တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာ ရှိသည်ဖြစ်သဖြင့် ပြည်တွင်း စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုကို အားပေးကြရမည်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ – ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးစက်မှုဇုန်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရတနာပုံခန်းမ၌ တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မန္တလေး စက်မှုဇုန် အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းရှင်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင် များ၊ MRCCI အသင်းနှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်များ မန္တလေးတိုင်း ဒေသကြီးအတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်း ရှင်များ၊ တက်ရောက်ကြသည်။


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ တင်ပြဆွေးနွေး
ဦးစွာ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းဌေး၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး၊ မြန်မာနိုင်ငံဝါ လုပ်ငန်းရှင်များအသင်း နာယက ဦးအောင်သန်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များကိုယ်စား ကျောက်ဆစ်လုပ်ငန်းအသင်း အတွင်းရေးမှူး ဦးအောင်မြင့်ဗိုလ်၊ ရှင်သန်ဆဲဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်း ဥက္ကဋ္ဌ ဦးဇော်မင်းအောင်နှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက စက်မှုဇုန် သမိုင်းအကျဉ်း၊ စက်မှုဇုန်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ထုတ်ကုန်များ ဈေးကွက် ရရှိရေး၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများ ရရှိရေးတို့အတွက် လိုအပ်မှု အခြေအနေများ၊ အနာဂတ်ကာလများတွင် စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး အတွက် လိုအပ်ချက်များ၊ ဝါမျိုးကောင်းမျိုးသန့်များရရှိရေးနှင့် ဈေးကွက်ရရှိရေး၊ ဝါစိုက်တောင်သူများ အရင်းအနှီးရရှိရေးအတွက် သက်သာသောအတိုးနှုန်းထားဖြင့် ရင်းနှီးမတည်ငွေများ နိုင်ငံတော်မှ ဆောင်ရွက်ပေးစေလိုမှု၊ သက်တမ်းပြည့်ချေးငွေများ သက်တမ်းတိုးမြှင့်ပေးစေလိုမှု၊ ကျောက်ဆစ်လုပ်ငန်းအတွက် မြေနေရာနှင့် စက်ပစ္စည်း လိုအပ်မှု၊ ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် မျက်ပါးရွှေဆိုင်းလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် တင်ဒါစနစ်အစား လက်ခစနစ်ဖြင့် ဆောင်ရွက်ပေးစေလိုမှု၊ ရက္ကန်း လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် နိုင်ငံတော် မှရင်းနှီးမတည်ငွေ များထုတ်ချေးပေးစေလိုမှု၊ စက်မှုဇုန်အတွင်း ရှေ့ပြေးနည်းပညာများ လေ့လာ၍ရသည့် စာကြည့်တိုက်နှင့် သုတေသနစင်တာ တစ်ခုတည်ထောင်ပေးစေလိုမှု၊ စက်မှုလုပ်ငန်း များဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိ အောင်ဆောင်ရွက် ပေးစေလိုမှု၊ နိုင်ငံတော်၏ပံ့ပိုးမှု၊ စက်မှုလုပ်ငန်းရှင်များ၏ ဝိုင်းဝန်း ပါဝင်ဆောင်ရွက် မှုများဖြင့် စက်မှုဇုန်များတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နိုင်ရန်လိုအပ်မှု၊ ကုန်ချောပစ္စည်းများ ပြည်ပမှတိုက်ရိုက် တင်သွင်းမှုများ ကြောင့် ပြည်တွင်းကုန်ချောထုတ်လုပ်သူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ ပြည်ပမှ ကုန်ချောတင်သွင်းမှုအပေါ်တွင် ထိုက်သင့်သည့် အခွန်ငွေများ ကောက်ခံ ရန်နှင့် ကုန်ကြမ်းပစ္စည်းများတင်သွင်းမှုအပေါ် အခွန်ငွေများလျှော့ခ ကောက်ခံမည် ဆိုပါက ပြည်တွင်းကုန်ချောထုတ်လုပ်မှုအပေါ် အထောက်အကူပြုနိုင်မှု၊ ထုတ်ကုန်များ အတွက် Exhibition များပြုလုပ်ပေးခြင်းဖြင့် ဈေးကွက်သစ်များကို ဖန်တီးပေးနိုင်ပြီး ထုတ်လုပ်သူများအဆင်ပြေစေမည့် အခွန်စနစ်ဆောင်ရွက်ပေးရန်လိုအပ်မှု၊ MRCCI အသင်းနှင့်ညီနောင်အသင်းများအတွက် ရုံးခန်းများ တစ်စုတစည်းတည်းဖွင့်လှစ် နိုင်ရေးအဆောက်အဦမြေနေရာအတွက် နိုင်ငံတော်မှသတ်မှတ်သောနှုန်းဖြင့် မြေနေရာ စီစဉ်ပေးနိုင်ရေး အခြေအနေများကို အသီးသီးတင်ပြကြသည်။


သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို တို့က ဝါနှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း၍ အထူးအလေးထား ဆောင်ရွက် လျက်ရှိမှု၊ ဝါစိုက်ပျိုးရေးအတွက် လိုအပ်သည့် သွင်းအားစုများ ရရှိနိုင်ရေး နိုင်ငံ တော်မှ ရင်းနှီးငွေများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ တောင်သူများ လက်ဝယ် သို့ အရည်အသွေးပြည့်ဝသည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ရရှိရေး စိစစ် ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ အသေးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူလူထု ဝင်ငွေရရှိရေးတို့ အတွက် သမဝါယမစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်း များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သမဝါယမ အသင်းအဖွဲ့များ ဖွဲ့စည်း၍ Contract Farming စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးကာ စိုက်ပျိုးရေး တောင်သူ များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှု နည်းပညာများနှင့် ပတ်သက်၍ နည်းပညာလိုအပ်ချက်များရရှိစေရေး ဆောင်ရွက် ပေးလျက်ရှိမှု၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် ဗဟိုလုပ်ငန်းကော်မတီဖွဲ့စည်း ဆောင်ရွက်ပေးထားပြီး အခက်အခဲများရှိပါက ကော်မတီသို့ ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးပြန်လည်ဆွေးနွေး ပြောကြားသည်။


တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးကို အမျိုးသားရေး ရည်မှန်းချက်အဖြစ် ဆောင်ရွက်လျက်ရှိ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ဆွေးနွေးပြောကြားရာ တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ တိုးတက်ရေးအတွက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက် နေသူများအားလုံး အေးချမ်းလုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင် ဆောင်ရွက်နေခြင်းသည် တိုင်းပြည်သာယာဝပြောခြင်းဖြစ်ကြောင်း၊ စားရေ ရိက္ခာပေါများရေးနှင့်ပတ်သက်၍ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် စားသောက်ဖွယ်ရာများသာမက တစ်ကိုယ်ရေ သုံး ပစ္စည်းများသည်လည်း ရိက္ခာတွင်ပါဝင်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးအတွက် နိုင်ငံအတွင်း နေထိုင်သူများက ဆောင်ရွက်ရခြင်း ဖြစ်ပြီး ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်း ပေါများရေးနှင့် ပြည်တွင်းစီးပွားရေး ကောင်းမွန်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများပေါများရေး၊ သွင်းအားစုများ လုံလောက်စွာ ရရှိရေး၊ အရင်းအနှီးများရရှိရေးနှင့် လူသား အရင်းအမြစ်များ လုံလောက်စွာရရှိရန်လိုကြောင်း။

 

ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လျှပ်စစ်စွမ်းအင် လုံလောက်စွာရရှိရေး
ပြည်တွင်းကုန်ထုတ်လုပ်မှုများကို လုံလောက်စွာ ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များရှိရန်လိုအပ်ကြောင်း၊ ကုန်ကြမ်းကိုပြည်တွင်း၊ ဒေသတွင်း၌ လုံလောက်စွာရရှိနိုင်ရန် လိုအပ်ကြောင်း၊ သွင်းအားစုနှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းအတွက် ရေ၊ မြေဩဇာ၊ မွေးမြူရေး လုပ်ငန်းအတွက် တိရစ္ဆာန်အစာအစာ၊ စက်မှုလုပ်ငန်းအတွက် လျှပ်စစ် စသဖြင့် ရရှိရန် အရေးကြီးကြောင်း၊ စက်မှုလုပ်ငန်းများအတွက် စွမ်းအင်နှင့် စွမ်းအားများလည်း လိုအပ်ကြောင်း၊ အပူပေးရသည့်လုပ်ငန်းများတွင် လျှပ်စစ်၊ ကျောက်မီးသွေး၊ ဂတ်စ်များကို အသုံးပြုကြကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ယခင်ကတည်းက ရေအား လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အရင်းအနှီး များကြီးမားမှုကြောင့် အပိုင်းများခွဲ၍ ဆောင်ရွက်နေရကြောင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ သွားရောက်ခဲ့စဉ်တွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နျူကလီး ယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံ တွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် ရေအရင်း အမြစ်များစွာ ရှိကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းသည် အရင်းအနှီးကြီးမားသော်လည်း ရေရှည်အတွက် ကောင်းမွန်သည့်လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း၊ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည်လည်း များစွာအကျိုး ဖြစ်ထွန်းစေ ကြောင်း၊ မကြာမီကာလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချနိုင် ရေးအတွက် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးချနိုင်ရေးကြိုးပမ်းဆောင်ရွက်နေကြောင်း။


လောင်စာဆီများ၊ သဘာဝဓာတ်ငွေ့များနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စက်သုံးဆီများကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖိုးခန့် တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်းတွင်းရေနံထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ များစွာရှိနေသည့် အပြင် သဘာဝဓာတ်ငွေ့နှင့်ပတ်သက်၍လည်း ကမ်းလွန်တွင်ထုတ်လုပ်၍ရသည့် အရင်းအမြစ်များ တွေ့ရှိထားပြီးဖြစ်ကြောင်း၊ ဒီဇယ်ဆီတင်သွင်းခြင်းကို လျှော့ချနိုင် ရန်အတွက် လျှပ်စစ်အစားထိုး အသုံးပြုနိုင်သည့် စက်ကိရိယာများကို ပြောင်းလဲ အသုံးပြုရမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးစနစ်များတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်ပ ရင်းနှီး မြှုပ်နှံမှုများနှင့်လည်း သဘောတူညီချက်များ ရရှိထားပြီးဖြစ်ကြောင်း၊ လျှပ်စစ် စွမ်းအင်သုံး ရထားများနှင့် ဘတ်စ်ကားများကို Public Transportation ကဏ္ဍတွင် ဦးစားပေး ပြေးဆွဲနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် မော်တော်ဆိုင်ကယ်အစီးရေ ၆ သန်းခန့်ရှိကြောင်း၊ နေ့စဉ် ဆီသုံးစွဲမှုများကို လျှော့ချ နိုင်မည်ဆိုပါက ပြည်ပမှစက်သုံးဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များကို အားပေးဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ် အားများရရှိရေးအတွက် ရေးအားလျှပ်စစ်နှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်ဓာတ် ထုတ်လုပ်ခြင်းများအပြင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်၍ရခြင်းကြောင့် အားပေးဆောင်ရွက်ရန်လိုကြောင်း၊ မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးအတွက် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားသွယ်တန်းမှုများ ကောင်းမွန်ရေး ပြင်ဆင်ဆောင် ရွက်လျက်ရှိကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။


ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ထွက်ကုန်၊ ထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်
စက်မှုလုပ်ငန်းများတွင် ကုန်ကြမ်းသေချာသည့် ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ မန္တလေးဒေသတွင် စိုက်ပျိုးရေးကုန်ကြမ်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ စက်မှုကုန်ကြမ်းများ များစွာ ထွက်ရှိပြီး လိုအပ်သည့်ကဏ္ဍများတွင် နိုင်ငံတော်မှ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် ဒေသအလိုက်စိုက်ပျိုးသည့် မျိုးများတူညီမှုရှိစေရေး အစုအဖွဲ့အလိုက် တတ်နိုင်သမျှဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါများ စိုက်ပျိုးကြကြောင်း၊ အဆင့်မီဝါများထွက်ရှိရေး အတွက် အရည်အသွေးပြည့်မီသည့် ဝါမျိုးကောင်းမျိုးသန့်များရရှိအောင် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ ဝါအထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူများ၏ ဝတ်ရေးအတွက်များစွာအထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးမှုများစွာရှိသည့် အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည့် ပံ့ပိုးကူညီ မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။


မန္တလေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများစွာရှိပြီး အချို့သော မွေးမြူရေးလုပ်ငန်းများသည် မိရိုးဖလာအတိုင်းသာ မွေးမြူကြသည်ကိုတွေ့ရှိရ ကြောင်း၊ စနစ်ကျသည့်မွေးမြူရေးစနစ်ဖြင့် မွေးမြူမည်ဆိုပါက မွေးမြူရေးလုပ်ငန်း များမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ်အသုံးပြုနိုင်မည် ဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ် ကြောင်း၊ ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ငါး မွေးမြူရေးလုပ်ငန်းများမှလည်း စားသောက် ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ အရည်အသွေးမြင့် မွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ပြီး ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေနိုင် မည်ဖြစ်ကြောင်း။


ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းသည် ပြည်တွင်းစီးပွားရေးကို အားပေးခြင်းဖြစ်
စက်မှုကုန်ကြမ်းများအတွက် လိုအပ်သည့် သတ္တုကုန်ကြမ်းများနှင့် သစ်ကုန် ကြမ်းများရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ဈေးကွက် ရရှိရေးအတွက် ထုတ်လုပ်သည့်ပစ္စည်းများမှာ အရည်အသွေးပြည့်မီရန်လိုအပ်သကဲ့သို့ ထုတ်ကုန်ပစ္စည်းများကို သိရှိစေရေးအတွက် ကြော်ငြာခြင်းလုပ်ငန်းများကို ဆောင်ရွက် ရန်လိုကြောင်း၊ အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်အတွက် ခေတ်မီစက်ကိရိယာများ၊ နည်းပညာများ၊ လူသားအရင်းအမြစ်များနှင့် ရင်းနှီးမြှုပ်နှံ ငွေများလိုအပ်ကြောင်း၊ ထုတ်ကုန်ပြပွဲများ ကျင်းပနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ သွင်းကုန်အစားထိုးရေးအတွက် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုအပ်သကဲ့ သို့ ပြည်ပသို့တင်ပို့နိုင်သည့် ထုတ်ကုန်များကိုလည်း ထုတ်လုပ်ရန်လိုကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းသည် ပြည်တွင်းစီးပွားရေးကိုအားပေးခြင်း ဖြစ်ပြီး ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဆင့်မြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးကို ဆောင်ရွက်ခြင်းဖြင့် ပြည်ပ သွင်းကုန်များကို အစားထိုးနိုင်ရမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံရှိ ကုန်ထုတ်လုပ်မှုများ တွင် ပြည်ပမှဝင်ရောက်ဆောင်ရွက်ခြင်းထက် မိမိတို့ကိုယ်တိုင် ဦးစီးဆောင်ရွက်မှု များကို အားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အကျိုးစီးပွားကို မိမိတို့ကိုယ်တိုင်ဖော်ဆောင် ရမည်ဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေးအတွက် တာဝန်ရှိသူများအားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။


နိုင်ငံတော်မှ စိုက်ပျိုးရေးချေးငွေများကို ယခင်ကတည်းထုတ်ချေးပေးခဲ့ကြောင်း၊ နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသေးသည်များလည်းရှိကြောင်း၊ နိုင်ငံတော် မှ ထုတ်ချေးပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများနှင့်ပတ်သက်၍ ပြန်လည်ပေးဆပ် ရန်ကာလကို သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းတွင် ကုန်ထုတ် လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်း ဟူ၍ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုထက် ဝန်ဆောင်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုများပြား ခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတဘဲ ကုန်ပစ္စည်းဈေးနှုန်းကြီးမြင့်မှု များ ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များကိုလည်းလျော့နည်း အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေးကိုအားပေးရန်၊ ပြည်တွင်းကုန် ထုတ်လုပ်မှုများကိုအားပေးရန်နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို အားပေး ရန်လိုပြီး တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ဒေသအတွင်း ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာမည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရမှုများ နည်းပါးလာ မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မန္တလေးတိုင်းဒေသ ကြီးအတွင်း အောင်မြင်အောင်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြား သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် မန္တလေးစက်မှုဇုန်အတွင်းမှ ထုတ်လုပ်ထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှု လက်မှုထုတ်ကုန်၊ တိုင်းရင်းဆေး စသည့် ထုတ်ကုန်ပစ္စည်းများ၊ လယ်ယာ စိုက်ပျိုး ရေးလုပ်ငန်းသုံးယာဉ်များ ခင်းကျင်း ပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှု အခြေအနေများကို မေးမြန်း ဆွေးနွေးရာ လုပ်ငန်းအလိုက်တာဝန်ခံများက လိုက်လံ ရှင်းလင်းပြသကြသည်။
ယင်းနောက် နိုင်ငံတော်စိမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ‌ ကုသိုလ်တော်မြတ်စွာဘုရားသို့ ရောက်ရှိကြပြီး စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။
ထို့နောက် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညို၍ စေတီတော်ကြီးနှင့် ကျောက်စာရုံများ၏ ပုံစံငယ်အသစ်ပြုလုပ်ထားရှိမှု၊ ရင်ပြင်တော် ကြမ်းခင်း၊ အဝင်စောင်းတန်းနှင့် ကျောက်ထက်အက္ခရာတင် ပြဿာဒ်ဆောင်ပတ်လမ်း များ နေပူခံကျောက်ပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးလုပ်ငန်းများ သပ်ရပ်မှုရှိစေရေး တာဝန် ရှိသူများကို လမ်းညွှန်မှာကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်သည် စေတီတော်ကြီးရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။