တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Three Gorges Dam သို့သွားရောက်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၁

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၏ဖိတ္ၾကားခ်က္အရ တ႐ုတ္ႏုိင္ငံတြင္ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ဟူေပျပည္နယ္စစ္ ေဒသ၊ စစ္ေဒသမွဴး Maj. Gen. Ma Tao ႏွင့္ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရး တပ္မေတာ္မွအရာရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ)ဗုိလ္မွဴးခ်ဳပ္ တင့္ဆန္းႏွင့္တာ၀န္ရွိသူမ်ားလုိက္ပါၿပီး ယေန႔မြန္းလြဲပုိင္းတြင္ ဟူေပျပည္နယ္၊ Sandouping ၿမိဳ႕ရွိ Three Gorges Dam သုိ႔သြားေရာက္ ၾကည့္႐ႈေလ့လာသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Three Gorges Project Exhibition Centre သုိ႔ေရာက္ရွိရာ Three Gorges Dam တည္ေဆာက္ခဲ့မႈ အေျခအေနမ်ားအား ဗီဒီယုိမွတ္တမ္းမ်ားျဖင့္ ရွင္းလင္းျပသသည္။ ထုိ႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Three Gorges Dam ပုံစံငယ္ႏွင့္ ျပတုိက္ အတြင္းျပသထားသည့္ မွတ္တမ္းဓာတ္ပုံမ်ား၊ Three Gorges Dam တြင္တည္ေဆာက္ ထားသည့္ Shiplock ႏွင့္ Three Gorges Dam တည္ေဆာက္ထားမႈအေျခအေနမ်ားအား ၾကည့္႐ႈေလ့လာၾကရာ ဆန္းရွာဆည္ေျမာင္းတာတမံစီမံခန္႔ခြဲေရးဌာန၊ နည္းပညာ စီမံခန္႔ခြဲေရး႐ုံးဥကၠ႒ Mr. Guo Mian Ming ကလုိက္လံရွင္းလင္းျပသၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Three Gorges Left Bank Power Station သုိ႔ေရာက္ရွိၾကၿပီး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေနမႈ အေျခအေနမ်ားအား ၾကည့္႐ႈေလ့လာၾကရာ လွ်ပ္စစ္ထုတ္လုပ္ေရး႐ုံးအႀကီးအကဲ Mr. Li Zhi Xiang ကလုိက္လံရွင္းလင္း ျပသသည္။ ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စက္႐ုံရွိဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးၿပီး အဖြဲ႕၀င္မ်ားႏွင့္အတူ Three Gorges Dam ေရွ႕တြင္ အမွတ္တရစုေပါင္း ဓာတ္ပုံ႐ုိက္ၾကသည္။

အဆုိပါ Three Gorges Dam သည္ဟူေပျပည္နယ္၊ Yichang ေကာင္တီ၊ Yiling ခ႐ုိင္၊ Sandouping ၿမိဳ႕အနီးတြင္တည္ရွိၿပီး ၁၉၉၄ ခုႏွစ္တြင္ေရႀကီးမႈထိန္းခ်ဳပ္ေရး၊ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးႏွင့္ ေရေၾကာင္းသြားလာမႈအဆင္ေျပေစရန္ရည္ရြယ္၍ တ႐ုတ္ႏုိင္ငံပုိင္ China Three Gorges Corporation ကတည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ဆည္အမ်ိဳးအစားမွာ Concrete Gravity အမ်ိဳးအစားျဖစ္ၿပီး တမံအလ်ား ၂၃၃၅ မီတာ၊ အျမင့္ ၁၈၁ မီတာ၊ ေအာက္ေျခအက်ယ္ ၁၁၅ မီတာ၊ တမံထိပ္ပုိင္းအက်ယ္ ၄၀ မီတာရွိ ကာ ေရေလွာင္ပမာဏမွာ ၃၁၄၀၀၀၀၀ ဧကေပျဖစ္သည္။ အဆုိပါ Three Gorges Dam တြင္ Generator ၇၀၀ မဂၢါ၀ပ္ ၃၂ လုံး၊ ၅၀ မဂၢါ၀ပ္ ၂ လုံး တပ္ဆင္ထားကာႏွစ္စဥ္ လွ်ပ္စစ္စြမ္းအင္ပမာဏ ၈၇ တာရာ၀ပ္နာရီအထိထုတ္လုပ္ေပးၿပီး ႏုိင္ငံ၏ အလယ္ပုိင္းသုိ႔ ၅၂ ရာခုိင္ႏႈန္း၊ အေရွ႕ပုိင္းသုိ႔ ၃၂ ရာခုိင္ႏႈန္း၊ ကြမ္းတုံျပည္နယ္သုိ႔ ၁၆ ရာခုိင္ႏႈန္းျဖန္႔ျဖဴး လ်က္ရွိသည္။ Three Gorges Dam တြင္ သေဘၤာမ်ားျဖတ္သန္းသြားလာႏုိင္ရန္အတြက္ Two Way, Five-Step System Shiplock တစ္ခုႏွင့္ One Way, One Step Elevator တစ္ခုအားတပ္ဆင္ထားေၾကာင္းသိရွိရၿပီး အဆုိပါဆည္ႀကီးတည္ေဆာက္မႈကုန္က်ေငြမွာ တ႐ုတ္ယြမ္ေငြ ၁၈၀ ဘီလီယံ(အေမရိကန္ေဒၚလာ ၂၇ ဒသမ ၆ ဘီလီယံ)ျဖစ္ေၾကာင္း သိရွိရသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ဟူေပျပည္နယ္ စစ္ေဒသ၊ စစ္ေဒသမွဴး Maj. Gen. Ma Tao ကတည္ခင္းဧည့္ခံသည့္ ဂုဏ္ျပဳညစာ စားပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ Three Gorges Dam သို့သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ နို၀င်ဘာ – ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတွင်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဟူပေပြည်နယ်စစ် ဒေသ၊ စစ်ဒေသမှူး Maj. Gen. Ma Tao နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှအရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် တင့်ဆန်းနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် ဟူပေပြည်နယ်၊ Sandouping မြို့ရှိ Three Gorges Dam သို့သွားရောက် ကြည့်ရှုလေ့လာသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Three Gorges Project Exhibition Centre သို့ရောက်ရှိရာ Three Gorges Dam တည်ဆောက်ခဲ့မှု အခြေအနေများအား ဗီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်းပြသသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Three Gorges Dam ပုံစံငယ်နှင့် ပြတိုက် အတွင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ Three Gorges Dam တွင်တည်ဆောက် ထားသည့် Shiplock နှင့် Three Gorges Dam တည်ဆောက်ထားမှုအခြေအနေများအား ကြည့်ရှုလေ့လာကြရာ ဆန်းရှာဆည်မြောင်းတာတမံစီမံခန့်ခွဲရေးဌာန၊ နည်းပညာ စီမံခန့်ခွဲရေးရုံးဥက္ကဋ္ဌ Mr. Guo Mian Ming ကလိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Three Gorges Left Bank Power Station သို့ရောက်ရှိကြပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု အခြေအနေများအား ကြည့်ရှုလေ့လာကြရာ လျှပ်စစ်ထုတ်လုပ်ရေးရုံးအကြီးအကဲ Mr. Li Zhi Xiang ကလိုက်လံရှင်းလင်း ပြသသည်။ ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်ရုံရှိဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်များနှင့်အတူ Three Gorges Dam ရှေ့တွင် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ Three Gorges Dam သည်ဟူပေပြည်နယ်၊ Yichang ကောင်တီ၊ Yiling ခရိုင်၊ Sandouping မြို့အနီးတွင်တည်ရှိပြီး ၁၉၉၄ ခုနှစ်တွင်ရေကြီးမှုထိန်းချုပ်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ရေကြောင်းသွားလာမှုအဆင်ပြေစေရန်ရည်ရွယ်၍ တရုတ်နိုင်ငံပိုင် China Three Gorges Corporation ကတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဆည်အမျိုးအစားမှာ Concrete Gravity အမျိုးအစားဖြစ်ပြီး တမံအလျား ၂၃၃၅ မီတာ၊ အမြင့် ၁၈၁ မီတာ၊ အောက်ခြေအကျယ် ၁၁၅ မီတာ၊ တမံထိပ်ပိုင်းအကျယ် ၄၀ မီတာရှိ ကာ ရေလှောင်ပမာဏမှာ ၃၁၄၀၀၀၀၀ ဧကပေဖြစ်သည်။ အဆိုပါ Three Gorges Dam တွင် Generator ရ၀၀ မဂ္ဂါ၀ပ် ၃၂ လုံး၊ ၅၀ မဂ္ဂါ၀ပ် ၂ လုံး တပ်ဆင်ထားကာနှစ်စဉ် လျှပ်စစ်စွမ်းအင်ပမာဏ ၈၇ တာရာဝပ်နာရီအထိထုတ်လုပ်ပေးပြီး နိုင်ငံ၏ အလယ်ပိုင်းသို့ ၅၂ ရာခိုင်နှုန်း၊ အရှေ့ပိုင်းသို့ ၃၂ ရာခိုင်နှုန်း၊ ကွမ်းတုံပြည်နယ်သို့ ၁၆ ရာခိုင်နှုန်းဖြန့်ဖြူး လျက်ရှိသည်။ Three Gorges Dam တွင် သင်္ဘောများဖြတ်သန်းသွားလာနိုင်ရန်အတွက် Two Way, Five-Step System Shiplock တစ်ခုနှင့် One Way, One Step Elevator တစ်ခုအားတပ်ဆင်ထားကြောင်းသိရှိရပြီး အဆိုပါဆည်ကြီးတည်ဆောက်မှုကုန်ကျငွေမှာ တရုတ်ယွမ်ငွေ ၁၈၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၆ ဘီလီယံ)ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဟူပေပြည်နယ် စစ်ဒေသ၊ စစ်ဒေသမှူး Maj. Gen. Ma Tao ကတည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။