တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး H.E. Mr. Kazuyuki NAKANE အားလက်ခံတွေ့ဆုံ



ထိုသို့တွေ့ဆုံစဉ် တပ်မတော်မှပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဆောင်ရွက်နေမှုကိစ္စရပ်များနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရန်အတွက် တပ်မတော်မှ ဆောင်ရွက် နေမှုအခြေအနေများ၊ ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နေမှုကိစ္စရပ်များ၊ ရခိုင်ပြည် နယ်ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်မှစုံစမ်းစစ်ဆေးမှုများဆောင်ရွက်ပြီး ထုတ်ပြန်ခဲ့မှုများအပေါ် ဂျပန်နိုင်ငံမှ အသိအမှတ်ပြုလက်ခံသည့်အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ခွာသွားသည့် ဘင်္ဂါလီ လူမျိုးများအား ဥပဒေနှင့်အညီစိစစ်လက်ခံရန်ကိစ္စရပ်များ၊ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားများစေလွှတ်မှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။



(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး H.E. Mr. Kazuyuki NAKANE အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ နို၀င်ဘာ – ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး H.E. Mr. Kazuyuki NAKANE အား ယနေ့ညနေပိုင်းတွင် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်မှပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဆောင်ရွက်နေမှုကိစ္စရပ်များနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရန်အတွက် တပ်မတော်မှ ဆောင်ရွက် နေမှုအခြေအနေများ၊ ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နေမှုကိစ္စရပ်များ၊ ရခိုင်ပြည် နယ်ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်မှစုံစမ်းစစ်ဆေးမှုများဆောင်ရွက်ပြီး ထုတ်ပြန်ခဲ့မှုများအပေါ် ဂျပန်နိုင်ငံမှ အသိအမှတ်ပြုလက်ခံသည့်အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိိုင်ငံသို့ထွက်ခွာသွားသည့် ဘင်္ဂါလီ လူမျိုးများအား ဥပဒေနှင့်အညီစိစစ်လက်ခံရန်ကိစ္စရပ်များ၊ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားများစေလွှတ်မှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Ichiro MARUYAMA ၊ စစ်သံမှူးနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။