ငံအတြင္းစားေသာက္ကုန္ မ်ား ဖူလုံစြာ ထုတ္လုပ္ႏိုင္ၿပီး ရိကၡာမ်ားေပါမ်ားလာပါက ႏိုင္ငံအတြက္ရိကၡာရွားပါးမႈ မျဖစ္ေပၚႏိုင္ေၾကာင္း၊ ယခုအခါ ကမာၻ႔ႏိုင္ငံမ်ားတြင္ စားေသာက္မႈႏွင့္ ပတ္သက္၍ ရိကၡာမ်ား လိုအပ္မႈျဖစ္ေပၚလ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံအတြင္း စိုက္ပ်ိဳးေရးထုတ္ကုန္ မ်ား ေပါမ်ားလာပါက ျပည္ပပို႔ကုန္မ်ားလည္း တင္ပို႔ႏိုင္မည္ျဖစ္သျဖင့္ ႏိုင္ငံျခားဝင္ေငြ မ်ား တိုးတက္လာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား အလိုက္ ဝန္ႀကီးခ်ဳပ္မ်ားႏွင့္ တာဝန္ရွိသူမ်ားအေနျဖင့္ စိုက္ပ်ိဳးေတာင္သူမ်ားအား လိုက္လံၾကည့္ရႈ အားေပး၍ အသိအမွတ္ျပဳေဆာင္႐ြက္ေနရန္လိုေၾကာင္း မွာၾကား သည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ ဝန္ႀကီးခ်ဳပ္၊ ေကာင္စီအဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ တက္ေရာက္လာၾကသူမ်ားက တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ ကိုဗစ္ – ၁၉ ေရာဂါျဖစ္ပြားမႈႏႈန္းက်ဆင္းလ်က္ရွိသည့္ အေျခအေနမ်ား၊ ေရာဂါ ျဖစ္ပြားမႈႏႈန္းေလ်ာ့က်ျခင္းမရွိဘဲ ေရာဂါပိုးအတည္ျပဳလူနာေတြ႕ရွိမႈႏႈန္း ျမင့္မားလ်က္ ရွိသည့္ အခ်ိဳ႕ၿမိဳ႕နယ္မ်ားကို ေနအိမ္တြင္ေနထိုင္ေရး(Stay at home) ထပ္မံကန႔္သတ္ ထားရွိ၍ ကူးစက္ျဖစ္ပြားမႈႏႈန္းေလ်ာ့က်ေစေရး လုပ္ေဆာင္လ်က္ရွိသည့္ အေျခအေန မ်ား၊ ကမာၻ႔ႏိုင္ငံမ်ားႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ ဗီဇေျပာင္းေရာဂါပိုးမ်ား ဆက္လက္ ေတြ႕ရွိေနရမႈ၊ ကူးစက္ျပန႔္ပြားႏိုင္မႈ အေျခအေနမ်ားႏွင့္ ဗီဇေျပာင္းေရာဂါပိုးမ်ား ကူးစက္ဝင္ေရာက္ႏိုင္မႈကို ကာကြယ္တားဆီးႏိုင္ေရးလုပ္ေဆာင္လ်က္ရွိသည့္ အေျခ အေနမ်ား၊ ေအာက္ဆီဂ်င္သုံးစြဲသူမ်ားအေနျဖင့္ SOP Guide Line ႏွင့္ အညီသုံးစြဲရန္ လိုအပ္သည့္ အေျခအေနမ်ား၊ ေဆး႐ုံအသီးသီးတြင္ သဘာဝေဘးအႏၲရာယ္ ႀကိဳတင္ ကာကြယ္ႏိုင္ေရး ျပင္ဆင္ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ အျခားေထာက္ပံ့မႈမ်ား ျပဳလုပ္ရန္ စီမံေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ေဆး႐ုံမ်ားအလိုက္ ICU အခန္းမ်ား အဆင့္ ျမႇင့္တင္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ လက္ရွိအခ်ိန္အထိ ကာကြယ္ေဆးထိုးႏွံၿပီးစီးမႈ အေျခအေနမ်ားႏွင့္ ကာကြယ္ေဆးထိုးႏွံမႈအား အာဆီယံ Website မ်ားႏွင့္ WHO Website မ်ားတြင္လည္း တင္ႏိုင္ေရးအတြက္လည္း ေဆာင္႐ြက္ထားရွိသည့္ အေျခအေနမ်ား၊ ကာကြယ္ေဆးမ်ားေရာက္ရွိမႈ၊ ထပ္မံမွာယူ ထားရွိမႈ အေျခအေနမ်ားႏွင့္ ထပ္မံဝယ္ယူ ရရွိႏိုင္ေရး ညႇိႏႈိင္းခ်ိတ္ဆက္ ေဆာင္႐ြက္ ေနမႈအေျခအေနမ်ား၊ ျပည္တြင္း၌ ကိုဗစ္-၁၉ ေရာဂါပိုး ကာကြယ္ေဆး ထုတ္လုပ္ ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ပုဂၢလိကကုမၸဏီမ်ား၏ ကာကြယ္ေဆး တင္သြင္းမႈႏွင့္ ထိုးႏွံေနမႈ အေျခအေနမ်ားကို မွတ္တမ္းေရးသြင္းႏိုင္ ေရး စီမံေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ား။

ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာေထာက္ပံ့မႈမ်ားကို ႏိုင္ငံတကာမွ လႉဒါန္းေပးအပ္ခဲ့မႈႏွင့္ ထပ္မံ လႉဒါန္းလာမည့္ အေျခအေနမ်ား၊ Relif Flight မ်ား ေျပးဆြဲပ်ံသန္း၍ ႏိုင္ငံသားမ်ားကို ကူညီကယ္ဆယ္ေရး ေဆာင္႐ြက္ေပးႏိုင္ခဲ့သည့္ အေျခအေနမ်ားႏွင့္ ဆက္လက္ ေျပး ဆြဲသြားမည့္ အေျခအေနမ်ား၊ ေရာဂါ ကာကြယ္ကုသထိန္းခ်ဳပ္ေရးဆိုင္ရာႏွင့္ ဆက္စပ္ ေဆးဝါးမ်ား၊ စက္ပစၥည္းမ်ား တင္သြင္းျဖန႔္ျဖဴးခဲ့သည့္ အေျခအေနမ်ား၊ ကုန္စည္ စီးဆင္းမႈ ျမန္ဆန္ေစေရးအတြက္ စီမံေဆာင္႐ြက္ေပးထားမႈႏွင့္ ေပါင္းစပ္ေဆာင္႐ြက္ ေပးေနမႈအေျခအေနမ်ား၊ FDA ၏ ေထာက္ခံခ်က္ျဖင့္ ကုန္စည္မ်ား စိစစ္ထုတ္ေပးႏိုင္ ေရး ေပါင္းစပ္ေဆာင္႐ြက္ေပးေနမႈ အေျခအေနမ်ား။

ကိုဗစ္-၁၉ ေရာဂါႏွင့္ ပတ္သက္၍ က်န္းမာေရးဆိုင္ရာ အသိပညာေပးမႈမ်ားကို သတင္းစာမ်ား၊ ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကား၊ ေရဒီယိုတို႔အျပင္ ပုဂၢလိက႐ုပ္သံလိုင္းမ်ားမွ အသိပညာေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ေနအိမ္တြင္ေနထိုင္ေရး(Stay at home) ကာလအတြင္း ျပည္သူမ်ား စိတ္ခ်မ္းေျမ့မႈရရွိေစေရး၊ အသိပညာရရွိေရး၊ စိတ္ဖိစီးမႈ မ်ားေလ်ာ့က်ေစေရး သီခ်င္းႏွင့္ ဇာတ္လမ္းတိုမ်ား၊ အင္တာဗ်ဴးအစီအစဥ္မ်ား၊ အၿငိမ့္ မ်ားအျပင္ အျခားအစီအစဥ္မ်ားစြာကို တင္ဆက္ေပးလ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ဆက္လက္စီမံေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား။

ေအာက္ဆီဂ်င္မ်ားအား ျပည္ပမွ တင္သြင္းျဖန႔္ျဖဴးေနမႈ၊ ျပည္တြင္းမွ ထုတ္လုပ္ ေနမႈအေျခအေနမ်ား၊ ကာကြယ္ေဆးမ်ားအား သတ္မွတ္နယ္ပယ္မ်ားအလိုက္ ထိုးႏွံ ေပးေနမႈ၊ ၿပီးစီးမႈႏွင့္ ဆက္လက္ထိုးႏွံေရး ေဆာင္႐ြက္ေနမႈ အေျခအေနမ်ား၊ ျပည္ပ ေရာက္ ျမန္မာႏိုင္ငံသားမ်ား ျပည္တြင္းသို႔ ျပန္လည္ဝင္ေရာက္ေနမႈ၊ နယ္စပ္ဂိတ္ အသီးသီး၌ စနစ္တက်စစ္ေဆး၍ ေရာဂါပိုးေတြ႕ရွိသူမ်ားအား ေစာင့္ၾကည့္ ကုသမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိမႈႏွင့္ ေရာဂါပိုး မေတြ႕ရွိသူမ်ားကို ၎တို႔ ေနရပ္အသီးသီးသို႔ ျပန္လည္ပို႔ေဆာင္ႏိုင္ေရး စီစဥ္ပို႔ေဆာင္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊

စားေရးအခက္အခဲမရွိေစရန္အတြက္ အေျခခံစားကုန္မ်ားကို ေ႐ြ႕လ်ားေဈးကား မ်ားျဖင့္ လွည့္လည္ေရာင္းခ်ေပးေနမႈႏွင့္ အေျခခံအိမ္သုံးေဆးဝါးမ်ားကိုလည္း ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ တပ္မေတာ္ ေဆး႐ုံမ်ား၊ စင္တာမ်ားတြင္ ေစာင့္ၾကည့္၊ ကုသမႈမ်ား ေဆာင္႐ြက္ေပးေနမႈ အေျခအေနမ်ား၊ Oxygen Plant မ်ား တည္ေဆာက္ၿပီးစီးမႈ၊ ဆက္လက္တည္ေဆာက္ ေနမႈႏွင့္ တည္ေဆာက္ၿပီးစီးပါက ထြက္ရွိလာမည့္ အေျခအေနမ်ား၊ ကမာၻတစ္ဝန္းတြင္ ကိုဗစ္-၁၉ ေရာဂါ ပထမလႈိင္း၊ ဒုတိယလႈိင္း၊ တတိယလႈိင္း ကူးစက္ျပန႔္ပြားမႈမ်ားတြင္ ဗီဇေျပာင္းေရာဂါမ်ိဳးကြဲမ်ားျဖင့္ ကူးစက္ျပန႔္ပြားခဲ့မႈ အေျခအေနမ်ား၊ ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ကုသေရးဆိုင္ရာ ပစၥည္းမ်ား၊ ေအာက္ဆီဂ်င္မ်ား၊ တစ္ခါသုံးေဆးထိုးအပ္ ႏွင့္ အျခားလိုအပ္သည့္ ဆက္စပ္ပစၥည္းမ်ားကို ျပည္တြင္း၌ ထုတ္လုပ္ျဖန႔္ျဖဴးေပးလ်က္ ရွိသည့္ အေျခအေနမ်ား၊ ျပည္တြင္းရွိ ႏိုင္ငံပိုင္ႏွင့္ ပုဂၢလိကပိုင္ ေဆးဝါးစက္႐ုံမ်ားမွ ေဆးဝါးထုတ္လုပ္ျဖန႔္ျဖဴးေပးေနမႈ အေျခအေနမ်ား၊ ေဆးဝါးမ်ားကုန္ေဈးႏႈန္း ႀကီးျမင့္မႈမရွိေစေရး ေစာင့္ၾကည့္ေရးအဖြဲ႕မ်ား ဖြဲ႕စည္းေဆာင္႐ြက္ေနမႈ၊ အေျခခံ အိမ္သုံးေဆးဝါးမ်ား ကုန္ေဈးႏႈန္းက်ဆင္းလာမႈ၊ ကိုဗစ္-၁၉ ပထမလႈိင္းကာလအတြင္း ျပည္တြင္းရွိ အထည္ခ်ဳပ္စက္႐ုံအခ်ိဳ႕ပိတ္ထားရမႈမ်ား ရွိခဲ့ၿပီး ယခုတတိယလႈိင္းကာလ အတြင္းပင္ အထည္ခ်ဳပ္ အမွာစာမ်ားေရာက္ရွိလာသည့္ အတြက္ စက္႐ုံမ်ားကို ကိုဗစ္-၁၉ စည္းကမ္းမ်ားႏွင့္အညီ ျပန္လည္ လည္ပတ္ခဲ့ၿပီး ယခင္လည္ပတ္မႈရပ္ဆိုင္း ထားသည့္ အထည္ခ်ဳပ္စက္႐ုံ ၃၈ ႐ုံႏွင့္ စက္႐ုံအသစ္ ၁၁ ႐ုံ၊ စုစုေပါင္း စက္႐ုံ ၄၉ ႐ုံ လည္ပတ္လာႏိုင္သည့္အတြက္ ဝန္ထမ္း ၂ ေသာင္းေက်ာ္ကို အလုပ္အကိုင္ အခြင့္ အလမ္း ေဖာ္ေဆာင္ေပးႏိုင္ခဲ့သည့္ အေျခအေနမ်ား၊ စက္႐ုံ၊ အလုပ္႐ုံမ်ားမွ အလုပ္ သမားမ်ားအား ကာကြယ္ ေဆးထိုးႏွံႏိုင္ေရး လုပ္ေဆာင္လ်က္ ရွိရာ ဩဂုတ္ ၂၂ ရက္ အထိ အလုပ္သမား ၈ ေသာင္းေက်ာ္ကို ထိုးႏွံၿပီးစီးခဲ့ၿပီး ဆက္လက္ ထိုးႏွံေပးသြား မည့္အေျခအေနမ်ား။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ တာဝန္ရွိသူမ်ားအေနျဖင့္ ၿမိဳ႕နယ္၊ ခ႐ိုင္အလိုက္ ျဖစ္ေပၚခဲ့သည့္ ေရာဂါျဖစ္ပြားမႈ၊ ေသဆုံးမႈ၊ ေဆး႐ုံတက္ေရာက္မႈ၊ ေအာက္ဆီဂ်င္ လိုအပ္မႈ အေျခအေနမ်ားကို ဆန္းစစ္သုံးသပ္၍ အမွန္တကယ္ လိုအပ္ ခ်က္မ်ားကို တြက္ခ်က္ျပင္ဆင္ထားရန္လိုအပ္သည့္ အေျခအေနမ်ား၊ တစ္ႏိုင္ငံလုံး ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)တြင္ လက္မွတ္ေရးထိုးထား သည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ ေဒသမ်ားအတြင္း ကာကြယ္ေဆး ထိုးႏွံေပးႏိုင္ေရး စနစ္တက်စာရင္းေကာက္ယူ ေဆာင္႐ြက္လ်က္ရွိၿပီး ဦးစားေပးအုပ္စု အလိုက္ အျမန္ဆုံးထိုးႏွံေပးႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔ရွိ တိုက္ပြဲေရွာင္ႏွင့္ IDP Camp မ်ား၌ ရွိေနသူ လူဦးေရ ၅ သိန္းေက်ာ္အနက္ အသက္ ၁၈ ႏွစ္အထက္ ကာကြယ္ေဆးထိုးႏွံရန္ အက်ဳံးဝင္သူ ၁၆၅၂၉၆ ဦးရွိၿပီး ၎တို႔အနက္ လူဦးေရ ၅ ေသာင္းေက်ာ္ကို ယခုအပတ္အတြင္း ကာကြယ္ေဆးထိုးႏွံေပးႏိုင္ေရး ေဆာင္႐ြက္ေပး လ်က္ရွိသည့္ အေျခအေနမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ ကာကြယ္ ေဆးထိုးႏွံၿပီးစီးသူမ်ားကို စနစ္တက် မွတ္တမ္းတင္ထားရွိမႈ အေျခအေနမ်ားႏွင့္ ပတ္သက္၍ အက်ယ္တဝင့္ ရွင္းလင္းတင္ျပၾကရာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္က ျပည္တြင္းရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားပုံမွန္ အတိုင္း လည္ပတ္ေနမႈမ်ားကို အားေပးရမည္ျဖစ္ၿပီး ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး စည္းမ်ဥ္းစည္းကမ္းအတိုင္း လိုက္နာေဆာင္႐ြက္ၾကရန္လည္း လိုအပ္မည္ျဖစ္ေၾကာင္း၊ စက္႐ုံပိုင္ရွင္မ်ားအေနျဖင့္လည္း ဝန္ထမ္းမ်ား၏ က်န္းမာေရးႏွင့္ ၎တို႔၏ လိုအပ္ ခ်က္မ်ားႏွင့္ ပတ္သက္၍ အေလးထားလုပ္ေဆာင္ေပးရန္လိုအပ္ေၾကာင္း၊ တိုင္းေဒသ ႀကီးႏွင့္ ျပည္နယ္အသီးသီးရွိ တာဝန္ရွိသူမ်ားအေနျဖင့္လည္း လိုအပ္သည္မ်ားကို တတ္စြမ္းသေ႐ြ႕ျဖည့္ဆည္း ေဆာင္႐ြက္ေပးသြားရမည္ျဖစ္ေၾကာင္းႏွင့္ အျခားလိုအပ္ သည္မ်ား ျဖည့္စြက္မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က နိဂုံးခ်ဳပ္ အမွာစကားေျပာၾကားရာတြင္ က်န္းမာေရးဆိုင္ရာေဆာင္႐ြက္မႈမ်ားကို စဥ္ဆက္မျပတ္ေဆာင္႐ြက္ေပးရန္လိုအပ္မည္ျဖစ္ၿပီး ကိုဗစ္-၁၉ ေရာဂါသည္ မ်ိဳး႐ိုးဗီဇ မ်ား ေျပာင္းလဲကူးစက္မႈျဖစ္ပြားလ်က္ရွိသည့္အတြက္ ကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားကို အၿမဲမျပတ္ေဆာင္႐ြက္ေနၾကရမည္ျဖစ္ေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါႏွင့္ ပတ္သက္၍ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)ႏွင့္ က်န္းမာေရးအဖြဲ႕အစည္းမ်ားက သတ္မွတ္ထားသည့္ စံႏႈန္းသတ္မွတ္ခ်က္မ်ားရွိၿပီး ၎တို႔ကို ေလ့လာ၍ လိုက္နာ ေဆာင္႐ြက္သြားရန္လည္း လိုအပ္မည္ျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္မႈမ်ားတြင္ ဗဟိုအဖြဲ႕၊ အေရးေပၚတုံ႔ျပန္ေရးအဖြဲ႕မ်ားအေနျဖင့္ လိုအပ္သည္မွန္သမွ်ကို ၾကပ္ၾကပ္ မတ္မတ္ေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ တာဝန္ရွိသူမ်ားေနျဖင့္လည္း ျပည္သူမ်ားမွ တိက်စြာ လိုက္နာေဆာင္႐ြက္ေရး ၾကပ္ မတ္ေဆာင္႐ြက္ရန္လိုအပ္မည္ျဖစ္ေၾကာင္း။

ထို႔ေနာက္ ေဆး႐ုံမ်ားကိုအဆင့္ျမႇင့္တင္ႏိုင္ေရး လုပ္ေဆာင္ၾကရမည္ျဖစ္ၿပီး ေဆး႐ုံတိုင္းသည္ ေဆး႐ုံအဂၤါရပ္မ်ားႏွင့္ ကိုက္ညီမႈရွိရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ယခုေခတ္၌ ႏိုင္ငံတကာရွိ ေဆး႐ုံမ်ား၏ ပုံသ႑န္မ်ား၊ အဂၤါရပ္မ်ားကို အလြယ္တကူ ေလ့လာ ေတြ႕ရွိႏိုင္ေၾကာင္း၊ ထိုသို႔ေလ့လာ၍ ၿမိဳ႕နယ္၊ တိုက္နယ္၊ ခ႐ိုင္အဆင့္ ေဆး႐ုံမ်ား စနစ္တက်ရွိေစေရး ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ICU ခန္းမ်ားရွိသည္ ျဖစ္ေသာ္လည္း ကိုဗစ္ႏွင့္ ပတ္သက္၍ သီးသန႔္ထားရွိၿပီး အျခားေရာဂါ မ်ားအတြက္ လည္း ICU ခန္းကို သီးသန႔္ထားရွိရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ႏိုင္ ေရး အတြက္လည္း ႏိုင္ငံေတာ္မွ လိုအပ္သည့္ ကုန္က်မႈမ်ားကို ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း၊ ေဆး႐ုံမ်ားအဆင့္ျမႇင့္တင္ေရး၊ ေရစီးေရလာေကာင္းမြန္ေရး၊ အမႈိက္ သ႐ိုက္မ်ား ရွင္းလင္းေရး၊ ၿခံစည္း႐ိုးမ်ားေကာင္းမြန္ေရး၊ သန႔္ရွင္းသပ္ယပ္မႈရွိေစေရး ေဆး႐ုံဝန္ထမ္းမ်ား၊ တပ္မေတာ္၊ လူမႈေရး အဖြဲ႕အစည္းမ်ားျဖင့္ ဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္ရန္လိုအပ္ မည္ျဖစ္ေၾကာင္း။

ထို႔ေနာက္ ေအာက္ဆီဂ်င္ႏွင့္ ပတ္သက္၍ လိုအပ္သည္မ်ားကို ေဆာင္႐ြက္ေပး ရန္လိုအပ္သည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ “ဆက္စပ္ၿပီးေျပာခ်င္တာကေတာ့ ေအာက္ဆီဂ်င္ကိစၥေပါ့၊ ေအာက္ဆီဂ်င္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔က ၿပီးခဲ့တဲ့ ဇြန္၊ ဇူလိုင္မွာ ေအာက္ဆီဂ်င္လိုအပ္ခ်က္ေတြ တစ္အားျမင့္တက္လာတဲ့အခါက်ေတာ့၊ အကုန္လုံးက ေအာက္ဆီဂ်င္ရရွိဖို႔ အသည္းအသန္ႀကိဳးစားၾကတာေပါ့၊ အျမင့္ဆုံး လိုအပ္ခ်က္ကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၈ ရက္ေန႔ကေတာ့ ၃၁၂၉၈ လုံး လိုတယ္ ဆိုၿပီးေတာ့ ကမာၻကေစာင့္ၾကည့္ေလ့လာေရး Indicator ေတြမွာ သြားေတြ႕တယ္။ အခု ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ၂၀ ရက္ေန႔လိုအပ္ခ်က္က ၁၈၆၆၇ ေတြ႕တယ္။ ကြၽန္ေတာ္တို႔ ထုတ္ႏိုင္တာက အခု ၄ ေသာင္းေက်ာ္၊ တစ္ကယ္လို႔ အျပည့္အစုံဆို ေလးေသာင္းေက်ာ္ ေလာက္ ထုတ္ႏိုင္တာကို ကြၽန္ေတာ္တို႔ေတြ႕တယ္။ ဆိုလိုခ်င္တာကေတာ့ဗ်ာ အျမင့္ ဆုံး လိုအပ္ခ်က္ထက္ကို ပိုၿပီးေတာ့မွ ေအာက္ဆီဂ်င္ ထုတ္ႏိုင္တဲ့အေနအထားေတာ့ ေရာက္သြားၿပီ။ သို႔ေသာ္ ဒါေတြကလည္း၊ ဒါကြၽန္ေတာ္ ေဆး႐ုံသုံး ေအာက္ဆီဂ်င္ေတြ သန႔္ရွင္းၿပီးေတာ့မွ စနစ္တက်ျဖစ္တဲ့ ေအာက္ဆီဂ်င္ ျဖစ္ေစခ်င္တယ္။ အဲဒါလည္း ကြၽန္ေတာ္ ၿပီးခဲ့တဲ့ အစည္းအေဝးေတြမွာလည္း ေျပာပါတယ္။ ေအာက္ဆီဂ်င္အိုး ေတြက အစ စနစ္တက်လုပ္ပါ။ သန႔္သန႔္ရွင္းရွင္း သပ္သပ္ ရပ္ရပ္ျဖစ္ေအာင္ ႀကိဳးစား ပါ။ ေနာက္တစ္ခါလည္း ေအာက္ဆီဂ်င္ ေအာက္ဆီဂ်င္လို႔ ေျပာတဲ့အခါက်ေတာ့။ ၿမိဳ႕နယ္ေတြမွာ ႀကိဳးစားၾကတယ္။ အဓိက ကေတာ့ ဆက္သြယ္မႈ ခက္ခဲတဲ့ ေနရာ ေတြမွာ ေအာက္ဆီဂ်င္ မျဖစ္မေနရေအာင္ လုပ္ရမယ္။ ဥပမာအားျဖင့္- နန္းယြန္းလို ၿမိဳ႕နယ္၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း ဆိုရင္ နန္းယြန္းလိုဟာမ်ိဳးေပါ့၊ သြားရလာရတာ နည္းနည္းခက္တာကိုး။ လဟယ္ကမွ ခႏၲီးကသြားရင္ နည္းနည္း အဆင္ေျပႏိုင္ေသးတယ္။ ဒါ ဥပမာ ေျပာျပတာ၊ ဥပမာ အားျဖင့္ – မာန္ေအာင္လို ဟာမ်ိဳးဆိုရင္ ေလေၾကာင္းလမ္းတစ္ခုနဲ႔ ရာသီဥတုေကာင္းလို႔ရွိရင္ သေဘၤာလမ္းသြား လို႔ရတယ္။ ကားလမ္းမရွိဘူး။ မာန္ေအာင္ကြၽန္းမ်ိဳး ဆိုရင္ ရကိုရရမယ္။ သူ႔ကို Survive လုပ္ႏိုင္၊ သူ႔ကိုယ္သူ ရပ္တည္ႏိုင္ရမဲ့ အေျခအေနမ်ိဳး ရွိရမယ္။ အဲ့ဒါမ်ိဳးေလးေတြ ေပါ့ဗ်ာ၊ ျပည္နယ္နဲ႔ တိုင္းအလိုက္ သြားလာမႈခက္ခဲတဲ့ ၿမိဳ႕နယ္ေတြမွာ၊ ခ႐ိုင္ မဟုတ္လို႔၊ ၿမိဳ႕နယ္ မဟုတ္လို႔၊ မဟုတ္ဘူး၊ သြားလာမႈ ခက္ခဲတဲ့ ေဒသေတြကေတာ့ မျဖစ္မေနရ ေအာင္ ႀကိဳးစားေပး၊ စိတ္မပူရေအာင္၊ လွ်ပ္စစ္မီး ဘယ္လိုရေအာင္လုပ္မလဲ၊ ဥပမာအားျဖင့္- အေသးစား ေရအားလွ်ပ္စစ္ စီမံကိန္း၊ အဲ့ဒီမွာ ၅၀၀ ကီလိုဝပ္၊ ၁၀၀၀ ကီလိုဝပ္၊ ဒါမွမဟုတ္လို႔ရွိရင္ ၂၀၀ ကီလိုဝပ္ လား၊ ၃၀၀ ကီလိုဝပ္ေတာ့ ရသလား၊ ရရင္ ခုနကေျပာတဲ့ ေအာက္ဆီဂ်င္စက္႐ုံနဲ႔ ပတ္သက္ၿပီး အေထာက္အကူရေအာင္ ခ်ိတ္ဆက္ထား၊ လူထက္ အေရးႀကီးတာ၊ အသက္ထက္ အေရးႀကီးတာဘာမွမရွိဘူး။ (ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ၏ ေျပာၾကားမႈ Video file ကိုျပသမည္ျဖစ္ပါသည္။)

ဆက္လက္ေျပာၾကားရာတြင္ ကိုဗစ္ကာကြယ္ေဆးမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ား တင္သြင္းမႈမ်ားကို နယ္စပ္ဂိတ္မ်ား၊ ေလေၾကာင္းႏွင့္ ေရေၾကာင္းတို႔မွတဆင့္ နည္းလမ္းမ်ိဳးစုံျဖင့္ တင္သြင္းမႈမ်ားလုပ္ေဆာင္လ်က္ရွိၿပီး ေႏွာင့္ေႏွးၾကန႔္ၾကာမႈ မရွိေစ ေရး အျမန္ဆုံး ထုတ္ေပးႏိုင္ေရးေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ လိုအပ္သည့္ စစ္ေဆးမႈ မ်ား၊ ခြင့္ျပဳမႈမ်ားကို အျမန္ဆုံးေဆာင္႐ြက္ေပးႏိုင္ေရး ၾကပ္မတ္ေဆာင္႐ြက္ေပးရမည္ ျဖစ္ေၾကာင္း၊ မေတာ္ေလာဘမ်ားျဖင့္ ကန႔္သတ္တားျမစ္ေဆးဝါးမ်ား၊ ေဆးဝါးအတု မ်ား တင္သြင္းမႈမရွိေစေရး စစ္ေဆးရမည္ျဖစ္ၿပီး ေတြ႕ရွိပါက ထိေရာက္စြာ အေရးယူ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း။

ပညာေပးမႈႏွင့္ပတ္သက္၍ ျပန္ၾကားေရးဝန္ႀကီးဌာနမွ လုပ္ေဆာင္ေနမႈမ်ား ရွိသကဲ့သို႔ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္တြင္လည္း အသံခ်ဲ႕စက္မ်ားႏွင့္ အသိေပးေၾကညာျခင္း၊ က်န္းမာေရးအသိပညာေပး၊ သတိေပးဆိုင္းဘုတ္မ်ား ေထာင္ ျခင္းမ်ားျပဳလုပ္ရန္လည္းလိုေၾကာင္း၊ အထူးသျဖင့္ တိုင္းရင္းသားေဒသ မ်ားတြင္ ပညာေပးမႈမ်ားပိုမိုေဆာင္႐ြက္ရမည္ျဖစ္ၿပီး က်န္းမာေရးဆိုင္ရာ အသိေပးမႈ၊ သတိေပး မႈမ်ား ေန႔စဥ္ျမင္ေတြ႕ၾကားသိေနရမွသာလ်င္ ဆင္ျခင္လိုက္နာႏိုင္မည္ ျဖစ္ေသာ ေၾကာင့္ ပညာေပးမႈမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ျဖင့္ ေဆာင္႐ြက္ရန္လိုအပ္မည္ ျဖစ္ေၾကာင္း။

ကိုဗစ္-၁၉ ေရာဂါကို ေရွ႕တန္းမွ ကာကြယ္ထိန္းခ်ဳပ္ကုသေပးေနေသာ က်န္းမာေရးဝန္ထမ္းမ်ား၊ ႏိုင္ငံေတာ္၏ ကုန္ထုတ္လုပ္ငန္းမ်ားတြင္ ထမ္းေဆာင္ၾက သည့္ အဖြဲ႕အစည္းမ်ား၊ ျပည္သူလူထု၏ သယ္ယူပို႔ေဆာင္ေရးကို ေဆာင္႐ြက္ေပးေန သည့္ အဖြဲ႕မ်ား၊ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးတာဝန္ထမ္းေဆာင္ေနသူမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား၏ က်န္းမာေရးေကာင္းမြန္ရန္လည္း လိုအပ္မည္ျဖစ္သျဖင့္ ကာကြယ္ ေဆးထိုးႏွံရာတြင္ ဦးစားေပးသတ္မွတ္ခ်က္မ်ားအလိုက္ စနစ္တက်ထိုးႏွံ ေပးရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံပိုင္တပ္မေတာ္(ေလ)ႏွင့္ တပ္မေတာ္ပို႔ေဆာင္ ေရး စနစ္မ်ားမွတဆင့္ ျပည္နယ္ႏွင့္တိုင္းအားလုံးသို႔ အျမန္ဆုံးေရာက္ရွိႏိုင္ေရး ပို႔ေဆာင္ေပး လ်က္ရွိေၾကာင္း၊ ေရာက္ရွိလာသည့္ ေဆးပစၥည္းမ်ား ပ်က္စီးမႈမရွိေစေရး စနစ္တက် ထိန္းသိမ္းထားသို၍ အျမန္ဆုံးထိုးႏွံေပးရမည္ျဖစ္ေၾကာင္း၊ အသက္အ႐ြယ္ ႀကီးျမင့္သူမ်ားတြင္ ေသဆုံးမႈႏႈန္းျမင့္မားသည္ကိုေတြ႕ရွိရၿပီး အသက္ ၅၀ ႏွင့္ အထက္ ေသဆုံးမႈ ၈၀ ရာခိုင္ႏႈန္း ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔ေၾကာင့္ ကာကြယ္ေဆးကို အသက္အ႐ြယ္ႀကီးရင့္သူမ်ားအား ဦးစားေပးထိုးႏွံေစလ်က္ရွိေၾကာင္း၊ ယခု ကာကြယ္ ေဆး ၈ သန္းေရာက္ရွိၿပီး ၆ သန္းကို ထိုးႏွံေပးၿပီးျဖစ္ေၾကာင္း၊ ဒုတိယအႀကိမ္ထိုးႏွံရန္ ေဆး ၂ သန္းက်န္ရွိေၾကာင္း၊ တစ္ဖက္ကလည္း ကိုယ္ခံစြမ္းအားေကာင္းမြန္ေအာင္ ေနထိုင္ရန္လိုအပ္မည္ျဖစ္ၿပီး က်န္းမာသန္စြမ္းမႈရွိေစရန္ ကိုယ္လက္လႈပ္ရွားမႈမ်ားကို လည္း လုပ္ေဆာင္ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ကိုဗစ္-၁၉ ႏွင့္ ပတ္သက္သည့္ အသိ ပညာေပးမႈမ်ားကိုသာမက အေျခခံက်န္းမာေရးႏွင့္ပတ္သက္သည့္ ပညာေပးမႈမ်ားကို လည္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ စားေရးေသာက္ေရးႏွင့္ ပတ္သက္၍ အဆင္ေျပ ေခ်ာေမြ႕မႈရွိေစရန္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ကုန္ထုတ္လုပ္မႈ၊ စိုက္ပ်ိဳးေရး ႏွင့္ေမြးျမဴေရး၊ ေဒသအလိုက္ စားေရရိကၡာေပါမ်ားေစေရး ေဆာင္႐ြက္ၾကရန္ လိုအပ္ မည္ျဖစ္ေၾကာင္း၊ အေျခခံအေနျဖင့္ ႏိုင္ငံသားမ်ားႏွင့္ တိုင္းျပည္၏ စီးပြားေရး ေကာင္းမြန္ေအာင္ လုပ္ေဆာင္ရန္ အဓိက လိုအပ္မည္ျဖစ္ေၾကာင္း၊ မိမိတို႔တစ္ဦးခ်င္း လုပ္ေဆာင္ရသည့္ တာဝန္မ်ားအလိုက္ မိမိအလုပ္ႏွင့္ တိုင္းျပည္အေပၚတြင္ ေစတနာ ထား၍ လုပ္ေဆာင္မည္ဆိုပါက မိမိတို႔၏ လုပ္ေဆာင္မႈမ်ား ေအာင္ျမင္ႏိုင္မည္ျဖစ္ၿပီး တိုင္းျပည္ တိုးတက္ဖြံ႕ၿဖိဳးေရးႏွင့္ ျပည္သူလူထု၏ လူမႈဘဝတိုးတက္ျမင့္မားေရးကို အေထာက္အကူျဖစ္ေစႏိုင္မည္ျဖစ္သျဖင့္ မိမိတို႔၏ လုပ္ငန္းတာဝန္မ်ားကို ေစတနာ ထား၍ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။