နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU) အတွင်းရှိ Medical Schoolနှင့် Medical Center တို့သို့ သွားရောက်လေ့လာ

နေပြည်တော် စက်တင်ဘာ – ၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU) အတွင်းရှိ Medical School နှင့် Medical Center တို့သို့ သွားရောက်လေ့လာကြည့်ရှုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင် သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် Medical School သို့ ရောက်ရှိကြရာ Vice President of Medical Affairs of FEFU ဖြစ်သူ  Dr. Oleg I.Pak နှင့် အဖွဲ့ဝင်များက  ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကျောင်းခန်းမ၌ ဒေသတွင်းနှင့် နိုင်ငံတကာမှ သင်တန်းသားများခေါ်ယူ၍ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ဆေးဘက်ဆိုင်ရာပညာရပ်များကို သင်ကြား လေ့ကျင့်ပေးနေမှု အခြေအနေများ၊ ဆေးပညာရပ်အပြင် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုသင်တန်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိမှု၊ တိရိစ္ဆာန်များ အသုံးပြု ၍ သုတေသနပြုလေ့ကျင့်ခန်းများ သင်ကြားပေးလျက်ရှိမှု၊ Robotic & Mechanistic နည်းပညာရပ်များအသုံးပြု၍ ခွဲစိတ်ကုသမှုလေ့ကျင့်ခန်း များကို ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ သင်တန်းကျောင်းနှင့်အတူ တွဲဖက် ဖွင့်လှစ်ထားသည့် ခုတင် ၂၅၀ ဆန့် ဆေးကုသမှုစင်တာတွင် ဆောင်ရွက်ပေးလျက် ရှိသည့် ကျန်းမာရေးစောင့်ရှောက် မှု ဆိုင်ရာများ၊ နိုင်ငံအတွက် ထူးချွန်ထက်မြက်သည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် သင်ကြား လေ့ကျင့်ပေးလျက်ရှိပြီး ကျောင်းမှ ထွက်ပေါ်လာသည့် ထူးချွန်ကျောင်းသားကျောင်းသူ များအနက် စိစစ်၍ နည်းပြများအဖြစ် ပြန်လည်ခန့်အပ်တာဝန်ပေးလျက်ရှိသည့် အခြေအနေများ၊ နိုင်ငံပေါင်း ၄၆ နိုင်ငံမှ သင်တန်းသားများအား လက်ခံ သင်ကြား ပေးလျက်ရှိသည့် နည်းတူ မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်မည် ဆိုပါက လည်း ကြိုဆိုသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က သင်တန်းသားများ စေလွှတ်သင်ကြားနိုင်ရေးနှင့် ပတ်သက်၍ သင်တန်း သားရွေးခြယ်မှုပုံစံများ၊ အဆင့်မြင့်ဆေးပညာရပ်များ တက်ရောက်သင်ကြားနိုင်မည့်  အခြေအနေများ၊ သင်တန်းသားများလာရောက်တက်ရောက်မည်ဆိုပါက ရရှိနိုင်မည့် အခွင့်အလမ်းများ စသည်တို့နှင့်ပတ်သက်၍  သိရှိလိုသည်များကို ကျယ်ကျယ်ပြန့်ပြန့်  ပြန်လည်မေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ကလည်း သင်တန်းသားများ စေလွှတ်နိုင်မည့် အခြေ အနေများ၊ ဆေးတက္ကသိုလ်အချင်းချင်း၊ ဆေးရုံအချင်းချင်း ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Medical School အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ ရောဂါ အသီးသီးအလိုက် ဖြစ်ပွားမှု အခြေအနေမျိုးစုံကို Symbol ပြသနိုင်သည့် Simulation လူနာဖြင့် လက်တွေ့သင်ခန်းစာဆောင်ရွက်နိုင်မှု၊ ECG၊ Ultra sound နည်းပညာ၊  Micro Surgical Simulator ဖြင့် အသေးစိတ်ခွဲစိတ်ကုသလေ့ကျင့်ဆောင်ရွက်နိုင်မှု၊ အသားစများကို နမူနာယူ၍ သုတေသနပြုမှုများကို ဆောင်ရွက်လျက်ရှိသည့် Bio-technology ဌာနတို့၏ ဆောင်ရွက်နေမှုတို့ကို လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် Medical Center သို့ ရောက်ရှိကြရာ Medical Center ၏ ညွှန်ကြားရေးမှူးချုပ် Professor Dr.Igor S. Bryukhovetskiy က Medical Center ၏ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  Vice President of Medical Affairs of FEFU နှင့် Medical Center ၏ ညွှန်ကြား ရေးမှူးချုပ် တို့အား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သည်။

အဆိုပါ FEFU Campus အတွင်းရှိ Medical Center သည် အကျယ်အဝန်း ၅၃၀၀၀ စတုရန်းမီတာကျယ်ဝန်းပြီး ရုရှားနိုင်ငံအနှံ့အပြားနှင့် နိုင်ငံရပ်ခြားမှ လာရောက်တာဝန်ထမ်းဆောင်သည့် ပါရဂူ၊ ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ အထောက် အကူပြု ဝန်ထမ်း ၂၀၀ ဦးခန့်ရှိကြောင်း၊ FEFU Medical Center တွင် ဆေးဘက် ဆိုင်ရာ ဌာနကြီး ၁၄ ခုထားရှိပြီး ရောဂါအမျိုးမျိုးတို့အား ကုသပေးလျက်ရှိ သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။