အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများနှင့် မိသားစုဝင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာသွားကြခြင်းဖြစ်

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၁၅

ARSA အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ားသည္ မိမိတို႔လုံၿခဳံေရး တပ္စခန္းမ်ားကုိတုိက္ခုိက္ရာတြင္ ေအာင္ျမင္မႈမရရွိဘဲ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက ျပန္လည္တုိက္ခုိက္မည္ကုိ ေၾကာက္႐ြံ႕ေသာေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သုိ႔ ထြက္ေျပးျခင္း ျဖစ္ေၾကာင္း၊ ထုိသုိ႔ထြက္ေျပးစဥ္ ၎တုိ႔၏မိသားစုမ်ားကုိပါ တစ္ပါတည္းေခၚ၍ ထြက္ခြာသြားျခင္းျဖစ္သျဖင့္ ယခုကဲ့သုိ႔ လူဦးေရမ်ားျပားသြားျခင္းျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က အေမရိကန္ႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီး Hon. Rex Tillerson အား ယေန႔ေန႔လယ္ပုိင္းတြင္ ေနျပည္ေတာ္ရွိ၊ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး အေမရိကန္ႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီး Hon. Rex Tillerson ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္ႏုိင္ငံသံအမတ္ႀကီး H.E.Mr.Scot Marciel ႏွင့္တာ၀န္ရွိသူမ်ားတက္ေရာက္ၾကသည္။

 

ထုိသုိ႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-အေမရိကန္ ႏွစ္ႏုိင္ငံ သံတမန္ဆက္ဆံမႈမွာ ႏွစ္ေပါင္း ၇၀ ေက်ာ္ရွိၿပီျဖစ္ၿပီး ရင္းႏွီးသည့္ မိတ္ေဆြႏိုင္ငံမ်ားျဖစ္ေၾကာင္း၊ ၂၀၁၁ ခုႏွစ္ ဒီမုိကေရစီအစုိးရသက္တမ္းမွစ၍ ႏွစ္ႏုိင္ငံဆက္ဆံေရးသည္ ပုိမုိတုိးတက္ေကာင္းမြန္လာၿပီး အေမရိကန္ႏုိင္ငံအေနျဖင့္ ျမန္မာႏုိင္ငံ၏ျပဳျပင္ေျပာင္းလဲမႈမ်ားတြင္ ေထာက္ခံအားေပးမႈမ်ားရွိသည့္အတြက္ ေက်းဇူးတင္ရွိေၾကာင္း၊ ျမန္မာႏုိင္ငံအေနျဖင့္ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာေလွ်ာက္လွမ္းႏုိင္ရန္အတြက္ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္ရြက္ေနစဥ္အတြင္း ရခုိင္ေဒသတြင္ပဋိပကၡမ်ား ျဖစ္ေပၚလာ ေၾကာင္း၊ ျဖစ္ေပၚလာသည့္ ကိစၥရပ္မ်ားအားေက်ာ္လႊားႏုိင္ေအာင္ ေဆာင္ရြက္ေနေၾကာင္း ဦးစြာေျပာၾကားသည္။

ဧည့္သည္ေတာ္၀န္ႀကီးက ျပန္လည္ေျပာၾကားရာတြင္ ႏွစ္ႏုိင္ငံဆက္ဆံေရးသည္ အခက္အခဲတခ်ိဳ႕ရွိေသာ္လည္း ရင္းႏွီးသည့္ဆက္ဆံမႈမ်ားရွိေၾကာင္း၊ ရခုိင္ျပည္နယ္အတြင္း ၾသဂုတ္လ ၂၅ ရက္ေန႔က ဘဂၤါလီအၾကမ္းဖက္တုိက္ခိုက္သူမ်ားက လုံၿခဳံေရးစခန္းမ်ားကုိ တုိက္ခုိက္ခဲ့ျခင္းေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား အသက္ဆုံး႐ႈံးခဲ့ရမႈမ်ားအေပၚမ်ားစြာ ၀မ္းနည္းပါေၾကာင္းႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကုိ ႐ႈတ္ခ်ပါေၾကာင္း၊ အဆုိပါျဖစ္စဥ္ ျဖစ္ပြားၿပီးေနာက္ပုိင္းတြင္ ဘဂၤါလီလူမ်ိဳးမ်ား ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္သုိ႔ ထြက္ခြာသြားမႈမ်ားကုိသိရွိရၿပီး အဆုိပါအၾကပ္အတည္းအားႏုိင္ငံတကာမွ အာ႐ုံစုိက္ေျပာဆုိေနမႈမ်ား ရွိေၾကာင္း၊ အေမရိကန္ကြန္ဂရက္တြင္လည္း အဆုိပါကိစၥရပ္အား လူမ်ိဳးတုန္းသန္႔စင္မႈ သေဘာသက္ေရာက္သည့္ သုံးႏႈန္းေဆြးေႏြးမႈမ်ားရွိေၾကာင္း၊ ထုိအေျခအေနအား အသုံးခ်ၿပီး ကမၻာ့အျခားေဒသမွ အၾကမ္းဖက္လက္နက္ကုိင္အဖြဲ႕မ်ား ၀င္ေရာက္ေျခကုပ္ ယူလာႏုိင္သည့္ အေျခအေနကုိလည္း စုိးရိမ္ရေၾကာင္း၊ ထုိ႔ေၾကာင့္ ျမန္မာႏုိင္ငံအစုိးရအေနျဖင့္ ႏုိင္ငံတကာႏွင့္ပူးေပါင္း ေဆာင္ရြက္ရန္လိုေၾကာင္း၊ အေမရိကန္ႏုိင္ငံအေနျဖင့္ ျမန္မာႏုိင္ငံကုိ ယခုထက္ပုိမုိေအာင္ျမင္သည့္ ႏုိင္ငံတစ္ႏုိင္ငံျဖစ္ေစလုိသည့္ ဦးတည္ခ်က္ တစ္ခုသာရွိၿပီး လက္ရွိအေနအထားမ်ားကုိသိရွိလုိေၾကာင္း ေမးျမန္းေဆြးေႏြးသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျပန္လည္ေဆြးေႏြးေျပာၾကားရာတြင္ ရခုိင္ ျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္ေန႔ျဖစ္စဥ္သည္ ၂၀၁၆ ခုႏွစ္ ေအာက္တုိဘာလ ၉ ရက္ေန႔ျဖစ္စဥ္ႏွင့္ ၂၀၁၂ ခုႏွစ္ျဖစ္စဥ္တုိ႔ႏွင့္ ဆက္စပ္ေနေၾကာင္း၊ ၂၀၁၆ ခုႏွစ္ေအာက္တုိဘာလ ၉ ရက္ေန႔ျဖစ္စဥ္တြင္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႔စခန္း ၅ ခုကုိ အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ားက တစ္ခ်ိန္တည္းတုိက္ခိုက္ခဲ့ေၾကာင္း၊ အဆုိပါျဖစ္စဥ္ျဖစ္ပြားသည့္အခ်ိန္တြင္ တပ္မေတာ္မွသြားေရာက္ရွင္းလင္းစဥ္ တပ္မေတာ္အရာရွိ ၁ ဦး၊ အျခားအဆင့္ ၆ ဦးက်ဆုံးခဲ့ကာ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕၀င္ ၁၁ ဦး အသက္ဆုံး႐ႈံးခဲ့ရၿပီး အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ား ထံမွယူေဆာင္သြားသည့္ လက္နက္ ၆၈ လက္အနက္ ၃၇ လက္အားျပန္လည္ ရရွိခဲ့ေၾကာင္း၊ ၂၀၁၇ ခုႏွစ္ေအာက္တုိဘာ ၂၅ ရက္ေန႔ျဖစ္စဥ္တြင္ လုံၿခဳံေရးစခန္း အခု ၃၀ အားတစ္ခ်ိန္တည္းတုိက္ခိုက္ခဲ့သည့္ အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ား၏ အင္အားမွာ ယခင္က ၄၀၀၀ ခန္႔သာရွိသည္ဟု ခန္႔မွန္းခဲ့ေသာ္လည္း ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွဒုတိယဗုိလ္ခ်ဳပ္ႀကီးေအး၀င္း ဦးေဆာင္သည့္ စုံစမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕စည္းေဆာင္ရြက္ခဲ့ခ်ိန္တြင္ ၎တုိ႔၏အင္အားမွာ ၆၀၀၀ မွ ၁၀၀၀၀ ခန္႔ရွိသည္ကုိသိရွိခဲ့ရေၾကာင္း၊ ၂၀၁၆ ခုႏွစ္ျဖစ္စဥ္အရ လုံၿခဳံေရး တပ္ဖြဲ႕၀င္မ်ားက သတိထားေဆာင္ရြက္ခဲ့သျဖင့္ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္ေန႔တြင္ စခန္းတစ္ခုသာမီး႐ႈိဖ်က္ဆီးခံခဲ့ရၿပီး နယ္ေျမစုိးမုိးေရးေဆာင္ရြက္သည့္ လုံၿခဳံေရးတပ္ဖြဲ႕ မ်ားႏွင့္ ARSA အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ား ထိေတြ႕မႈမ်ားရွိခဲ့ေၾကာင္း၊ သုိ႔ေသာ္ စက္တင္ဘာလ ၅ ရက္ေန႔ ေနာက္ပုိင္းတြင္ထိေတြ႕တုိက္ပြဲျဖစ္ပြားမႈမ်ား မရွိေၾကာင္း၊ အဆုိပါနယ္ေျမအတြင္း တပ္မေတာ္မွ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ားအား အခ်ိန္မီေဆာင္ရြက္ႏုိင္ခဲ့သျဖင့္ ႏုိင္ငံ့၀န္ထမ္းမ်ား၊ ေဒသခံတုိင္းရင္းသားျပည္သူမ်ားႏွင့္ ဘဂၤါလီမ်ား၏ အသက္ေပါင္းမ်ားစြာကုိ ကာကြယ္ေပးႏုိင္ခဲ့ေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံသုိ႔ ထြက္ခြာသြားသည့္ ဘဂၤါလီလူမ်ိဳးမ်ားႏွင့္ ပတ္သက္၍ မိမိတို႔မွအင္အားသုံးတုိက္ခုိက္သျဖင့္ ထြက္ခြာသြားသည့္သေဘာ အဓိပၸါယ္ သက္ေရာက္သည့္စကားလုံးမ်ားျဖင့္ အေမရိကန္အပါအ၀င္အေနာက္ႏုိင္ငံမ်ားက သုံးႏႈန္းေျပာဆုိမႈမ်ားရွိေၾကာင္း၊ အေျခအေနမွန္ကုိသိရွိရန္လုိေၾကာင္း၊ ၾသဂုတ္လ ၂၅ ရက္ေန႔မွ စက္တင္ဘာလ ၅ ရက္ေန႔အတြင္း ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္သုိ႔ထြက္ေျပးသူမွာ အင္မတန္နည္းပါးၿပီး စက္တင္ဘာလ ၅ ရက္ေန႔ေနာက္ပုိင္းမွသာ ထြက္ခြာသြားၾကျခင္း ျဖစ္ေၾကာင္း၊ အဓိကအေၾကာင္းအရင္းမွာ ARSA အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္ သမားမ်ားသည္ မိမိတို႔လုံၿခဳံေရးတပ္စခန္းမ်ားကုိ တုိက္ခုိက္ရာတြင္ ေအာင္ျမင္မႈမရရွိခဲ့ဘဲ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက ျပန္လည္တုိက္ခုိက္မည္ကုိေၾကာက္႐ြံ႕ေသာေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္သုိ႔ ထြက္ေျပးျခင္းျဖစ္ေၾကာင္း၊ ထုိသုိ႔ထြက္ေျပးစဥ္ ၎တုိ႔၏ မိသားစုမ်ားကုိပါ တစ္ပါတည္းေခၚ၍ထြက္ေျပးျခင္းျဖစ္သျဖင့္ ယခုကဲ့သုိ႔လူဦးေရမ်ားျပား သြားျခင္းျဖစ္ေၾကာင္း၊ ၎ ARSA အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္သမားမ်ားသည္ အေၾကာက္တရားျဖင့္ထိန္းခ်ဳပ္ရန္အတြက္ ကေလးငယ္မ်ား၊ အမ်ိဳးသမီးမ်ားႏွင့္ အစုိးရႏွင့္ ပူးေပါင္းေဆာင္ရြက္သည့္ လူမ်ိဳးတူဘဂၤါလီမ်ားကုိပါမခ်န္ ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့ၾကေၾကာင္း၊ အျခားဘဂၤါလီလူမ်ိဳးမ်ားအားလည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံသုိ႔ထြက္ေျပးရန္ ၿခိမ္းေျခာက္မႈမ်ားရွိသကဲ့သုိ႔ တတိယႏုိင္ငံတစ္ခုခုတြင္ ေနထုိင္ခြင့္ရမည္ဟူေသာ ဆြဲေဆာင္ မက္လုံးေပးမႈမ်ားရွိေၾကာင္း၊ ၎တုိ႔ထြက္ခြာသြားခ်ိန္တြင္ ထြက္ေျပးသည့္ပုံစံမ်ိဳးမဟုတ္ဘဲ ေအးေအးေဆးေဆး ထြက္ခြာသြားၾကျခင္းျဖစ္ေၾကာင္း၊ အဆုိပါကိစၥရပ္မ်ားအား ႏုိင္ငံတကာမွ အမွန္အတုိင္းမသိရွိဘဲ မိမိတုိ႔မွႏွိပ္စက္မႈေၾကာင့္ထြက္ေျပးသြားသည္ဟု ယူဆေျပာဆုိမႈမ်ားရွိသည့္အတြက္ အေျခအေနမွန္မ်ားအား သိရွိရန္လုိအပ္ေၾကာင္း၊ ထြက္ခြာသြားသည့္ ဘဂၤါလီလူမ်ိဳးမ်ားအား ဥပေဒႏွင့္အညီ ျပန္လည္လက္ခံရန္အတြက္လည္း ေဆာင္ရြက္ေနေၾကာင္း၊ ေဒသခံတုိင္းရင္းသားရခုိင္မ်ားႏွင့္ ဘဂၤါလီလူမ်ိဳးမ်ား ႏွစ္ဖက္စလုံးက လက္ခံႏုိင္သည့္အေျခအေနရွိရန္လုိအပ္ၿပီး ျမန္မာႏိုင္ငံသားစစ္စစ္မ်ား ျဖစ္သည့္ ေဒသခံရခုိင္တုိင္းရင္းသားမ်ား၏ဆႏၵကုိ အေလးထားရမည္ျဖစ္ေၾကာင္း၊ ေဒသခံရခုိင္တုိင္းရင္းသားမ်ားကလက္ခံမွသာ ျပည္သူလူထုအားလုံးက ေက်နပ္လက္ခံမွာ ျဖစ္ေၾကာင္း၊ ၎တုိ႔လက္ခံႏုိင္မည့္ အေျခအေနမရွိလ်င္ တစ္ဖက္တြင္ႏုိင္ငံေရး မတည္ၿငိမ္မႈမ်ားျဖစ္ေပၚလာႏုိင္သျဖင့္ မွ်တသည့္ေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ေပးရန္ အႀကိမ္ႀကိမ္အခါခါ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း၊ ေဒသခံတုိင္းရင္းသားရခုိင္လူမ်ိဳးမ်ားက ရခုိင္ေဒသသုိ႔ ေရာက္ရွိလာသည့္ လူသားခ်င္းဆုိင္ရာ ႏုိင္ငံတကာမွ အကူအညီေပးမႈမ်ားသည္ ဘဂၤါလီမ်ားအတြက္သာျဖစ္ၿပီး မိမိတုိ႔ရခုိင္လူမ်ဳိးမ်ားအား ေပးအပ္ျခင္းမရွိသည္ကုိ သိရွိၾကေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံသုိ႔ ထြက္ခြာသြားသည့္ ဘဂၤါလီလူမ်ိဳးမ်ားအားျပန္လည္ လက္ခံရာတြင္လည္း ၁၉၈၂ ခုႏွစ္ႏုိင္ငံသားဥပေဒ၊ ၁၉၉၂ ခုႏွစ္ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံသေဘာတူညီခ်က္မ်ားႏွင့္ အညီစိစစ္လက္ခံမည္ျဖစ္ၿပီး မိမိတုိ႔အေနျဖင့္ ျငင္းပယ္ရန္မရွိေၾကာင္း၊ ၁၉၇၈ ခုႏွစ္ကလည္း ယခုကဲ့သုိ႔အလားတူ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း၊ ယင္းအခ်ိန္က ျမန္မာႏုိင္ငံဘက္မွ ေကာက္ယူထားသည့္စာရင္းအရ လူဦးေရ ၁၅၆၆၃၀ ဦးဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္သုိ႔ ထြက္ေျပးခဲ့ေသာ္လည္း ႏွစ္ႏုိင္ငံသေဘာတူညီခ်က္အရ ျပန္လည္စိစစ္ လက္ခံသည့္အခ်ိန္တြင္ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္မွ အဆုိျပဳခ်က္အရလူဦးေရ ၁၈၆၉၀၀ ေက်ာ္အားလက္ခံခဲ့ရသျဖင့္ လူဦးေရ ၃၀၀၀၀ ေက်ာ္ ပုိမုိလက္ခံခဲ့ရေၾကာင္း၊ ယခုအခ်ိန္တြင္လည္း ၎တုိ႔ဘက္မွေျပာသည့္လူအေရအတြက္အတုိင္း လက္ခံ၍မရေၾကာင္း၊ အဆုိပါကိစၥမ်ားအား အစုိးရကေဆာင္ရြက္မည္ျဖစ္ၿပီး တပ္မေတာ္မွ ကူညီေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း၊ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ အကူအညီ ေပးမႈမ်ားအေနျဖင့္လည္း ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ ရခုိင္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးမႈတုိးတက္မႈအေကာင္အထည္ ေဖာ္ေရး ဗဟုိေကာ္မတီႏွင့္ ျပည္နယ္အစုိးရမွသက္ဆုိင္ရာအဖြဲ႕အစည္းမ်ားက ေဆာင္ရြက္ေပးေနၿပီး တပ္မေတာ္မွ ပူးေပါင္းပါ၀င္ကူညီေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း ရွင္းလင္း ေျပာၾကားသည္။

ထုိ႔ေနာက္ ရခုိင္ျပည္နယ္အတြင္း တပ္မေတာ္မွ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း၍ သတင္းထုတ္ျပန္ခဲ့မႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္အတြင္း ျဖစ္ပြားလ်က္ရွိသည့္ ျဖစ္စဥ္မွန္မ်ားအား ႏိုင္ငံတကာမွ သိရွိေစရန္အတြက္ ေဆာင္ရြက္သင့္သည့္ကိစၥရပ္မ်ား၊ ျမန္မာႏုိင္ငံသုိ႔ ျပန္လည္၀င္ေရာက္လာသည့္ ဘဂၤါလီလူမ်ိဳးမ်ားအတြက္ အစုိးရမွ ျပန္လည္ေနရာခ်ထားႏုိင္ေရး ေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္စပ္လ်ဥ္း၍ ဧည့္သည္ေတာ္၀န္ႀကီး၏ အႀကံျပဳခ်က္မ်ားကုိအျမင္ခ်င္းဖလွယ္ၿပီး အၾကမ္းဖက္မႈ ႏွိမ္နင္းေရးႏွင့္ မူးယစ္ေဆး၀ါးတုိက္ဖ်က္ေရးအတြက္ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္လက္တြဲ ပူးေပါင္းေဆာင္ရြက္ႏုိင္ရန္ နည္းလမ္းရွာေဖြေရးကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါ၀င်ခဲ့သူများနှင့် မိသားစုဝင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ခွာသွားကြခြင်းဖြစ်

နေပြည်တော်၊ နို၀င်ဘာ ၁၅

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများသည် မိမိတို့လုံခြုံရေး တပ်စခန်းများကိုတိုက်ခိုက်ရာတွင် အောင်မြင်မှုမရရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်မည်ကို ကြောက်ရွံ့သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခြင်း ဖြစ်ကြောင်း၊ ထိုသို့ထွက်ပြေးစဉ် ၎င်းတို့၏မိသားစုများကိုပါ တစ်ပါတည်းခေါ်၍ ထွက်ခွာသွားခြင်းဖြစ်သဖြင့် ယခုကဲ့သို့ လူဦးရေများပြားသွားခြင်းဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Hon. Rex Tillerson နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr.Scot Marciel နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

 ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-အမေရိကန် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုမှာ နှစ်ပေါင်း ရ၀ ကျော်ရှိပြီဖြစ်ပြီး ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရသက်တမ်းမှစ၍ နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုတိုးတက်ကောင်းမွန်လာပြီး အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများတွင် ထောက်ခံအားပေးမှုများရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေစဉ်အတွင်း ရခိုင်ဒေသတွင်ပဋိပက္ခများ ဖြစ်ပေါ်လာ ကြောင်း၊ ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအားကျော်လွှားနိုင်အောင် ဆောင်ရွက်နေကြောင်း ဦးစွာပြောကြားသည်။

ဧည့်သည်တော်ဝန်ကြီးက ပြန်လည်ပြောကြားရာတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အခက်အခဲတချို့ရှိသော်လည်း ရင်းနှီးသည့်ဆက်ဆံမှုများရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂါလီအကြမ်းဖက်တိုက်ခိုက်သူများက လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးခဲ့ရမှုများအပေါ်များစွာ ၀မ်းနည်းပါကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချပါကြောင်း၊ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဘင်္ဂါလီလူမျိုးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားမှုများကိုသိရှိရပြီး အဆိုပါအကြပ်အတည်းအားနိုင်ငံတကာမှ အာရုံစိုက်ပြောဆိုနေမှုများ ရှိကြောင်း၊ အမေရိကန်ကွန်ဂရက်တွင်လည်း အဆိုပါကိစ္စရပ်အား လူမျိုးတုန်းသန့်စင်မှု သဘောသက်ရောက်သည့် သုံးနှုန်းဆွေးနွေးမှုများရှိကြောင်း၊ ထိုအခြေအနေအား အသုံးချပြီး ကမ္ဘာ့အခြားဒေသမှ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ၀င်ရောက်ခြေကုပ် ယူလာနိုင်သည့် အခြေအနေကိုလည်း စိုးရိမ်ရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ယခုထက်ပိုမိုအောင်မြင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်စေလိုသည့် ဦးတည်ချက် တစ်ခုသာရှိပြီး လက်ရှိအနေအထားများကိုသိရှိလိုကြောင်း မေးမြန်းဆွေးနွေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဆွေးနွေးပြောကြားရာတွင် ရခိုင် ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ဖြစ်စဉ်နှင့် ၂၀၁၂ ခုနှစ်ဖြစ်စဉ်တို့နှင့် ဆက်စပ်နေကြောင်း၊ ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၉ ရက်နေ့ဖြစ်စဉ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း ၅ ခုကို အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက တစ်ချိန်တည်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့်အချိန်တွင် တပ်မတော်မှသွားရောက်ရှင်းလင်းစဉ် တပ်မတော်အရာရှိ ၁ ဦး၊ အခြားအဆင့် ၆ ဦးကျဆုံးခဲ့ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံမှယူဆောင်သွားသည့် လက်နက် ၆၈ လက်အနက် ၃၇ လက်အားပြန်လည် ရရှိခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်အောက်တိုဘာ ၂၅ ရက်နေ့ဖြစ်စဉ်တွင် လုံခြုံရေးစခန်း အခု ၃၀ အားတစ်ချိန်တည်းတိုက်ခိုက်ခဲ့သည့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အင်အားမှာ ယခင်က ၄၀၀၀ ခန့်သာရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့ချိန်တွင် ၎င်းတို့၏အင်အားမှာ ၆၀၀၀ မှ ၁၀၀၀၀ ခန့်ရှိသည်ကိုသိရှိခဲ့ရကြောင်း၊ ၂၀၁၆ ခုနှစ်ဖြစ်စဉ်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သတိထားဆောင်ရွက်ခဲ့သဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် စခန်းတစ်ခုသာမီးရှိုဖျက်ဆီးခံခဲ့ရပြီး နယ်မြေစိုးမိုးရေးဆောင်ရွက်သည့် လုံခြုံရေးတပ်ဖွဲ့ များနှင့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ထိတွေ့မှုများရှိခဲ့ကြောင်း၊ သို့သော် စက်တင်ဘာလ ၅ ရက်နေ့ နောက်ပိုင်းတွင်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ မရှိကြောင်း၊ အဆိုပါနယ်မြေအတွင်း တပ်မတော်မှ နယ်မြေလုံခြုံရေးလုပ်ငန်းများအား အချိန်မီဆောင်ရွက်နိုင်ခဲ့သဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဘင်္ဂါလီများ၏ အသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်ခဲ့ကြောင်းပြောကြားသည်။

ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်၍ မိမိတို့မှအင်အားသုံးတိုက်ခိုက်သဖြင့် ထွက်ခွာသွားသည့်သဘော အဓိပ္ပါယ် သက်ရောက်သည့်စကားလုံးများဖြင့် အမေရိကန်အပါအဝင်အနောက်နိုင်ငံများက သုံးနှုန်းပြောဆိုမှုများရှိကြောင်း၊ အခြေအနေမှန်ကိုသိရှိရန်လိုကြောင်း၊ သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးသူမှာ အင်မတန်နည်းပါးပြီး စက်တင်ဘာလ ၅ ရက်နေ့နောက်ပိုင်းမှသာ ထွက်ခွာသွားကြခြင်း ဖြစ်ကြောင်း၊ အဓိကအကြောင်းအရင်းမှာ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများသည် မိမိတို့လုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ရာတွင် အောင်မြင်မှုမရရှိခဲ့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်မည်ကိုကြောက်ရွံ့သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခြင်းဖြစ်ကြောင်း၊ ထိုသို့ထွက်ပြေးစဉ် ၎င်းတို့၏ မိသားစုများကိုပါ တစ်ပါတည်းခေါ်၍ထွက်ပြေးခြင်းဖြစ်သဖြင့် ယခုကဲ့သို့လူဦးရေများပြား သွားခြင်းဖြစ်ကြောင်း၊ ၎င်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများသည် အကြောက်တရားဖြင့်ထိန်းချုပ်ရန်အတွက် ကလေးငယ်များ၊ အမျိုးသမီးများနှင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် လူမျိုးတူဘင်္ဂါလီများကိုပါမချန် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြကြောင်း၊ အခြားဘင်္ဂါလီလူမျိုးများအားလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးရန် ခြိမ်းခြောက်မှုများရှိသကဲ့သို့ တတိယနိုင်ငံတစ်ခုခုတွင် နေထိုင်ခွင့်ရမည်ဟူသော ဆွဲဆောင် မက်လုံးပေးမှုများရှိကြောင်း၊ ၎င်းတို့ထွက်ခွာသွားချိန်တွင် ထွက်ပြေးသည့်ပုံစံမျိုးမဟုတ်ဘဲ အေးအေးဆေးဆေး ထွက်ခွာသွားကြခြင်းဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်များအား နိုင်ငံတကာမှ အမှန်အတိုင်းမသိရှိဘဲ မိမိတို့မှနှိပ်စက်မှုကြောင့်ထွက်ပြေးသွားသည်ဟု ယူဆပြောဆိုမှုများရှိသည့်အတွက် အခြေအနေမှန်များအား သိရှိရန်လိုအပ်ကြောင်း၊ ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများအား ဥပဒေနှင့်အညီ ပြန်လည်လက်ခံရန်အတွက်လည်း ဆောင်ရွက်နေကြောင်း၊ ဒေသခံတိုင်းရင်းသားရခိုင်များနှင့် ဘင်္ဂါလီလူမျိုးများ နှစ်ဖက်စလုံးက လက်ခံနိုင်သည့်အခြေအနေရှိရန်လိုအပ်ပြီး မြန်မာနိုင်ငံသားစစ်စစ်များ ဖြစ်သည့် ဒေသခံရခိုင်တိုင်းရင်းသားများ၏ဆန္ဒကို အလေးထားရမည်ဖြစ်ကြောင်း၊ ဒေသခံရခိုင်တိုင်းရင်းသားများကလက်ခံမှသာ ပြည်သူလူထုအားလုံးက ကျေနပ်လက်ခံမှာ ဖြစ်ကြောင်း၊ ၎င်းတို့လက်ခံနိုင်မည့် အခြေအနေမရှိလျင် တစ်ဖက်တွင်နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်သဖြင့် မျှတသည့်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးရန် အကြိမ်ကြိမ်အခါခါ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားရခိုင်လူမျိုးများက ရခိုင်ဒေသသို့ ရောက်ရှိလာသည့် လူသားချင်းဆိုင်ရာ နိုင်ငံတကာမှ အကူအညီပေးမှုများသည် ဘင်္ဂါလီများအတွက်သာဖြစ်ပြီး မိမိတို့ရခိုင်လူမျိုးများအား ပေးအပ်ခြင်းမရှိသည်ကို သိရှိကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည့် ဘင်္ဂါလီလူမျိုးများအားပြန်လည် လက်ခံရာတွင်လည်း ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ၊ ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များနှင့် အညီစိစစ်လက်ခံမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ငြင်းပယ်ရန်မရှိကြောင်း၊ ၁၉၇၈ ခုနှစ်ကလည်း ယခုကဲ့သို့အလားတူ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း၊ ယင်းအချိန်က မြန်မာနိုင်ငံဘက်မှ ကောက်ယူထားသည့်စာရင်းအရ လူဦးရေ ၁၅၆၆၃၀ ဦးဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သော်လည်း နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်လည်စိစစ် လက်ခံသည့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဆိုပြုချက်အရလူဦးရေ ၁၈၆၉၀၀ ကျော်အားလက်ခံခဲ့ရသဖြင့် လူဦးရေ ၃၀၀၀၀ ကျော် ပိုမိုလက်ခံခဲ့ရကြောင်း၊ ယခုအချိန်တွင်လည်း ၎င်းတို့ဘက်မှပြောသည့်လူအရေအတွက်အတိုင်း လက်ခံ၍မရကြောင်း၊ အဆိုပါကိစ္စများအား အစိုးရကဆောင်ရွက်မည်ဖြစ်ပြီး တပ်မတော်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးမှုများအနေဖြင့်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်မှုအကောင်အထည် ဖော်ရေး ဗဟိုကော်မတီနှင့် ပြည်နယ်အစိုးရမှသက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ပေးနေပြီး တပ်မတော်မှ ပူးပေါင်းပါ၀င်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ သတင်းထုတ်ပြန်ခဲ့မှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ဖြစ်စဉ်မှန်များအား နိုင်ငံတကာမှ သိရှိစေရန်အတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများအတွက် အစိုးရမှ ပြန်လည်နေရာချထားနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဧည့်သည်တော်ဝန်ကြီး၏ အကြံပြုချက်များကိုအမြင်ချင်းဖလှယ်ပြီး အကြမ်းဖက်မှု နှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းလမ်းရှာဖွေရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။