နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Primorsky ဒေသ အစိုးရအဖွဲ့အကြီးအကဲနှင့် Republic of Buryatia အစိုးရအဖွဲ့အကြီးအကဲတို့အား သီးခြားစီ တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ – ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Primorsky ဒေသအစိုးရအဖွဲ့ အကြီး အကဲ Mr. Oleg Nikolaevich Kozhemyako နှင့် Republic of Buryatia အစိုးရအဖွဲ့ အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov တို့အား ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus အတွင်း၌ သီးခြားစီ တွေ့ဆုံ ဆွေးနွေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Primorsky ဒေသအစိုးရအဖွဲ့အကြီးအကဲနှင့် တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်တို့ တက်ရောက်ကြပြီး Primorsky ဒေသ အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ ဒေသအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Primorsky ဒေသနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး၊ ပို့ကုန်၊ သွင်းကုန် ကဏ္ဍမြှင့်တင်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့် အခြေအနေ များ၊ Primorsky ဒေသ၊ ဗလာဒီဗော့စတော့ခ်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန် ချုပ်ရုံးနှင့် Business Centre ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် Primorsky ဒေသအစိုးရအဖွဲ့မှလည်း ဝမ်းမြောက်စွာကြိုဆိုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေ အနေများ၊ မြန်မာနိုင်ငံမှ ပညာ တော်သင်ကျောင်းသား၊ ကျောင်းသူများ ပညာရပ် ပေါင်းစုံတွင် လာရောက်သင်ကြားနိုင်ရေးနှင့် ရောက်ရှိလာမည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဒေသအစိုးရအဖွဲ့ မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်သည့် အခြေအနေများ၊ Primorsky ဒေသတွင် ဆောင်ရွက်လျက်ရှိသည့် Children Camp ကဲ့သို့ လူငယ်များ အချင်းချင်း ပညာရပ်များ၊ အသိအမြင်များ၊ အတွေ့အကြုံများကို ဖလှယ်သည့် အစီအစဉ်များ၌ မြန်မာနိုင်ငံမှ လူငယ်လူရွယ်များ ပါဝင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကဏ္ဍမှ တာဝန်ရှိသူများအနေဖြင့် Primorsky ဒေသသို့ လာရောက်လေ့လာစေလိုသည့် အခြေ အနေများနှင့် တိုက်ရိုက်ကုန်သွယ်မှု၊ ငွေကြေးစီးဆင်းနိုင်မှုတို့နှင့် ပတ်သက်၍ အမြင် ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် Primorsky ဒေသအစိုးရအဖွဲ့ အကြီးအကဲ တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။


ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)၌ ပြခန်းပါဝင်ပြသလျက်ရှိသည့် Republic of Buryatia ပြည်နယ်ပြခန်းသို့ သွားရောက်လေ့လာကြည့်ရှုကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့် အဖွဲ့ဝင်များက ဒေသရိုးရာ အကအလှများဖြင့် ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။


ယင်းနောက် Republic of Buryatia ပြည်နယ်ပြခန်းအတွင်း ပြသထားသည့် ရိုးရာအထည်အလိပ်၊ စက်မှု၊ လက်မှု အနုပညာပြကွက်၊ သစ်နှင့် သစ်တောထွက် ပစ္စည်း အနုပညာပြကွက်၊ ရဟတ်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ ပြကွက်၊ ပန်းချီပြကွက်၊ ခေတ်မီစက်မှုနည်းပညာများဖြင့် ပေါင်းစပ်ထားသည့် ကျန်းမာရေးဝန်ဆောင်မှု ဆိုင်ရာပြကွက်၊ ရိုးရာ ကျန်းမာရေးဆိုင်ရာပြကွက်၊ သဘာဝသယံဇာတ တူးဖော်မှုဆိုင် ရာ ပြကွက် တို့ကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် အသေးစိတ် လေ့လာခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ Buryatia ပြည်နယ်အစိုးရ အဖွဲ့အကြီးအကဲနှင့် ပြကွက်အလိုက် တာဝန်ခံများက လိုက်လံရှင်းလင်းပြသကြ သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့် အဖွဲ့ဝင်များသည် ပြခန်း ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယခုကဲ့သို့ Buryatia ဒေသ၏ ပြခန်းများကို လိုက်လံပြသခွင့်ရသည့်အတွက် ဝမ်းမြောက်မိပြီး ၎င်းတို့ဒေသ၏ ရိုးရာယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာသိရှိနိုင်မည် ဖြစ်သည့် အခြေအနေများ၊ Buryatia ဒေသမှ သဘာဝသယံဇာတများ ပေါကြွယ်ဝစွာ ထွက်ရှိမည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ Buryatia ဒေသလာရောက်လေ့လာချိန်တွင်လည်း ဒေသ ၏ တိုးတက်မှုများကို လိုက်လံရှင်းလင်း ပြသသွားမည်ဖြစ်သည့် အခြေအနေများ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ဒေသထွက်ကုန်နှင့် ထုတ်ကုန် များကို အရည်အသွေးမြင့် ပို့ကုန်ပစ္စည်းများအဖြစ် တင်ပို့နိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် Buryatia ပြည်နယ်တို့အရ စီးပွားရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ Buryatia ပြည်နယ်သို့ ရောက်ရှိလေ့လာချိန်တွင် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင် မည့် အခြေအနေများကို အသေးစိတ်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည့် အခြေ အနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။