တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ကဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၂

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အား တ႐ုတ္ႏုိင္ငံဗဟုိ စစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng က ယေန႔မြန္းလြဲပုိင္းတြင္ ေပက်င္းၿမိဳ႕ရွိ Ba Yi ခန္းမေဆာင္၌ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆိုသည္။

အဆုိပါဂုဏ္ျပဳႀကိဆုိပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္္မာႏုိင္ငံ သံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္း တုိ႔တက္ေရာက္ၾကၿပီး တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ႏွင့္အတူ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆုိမည့္ ေနရာသုိ႔ေရာက္ရွိရာ Gen. Li Zuocheng ႀကိဳဆုိႏႈတ္ဆက္သည္။ထုိ႔ေနာက္ ႏွစ္ႏုိင္ငံ တပ္မေတာ္အရာရွိႀကီးမ်ားအား အျပန္အလွန္မိတ္ဆက္ေပးၾကသည္။ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကုိခံယူၿပီး တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန စစ္ဦးစီးခ်ဳပ္ႏွင့္္အတူ ဂုဏ္ျပဳတပ္ဖြဲ႕အားစစ္ေဆးသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ႏုိင္ငံဗဟုိ စစ္ေကာ္မရွင္ အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္တုိ႔သည္ Ba Yi ခန္းမေဆာင္ရွိ အစည္းအေ၀း ခန္းမတြင္ေတြ႕ဆုံေဆြးေႏြးၾကသည္။

ထုိသုိ႔ေတြ႕ဆုံေဆြးေႏြးရာတြင္ ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သုိ႔ ခ်စ္ၾကည္ေရးခရီးစဥ္ ဖိတ္ၾကားမႈအတြက္ေက်းဇူးတင္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏုိင္ငံသည္ ေရွးယခင္ကတည္းက ေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရးရွိခဲ့ၿပီး မိတ္ေဆြေဟာင္း၊ မိတ္ေဆြေကာင္းႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံယဥ္ေက်းမႈမ်ားတူညီ ပါေၾကာင္း၊ ယခုကဲ့သုိ႔ေတြ႕ဆုံေဆြးေႏြးမႈမွတစ္ဆင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးပုိမုိတုိးတက္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ ထုိမွတစ္ဆင့္ႏွစ္ႏုိင္ငံနယ္စပ္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးကုိမ်ားစြာအေထာက္အကူျပဳ ႏုိင္မည္ျဖစ္ေၾကာင္းႏွင့္ ရခုိင္ျပည္နယ္အေရးကိစၥတြင္လည္း ႏုိင္ငံတကာမ်က္ႏွာစာ၌ တ႐ုတ္ႏုိင္ငံက ျမန္မာႏုိင္ငံဘက္မွရပ္တည္ေပးသည့္အတြက္ ေက်းဇူးအထူးပင္တင္ရွိ ေၾကာင္း ေဆြးေႏြးေျပာၾကားသည္။

ယင္းေနာက္ Gen. Li Zuocheng ကေဆြးေႏြးေျပာၾကားရာတြင္ ႏွစ္ႏုိင္ငံ ေတာေတာင္ေရေျမဆက္စပ္လ်က္ရွိၿပီး ျပည္သူမ်ားအခ်င္းခ်င္းလည္း ခ်စ္ၾကည္ရင္းႏွီးမႈ မ်ားရွိေၾကာင္း၊ ယခုကဲ့သုိ႔ တပ္မေတာ္ႏွစ္ရပ္အၾကားဆက္ဆံမႈမွသည္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ားကုိ ပုိမုိတုိးတက္ရရွိေစမည္ျဖစ္ေၾကာင္း၊ ျမန္မာ ႏုိင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ သဘာ၀ေဘးအႏၲရာယ္က်ေရာက္ ခ်ိန္မ်ားတြင္လည္း ကူညီေထာက္ပံေပးခဲ့ၿပီး အကူအညီမ်ားဆက္လက္ေပးသြားမည္ ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံအဆင့္အလုိက္နီးနီးကပ္ကပ္ဆက္ဆံေဆာင္ရြက္ျခင္းျဖင့္ နယ္စပ္ ေဒသျပႆနာမ်ားအားအတတ္ႏုိင္ဆုံးေျဖရွင္းေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း၊ ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥတြင္လည္း ျမန္မာႏုိင္ငံသည္တ႐ုတ္ႏုိင္ငံဘက္မွ ရပ္တည္ေပးခဲ့သည့္အတြက္ေက်းဇူးတင္ရွိေၾကာင္းေဆြးေႏြးေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ႏွစ္ရပ္အၾကား ေလ့က်င့္ေရးက႑၊ က်န္းမာေရးက႑၊ ပညာေရးက႑ႏွင့္ အားကစားက႑မ်ားတြင္ပူးေပါင္းေဆာင္ရြက္ေရး၊ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရး၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္းေအးခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္ ရြက္ေရး၊ တပ္မေတာ္ယဥ္ေက်းမႈအဖြဲ႕မ်ားအျပန္အလွန္ေစလႊတ္ၿပီး ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္ ခ်စ္ၾကည္ရင္းႏွီးမႈပုိမုိျမႇင့္တင္ေဆာင္ရြက္ႏုိင္ေရးကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ယင္းေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္တ႐ုတ္ႏုိင္ငံ ဗဟုိစစ္ေကာ္မရွင္ အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္တုိ႔သည္ တက္ေရာက္လာၾကသည့္ႏွစ္ႏုိင္ငံ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။

ဆက္လက္ၿပီး ညပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္ အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္က ဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ကဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နို၀င်ဘာ – ၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng က ယနေ့မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိ Ba Yi ခန်းမဆောင်၌ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

အဆိုပါဂုဏ်ပြုကြိဆိုပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန််မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်း တို့တက်ရောက်ကြပြီး တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုမည့် နေရာသို့ရောက်ရှိရာ Gen. Li Zuocheng ကြိုဆိုနှုတ်ဆက်သည်။ထို့နောက် နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြသည်။ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်နှင့််အတူ ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။

၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ်တို့သည် Ba Yi ခန်းမဆောင်ရှိ အစည်းအဝေး ခန်းမတွင်တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ရှေးယခင်ကတည်းက ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိခဲ့ပြီး မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှုများတူညီ ပါကြောင်း၊ ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိုများစွာအထောက်အကူပြု နိုင်မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အရေးကိစ္စတွင်လည်း နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှရပ်တည်ပေးသည့်အတွက် ကျေးဇူးအထူးပင်တင်ရှိ ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် Gen. Li Zuocheng ကဆွေးနွေးပြောကြားရာတွင် နှစ်နိုင်ငံ တောတောင်ရေမြေဆက်စပ်လျက်ရှိပြီး ပြည်သူများအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးမှု များရှိကြောင်း၊ ယခုကဲ့သို့ တပ်မတော်နှစ်ရပ်အကြားဆက်ဆံမှုမှသည် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ရရှိစေမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် သဘာဝဘေးအန္တရာယ်ကျရောက် ချိန်များတွင်လည်း ကူညီထောက်ပံပေးခဲ့ပြီး အကူအညီများဆက်လက်ပေးသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအဆင့်အလိုက်နီးနီးကပ်ကပ်ဆက်ဆံဆောင်ရွက်ခြင်းဖြင့် နယ်စပ် ဒေသပြဿနာများအားအတတ်နိုင်ဆုံးဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်အရေးကိစ္စတွင်လည်း မြန်မာနိုင်ငံသည်တရုတ်နိုင်ငံဘက်မှ ရပ်တည်ပေးခဲ့သည့်အတွက်ကျေးဇူးတင်ရှိကြောင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် အားကစားကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးအတွက် ပူးပေါင်းဆောင် ရွက်ရေး၊ တပ်မတော်ယဉ်ကျေးမှုအဖွဲ့များအပြန်အလှန်စေလွှတ်ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှုပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ်တို့သည် တက်ရောက်လာကြသည့်နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ်က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။