တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Beijing ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၂၄

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ေပက်င္းၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ တင့္ဆန္းတုိ႔လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ Beijing ျပတုိက္သုိ႔ သြားေရာက္ၾကည့္႐ႈေလ့လာသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕၀င္မ်ားသည္ Beijing ျပတုိက္အတြင္းရွိ သမၼတရွီက်င့္ဖ်င္၏ ၂၀၁၂ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္၊ ၅ ႏွစ္စီမံကိန္းကာလအတြင္းရရွိခဲ့သည့္ ေအာင္ျမင္မႈ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္း ျပသၾကသည္။

အဆုိပါ Beijing ျပတုိက္သည္ ေပက်င္းၿမိဳ႕ Tiannanmen ရင္ျပင္၏ အေရွ႕ဘက္ျခမ္းတြင္တည္ရွိၿပီး တ႐ုတ္ႏုိင္ငံ၏ ဖြံ႕ၿဖိဳးတုိးတက္မႈမ်ားကုိ က႑အလိုက္ျပခန္း ၂၈ ခန္းျဖင့္ ေခတ္မီနည္းပညာမ်ား အသုံးျပဳ၍ျပသထားသည္။ ၄င္းျပတုိက္ကုိ ၁၉၅၉ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ၿပီး ကမၻာ့အႀကီးဆုံး ျပတုိက္မ်ားတြင္ တစ္ခုအပါအ၀င္ျဖစ္ကာ အက်ယ္အ၀န္းစတုရန္းမီတာ ၈၀၀၀ ေက်ာ္က်ယ္၀န္းသည္။ ယခုျပခန္းမ်ားကုိ ျပခန္းသစ္မ်ားအျဖစ္ ျပင္ဆင္ျပသထားျခင္းျဖစ္သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ Beijing ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ နို၀င်ဘာ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် တင့်ဆန်းတို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် Beijing ပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် Beijing ပြတိုက်အတွင်းရှိ သမ္မတရှီကျင့်ဖျင်၏ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ ၅ နှစ်စီမံကိန်းကာလအတွင်းရရှိခဲ့သည့် အောင်မြင်မှု ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါ Beijing ပြတိုက်သည် ပေကျင်းမြို့ Tiannanmen ရင်ပြင်၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကဏ္ဍအလိုက်ပြခန်း ၂၈ ခန်းဖြင့် ခေတ်မီနည်းပညာများ အသုံးပြု၍ပြသထားသည်။ ၄င်းပြတိုက်ကို ၁၉၅၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ပြတိုက်များတွင် တစ်ခုအပါအဝင်ဖြစ်ကာ အကျယ်အဝန်းစတုရန်းမီတာ ၈၀၀၀ ကျော်ကျယ်ဝန်းသည်။ ယခုပြခန်းများကို ပြခန်းသစ်များအဖြစ် ပြင်ဆင်ပြသထားခြင်းဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။