တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရှန်ကျန်းမြို့ရှိ Shenzhen Lotus Hill Park နှင့် Shenzhen Museum သို့သွားရောက်ကြည့်ရှုလေ့လာ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၆

တ႐ုတ္ျပည္သူ႕သမၼတႏုိင္ငံ၊ ကြမ္က်ိဳးၿမိဳ႕တြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တ႐ုတ္ႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးသစ္လင္းအုန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္တင့္ဆန္းတုိ႔လုိက္ပါၿပီး ႏုိ၀င္ဘာ ၂၅ ရက္ မြန္းလြဲပုိင္းတြင္ ကြမ္က်ိဳးဘူတာမွတစ္ဆင့္ ရွန္က်န္းဘူတာသုိ႔ က်ည္ဆန္ရထားျဖင့္ လုိက္ပါစီးနင္းေလ့လာၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ရွန္က်န္းၿမိဳ႕ရွိ Lotus Hill Park အတြင္း လွည့္လည္ၾကည့္႐ႈေလ့လာၿပီး ရွန္က်န္းၿမိဳ႕၏ ႐ႈခင္းအားၾကည့္ ႐ႈေလ့လာၾကသည္။ ယင္းေနာက္ Lotus Hill Park အတြင္းရွိ ေခါင္းေဆာင္ႀကီး တိန္႔ေရွာင္ဖိန္ပုံတူအမွတ္တရ႐ုပ္တုေရွ႕တြင္ စုေပါင္းဓာတ္ပုံ ႐ုိက္ၾကသည္။

အဆုိပါ Shenzhen Lotus Hill Park တြင္ စတုရန္း မီတာ ၈၀၀၀၀ ခန္႔ က်ယ္၀န္းၿပီး လွပသည့္အပူပုိင္းဇုန္ႏွင့္ အပူေလ်ာ့ပုိင္းဇုန္သဘာ၀႐ႈခင္းမ်ားႏွင့္ အုန္းပင္သစ္ေတာမ်ား ေပါက္ေရာက္ လ်က္ရွိၿပီး ၎ေနရာသုိ႔ လာေရာက္လည္ပတ္သူမ်ား ျဖင့္စည္ကားလ်က္ရွိေၾကာင္း သိရွိရသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Shenzhen Museum သုိ႔ ေရာက္ရွိၾကၿပီး ျပတုိက္အတြင္းျပသထားသည့္ ရွန္က်န္းၿမိဳ႕ဖြံ႔ၿဖိဳးတိုးတက္လာ မႈအဆင့္ဆင့္ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာၾကရာ တာ၀န္ရွိသူမ်ားကလုိက္လံ ရွင္းလင္းျပသၾကသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ျပတုိက္ရွိ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထုိးသည္။

အဆုိပါ Shenzhen Museum တြင္ ရွန္က်န္းၿမိဳ႕တည္ေဆာက္မႈမွတ္တမ္းမ်ားႏွင့္ ဖြံ႕ၿဖိဳးတုိးတက္လာမႈအေျခအေနမ်ား၊ ရွန္က်န္းၿမိဳ႕မွထုတ္လုပ္သည့္ စက္မႈထုတ္ကုန္ပစၥည္းမ်ားအား က႑အလိုက္ခင္းက်င္းျပသထားသည္။

 

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရှန်ကျန်းမြို့ရှိ Shenzhen Lotus Hill Park နှင့် Shenzhen Museum သို့သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ နို၀င်ဘာ – ၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်တင့်ဆန်းတို့လိုက်ပါပြီး နို၀င်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးဘူတာမှတစ်ဆင့် ရှန်ကျန်းဘူတာသို့ ကျည်ဆန်ရထားဖြင့် လိုက်ပါစီးနင်းလေ့လာကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ရှန်ကျန်းမြို့ရှိ Lotus Hill Park အတွင်း လှည့်လည်ကြည့်ရှုလေ့လာပြီး ရှန်ကျန်းမြို့၏ ရှုခင်းအားကြည့် ရှုလေ့လာကြသည်။ ယင်းနောက် Lotus Hill Park အတွင်းရှိ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ပုံတူအမှတ်တရရုပ်တုရှေ့တွင် စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ Shenzhen Lotus Hill Park တွင် စတုရန်း မီတာ ၈၀၀၀၀ ခန့် ကျယ်ဝန်းပြီး လှပသည့်အပူပိုင်းဇုန်နှင့် အပူလျော့ပိုင်းဇုန်သဘာဝရှုခင်းများနှင့် အုန်းပင်သစ်တောများ ပေါက်ရောက် လျက်ရှိပြီး ၎င်းနေရာသို့ လာရောက်လည်ပတ်သူများ ဖြင့်စည်ကားလျက်ရှိကြောင်း သိရှိရသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Shenzhen Museum သို့ ရောက်ရှိကြပြီး ပြတိုက်အတွင်းပြသထားသည့် ရှန်ကျန်းမြို့ဖွံ့ဖြိုးတိုးတက်လာ မှုအဆင့်ဆင့်ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြတိုက်ရှိ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

အဆိုပါ Shenzhen Museum တွင် ရှန်ကျန်းမြို့တည်ဆောက်မှုမှတ်တမ်းများနှင့် ဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေများ၊ ရှန်ကျန်းမြို့မှထုတ်လုပ်သည့် စက်မှုထုတ်ကုန်ပစ္စည်းများအား ကဏ္ဍအလိုက်ခင်းကျင်းပြသထားသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။