တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်တွေ့ဆုံ နှုတ်ဆက်

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံသုိ႔တရား၀င္ ခ်စ္ၾကည္ေရး ခရီးေရာက္ရွိေနသည့္ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္အား ယေန႔ ညေနပုိင္းတြင္ ရန္ကုန္ၿမိဳ႕၊ သိမ္ျဖဴလမ္းရွိ စိန္႔ေမရီဘုရားေက်ာင္းတြင္ သြားေရာက္ ေတြ႕ဆုံႏႈတ္ဆက္သည္။

အဆုိပါေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ပုပ္ရဟန္းမင္းႀကီးႏွင့္ အတူျမန္မာႏုိင္ငံကက္သလစ္အသင္းေတာ္၏ ရန္ကုန္ဂုိဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ခ်ာလ္းစ္ဘုိတုိ႔ တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သုိ႔ ျမန္မာႏုိင္ငံသုိ႔ လာေရာက္ျခင္းအတြက္ ႀကိဳဆုိပါေၾကာင္း၊ ဘာသာတရားအားလုံးသည္ ၿငိမ္းခ်မ္းျခင္း၊ ညီၫြတ္ျခင္း၊ တရားမွ်တျခင္းဆုိသည့္ ေလာကပါလတရားကုိ လုိလားၾကေၾကာင္း၊ ျမန္မာႏုိင္ငံ၌ ဘာသာေရးအရခြဲျခားဖိႏိွပ္ဆက္ဆံမႈမ်ားလုံး၀မရွိဘဲ လြတ္လပ္စြာကုိးကြယ္ ခြင့္ေပးထားပါေၾကာင္း၊ မိမိတုိ႔တပ္မေတာ္ထဲတြင္လည္းအလားတူ ပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ၿငိမ္းခ်မ္းေရးကုိထိမ္းသိမ္းေဆာင္ရြက္ေနၿပီး မိမိတုိ႔တပ္မေတာ္သားတုိင္း ၏ဆႏၵမွာတုိင္းျပည္ တည္ၿငိမ္ေအးခ်မ္းေရးပင္ျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံအတြင္း တုိင္းရင္းသားအခ်င္းခ်င္းခြဲျခားဆက္ဆံမႈမ်ား မရွိေၾကာင္းေျပာၾကားသည္။

ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ကျမန္မာႏုိင္ငံသုိ႔ေရာက္ရွိစဥ္ ျပည္သူလူထုက ေသာင္းေသာင္းဖ်ဖ် ႀကိဳဆုိၾကသျဖင့္ အံၾသ၀မ္းသာရေၾကာင္း၊ ဘာသာေပါင္းစုံမွ ဘာသာေရး ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံရမည္ျဖစ္၍ လည္း၀မ္းေျမာက္ပါေၾကာင္း၊ မိမိတုိ႔ ကုိးကြယ္ရာဘာသာတရားအတုိင္းလုိက္နာေဆာင္ရြက္ျခင္းျဖင့္ ႏုိင္ငံေရးကုိ ပုိမုိဖြံ႕ၿဖိဳးတုိးတက္ေစႏုိင္ေၾကာင္း၊ ဘာသာေပါင္းစုံ၏အျပန္အလွန္ေလးစားမႈျဖင့္ ႏုိင္ငံ၏ၾကြယ္၀မႈ၊ သာယာ၀ ေျပာမႈကုိ တည္ေဆာက္ႏုိင္ပါေၾကာင္း၊ ျမန္မာႏုိင္ငံတြင္ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆာင္ရြက္ေနသည္ မ်ားကုိသိရွိရသည့္အတြက္ ၀မ္းေျမာက္ပါေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ တည္ၿငိမ္ေအးခ်မ္းေရးအတြက္အားလုံးက ႀကိဳးစားေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားၿပီး ျမန္မာႏုိင္ငံၿငိမ္းခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတုိးတက္ပါေစေၾကာင္းဆုမြန္ေတာင္း စကားေျပာၾကားခဲ့သည္။

ေတြ႕ဆုံမႈအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ပုပ္ရဟန္းမင္းႀကီးအား ျမန္မာ့႐ုိးရာ တူရိယာ ေစာင္းႏွင့္ ျမန္မာ့အႏုပညာလက္ရာယြန္းဆြမ္းအုပ္တုိ႔အား အမွတ္တရလက္ေဆာင္ေပးအပ္ရာ ပုပ္ရဟန္း မင္းႀကီးဖရန္စစ္က ပုပ္ရဟန္းမင္းႀကီး အထိမ္းအမွတ္တံဆိပ္အား ျပန္လည္ခ်ီးျမႇင့္ေပးအပ္ခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်တွေ့ဆုံ နှုတ်ဆက်

နေပြည်တော်၊ နို၀င်ဘာ – ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့တရားဝင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အားယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ စိန့်မေရီဘုရားကျောင်းတွင်သွားရောက် တွေ့ဆုံနှုတ်ဆက်သည်။

အဆိုပါတွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပုပ်ရဟန်းမင်းကြီးနှင့် အတူမြန်မာနိုင်ငံကက်သလစ်အသင်း တော်၏ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချာလ်းစ်ဘိုတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ခြင်းအတွက် ကြိုဆိုပါကြောင်း၊ ဘာသာတရားအားလုံးသည် ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်းဆိုသည့် လောကပါလတရားကို လိုလားကြကြောင်း၊ မြန်မာနိုင်ငံ၌ ဘာသာရေးအရခွဲခြားဖိနှိပ်ဆက်ဆံမှုများလုံးဝမရှိဘဲ လွတ်လပ်စွာကိုးကွယ် ခွင့်ပေးထားပါကြောင်း၊ မိမိတို့တပ်မတော်ထဲတွင်လည်းအလားတူ ပင်ဖြစ်ကြောင်း၊ တပ်မတော်သည်ငြိမ်းချမ်းရေးကိုထိမ်းသိမ်းဆောင်ရွက်နေပြီး မိမိတို့တပ်မတော်သားတိုင်း ၏ဆန္ဒမှာတိုင်းပြည် တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားအချင်းချင်းခွဲခြားဆက်ဆံမှုများ မရှိကြောင်းပြောကြားသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကမြန်မာနိုင်ငံသို့ရောက်ရှိစဉ် ပြည်သူလူထုက သောင်းသောင်းဖျဖျ ကြိုဆိုကြသဖြင့် အံသြဝမ်းသာရကြောင်း၊ ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံရမည်ဖြစ်၍ လည်းဝမ်းမြောက်ပါကြောင်း၊ မိမိတို့ ကိုးကွယ်ရာဘာသာတရားအတိုင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ကြောင်း၊ ဘာသာပေါင်းစုံ၏အပြန်အလှန်လေးစားမှုဖြင့် နိုင်ငံ၏ကြွယ်ဝမှု၊ သာယာဝ ပြောမှုကို တည်ဆောက်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေသည် များကိုသိရှိရသည့်အတွက် ၀မ်းမြောက်ပါကြောင်း၊ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက်အားလုံးက ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေ ကြောင်းဆုမွန်တောင်း စကားပြောကြားခဲ့သည်။

တွေ့ဆုံမှုအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပုပ်ရဟန်းမင်းကြီးအား မြန်မာ့ရိုးရာ တူရိယာ စောင်းနှင့် မြန်မာ့အနုပညာလက်ရာယွန်းဆွမ်းအုပ်တို့အား အမှတ်တရလက်ဆောင်ပေးအပ်ရာ ပုပ်ရဟန်း မင်းကြီးဖရန်စစ်က ပုပ်ရဟန်းမင်းကြီး အထိမ်းအမှတ်တံဆိပ်အား ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။