တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီးအားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၁၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဥေရာပ သမဂၢအဖြဲ႕သံအမတ္ႀကီးအျဖစ္ ခန္႔အပ္ခံရေသာ H.E. Mr. Kristian Schmidt အား ယေန႔မြန္းလြဲပုိင္းတြင္ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ထုိသို႔ေတြ႕ဆုံရာတြင္EU ႏွင့္ျမန္မာႏုိင္ငံဆက္ဆံေရးဆုိင္ရာကိစၥရပ္မ်ား၊ ျမန္မာႏုိင္ငံ၏ ဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ခုိင္ခုိင္မာမာေလွ်ာက္လွမ္းႏုိင္ရန္အတြက္ ေဆာင္ရြက္ ေနမႈအေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေအာင္တပ္မေတာ္မွေဆာင္ရြက္ ေနမႈအေျခအေနမ်ားႏွင့္ ရခုိင္ျပည္နယ္အတြင္းျဖစ္ပြားလ်က္ရွိသည့္အေျခအေနမ်ား ႏွင့္ပတ္သက္ၿပီး အျပန္အလွန္ေဆြးေႏြးၾကသည္။

အဆုိပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဥေရာပသမဂၢအဖြဲ႕႐ုံးမွသံအမတ္ႀကီးႏွင့္အတူ တာ၀န္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥရောပသမဂ္ဂ အဖွဲ့ရုံးမှ သံအမတ်ကြီးအားလက်ခံတွေ့ဆုံ

နေပြည်တော်၊ နို၀င်ဘာ – ၁၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပ သမဂ္ဂအဖွဲ့သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသော H.E. Mr. Kristian Schmidt အား ယနေ့မွန်းလွဲပိုင်းတွင် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်EU နှင့်မြန်မာနိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရန်အတွက် ဆောင်ရွက် နေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်တပ်မတော်မှဆောင်ရွက် နေမှုအခြေအနေများနှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့်အခြေအနေများ နှင့်ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဥရောပသမဂ္ဂအဖွဲ့ရုံးမှသံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။