တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Vivian Balakrishnan အားလက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ စင္ကာပူႏုိင္ငံ၊ ႏုိင္ငံျခားေရး ၀န္ႀကီး H.E. Dr. Vivian Balakrishnan အား ယေန႔မြန္လြဲပုိင္းတြင္ ေဇယ်ာသီရိဗိမာန္ရွိဧည့္ခန္းမေဆာင္၌ လက္ခံ ေတြ႕ဆုံသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ ျမန္မာ-စင္ကာပူႏွစ္ႏုိင္ငံဆက္ဆံေရးရွည္ၾကာစြာ ေကာင္းမြန္လ်က္ရွိသည့္အေျခအေနမ်ား၊ ျမန္မာႏုိင္ငံျပည္သူမ်ားမွေရြးခ်ယ္ထားသည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ေလွ်ာက္လွမ္းေနမႈႏွင့္ ျပဳျပင္ေျပာင္းလဲမႈလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ တပ္မေတာ္မွေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ျပည္တြင္း ၿငိမ္းခ်မ္းေရးရရွိရန္ေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံစီးပြားေရးဆုိင္ရာကိစၥရပ္မ်ားတြင္ ပူးေပါင္း ေဆာင္ရြက္လ်က္ရွိသည့္အေျခအေနမ်ားႏွင့္ ျမန္မာႏုိင္ငံ၏လက္ရွိစီးပြားေရး အေျခအေနမ်ား၊ ရခုိင္ ျပည္နယ္အတြင္း ျဖစ္ပြားခဲ့သည့္ျပႆနာမ်ားကုိေျဖရွင္းရာတြင္ စင္ကာပူႏုိင္ငံအေနျဖင့္ တတ္ႏုိင္သည့္ဘက္မွ ကူညီေဆာင္ရြက္ေပးမည့္အေျခအေနမ်ား၊ ရခိုင္ျပည္နယ္အတြင္း အစြန္းေရာက္ဘဂၤါလီ အၾကမ္းဖက္ သမားမ်ား၏ တုိက္ခုိက္မႈမ်ားျဖစ္ပြားခဲ့ၿပီး အဆုိပါအၾကမ္းဖက္တုိက္ခုိက္မႈမ်ားမွတစ္ဆင့္ အာဆီယံႏုိင္ငံ မ်ားအေပၚ ႐ိုက္ခတ္လာႏုိင္သည့္အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာအျမင္ခ်င္းဖလွယ္ေဆြးေႏြး ၾကသည္။

ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး စင္ကာပူႏုိင္ငံျခားေရး၀န္ႀကီးႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ စင္ကာပူ ႏုိင္ငံသံအမတ္ႀကီး H.E. Mr. Robert Chua ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စင္ကာပူႏုိင္ငံျခားေရး၀န္ႀကီးအား အမွတ္တရ လက္ေဆာင္ပစၥည္းေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Vivian Balakrishnan အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ နို၀င်ဘာ – ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီး H.E. Dr. Vivian Balakrishnan အား ယနေ့မွန်လွဲပိုင်းတွင် ဇေယျာသီရိဗိမာန်ရှိဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-စင်ကာပူနှစ်နိုင်ငံဆက်ဆံရေးရှည်ကြာစွာ ကောင်းမွန်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံပြည်သူများမှရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေမှုနှင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တပ်မတော်မှဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် မြန်မာနိုင်ငံ၏လက်ရှိစီးပွားရေး အခြေအနေများ၊ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့်ပြဿနာများကိုဖြေရှင်းရာတွင် စင်ကာပူနိုင်ငံအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများမှတစ်ဆင့် အာဆီယံနိုင်ငံ များအပေါ် ရိုက်ခတ်လာနိုင်သည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ နိုင်ငံသံအမတ်ကြီး H.E. Mr. Robert Chua နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စင်ကာပူနိုင်ငံခြားရေးဝန်ကြီးအား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။