တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကြည်းတပ်အထူးစစ်ဆင်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုလေ့လာ၊ တောင်ပိုင်းစစ်နယ်ဝန်းဌာနချုပ်၊ ဌာနချုပ်မှူးနှင့်တွေ့ဆုံဆွေးနွေး

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၅

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ကြမ္က်ိဳးၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္းတုိ႔လုိက္ပါၿပီး ယေန႔နံနက္ပုိင္းတြင္ ၾကည္းတပ္အထူးစစ္ဆင္ေရးသင္တန္းေက်ာင္းသုိ႔ သြားေရာက္ေလ့လာၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား ၾကည္းတပ္အထူးစစ္ဆင္ေရးသင္တန္းေက်ာင္း ေက်ာင္းအုပ္ႀကီး Brig. Gen. Xiao Qin Liang ႏွင့္တာ၀န္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး ျမန္မာႏုိင္ငံအပါအ၀င္ ႏုိင္ငံတကာမွသင္တန္းသားမ်ား သင္တန္းတက္ေရာက္ေနမႈအေျခအေနမ်ားႏွင့္ သင္တန္းပုိ႔ခ်ေပးေနမႈအေျခအေနမ်ားအား Powerpoint ျဖင့္ ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအား ေမးျမန္းေဆြးေႏြးသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ား၊ သင္တန္းေက်ာင္း ေက်ာင္းအုပ္ႀကီးႏွင့္ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္မွ အရာရွိႀကီးမ်ားသည္ သင္တန္းေက်ာင္းအေဆာက္အဦေရွ႕တြင္ အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သင္တန္းသားမ်ားအား သင္တန္းနည္းျပမ်ားမွ ေလ့က်င့္ေပးေနမႈအေျခအေနမ်ား၊ အေ၀းထိန္းမုိင္းရွင္းယာဥ္ ေလ့က်င့္ေမာင္းႏွင္မႈ၊ သင္တန္းသားအိပ္ေဆာင္ႏွင့္စားရိပ္သာအတြင္း လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ ေက်ာင္းအုပ္ႀကီးက လုိက္လံရွင္းလင္းျပသသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံမွသင္တန္းတက္ေရာက္လ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၍ သင္တန္းတက္ေရာက္ေနမႈ အေျခအေနမ်ားအား ေမးျမန္းအားေပးစကားေျပာၾကားၿပီး ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေတာင္ပုိင္းစစ္နယ္၀န္းဌာနခ်ဳပ္သုိ႔ေရာက္ရွိၾကရာ ဌာနခ်ဳပ္မွဴး Vice Admiral Yuan Yubai ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား ေတာင္ပုိင္း စစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္မွ Sr. Col. Lei Neng က ေတာင္ပုိင္းစစ္နယ္၀န္းႏွင့္ဆက္စပ္လ်က္ရွိသည့္အိမ္နီးခ်င္းႏုိင္ငံမ်ားႏွင့္ဆက္ဆံမႈအေျခအေနမ်ား၊ ေတာင္ပုိင္းစစ္နယ္၀န္း၏ လုပ္ငန္းတာ၀န္မ်ား၊ တပ္ျဖန္႔ခြဲထားရွိမႈႏွင့္ ျပည္သူ႕စစ္တပ္ဖြဲ႔မ်ားဖြဲ႕စည္းထားရွိမႈ အေျခအေနမ်ားအား Powerpoint ျဖင့္ ရွင္းလင္းတင္ျပသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေတာင္ပုိင္းစစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴးတုိ႔သည္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္ႏွစ္ရပ္အၾကား ေတြ႕ဆုံေဆြးေႏြးမႈမ်ား၊ ပူးေပါင္းေဆာင္ရြက္မႈမ်ားတုိးျမႇင့္ေရးဆုိင္ရာကိစၥရပ္မ်ား၊ နယ္စပ္ေဒသဖြံ႔ၿဖိဳးတုိးတက္ေရးႏွင့္ နယ္စပ္ေဒသတစ္ေလွ်ာက္ ပူးတြဲေဆာင္ရြက္ေရးကိစၥရပ္မ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကားခ်စ္ၾကည္ရင္းႏွီးမႈ ပုိမုိ ျမႇင့္တင္ေရးဆုိင္ရာကိစၥရပ္မ်ား၊ ခ်စ္ၾကည္ေရးအားကစားအဖြဲ႕မ်ားႏွင့္ ခ်စ္ၾကည္ေရးခရီးစဥ္မ်ားအျပန္အလွန္လည္ပတ္ေရးဆုိင္ရာကိစၥရပ္မ်ားကုိ ရင္းႏီွးပြင့္လင္းစြာေဆြးေႏြးခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား ေတာင္ပုိင္းစစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴးက ဂုဏ္ျပဳေန႔လယ္စာျဖင့္ တည္ခင္းဧည့္ခံသည္။ ေန႔လယ္စာသုံးေဆာင္အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ေတာင္ပုိင္းစစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကြည်းတပ်အထူးစစ်ဆင်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုလေ့လာ၊ တောင်ပိုင်းစစ်နယ်ဝန်းဌာနချုပ်၊ ဌာနချုပ်မှူးနှင့်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နို၀င်ဘာ – ၂၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်းတို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် ကြည်းတပ်အထူးစစ်ဆင်ရေးသင်တန်းကျောင်းသို့ သွားရောက်လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ကြည်းတပ်အထူးစစ်ဆင်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး Brig. Gen. Xiao Qin Liang နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှသင်တန်းသားများ သင်တန်းတက်ရောက်နေမှုအခြေအနေများနှင့် သင်တန်းပို့ချပေးနေမှုအခြေအနေများအား Powerpoint ဖြင့် ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီးများသည် သင်တန်းကျောင်းအဆောက်အဦရှေ့တွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းသားများအား သင်တန်းနည်းပြများမှ လေ့ကျင့်ပေးနေမှုအခြေအနေများ၊ အဝေးထိန်းမိုင်းရှင်းယာဉ် လေ့ကျင့်မောင်းနှင်မှု၊ သင်တန်းသားအိပ်ဆောင်နှင့်စားရိပ်သာအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ ကျောင်းအုပ်ကြီးက လိုက်လံရှင်းလင်းပြသသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံမှသင်တန်းတက်ရောက်လျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သင်တန်းတက်ရောက်နေမှု အခြေအနေများအား မေးမြန်းအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ပိုင်းစစ်နယ်ဝန်းဌာနချုပ်သို့ရောက်ရှိကြရာ ဌာနချုပ်မှူး Vice Admiral Yuan Yubai နှင့်တပ်မတော်အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက် ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား တောင်ပိုင်း စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်မှ Sr. Col. Lei Neng က တောင်ပိုင်းစစ်နယ်ဝန်းနှင့်ဆက်စပ်လျက်ရှိသည့်အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံမှုအခြေအနေများ၊ တောင်ပိုင်းစစ်နယ်ဝန်း၏ လုပ်ငန်းတာဝန်များ၊ တပ်ဖြန့်ခွဲထားရှိမှုနှင့် ပြည်သူ့စစ်တပ်ဖွဲ့များဖွဲ့စည်းထားရှိမှု အခြေအနေများအား Powerpoint ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးတို့သည် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှစ်ရပ်အကြား တွေ့ဆုံဆွေးနွေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသတစ်လျှောက် ပူးတွဲဆောင်ရွက်ရေးကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်းနှီးမှု ပိုမို မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ချစ်ကြည်ရေးအားကစားအဖွဲ့များနှင့် ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ နေ့လယ်စာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။