နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော အောင်မြင်မှုများနှင့် ချစ်ကြည်ရေးခရီးစဉ်

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ႏုိ၀င္ဘာ ၂၁ ရက္ေန႔တြင္ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီးစဥ္ ေရာက္ရွိလ်က္ရွိရာ ႏုိ၀င္ဘာ ၂၄ ရက္ေန႔တြင္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ သမၼတ Mr. Xi Jinping ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ယင္းမတုိင္မီတြင္ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၊ တ႐ုတ္ႏုိင္ငံ ဗဟုိစစ္ေကာ္မရွင္ ဒုတိယဥကၠ႒ Gen. Xu Qiliang တို႔ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

သမၼတႀကီး Mr. Xi Jinping က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ခ်စ္ၾကည္ေရးခရီးစဥ္သည္ ထူးျခားသည့္ ခရီးစဥ္ျဖစ္ပါေၾကာင္း၊ တစ္ကမၻာလုံး အာ႐ုံစုိက္ခံရေသာအေရးႀကီးသည့္ (၁၉)ႀကိမ္ေျမာက္ ကြန္ျမဴနစ္ပါတီ ညီလာခံႀကီး ေအာင္ျမင္စြာက်င္းပႏုိင္ခဲ့ၿပီးခ်ိန္ႏွင့္ ခ်စ္ၾကည္ေရးခရီးစဥ္ လာေရာက္ခ်ိန္ တုိက္ဆုိင္မႈရွိပါေၾကာင္း၊ ပါတီညီလာခံအၿပီးတြင္ ပထမဆုံးလာေရာက္ေသာ ျပည္ပတပ္မေတာ္ေခါင္းေဆာင္လည္းျဖစ္၍ အေလးထားပါေၾကာင္း၊ ပါတီညီလာခံတြင္ တ႐ုတ္ႏုိင္ငံအတြက္ အေရးပါေသာ အနာဂါတ္ လူမႈစီးပြားေရးဖြံ႕ၿဖိဳးတုိးတက္မႈမ်ားအတြက္ သကၠရာဇ္ ၂၀၅၀ ျပည့္ႏွစ္အထိ ေဆာင္ရြက္မည့္ မူ၀ါဒ၊ လမ္းစဥ္၊ မဟာဗ်ဴဟာမ်ား ခ်မွတ္ခဲ့ေၾကာင္း၊ တ႐ုတ္ႏုိင္ငံ၏ဖြံ႕ၿဖိဳးတုိးတက္မႈကုိ ကမၻာ့ႏုိင္ငံမ်ားအတြက္မွ်ေ၀ရန္ျဖစ္ၿပီး ယင္းဖြံ႔ၿဖိဳးတိုးတက္မႈ သည္ အိမ္နီးခ်င္းျမန္မာႏုိင္ငံ၏ ဖြံ႕ၿဖိဳးတုိးတက္မႈအတြက္လည္း အေထာက္အကူေပးႏုိင္မည္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံႏွင့္ဆက္ဆံေရးသည္ သမုိင္းေၾကာင္းရွည္လ်ားလွၿပီး ေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရး၊ ဘက္ေပါင္းစုံ မဟာဗ်ဴဟာမိတ္ဖက္ဆက္ဆံေရးျဖစ္၍ ပူးေပါင္းေဆာင္ရြက္မႈမ်ား တုိးျမႇင့္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံတပ္မေတာ္ခ်င္း ဆက္ဆံေရးသည္လည္း ေကာင္းမြန္ခဲ့ၿပီး ယခုအခ်ိန္သည္ အေကာင္းဆုံး ျဖစ္ေသာေၾကာင့္ ပုိမုိ၍က်ယ္က်ယ္ျပန္႔ျပန္႔ ပူးေပါင္းေဆာင္ရြက္သြားရန္ တ႐ုတ္ျပည္သူ႕တပ္မေတာ္ကုိ ေထာက္ခံေပးထားေၾကာင္း၊ ႏုိင္ငံတကာမ်က္ႏွာစာႏွင့္ ေဒသတြင္းအေျခအေနမ်ားေပၚတြင္လည္း ဂ႐ုစုိက္၍ ေဆာင္ရြက္ခဲ့ရာ ရခုိင္ေဒသအေရးအတြက္ ျမန္မာႏုိင္ငံႏွင့္တပ္မေတာ္၏ ေဆာင္ရြက္ခ်က္မ်ားကုိ အသိအမွတ္ျပဳ ေထာက္ခံရပ္တည္ေပးခဲ့ေၾကာင္း၊ ဆက္လက္၍လည္း လုိအပ္သည့္ အကူအညီမ်ား ေဆာင္ရြက္ ေပးသြားမည္ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္လည္း တပ္မေတာ္ႏွစ္ရပ္ အၾကား ေတြ႕ဆုံေဆြးေႏြးမႈမ်ား တုိးျမႇင့္ေဆာင္ရြက္ျခင္းျဖင့္ ပုိမုိေကာင္းမြန္ေအာင္ ေဆာင္ရြက္ႏုိင္မည္ ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံအစုိးရ ေခါင္းေဆာင္မ်ားႏွင့္လည္း ဆက္ဆံေရးေကာင္းမြန္ လ်က္ရွိေၾကာင္း၊ ျမန္မာႏုိင္ငံ၏ အမ်ိဳးသားႏုိင္ငံေရးတြင္ တပ္မေတာ္ႏွင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ က႑သည္ လြန္စြာအေရးပါေၾကာင္း၊ ယခုခရီးစဥ္သည္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရး၊ ဘက္စုံမဟာဗ်ဴဟာ မိတ္ဖက္ဆက္ဆံေရး အတြက္ အထူးအေရးပါေသာခရီးစဥ္၊ ေအာင္ျမင္ေသာခရီးစဥ္ျဖစ္ပါေၾကာင္း၊ တ႐ုတ္ႏုိင္ငံသုိ႔ မၾကာခဏ လာေရာက္ရန္ ဖိတ္ၾကားပါေၾကာင္း ေျပာၾကားခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က (၁၉)ႀကိမ္ေျမာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ညီလာခံ ေအာင္ျမင္စြာ က်င္းပႏုိင္ခဲ့ၿပီး အနာဂါတ္တ႐ုတ္ႏုိင္ငံ စီးပြားေရး၊ လူမႈေရး ဖြံ႕ၿဖိဳးတုိးတက္မႈဆုိင္ရာ မူ၀ါဒလမ္းၫႊန္ခ်က္မ်ား ေအာင္ျမင္စြာခ်မွတ္ႏုိင္ျခင္း၊ သမၼတႀကီး Mr. Xi Jinping ပါတီအေထြေထြအတြင္းေရးမွဴး၊ ဗဟုိစစ္ေကာ္မရွင္ ဥကၠ႒အျဖစ္ ထပ္မံေရြးခ်ယ္တင္ေျမႇာက္ျခင္းတုိ႔အတြက္ ဂုဏ္ယူ၀မ္းေျမာက္ပါေၾကာင္း၊ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရး တည္ေဆာက္ႏုိင္မႈတြင္ ေဆြမ်ိဳးေပါက္ေဖာ္ဆက္ဆံေရးျဖင့္ ျမန္မာႏုိင္ငံႏွင့္ ျမန္မာ့တပ္မေတာ္ ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ တ႐ုတ္ႏုိင္ငံ၏အားေပးကူညီမႈမ်ား၊ ရခုိင္ေဒသျဖစ္စဥ္ႏွင့္ပတ္သက္၍ အေျခအေန မွန္မ်ားကုိ သိရွိနားလည္ကာ ျမန္မာႏုိင္ငံအေပၚ ႏုိင္ငံတကာမ်က္ႏွာစာတြင္ ေထာက္ခံရပ္တည္ ေပးမႈမ်ားသည္ ျမန္မာႏုိင္ငံ၏ မိတ္ေဆြေကာင္း၊ မဟာဗ်ဴဟာမိတ္ဖက္ႏုိင္ငံအျဖစ္ သက္ေသျပလုိက္ျခင္းပင္ျဖစ္ေၾကာင္း၊ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီး Mr. Wang Yi လာေရာက္စဥ္ ထြက္ေျပးဘဂၤါလီမ်ား ဥပေဒႏွင့္အညီ ျပန္လည္လက္ခံေရးတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ ေဆြးေႏြးညႇိႏႈိင္းေရး၊ ရခုိင္ေဒသဖြံ႔ၿဖိဳးတုိးတက္မႈ ေဆာင္ရြက္ေရး၊ ေဒသလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေအာင္ ေဆာင္ရြက္ေရး၊ အႀကံျပဳမႈမ်ားကုိလည္း မိမိတုိ႔ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ ရခုိင္ပဋိပကၡသည္ ျမန္မာႏုိင္ငံတစ္ႏုိင္ငံအတြက္ သာမဟုတ္ဘဲ အိမ္နီးခ်င္း ႏုိင္ငံမ်ားႏွင့္ ေဒသတြင္းလုံၿခဳံေရးကုိပါ စုိးရိမ္ရႏုိင္သည့္ အလားအလာရွိ၍ အဘက္ဘက္မွ စဥ္းစားသုံးသပ္ကာ အိမ္နီးခ်င္းႏုိင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားရန္လုိအပ္ေၾကာင္း၊ တ႐ုတ္ႏုိင္ငံ၏ One Belt ၊ One Road အစီအစဥ္သည္ ျမန္မာႏုိင္ငံအပါအ၀င္ ႏုိင္ငံမ်ားစြာ၏ ဖြံ႕ၿဖိဳးတုိးတက္ေရးကုိ အေထာက္အကူေပးႏုိင္ပါေၾကာင္း၊ ျမန္မာႏုိင္ငံ၏ ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ားကုိ ၂၀၁၁ ခုႏွစ္မွစ၍ေဆာင္ရြက္ခဲ့ရာ အခက္အခဲမ်ားစြာကုိ ေက်ာ္လႊားႏုိင္ေအာင္ ႀကိဳးစားေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ျမန္မာႏုိင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ တပ္မေတာ္သည္ ျမန္မာႏုိင္ငံ၏ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ဦးတည္ေဆာင္ရြက္လ်က္ရွိရာ အိမ္နီးခ်င္း တ႐ုတ္ႏုိင္ငံႏွင့္ခ်စ္ၾကည္ရင္းႏွီးမႈ၊ တပ္မေတာ္ခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈမ်ားမွတစ္ဆင့္ တုိးတက္မႈမ်ား ရရွိႏုိင္ေစမည္ျဖစ္ေၾကာင္း၊ ဗဟုိစစ္ေကာ္မရွင္ အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၊ တ႐ုတ္ႏုိင္ငံဗဟုိစစ္ေကာ္မရွင္ ဒုတိယဥကၠ႒ Gen. Xu Qiliang တုိ႔ႏွင့္ ေဆြးေႏြးမႈမ်ားမွရရွိခဲ့ေသာ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈ သေဘာတူညီခ်က္မ်ား အေကာင္အထည္ေဖာ္ႏုိင္ေရး အတြက္ သမၼတႀကီး၏ ေထာက္ခံကူညီအားေပးမႈမ်ားျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ယခုခရီးစဥ္တြင္ တ႐ုတ္ႏုိင္ငံ၏ ဖြံ႕ၿဖိဳးတုိးတက္မႈမ်ားကုိ ေလ့လာခြင့္ရရွိခဲ့ၿပီး ကမၻာ့အံ့ဖြယ္စာရင္း၀င္ Three Gorges Dam ကုိ ေလ့လာခဲ့ရာတြင္ အခက္အခဲေပါင္းမ်ားစြာကုိ ေက်ာ္လႊားေဆာင္ရြက္ႏုိင္ခဲ့သည့္ တ႐ုတ္ေခါင္းေဆာင္ႀကီးမ်ား၏ အေျမာ္အျမင္ႀကီးမားမႈ၊ ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးႏွင့္ ေရႀကီးေရလွ်ံမႈ သဘာ၀ေဘးအႏၲရာယ္ ကာကြယ္ေရး အတြက္ ယခုအခါ ျပည္သူလူထုေကာင္းစြာအက်ိဳးခံစားေနရမႈ၊ တ႐ုတ္ပညာရွင္မ်ား၏ အင္ဂ်င္နီယာ အတတ္ပညာတုိ႔ကုိ မ်က္ျမင္ကုိယ္ေတြ႕သိရွိခြင့္ရသျဖင့္ မ်ားစြာအက်ိဳးရွိပါေၾကာင္း၊ (၁၉)ႀကိမ္ေျမာက္ ပါတီညီလာခံအၿပီး ပထမဆုံးလာေရာက္ခြင့္ရေသာ ျပည္ပတပ္မေတာ္ေခါင္းေဆာင္အျဖစ္ သမၼတႀကီးက အေလးအနက္ထားသည့္အတြက္လည္း ၀မ္းေျမာက္ဂုဏ္ယူပါေၾကာင္း၊ ႏုိင္ငံေတာ္၏ အနာဂါတ္ႏွင့္ တပ္မေတာ္၏ မ်ိဳးဆက္သစ္ေခါင္းေဆာင္မ်ားအတြက္ ႀကိဳးစားေဆာင္ရြက္ ေပးလ်က္ရွိပါေၾကာင္း၊ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ တပ္မေတာ္ႏွစ္ရပ္အၾကား ေတြ႕ဆုံေဆြးေႏြးမႈမ်ားကုိ ညီအစ္ကုိစိတ္ထားမ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ မိမိ၏ခရီးစဥ္သည္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးႏွင့္ ပူးေပါင္းေဆာင္ရြက္ေရး ကုိ ျမႇင့္တင္ႏုိင္သည့္အတြက္ ေအာင္ျမင္သည့္ ခရီးစဥ္ျဖစ္ပါေၾကာင္း ျပန္လည္ေဆြးေႏြးေျပာၾကားခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ တ႐ုတ္ႏုိင္ငံခ်စ္ၾကည္ေရးခရီးစဥ္သည္ ႏုိ၀င္ဘာလ ၂၁ ရက္မွ ၂၆ ရက္ေန႔ အထိျဖစ္ၿပီး ခရီးစဥ္အတြင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဗဟုိစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာနစစ္ဦးစီးခ်ဳပ္ Gen. Li Zuocheng ၊ တ႐ုတ္ႏုိင္ငံဗဟုိ စစ္ေကာ္မရွင္ဒုတိယဥကၠ႒ Gen. Xu Qiliang ၊ ေတာင္ပုိင္းစစ္နယ္၀န္းဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴး Vice Admiral Yuan Yubai ႏွင့္ေတြ႕ဆုံေဆြးေႏြးျခင္း၊ ယိခ်န္းၿမိဳ႕အနီးရွိ Three Gorges Dam အားေလ့လာျခင္း၊ ေပက်င္းၿမိဳ႕ရွိ ဗုဒၶျမတ္စြယ္ေတာ္အား ဖူးေျမာ္ၾကည္ညိဳျခင္း၊ Beijing ျပတုိက္၌ ျပသထားေသာ သမၼတ Mr. Xi Jinping ၏ ၂၀၁၂-၂၀၁၆ ဖြံ႕ၿဖိဳးတုိးတက္မႈႏွင့္ ေအာင္ျမင္မႈဆုိင္ရာျပခန္းမ်ား၊ ကြမ္က်ိဳးၿမိဳ႕ရွိ ၾကည္းတပ္အထူးစစ္ဆင္ေရး သင္တန္းေက်ာင္း၊ ရွန္က်န္းၿမိဳ႕ရွိ Shenzhen Lotus Hill Park ႏွင့္ Shenzhen Museum သုိ႔ ၾကည့္႐ႈေလ့လာခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ယခုခရီးစဥ္တြင္ ထူးျခားမႈမ်ားအျဖစ္ (၁၉)ႀကိမ္ေျမာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ညီလာခံအၿပီးတြင္ သမၼတ Mr. Xi Jinping က ပထမဦး ဆုံးလက္ခံေတြ႕ဆုံေသာ ျပည္ပတပ္မေတာ္ ေခါင္းေဆာင္ျဖစ္ေၾကာင္း၊ Beijing ျပတုိက္သုိ႔ ပထမဆုံးလာေရာက္ၾကည့္႐ႈသည့္ ျပည္ပတပ္မေတာ္ ေခါင္းေဆာင္ျဖစ္ေၾကာင္း၊ ကမၻာ့အံ့ဖြယ္ Three Gorges Dam သုိ႔ ပထမဆုံး လာေရာက္ေလ့လာၾကည့္႐ႈသည့္ ျပည္ပတပ္မေတာ္ေခါင္းေဆာင္ျဖစ္ေၾကာင္း၊ တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ သမၼတႏွင့္ စစ္ဘက္ေခါင္းေဆာင္မ်ားက ေျပာၾကားၾကသည္။

(Unicode Version)

နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော အောင်မြင်မှုများနှင့် ချစ်ကြည်ရေးခရီးစဉ်

နေပြည်တော်၊ နို၀င်ဘာ ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နို၀င်ဘာ ၂၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလျက်ရှိရာ နို၀င်ဘာ ၂၄ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ Mr. Xi Jinping နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းမတိုင်မီတွင် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng ၊ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang တို့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတကြီး Mr. Xi Jinping က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ချစ်ကြည်ရေးခရီးစဉ်သည် ထူးခြားသည့် ခရီးစဉ်ဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံး အာရုံစိုက်ခံရသောအရေးကြီးသည့် (၁၉)ကြိမ်မြောက် ကွန်မြူနစ်ပါတီ ညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးချိန်နှင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်ချိန် တိုက်ဆိုင်မှုရှိပါကြောင်း၊ ပါတီညီလာခံအပြီးတွင် ပထမဆုံးလာရောက်သော ပြည်ပတပ်မတော်ခေါင်းဆောင်လည်းဖြစ်၍ အလေးထားပါကြောင်း၊ ပါတီညီလာခံတွင် တရုတ်နိုင်ငံအတွက် အရေးပါသော အနာဂါတ် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် သက္ကရာဇ် ၂၀၅၀ ပြည့်နှစ်အထိ ဆောင်ရွက်မည့် မူဝါဒ၊ လမ်းစဉ်၊ မဟာဗျူဟာများ ချမှတ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာ့နိုင်ငံများအတွက်မျှဝေရန်ဖြစ်ပြီး ယင်းဖွံ့ဖြိုးတိုးတက်မှု သည် အိမ်နီးချင်းမြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးသည် သမိုင်းကြောင်းရှည်လျားလှပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ ဘက်ပေါင်းစုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံတပ်မတော်ချင်း ဆက်ဆံရေးသည်လည်း ကောင်းမွန်ခဲ့ပြီး ယခုအချိန်သည် အကောင်းဆုံး ဖြစ်သောကြောင့် ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားရန် တရုတ်ပြည်သူ့တပ်မတော်ကို ထောက်ခံပေးထားကြောင်း၊ နိုင်ငံတကာမျက်နှာစာနှင့် ဒေသတွင်းအခြေအနေများပေါ်တွင်လည်း ဂရုစိုက်၍ ဆောင်ရွက်ခဲ့ရာ ရခိုင်ဒေသအရေးအတွက် မြန်မာနိုင်ငံနှင့်တပ်မတော်၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြု ထောက်ခံရပ်တည်ပေးခဲ့ကြောင်း၊ ဆက်လက်၍လည်း လိုအပ်သည့် အကူအညီများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက်လည်း တပ်မတော်နှစ်ရပ် အကြား တွေ့ဆုံဆွေးနွေးမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရ ခေါင်းဆောင်များနှင့်လည်း ဆက်ဆံရေးကောင်းမွန် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ ယခုခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရေး၊ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး အတွက် အထူးအရေးပါသောခရီးစဉ်၊ အောင်မြင်သောခရီးစဉ်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသို့ မကြာခဏ လာရောက်ရန် ဖိတ်ကြားပါကြောင်း ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အနာဂါတ်တရုတ်နိုင်ငံ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ အောင်မြင်စွာချမှတ်နိုင်ခြင်း၊ သမ္မတကြီး Mr. Xi Jinping ပါတီအထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်တင်မြှောက်ခြင်းတို့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး တည်ဆောက်နိုင်မှုတွင် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဖြင့် မြန်မာနိုင်ငံနှင့် မြန်မာ့တပ်မတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏အားပေးကူညီမှုများ၊ ရခိုင်ဒေသဖြစ်စဉ်နှင့်ပတ်သက်၍ အခြေအနေ မှန်များကို သိရှိနားလည်ကာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမျက်နှာစာတွင် ထောက်ခံရပ်တည် ပေးမှုများသည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံအဖြစ် သက်သေပြလိုက်ခြင်းပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi လာရောက်စဉ် ထွက်ပြေးဘင်္ဂါလီများ ဥပဒေနှင့်အညီ ပြန်လည်လက်ခံရေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းရေး၊ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရေး၊ ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ရေး၊ အကြံပြုမှုများကိုလည်း မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပဋိပက္ခသည် မြန်မာနိုင်ငံတစ်နိုင်ငံအတွက် သာမဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်းလုံခြုံရေးကိုပါ စိုးရိမ်ရနိုင်သည့် အလားအလာရှိ၍ အဘက်ဘက်မှ စဉ်းစားသုံးသပ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံ၏ One Belt ၊ One Road အစီအစဉ်သည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံများစွာ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ၂၀၁၁ ခုနှစ်မှစ၍ဆောင်ရွက်ခဲ့ရာ အခက်အခဲများစွာကို ကျော်လွှားနိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်သည် မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်း တရုတ်နိုင်ငံနှင့်ချစ်ကြည်ရင်းနှီးမှု၊ တပ်မတော်ချင်း ချစ်ကြည်ရင်းနှီးမှုများမှတစ်ဆင့် တိုးတက်မှုများ ရရှိနိုင်စေမည်ဖြစ်ကြောင်း၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng ၊ တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang တို့နှင့် ဆွေးနွေးမှုများမှရရှိခဲ့သော တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ အကောင်အထည်ဖော်နိုင်ရေး အတွက် သမ္မတကြီး၏ ထောက်ခံကူညီအားပေးမှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုခရီးစဉ်တွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခွင့်ရရှိခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် Three Gorges Dam ကို လေ့လာခဲ့ရာတွင် အခက်အခဲပေါင်းများစွာကို ကျော်လွှားဆောင်ရွက်နိုင်ခဲ့သည့် တရုတ်ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးမားမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အတွက် ယခုအခါ ပြည်သူလူထုကောင်းစွာအကျိုးခံစားနေရမှု၊ တရုတ်ပညာရှင်များ၏ အင်ဂျင်နီယာ အတတ်ပညာတို့ကို မျက်မြင်ကိုယ်တွေ့သိရှိခွင့်ရသဖြင့် များစွာအကျိုးရှိပါကြောင်း၊ (၁၉)ကြိမ်မြောက် ပါတီညီလာခံအပြီး ပထမဆုံးလာရောက်ခွင့်ရသော ပြည်ပတပ်မတော်ခေါင်းဆောင်အဖြစ် သမ္မတကြီးက အလေးအနက်ထားသည့်အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်၏ အနာဂါတ်နှင့် တပ်မတော်၏ မျိုးဆက်သစ်ခေါင်းဆောင်များအတွက် ကြိုးစားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှစ်ရပ်အကြား တွေ့ဆုံဆွေးနွေးမှုများကို ညီအစ်ကိုစိတ်ထားများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိ၏ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကို မြှင့်တင်နိုင်သည့်အတွက် အောင်မြင်သည့် ခရီးစဉ်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်သည် နို၀င်ဘာလ ၂၁ ရက်မှ ၂၆ ရက်နေ့ အထိဖြစ်ပြီး ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng ၊ တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ Gen. Xu Qiliang ၊ တောင်ပိုင်းစစ်နယ်ဝန်းဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Yuan Yubai နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ယိချန်းမြို့အနီးရှိ Three Gorges Dam အားလေ့လာခြင်း၊ ပေကျင်းမြို့ရှိ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ကြည်ညိုခြင်း၊ Beijing ပြတိုက်၌ ပြသထားသော သမ္မတ Mr. Xi Jinping ၏ ၂၀၁၂-၂၀၁၆ ဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုဆိုင်ရာပြခန်းများ၊ ကွမ်ကျိုးမြို့ရှိ ကြည်းတပ်အထူးစစ်ဆင်ရေး သင်တန်းကျောင်း၊ ရှန်ကျန်းမြို့ရှိ Shenzhen Lotus Hill Park နှင့် Shenzhen Museum သို့ ကြည့်ရှုလေ့လာခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ယခုခရီးစဉ်တွင် ထူးခြားမှုများအဖြစ် (၁၉)ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံအပြီးတွင် သမ္မတ Mr. Xi Jinping က ပထမဦး ဆုံးလက်ခံတွေ့ဆုံသော ပြည်ပတပ်မတော် ခေါင်းဆောင်ဖြစ်ကြောင်း၊ Beijing ပြတိုက်သို့ ပထမဆုံးလာရောက်ကြည့်ရှုသည့် ပြည်ပတပ်မတော် ခေါင်းဆောင်ဖြစ်ကြောင်း၊ ကမ္ဘာ့အံ့ဖွယ် Three Gorges Dam သို့ ပထမဆုံး လာရောက်လေ့လာကြည့်ရှုသည့် ပြည်ပတပ်မတော်ခေါင်းဆောင်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့် စစ်ဘက်ခေါင်းဆောင်များက ပြောကြားကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။