တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့သို့ ရောက်ရှိ၊ သံရုံး၊ စစ်သံရုံးမိသားစုများအားတွေ့ဆုံအမှာစကားပြောကြား

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၂

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၏ဖိတ္ၾကားခ်က္အရတ႐ုတ္ႏုိင္ငံ ယိခ်န္းၿမိဳ႕တြင္ ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ ပုိင္းတြင္ Sanxia ေလဆိပ္မွ ထြက္ခြာၾကရာ ဟူေပျပည္နယ္စစ္ေဒသ၊ စစ္ေဒသမွဴး Maj. Gen. Ma Tao ႏွင့္ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္မွအရာရွိႀကီးမ်ားက ေလဆိပ္တြင္ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့့္အဖြဲ႕၀င္မ်ားသည္ ေပက်င္းၿမိဳ႕ရွိ Nanyuan ေလဆိပ္သုိ႔ေရာက္ရွိၾကရာ အာရွေရးရာဗ်ဴ႐ုိမွဴး Sir. Col. Liu Zhongbin ႏွွင့္ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္မွ အရာရွိႀကီးမ်ားကႀကိဳဆုိႏႈတ္ဆက္ ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ေန႔လယ္ပုိင္းတြင္ တ႐ုတ္ႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံ႐ုံးသုိ႔ ေရာက္ရွိၾကရာ သံ႐ုံး၊ စစ္သံ႐ုံး မိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားအရာရွိမ်ားက ႀကိဳဆုိ ႏႈတ္ဆက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ သင္တန္းသားမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ မိမိ၏ ခရီးစဥ္သည္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္ၾကား ခ်စ္ၾကည္ရင္းႏီွးမႈကုိျမႇင့္တင္ေရးအတြက္ လာေရာက္သည့္ ခရီးစဥ္ျဖစ္ေၾကာင္း၊ သက္ဆုိင္ရာလုပ္ငန္းအလိုက္ ထမ္းေဆာင္ေနရသည့္ တာ၀န္မ်ားအား ေက်ပြန္ေအာင္ထမ္းေဆာင္ၿပီး မိမိတုိ႔ႏုိင္ငံအတြက္အက်ိဳးရွိေအာင္ ေဆာင္ရြက္ရန္လုိေၾကာင္း၊ မိမိတုိ႔ဆက္ဆံေရးမွတစ္ဆင့္ ႏွစ္ႏုိင္ငံ ဆက္ဆံေရးကုိ ပုိမုိတုိးတက္ေကာင္းမြန္ေအာင္ေဆာင္ရြက္ရန္ႏွင့္ ထုတ္ျပန္ထားသည့္စည္းကမ္းမ်ားအား လုိက္နာေဆာင္ရြက္ရန္လုိေၾကာင္းမွာၾကားၿပီး ျမန္မာႏုိင္ငံ၏ ႏုိင္ငံေရး ေျပာင္းလဲမႈမ်ားႏွင့္ လက္ရွိေလွ်ာက္လွမ္းလ်က္ရွိသည့္ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ခုိင္ခုိင္မာမာ ေလွ်ာက္လွမ္းေနမႈအေျခအေနမ်ားအား ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားႏွင့္ ပညာေတာ္သင္ သင္တန္းသားအရာရွိမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား၊ လက္ေဆာင္ ပစၥည္းမ်ားအားေပးအပ္ရာ သံအမတ္ႀကီး၊ စစ္သံမွဴးႏွင့္ သံ႐ုံး၊ စစ္သံ႐ုံးမိသားစုမ်ားက လက္ခံရယူခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့သို့ ရောက်ရှိ၊ သံရုံး၊ စစ်သံရုံးမိသားစုများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ နို၀င်ဘာ – ၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ဖိတ်ကြားချက်အရတရုတ်နိုင်ငံ ယိချန်းမြို့တွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် Sanxia လေဆိပ်မှ ထွက်ခွာကြရာ ဟူပေပြည်နယ်စစ်ဒေသ၊ စစ်ဒေသမှူး Maj. Gen. Ma Tao နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှအရာရှိကြီးများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့့်အဖွဲ့ဝင်များသည် ပေကျင်းမြို့ရှိ Nanyuan လေဆိပ်သို့ရောက်ရှိကြရာ အာရှရေးရာဗျူရိုမှူး Sir. Col. Liu Zhongbin နှှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီးများကကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိ၏ ခရီးစဉ်သည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်ရေးအတွက် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းအလိုက် ထမ်းဆောင်နေရသည့် တာဝန်များအား ကျေပွန်အောင်ထမ်းဆောင်ပြီး မိမိတို့နိုင်ငံအတွက်အကျိုးရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ဆက်ဆံရေးမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရန်နှင့် ထုတ်ပြန်ထားသည့်စည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်လိုကြောင်းမှာကြားပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုများနှင့် လက်ရှိလျှောက်လှမ်းလျက်ရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင် ပစ္စည်းများအားပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက လက်ခံရယူခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။