ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ – ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရား ကြီး နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ရတနာစိန်ဖူးတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲ နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ယနေ့ နံနက်ပိုင်း တွင် ကျင်းပပြုလုပ်ရာ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ အမှူးပြုသည့် ဆရာတော်၊ သံဃာ တော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကို၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၏အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် တာဝန် ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် မဟာမြတ်မုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သောက်တော်ရေချမ်း၊ သစ်သီးဆွမ်းတော်၊ ပန်းမန်နံ့သာနှင့် ဆီမီးတို့ကို ကပ်လှူပူဇော် သည်။

ထို့နောက် အစီအစဉ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ် ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ မဟာမြတ်မုနိဘုရားကြီး ဂန္ဓကုဋိကျောင်းဆောင်တော် ပရိဝုဏ်တော် တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး တို့က ရတနာစိန်ဖူးတော် နှင့် လှူဖွယ်ပစ္စည်းများအား ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ကြီးထံလည်းကောင်း၊ မိသားစုဝင်များက ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများကို နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော်ကြီး ထံသို့ လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများက လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် လဲချားမြို့၊ ဟော်ခမ်းကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုဘောဂ ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ပင့်ဆောင်၍ ဂန္ဓကုဋိကျောင်းဆောင် တော်အား လက်ယာရစ် လှည့်လည်ပင့်ဆောင်ပူဇော်ကြသည်။ ထို့နောက် မင်္ဂလာ အချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ စုပေါင်းမင်္ဂလာကြိုးဆွဲကာ မင်္ဂလာရထားပျံဖြင့် ဂန္ဓကုဋိ ကျောင်းဆောင်တော် အထွတ်သို့ ပင့်ဆောင်၍ တင်လှူပူဇော်ကြသည်။ ယင်းနောက် ပရိတ်နံ့သာရည်များ ပက်ဖျန်းကြကာ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူ ပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုး များ ရွာသွန်း ဖြိုးကြသည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး နှစ်(၁၀၀)ပြည့် အထိမ်း အမှတ် ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် မဟာမြတ်မုနိဘုရားကြီး သမိုင်း အကျဉ်း၊ ကျိုင်းတုံဒေသသို့ မြတ်ဗုဒ္ဓသာသနာရောက်ရှိလာပုံများ၊ ဂုံရှမ်းဘာသာနှင့် စာပေ ပေါ်ထွန်းခဲ့မှုများ၊ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ကြသည့် စော်ဘွားကြီးများ၊ ကျိုင်းတုံမြို့ သမိုင်းအကျဉ်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးကို ကောဇာ သက္ကရာဇ် ၁၂၈၂ ခုနှစ်၊ ခရစ်နှစ် ၁၉၂၁ ခုနှစ်တွင် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စောကွန်းကျောက်အင်းထရိုင် က ကျိုင်းတုံဒေသတွင် ဗုဒ္ဓသာသနာတော်တည်တံ့ စေရန်၊ သာသနာတော် နေလို လလို ထွန်းလင်းစေရန် ရည်ရွယ်၍ မန္တလေးမြို့ဟောင်း ဘူတာရုံအနောက်ဘက် လေးအိမ်တန်းရပ်နေ ပန်းပုပညာရှင် ဆရာကြီး ဦးသစ်ထံတွင် သွန်းလောင်းပူဇော်ခဲ့ခြင်းဖြစ်ကြောင်း၊ သွန်းလောင်းပူဇော်အပြီးတွင် ထိုစဉ်အခါက မန္တလေးမှ ကျိုင်းတုံမြို့အထိ မော်တော်ယာဉ်လမ်းပေါက်ရောက်ခြင်းမရှိသဖြင့် ရုပ်ပွား တော်ကို အပိုင်းပိုင်းဖွဲ့ယူကာ လူအင်အား၊ ကျွဲလှည်း အင်အားများစွာဖြင့် ခရီးလမ်းပန်း အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်၍ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပင့်ဆောင်ပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ကောဇာသက္ကရာဇ် ၁၂၈၈ ခုနှစ်တွင် ဝိဟာရ ကျောင်းတော်ကို တည်ဆောက်ခဲ့ပြီး ကျောင်းတော်အတွင်းရှိ ပလ္လင်တော်သို့ ဘုရား ကြီးကို ပင့်ဆောင်တော်မူခဲ့ကြောင်း၊ ထို့နောက် ခေတ်အဆက်ဆက် အစိုးရများ၊ ဒေသခံပြည်သူများ၊ စေတနာရှင်အလှူရှင်များက ဘုရားကြီးအား ရေရှည်တည်တံ့ ခိုင်မြဲအောင် ပြုပြင်မွမ်းမံ ထိန်းသိမ်းခဲ့ပြီး နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့ ကို မဟာမြတ်မုနိဘုရားပွဲအဖြစ် သတ်မှတ်က အစဉ်အလာမပျက် ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာ မြတ်မုနိဘုရားကြီးသည် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီဖြစ်ပြီး သမိုင်းဝင်ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆက်လက်ပြုပြင် မွမ်းမံထိန်းသိမ်းဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ဘုရားကြီး နှစ်(၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် ရတနာစိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်း အနားကို ယနေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

Zawgyi version

က်ိဳင္းတုံၿမိဳ႕ က်က္သေရေဆာင္ မဟာျမတ္မုနိဘုရားႀကီး ႏွစ္(၁၀၀)ျပည့္ အထိမ္းအမွတ္ ရတနာစိန္ဖူးေတာ္၊ ေ႐ႊထီးေတာ္တင္လႉပူေဇာ္ပြဲႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္ မဟာမဂၤလာ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ – ၁၅

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕ က်က္သေရေဆာင္ မဟာျမတ္မုနိဘုရား ႀကီး ႏွစ္(၁၀၀)ျပည့္အထိမ္းအမွတ္ ရတနာစိန္ဖူးေတာ္၊ ေ႐ႊထီးေတာ္ တင္လႉပူေဇာ္ပြဲ ႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္မဟာမဂၤလာအခမ္းအနားကို သာသနာေတာ္ႏွစ္ ၂၅၆၅ ခုႏွစ္၊ ေကာဇာ သကၠရာဇ္ ၁၃၈၃ ခုႏွစ္၊ တပို႔တြဲလျပည့္ေန႔ ယေန႔ နံနက္ပိုင္း တြင္ က်င္းပျပဳလုပ္ရာ က်ိဳင္းတုံၿမိဳ႕၊ က်ိဳင္းယင္းေက်ာင္းတိုက္၊ ဦးစီးပဓာန နာယက အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲ ေခမာစာရ အမႉးျပဳသည့္ ဆရာေတာ္၊ သံဃာ ေတာ္ အရွင္သူျမတ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။

အဆိုပါ အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီးေဒၚၾကဴၾကဴလွႏွင့္ မိသားစုဝင္မ်ား၊ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဦးစိုင္းလုံးဆိုင္၊ ဦးေ႐ႊႀကိမ္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္၊ ဦးကိုကို၊ ဦးလွမိုး၊ ေဒါက္တာၫြန႔္ေဖ၊ ေဒါက္တာ သက္ခိုင္ဝင္း၊ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေက်ာ္ထြန္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၏အႀကံေပးအဖြဲ႕ အဖြဲ႕ဝင္ ေဒါက္တာ ေဒၚရင္ရင္ႏြယ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး မိုးေအာင္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ထြန္းေအာင္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမင္းထြန္း ႏွင့္ တာဝန္ ရွိသူမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ ေစတနာရွင္အလႉရွင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဝတ္အသင္းအဖြဲ႕မ်ား၊ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားႏွင့္ ႐ိုးရာယဥ္ေက်းမႈအသင္းအဖြဲ႕မ်ား တက္ေရာက္ၾကသည္။

ဦးစြာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္သည္ မဟာျမတ္မုနိဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳ၍ ျမသပိတ္ဆြမ္းေတာ္၊ ေသာက္ေတာ္ေရခ်မ္း၊ သစ္သီးဆြမ္းေတာ္၊ ပန္းမန္နံ႔သာႏွင့္ ဆီမီးတို႔ကို ကပ္လႉပူေဇာ္ သည္။

ထို႔ေနာက္ အစီအစဥ္အရ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက က်ိဳင္းယင္းေက်ာင္းတိုက္ ဆရာေတာ္ႀကီးထံမွ ကိုးပါးသီလခံယူေဆာက္တည္ၾကၿပီး ဥပါသကာမ်ားက ပရိတ္ ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲမ်ားကို သံဃာေတာ္မ်ားထံ ဆက္ကပ္သည္။ ထို႔ေနာက္ သံဃာေတာ္အရွင္သူျမတ္တို႔ ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူၾကသည့္ ပရိတ္တရား ေတာ္မ်ားကို နာယူၾကည္ညိဳၾကသည္။

ယင္းေနာက္ ဥပါသကာမ်ားက ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္၊ ပရိတ္သဲ မ်ားကို ယူေဆာင္၍ မဟာျမတ္မုနိဘုရားႀကီး ဂႏၶကုဋိေက်ာင္းေဆာင္ေတာ္ ပရိဝုဏ္ေတာ္ တြင္ ပက္ဖ်န္းႀကဲျဖန႔္ခ်ည္ေႏွာင္ၾကသည္။

၎ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဇနီး တို႔က ရတနာစိန္ဖူးေတာ္ ႏွင့္ လႉဖြယ္ပစၥည္းမ်ားအား က်ိဳင္းယင္းေက်ာင္းတိုက္ ဆရာေတာ္ႀကီးထံလည္းေကာင္း၊ မိသားစုဝင္မ်ားက ငွက္ျမတ္နားေတာ္၊ ေ႐ႊထီးေတာ္ႏွင့္ လႉဖြယ္ပစၥည္းမ်ားကို နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ဆရာေတာ္ႀကီး ထံသို႔ လည္းေကာင္း အသီးသီးဆက္ကပ္လႉဒါန္းၾကသည္။ ဆက္လက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဝင္မ်ား ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ားက လႉဖြယ္ပစၥည္းမ်ားအား သံဃာေတာ္ အရွင္သူျမတ္မ်ားထံ ဆက္ကပ္လႉဒါန္းၾကသည္။

ထို႔ေနာက္ လဲခ်ားၿမိဳ႕၊ ေဟာ္ခမ္းေက်ာင္းတိုက္ ဦးစီးပဓာန နာယက ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕ဝင္၊ အဂၢမဟာဂႏၴဝါစကပ႑ိတ ဘဒၵႏၲ သုေဘာဂ ထံမွ အႏုေမာဒနာတရားနာယူ၍ လႉဒါန္းမႈ အစုစု အတြက္ ေရစက္သြန္းခ် အမွ်ေပးေဝ ၾကသည္။

ယင္းေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဇနီး၊ မိသားစုဝင္မ်ားႏွင့္ အဖြဲ႕ဝင္မ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ားသည္ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တို႔အား ပင့္ေဆာင္၍ ဂႏၶကုဋိေက်ာင္းေဆာင္ ေတာ္အား လက္ယာရစ္ လွည့္လည္ပင့္ေဆာင္ပူေဇာ္ၾကသည္။ ထို႔ေနာက္ မဂၤလာ အခ်ိန္တြင္ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တို႔အား ေဒသခံတိုင္းရင္းသား ျပည္သူမ်ားႏွင့္အတူ စုေပါင္းမဂၤလာႀကိဳးဆြဲကာ မဂၤလာရထားပ်ံျဖင့္ ဂႏၶကုဋိ ေက်ာင္းေဆာင္ေတာ္ အထြတ္သို႔ ပင့္ေဆာင္၍ တင္လႉပူေဇာ္ၾကသည္။ ယင္းေနာက္ ပရိတ္နံ႔သာရည္မ်ား ပက္ဖ်န္းၾကကာ ရတနာစိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တင္လႉ ပူေဇာ္ေအာင္ျမင္ျခင္း အထိမ္းအမွတ္ ရတနာ ေ႐ႊမိုး၊ ေငြမိုး မ်ား ႐ြာသြန္း ၿဖိဳးၾကသည္။

ဆက္လက္ၿပီး သံဃာေတာ္အရွင္သူျမတ္မ်ားက ဗုဒၶါဘိေသက အေနကဇာတင္၍ ဗုဒၶါဘိသိက္သြန္းေတာ္မူၾကၿပီး ဗုဒၶသာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆိုဆုေတာင္း၍ မဟာမဂၤလာ အခမ္းအနားကို ႐ုပ္သိမ္းခဲ့သည္။ အခမ္းအနားအၿပီးတြင္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ အခမ္းအနား တက္ေရာက္လာၾကသူမ်ားသည္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လႉဒါန္းၾကကာ တက္ေရာက္လာၾကသည့္ ဧည့္သည္ေတာ္မ်ားအား ေန႔လယ္စာျဖင့္ တည္ခင္းဧည့္ခံခဲ့ၾကသည္။

ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ႏွင့္ အဖြဲ႕ဝင္မ်ားသည္ က်ိဳင္းတုံၿမိဳ႕၊ မဟာျမတ္မုနိဘုရားႀကီး ႏွစ္(၁၀၀)ျပည့္ အထိမ္း အမွတ္ ျပခန္းအတြင္း ခင္းက်င္းျပသထားသည့္ မဟာျမတ္မုနိဘုရားႀကီး သမိုင္း အက်ဥ္း၊ က်ိဳင္းတုံေဒသသို႔ ျမတ္ဗုဒၶသာသနာေရာက္ရွိလာပုံမ်ား၊ ဂုံရွမ္းဘာသာႏွင့္ စာေပ ေပၚထြန္းခဲ့မႈမ်ား၊ ေခတ္အဆက္ဆက္အုပ္ခ်ဳပ္ခဲ့ၾကသည့္ ေစာ္ဘြားႀကီးမ်ား၊ က်ိဳင္းတုံၿမိဳ႕ သမိုင္းအက်ဥ္း လွည့္လည္ၾကည့္ရႈေလ့လာခဲ့ၾကသည္။

အဆိုပါ က်ိဳင္းတုံၿမိဳ႕ က်က္သေရေဆာင္ မဟာျမတ္မုနိဘုရားႀကီးကို ေကာဇာ သကၠရာဇ္ ၁၂၈၂ ခုႏွစ္၊ ခရစ္ႏွစ္ ၁၉၂၁ ခုႏွစ္တြင္ က်ိဳင္းတုံနယ္ရွင္ေစာ္ဘြားႀကီး ေစာကြန္းေက်ာက္အင္းထ႐ိုင္ က က်ိဳင္းတုံေဒသတြင္ ဗုဒၶသာသနာေတာ္တည္တံ့ ေစရန္၊ သာသနာေတာ္ ေနလို လလို ထြန္းလင္းေစရန္ ရည္႐ြယ္၍ မႏၲေလးၿမိဳ႕ေဟာင္း ဘူတာ႐ုံအေနာက္ဘက္ ေလးအိမ္တန္းရပ္ေန ပန္းပုပညာရွင္ ဆရာႀကီး ဦးသစ္ထံတြင္ သြန္းေလာင္းပူေဇာ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ သြန္းေလာင္းပူေဇာ္အၿပီးတြင္ ထိုစဥ္အခါက မႏၲေလးမွ က်ိဳင္းတုံၿမိဳ႕အထိ ေမာ္ေတာ္ယာဥ္လမ္းေပါက္ေရာက္ျခင္းမရွိသျဖင့္ ႐ုပ္ပြား ေတာ္ကို အပိုင္းပိုင္းဖြဲ႕ယူကာ လူအင္အား၊ ကြၽဲလွည္း အင္အားမ်ားစြာျဖင့္ ခရီးလမ္းပန္း အခက္အခဲေပါင္းမ်ားစြာကို ျဖတ္ေက်ာ္၍ ေစတနာသဒၶါတရားထက္သန္စြာျဖင့္ ပင့္ေဆာင္ပူေဇာ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ ေကာဇာသကၠရာဇ္ ၁၂၈၈ ခုႏွစ္တြင္ ဝိဟာရ ေက်ာင္းေတာ္ကို တည္ေဆာက္ခဲ့ၿပီး ေက်ာင္းေတာ္အတြင္းရွိ ပလႅင္ေတာ္သို႔ ဘုရား ႀကီးကို ပင့္ေဆာင္ေတာ္မူခဲ့ေၾကာင္း၊ ထို႔ေနာက္ ေခတ္အဆက္ဆက္ အစိုးရမ်ား၊ ေဒသခံျပည္သူမ်ား၊ ေစတနာရွင္အလႉရွင္မ်ားက ဘုရားႀကီးအား ေရရွည္တည္တံ့ ခိုင္ၿမဲေအာင္ ျပဳျပင္မြမ္းမံ ထိန္းသိမ္းခဲ့ၿပီး ႏွစ္စဥ္ႏွစ္တိုင္း တန္ေဆာင္မုန္းလျပည့္ေန႔ ကို မဟာျမတ္မုနိဘုရားပြဲအျဖစ္ သတ္မွတ္က အစဥ္အလာမပ်က္ ထိန္းသိမ္း ေဆာင္႐ြက္ခဲ့ၾကေၾကာင္း၊ လက္ရွိအခ်ိန္တြင္ က်ိဳင္းတုံၿမိဳ႕ က်က္သေရေဆာင္ မဟာ ျမတ္မုနိဘုရားႀကီးသည္ ႏွစ္ေပါင္း ၁၀၀ သက္တမ္းရွိၿပီျဖစ္ၿပီး သမိုင္းဝင္ဘုရားႀကီး ေရရွည္တည္တံ့ခိုင္ၿမဲေစေရး ဆက္လက္ျပဳျပင္ မြမ္းမံထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိ ေၾကာင္းႏွင့္ ဘုရားႀကီး ႏွစ္(၁၀၀) ျပည့္အထိမ္းအမွတ္အျဖစ္ ဦးေဆာင္ဘုရားဒါယကာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွႏွင့္ မိသားစုဝင္မ်ား၊ ေစတနာရွင္အလႉရွင္မ်ား၊ ေဒသခံတိုင္းရင္းသား ျပည္သူတို႔၏ စုေပါင္းလႉဒါန္းမႈျဖင့္ ရတနာစိန္ဖူးေတာ္၊ ေ႐ႊထီးေတာ္တင္လႉပူေဇာ္ပြဲႏွင့္ ဗုဒၶါဘိေသက အေနကဇာတင္ မဟာမဂၤလာ အခမ္း အနားကို ယေန႔တြင္ ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။