တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang နှင့် တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၃

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ႏုိင္ငံဗဟုိ စစ္ေကာ္မရွင္ဒုတိယ ဥကၠ႒ Gen. Xu Qiliang ႏွင့္ ယေန႔ညေနပုိင္းတြင္ ေပက်င္းၿမိဳ႕၊ ေက်ာက္ယုထုိင္ႏုိင္ငံေတာ္ဧည့္ေဂဟာတြင္ ေတြ႕ဆုံေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္းတုိ႔တက္ေရာက္ၾကၿပီး တ႐ုတ္ႏုိင္ငံဗဟုိ စစ္ေကာ္မရွင္ဒုတိယဥကၠ႒ႏွင့္အတူ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရး တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္ ဒုတိယဥကၠ႒တုိ႔သည္ တက္ေရာက္လာၾကသည့္ ႏွစ္ႏုိင္ငံတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ႏုိင္ငံ ဗဟုိစစ္ေကာ္မရွင္ ဒုတိယဥကၠ႒တုိ႔သည္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈ မဟာဗ်ဴဟာမိတ္ဘက္ဆက္ဆံေရးအေျခအေနမ်ား၊ ရခုိင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့သည့္ ဘဂၤါလီအၾကမ္းဖက္တုိက္ခုိက္မႈကိစၥရပ္မ်ားတြင္ တ႐ုတ္ႏုိင္ငံသည္ ျမန္မာႏုိင္ငံဘက္မွ ရပ္တည္ေဆာင္ရြက္ေပးခဲ့မႈအေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈမ်ား တုိးျမႇင့္ေဆာင္ရြက္ေရးဆုိင္ရာကိစၥရပ္မ်ား၊ (၁၉)ႀကိမ္ေျမာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီညီလာခံ ေအာင္ျမင္စြာက်င္းပႏုိင္ခဲ့ၿပီး တ႐ုတ္ႏုိင္ငံ၏အနာဂါတ္ဖြံ႕ၿဖိဳးတုိးတက္ေရး မဟာဗ်ဴဟာမ်ား၊ မူ၀ါဒလမ္းစဥ္မ်ားခ်မွတ္ႏုိင္ခဲ့မႈႏွင့္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးဆုိင္ရာ ကိစၥရပ္မ်ားအား ခင္မင္ရင္းႏွီးစြာအျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ဆက္လက္ၿပီး ညပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕အား တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္ ဒုတိယဥကၠ႒က ဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံသည္။ ညစာစားပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္ဒုတိယဥကၠ႒တုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နို၀င်ဘာ – ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ Gen. Xu Qiliang နှင့် ယနေ့ညနေပိုင်းတွင် ပေကျင်းမြို့၊ ကျောက်ယုထိုင်နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်းတို့တက်ရောက်ကြပြီး တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌတို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌတို့သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မဟာဗျူဟာမိတ်ဘက်ဆက်ဆံရေးအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအကြမ်းဖက်တိုက်ခိုက်မှုကိစ္စရပ်များတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏အနာဂါတ်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ၊ မူဝါဒလမ်းစဉ်များချမှတ်နိုင်ခဲ့မှုနှင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌက ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံသည်။ ညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။