နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ – ၂၈

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား နယ်မြေခံတပ်၊ သီဟသူရကျင်စံခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။

 

နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

        ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်တွင် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး  တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ ခေတ် အဆက်ဆက် အုပ်ချုပ်ပုံစနစ်များ ပြောင်းလဲခဲ့မှုနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဦးစွာ ရှင်းလင်းပြောကြားသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဥပဒေရေးအရ တည်ငြိမ်အေးချမ်းရန်လိုအပ်

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် လက်ရှိအချိန်တွင် တပ်မတော်မှ နိုင်ငံ တော်၏ တာဝန်အရပ်ရပ်ကို ထမ်းဆောင်ရလျက်ရှိပြီး ပြည်တွင်းစီးပွားရေးကို အားပေး ဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံ့စီးပွားရေးသည် ထိုက်သင့်သလောက် တိုးတက် လာပြီဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရတည်ငြိမ် အေးချမ်း ရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း၊ အလားတူ ဥပဒေအရ တည်ငြိမ်ရေးအတွက်လည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်း ရေး အတွက် တပ်မတော်မှတာဝန်ယူဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကိုလည်း အမြဲမပြတ်ဆောင်ရွက် အကောင် အထည်ဖော်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များ ပပျောက်လျော့နည်းစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာအောင်တည်ဆောက်

        တပ်မတော်သားများအနေဖြင့် စည်းကမ်းတကျဖြင့် နေထိုင်လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တပ်တည်ဆောက်ရေးလုပ်ငန်းများကို ထမ်းဆောင် နေရသူများအနေဖြင့် မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ရှေ့တန်းတာဝန်ထမ်းဆောင်နေရသူများ အနေဖြင့်လည်း ရဲဝံ့စွန့်စားစွာဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် မိမိတို့မှ စိတ်ဓာတ်ခွန်အားကောင်းအောင် ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်းအနေဖြင့် မိမိတို့ တစ်ဦးတစ်ယောက်ချင်း ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို မှန်မှန်ကန်ကန်နှင့် ကျေပွန်အောင် ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်ကို ကာကွယ်နေခြင်းပင်ဖြစ်ပြီး မိမိကိုယ်ကို လေ့ကျင့်နေခြင်းပင်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း ရသင့်ရထိုက်သည့် အခွင့်အရေး များ၊ ရပိုင်ခွင့်များအားလုံး ပြည့်ဝစွာရရှိရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးရန် လိုကြောင်း၊ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကိုလည်း အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို ဆောင်ရွက်ခြင်းဖြင့် ပြင်ပမှဝယ်ယူစားသောက်ရမှုများ လျော့နည်းသွား မည်ဖြစ် ကြောင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်း၊ အထက်အောက်ရိုသေလေးစား မှုရှိအောင် ဆောင်ရွက်ပေးခြင်းနှင့် အသိပညာဗဟုသုတများရရှိစေမည့် ဆွေးနွေးပွဲ၊ ဟောပြောပွဲ များပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ အထက်အောက် သံယောဇဉ်တရားများဖြစ်ပေါ်လာပြီး တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေနိုင် ကြောင်း။

ပညာရေးအားပေးဆောင်ရွက်

        တပ်မတော်သားများအနေဖြင့် မိမိကိုယ်တိုင် စာပေလေ့လာဖတ်မှတ်ရန်လိုအပ် သကဲ့သို့ မိမိတို့၏ မျိုးဆက်သစ် သားသမီးများ၏ ပညာရေးကိုလည်း ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေပေးနိုင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦးချင်း၏ အရည် အသွေးမြှင့်တင်ရေးနှင့် ဘဝတိုးတက်ရေးအတွက် စစ်သားကောင်းပီသစွာဖြင့် စည်းကမ်းနှင့်အညီနေထိုင်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ အသိပညာ တိုးတက် ရေးအတွက် စာပေဖတ်ရှုခြင်း၊ ဆွေးနွေးပွဲများတွင် အသိပညာဖလှယ်ခြင်းနှင့် နားထောင်ခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ လေ့လာဖတ်ရှုမှတ်သားခြင်းမှာ မည်သည့်အခါမျှ ပြီးဆုံးသည်ဟူ၍ မရှိကြောင်း၊ အတန်းပညာမြင့်မားရေးအတွက် လည်း ကြိုးပမ်းဆောင်ရွက်ရန်လိုပြီး စာပေများကိုဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟု သုတများ များစွာရရှိလာမည်ဖြစ်သဖြင့် စာပေဖတ်ရှုလေ့လာကြရန်လိုကြောင်း၊ တပ်မတော်သားများ၏ သားသမီးများ ပညာရည်မြင့်မားရေးအတွက် တပ်မတော်မှ အားပေးဆောင်ရွက်လျက်ရှိသဖြင့် မိမိတို့၏ သား၊ သမီးများ ပညာရည် မြင့်မားရေး အတွက် ဝိုင်းဝန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း။

တပ်မတော်သည် စည်းကမ်းတကျဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ် သည်နှင့်အညီ ရှိရင်းစွဲ အရည်အချင်းများကို အမြဲတမ်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် အလေးအနက်ထားဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သား ပီသစွာ နေထိုင်ကြ ရန်နှင့် မိမိတို့ဘဝတိုးတက်ရေးအတွက် မိမိတို့အရည်အချင်းကို မြှင့်တင်ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ထိုသို့ တစ်ဦးချင်း အရည်အချင်းများကို မြှင့်တင်ဆောင်ရွက်ပြီး မိမိတို့ ကျရာတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်းအားဖြင့် နိုင်ငံတော်တာဝန် များကို အောင်မြင်စွာထမ်းဆောင်နေခြင်းပင်ဖြစ်ကြောင်း၊ စစ်ဆင်ရေးနှင့် လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ စိတ်ဓာတ်ခွန်အားရရှိရေး အတွက်လည်း အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက် ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ နယ်မြေခံတပ်မဌာနချုပ်မှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

        တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။