အထက်ကယုံကြည်အားထားရပြီး လက်အောက်ကလေးစားရသည့်၊ ပြည်သူက ယုံကြည်အားကိုးရသည့် အရာရှိကောင်းတစ်ဦးဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၁

တပ္မေတာ္(ၾကည္း၊ေရ၊ေလ)အတြက္လုိအပ္သည့္ လက္႐ုံးရည္၊ ႏွလုံးရည္ ျပည့္၀သည့္ အရာရွိေကာင္းမ်ား ေမြးထုတ္ေပးရန္ဆုိသည့္ အမိစစ္တကၠသုိလ္၏ ရည္ရြယ္ခ်က္ႏွင့္အညီ တပ္မေတာ္၏ေခါင္းေဆာင္ငယ္မ်ား အျဖစ္ေမြးထုတ္ေပးခဲ့ေၾကာင္း၊ ေက်ာင္းဆင္းအရာရွိမ်ားအေနျဖင့္ ေခတ္အဆက္ဆက္တြင္လည္း တပ္မေတာ္၏ တာ၀န္၊ ႏုိင္ငံေတာ္၏တာ၀န္မ်ားကုိ ေအာင္ျမင္ေအာင္ ထမ္းေဆာင္ခဲ့ၾကေၾကာင္း၊ မိမိတုိ႔အေနျဖင့္လည္း ေခတ္အဆက္ဆက္ ထိန္းသိမ္းလာခဲ့သည့္ တပ္မေတာ္၏ဂုဏ္ကုိဆက္လက္ ထိန္းသိမ္းႏုိင္ရန္အတြက္ က်ရာတာ၀န္မ်ားကုိထမ္းေဆာင္ရာတြင္ အထက္ကယုံၾကည္ အားထားရၿပီး လက္ေအာက္ကေလးစားရသည့္၊ ျပည္သူကယုံၾကည္အားကုိးရသည့္ အရာရွိေကာင္းတစ္ဦးျဖစ္ေအာင္ ႀကိဳးစားသြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က ယေန႔နံနက္ပုိင္း တြင္ ျပင္ဦးလြင္ၿမဳိ႕၊ စစ္တကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ေသာ စစ္တကၠသုိလ္ ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၅၉) သင္တန္းဆင္း ဂုဏ္ျပဳ စစ္ေရးျပအခမ္းအနားသုိ႔ တက္ေရာက္မိန္႔ခြန္းေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ စိန္၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ခင္ေအာင္ျမင့္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ဇနီးမ်ား၊ တိုင္းမွဴးမ်ား၊ စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ ျပင္ဦးလြင္တပ္နယ္မွ အရာရိွႀကီးမ်ား၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ေတာ္ဆိုင္ရာ ႏိုင္ငံျခားစစ္သံ႐ံုးမ်ားမွ စစ္သံမွဴးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ သင္တန္းဆင္းဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး ေက်ာင္းဆင္း ဗိုလ္ေလာင္းတပ္ရင္းမ်ားကုိ စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္အား ဗိုလ္ေလာင္းတပ္ရင္းမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္တကၠသိုလ္ ဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္(၅၉)မွ ေအာင္စစ္သည္ဆုရရွိသူ ဗုိလ္ေလာင္းအမွတ္ ၃၀၇၆၅၊ ဗုိလ္ေလာင္း ေက်ာ္သူရ၊ ေလ့က်င့္ေရး ထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၁၂၃၂၊ ဗုိလ္ေလာင္း မ်ိဳးေဇာ္ဦး၊ စာေပထူးခြၽန္ဆု(၀ိဇၨာ)ရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၁၁၃၉၊ ဗုိလ္ေလာင္းျပည့္ၿဖိဳးေအာင္၊ စာေပထူးခြၽန္ဆု(သိပံၸ)ရရိွသူ ဗိုလ္ေလာင္း အမွတ္ ၃၁၄၇၉၊ ဗိုလ္ေလာင္း သန္းတုိးေအာင္ ၊ စာေပထူးခြၽန္ဆု (ကြန္ပ်ဴတာ)ရရိွသူ ဗိုလ္ေလာင္းအမွတ္ ၃၁၄၈၈၊ ဗိုလ္ေလာင္း သိန္းတုိး ေအာင္ တို႔အား ဆုမ်ားအသီးသီး ေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းဆင္း ဗိုလ္ေလာင္းမ်ားအား မိန္႕ခြန္းေျပာၾကားရာတြင္ စစ္တကၠသုိလ္၏ ေဆာင္ပုဒ္ျဖစ္သည့္ ‘ သစၥာ၊ သူရ၊ သိပၸ ’ ဆုိသည့္ ေဆာင္ပုဒ္ႏွင့္အညီ ႏုိင္ငံေတာ္၊ တပ္မေတာ္ႏွင့္ ျပည္သူမ်ားအေပၚ တြင္က်ေရာက္မည့္ အႏၲရာယ္မွန္သမွ်ကုိ ကုိယ္ႏႈတ္ႏွလုံးသုံးပါးတုိ႔ျဖင့္ ကာကြယ္ေစာင့္ ေရွာက္ရမည္ျဖစ္ေၾကာင္း၊ ထုိသုိ႔ကာကြယ္ေစာင့္ေရွာက္ရာတြင္ သစၥာရွိရွိ တာ၀န္မ်ားကုိ ထမ္းေဆာင္ႏုိင္ေအာင္၊ ႏုိင္ငံေတာ္ႏွင့္ တပ္မေတာ္အေပၚ က်ေရာက္မည့္ ရန္စြယ္အသြယ္သြယ္ကုိ သူရဆုိ သည့္ရဲစြမ္းသတၱိျဖင့္ တုိက္ခုိက္ေခ်မႈန္းႏုိင္ေအာင္၊ စစ္ေခါင္းေဆာင္တစ္ဦး အေနျဖင့္သိအပ္ တတ္အပ္သည့္ စစ္ပညာ၊ ဝိဇၨာ၊ သိပၸံပညာရပ္ဆိုသည့္ သိပၸပညာရပ္မ်ားကုိ တတ္ေျမာက္ေအာင္ ‘သစၥာ၊ သူရ၊ သိပၸ’ ဆုိသည့္ အရည္အခ်င္းမ်ားျပည့္၀ၿပီး ေနာင္တစ္ေခတ္၏ေအာင္စစ္သည္ မ်ားျဖစ္လာၾကမည့္ ေခါင္းေဆာင္ေကာင္း တစ္ဦးအျဖစ္ စစ္တကၠသုိလ္မွ ေမြးထုတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ‘က်န္းမာႀကံ့ခုိင္ရမည္၊ ကြၽမ္းက်င္ရမည္၊ ရဲစြမ္းသတၱိရွိရမည္’ ဆုိသည့္ တပ္မေတာ္၏ ေလ့က်င့္ေရးမူ၀ါဒႏွင့္အညီ သင္တန္းကာလ ၄ ႏွစ္အတြင္း ႐ုပ္ပုိင္းဆုိင္ရာႏွင့္စိတ္ပုိင္းဆုိင္ရာ တုိးတက္ ေကာင္းမြန္ေအာင္ တစ္ၿပိဳင္တည္းေလ့က်င့္ ေပးခဲ့ေၾကာင္း၊ ထုိ႔အတူအေတြးအေခၚ အယူအဆျမင့္မား လာေစရန္ႏွင့္ ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ရာတြင္လည္း ျမန္ျမန္ႏွင့္မွန္မွန္ခ်မွတ္ႏိုင္ေအာင္ ေလ့က်င့္ေပးခဲ့သည့္အတြက္ စစ္ေျမျပင္တြင္ ေအာင္ျမင္စြာတုိက္ပြဲ၀င္ႏုိင္သည့္ စစ္သည္ေတာ္မ်ားျဖစ္လာမည္ျဖစ္ေၾကာင္း၊ အျမင့္ဆုံးတာ၀န္ျဖစ္သည့္ စစ္ေျမျပင္တြင္ အသက္ေပးတာ၀န္ထမ္းေဆာင္ရသည္အထိ ေမွ်ာ္မွန္းၿပီး ေလ့က်င့္ေပးခဲ့ေသာေၾကာင့္ တာ၀န္ထမ္းေဆာင္ရာတြင္ ယုံၾကည္စိတ္ခ်ရသည့္ေခါင္းေဆာင္မ်ား ျဖစ္လာမည္ျဖစ္ေၾကာင္း၊ မၾကာခင္ကာလအတြင္း တပ္မေတာ္တပ္ရင္း၊ တပ္ဖြဲ႕အသီးသီးတြင္ ေခါင္းေဆာင္ငယ္မ်ား အျဖစ္တာ၀န္ထမ္း ေဆာင္ၾကရမည္ျဖစ္ေသာေၾကာင့္ ေခါင္းေဆာင္မႈအရည္အခ်င္းမ်ားႏွင့္ျပည့္စုံေနရန္ ႀကိဳးစားၾကရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာရန္အတြက္ ေခါင္းေဆာင္မႈ အဂၤါရပ္(၁၆)ရပ္ ႏွင့္အညီေဆာင္ရြက္ရန္လုိအပ္ၿပီး လက္ေအာက္က ယုံၾကည္အားကုိရသည့္အရည္အခ်င္းမ်ားရွိရန္လုိေၾကာင္း၊ မိမိတို႔အေနျဖင့္ စစ္ေရးေခါင္းေဆာင္မႈႏွင့္ လူမႈေရးေခါင္းေဆာင္မႈ ႏွစ္မ်ိဳးကုိတစ္ၿပိဳင္တည္းတာ၀န္ထမ္းေဆာင္ ရမည္ျဖစ္ေၾကာင္း၊ လူမႈေရးပုိင္းအရ စစ္တကၠသုိလ္တြင္ Guardian စနစ္ျဖင့္ေလ့က်င့္ ေပးခဲ့ၿပီးျဖစ္သည့္ အတြက္ မိဘအုပ္ထိန္းသူသဖြယ္ျဖစ္ေအာင္ အနစ္နာခံျပဳမူေဆာင္ရြက္ရမည္ျဖစ္သကဲ့သုိ႔ စစ္ေရးေခါင္းေဆာင္ ရာတြင္လည္း ျပတ္သားသည့္ေခါင္းေဆာင္မႈမ်ိဳး ျဖစ္ရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္သည္ ေရာင့္ရဲတင္းတိမ္မႈ ရွိရန္လုိၿပီး တုိးတက္ခ်င္သည့္ စိတ္ရွိရန္လည္းလုိေၾကာင္း၊ မိမိဘ၀တုိးတက္ေအာင္ျမင္ရန္ အတြက္ႀကိဳးစား အားထုတ္မႈ၊ ေရာင့္ရဲတင္းတိမ္မႈ၊ လက္ေအာက္ကုိေစတနာထားမႈႏွင့္ လူ႕သေဘာသဘာ၀ကုိ သိရွိနားလည္မႈ တုိ႔ျဖင့္ေဆာင္ရြက္ရန္လိုေၾကာင္းမွာၾကားသည္။

ဆက္လက္၍ အဆင့္တုိးျမႇင့္မႈႏွင့္ပတ္သက္ၿပီး တူညီသည့္ရာထူးအဆင့္အတန္း မ်ားတစ္ၿပိဳင္နက္တည္းခန္႔ အပ္ေပးမည္ျဖစ္ေၾကာင္း၊ သုိ႔ေသာ္တာ၀န္ထမ္းေဆာင္သည့္ အခ်ိန္ကာလၾကာျမင့္လာသည္ႏွင့္အမွ် ႀကိဳးစားအားထုတ္မႈ၊ သစၥာရွိမႈ၊ တာ၀န္ထမ္းေဆာင္ႏုိင္မႈ၊ စည္းကမ္းလုိက္နာမႈ၊ က်န္းမာေရးေကာင္းမြန္မႈ၊ ကံ၊ ဉာဏ္၊ ၀ီရိယ စသည္မ်ားႏွင့္ဆက္စပ္ၿပီး ေျပာင္းလဲသြားမည္ျဖစ္ေၾကာင္း၊ လူတုိင္းနံပါတ္တစ္မျဖစ္ႏုိင္ေသာ္ လည္း ျဖစ္ႏုိင္သည့္အခြင့္ေရးကုိေပးထားေၾကာင္း၊ စစ္တကၠသုိလ္တြင္ ၄ ႏွစ္တာသင္တန္းတက္ေရာက္၍ အတူတကြေလ့က်င့္ခဲ့ၾကၿပီး ႀကိဳးစားအားထုတ္မႈအေပၚတြင္မူတည္၍ ကြဲျပားသည့္အဆင့္အလုိက္ ေက်ာင္းဆင္းခဲ့ၾကသည္ကုိ လက္ေတြ႕ျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္လူတုိင္းတြင္ တူညီသည့္ အခြင့္အေရးရွိသည့္အတြက္ မိမိကုိယ္မိမိထိန္းသိမ္းၿပီး စဥ္ဆက္မျပတ္ ႀကိဳးစားအားထုတ္ရန္လုိအပ္ေၾကာင္း ေျပာၾကားသည္။

၎ေနာက္ မိမိတို႔အေနျဖင့္ ဒုိ႔တာ၀န္အေရးသုံးပါးကုိ ေက်ပြန္စြာထမ္းေဆာင္ႏုိင္ရန္အတြက္ စစ္ေရးစြမ္းရည္၊ အုပ္ခ်ဳပ္ေရးစြမ္းရည္၊ စည္း႐ုံးေရးစြမ္းရည္စသည့္ စြမ္းရည္သုံးရပ္ႏွင့္ျပည့္စုံေနရန္ အၿမဲေလ့က်င့္ေနၾက ရမည္ျဖစ္ေၾကာင္း၊ စစ္ေရးစြမ္းရည္ ထက္ျမက္ရန္အတြက္ စစ္အတတ္ပညာမ်ားကုိ အၿမဲေလ့လာလုိက္နာရန္ လုိအပ္သကဲ့သုိ႔ အုပ္ခ်ဳပ္ေရးစြမ္းရည္ထက္ျမက္ရန္ အမိန္႔ႏွင့္ၫႊန္ၾကားခ်က္မ်ားကုိ ေအာင္ျမင္ေအာင္ေဆာင္ ရြက္ႏုိင္ရန္ စနစ္တက်စီမံခန္႔ခြဲျခင္း၊ ဆင့္ကဲကြပ္ကဲၾကပ္မတ္ျခင္းတုိ႔ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အုပ္ခ်ဳပ္ေရး တြင္ ကုိယ္တုိင္လုိက္နာေဆာင္ရြက္ရသကဲ့သုိ႔ စီမံေဆာင္ရြက္ေပးရမႈမ်ားလည္းရွိေၾကာင္း၊ မိမိတို႔အေနျဖင့္ ႏွစ္ပုိင္းလုံးကုိလုိက္နာ က်င့္ႀကံအားထုတ္ႏုိင္သည့္ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ရမည္ျဖစ္သကဲ့သုိ႔ ေနာက္လုိက္ေကာင္းလည္းျဖစ္ရမည္ျဖစ္ေၾကာင္းရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ စိတ္ဓာတ္ခုိင္မာမႈရွိမွသာေတြ႕ႀကဳံရသည့္အခက္အခဲမ်ားကုိ ေအာင္ျမင္စြာေက်ာ္လႊားႏုိင္မည္ျဖစ္၍ စိတ္ဓာတ္ရင့္က်က္ေစရန္အတြက္ ေလ့က်င့္ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ စိတ္ဓာတ္ႀကံ့ခုိင္မႈအတြက္ လုိအပ္သည့္ အေျခခံအခ်က္မ်ားျဖစ္သည့္ ေခါင္းေဆာင္မႈ၊ စည္းကမ္းေသ၀ပ္မႈ၊ ရဲေဘာ္စိတ္ရွိမႈ၊ မိမိကုိယ္ကုိယ္ေလးစားမႈ စသည့္ အခ်က္မ်ားအား မိမိတုိ႔အေနျဖင့္ေလ့က်င့္ၿပီးျဖစ္သျဖင့္ ရင္ဆုိင္ရမည့္တုိက္ပြဲတုိင္းကုိ ေအာင္ျမင္စြာ ေက်ာ္လႊားႏုိင္မည္ျဖစ္ေၾကာင္း၊ စိတ္ဓာတ္ေကာင္းမြန္ရန္အတြက္ ကုိယ္က်င့္တရားေကာင္းမြန္ေရးသည္လည္း အေရးႀကီးေၾကာင္း၊ ထုိ႔ေၾကာင့္ ကုိယ္က်င့္တရားေကာင္းမြန္ရန္အတြက္ မိမိတို႔ငယ္စဥ္ကစၿပီး အမိ စစ္တကၠသုိလ္ေရာက္သည္အထိ မိဘဆရာမ်ားက ေကာင္းစြာ သင္ၾကားေလ့က်င့္ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ ကုိယ္က်င့္တရားေကာင္းမြန္သူမ်ားသည္ ဘာသာေရး၊ လူမႈေရးအဆုံးအမမ်ားႏွင့္အညီ ေနထုိင္ၿပီး ကုိယ့္ကုိယ္ ကုိယ္တန္ဖုိးထားသကဲ့သုိ႔ သူတစ္ပါးကုိလည္း အေလးထားေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔ ဘ၀တစ္ေလွ်ာက္မွာ ကုိယ္က်င့္တရား အထူးေကာင္းမြန္သည့္ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ေအာင္ ကုိယ္တုိင္ျပဳစုပ်ိဳးေထာင္ေနထုိင္ သြားၾကရန္လိုေၾကာင္း၊ ယေန႔ ၂၁ ရာစုေခတ္ႀကီးတြင္ ႏုိင္ငံေရး၊ စစ္ေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရးစသည့္ အခ်က္မ်ားသည္ တစ္ခုႏွင့္တစ္ခု ခ်ိတ္ဆက္ေနေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတို႔အေနျဖင့္ စစ္ေရးတစ္ခုတည္းကုိ သာအာ႐ုံစုိက္ေလ့လာ႐ုံသာမက အျခားက႑မ်ားကုိလည္း ယခုကတည္းကေလ့လာ ဖတ္႐ႈၾကရန္လုိေၾကာင္း၊ သုိ႔မွသာ အၾကားအျမင္ဗဟုသုတ၊ ပညာဉာဏ္ႏွင့္ျပည့္စုံမွာျဖစ္ၿပီး ‘ပညာရဲရင့္ ပြဲလယ္တင့္’ ဆုိသည့္ ေဆာင္ပုဒ္အတုိင္း ေတြ႕ႀကဳံလာသည့္အခက္အခဲမွန္သမွ်အား ရင္ဆုိင္ေက်ာ္လႊားႏုိင္မည္ျဖစ္ေၾကာင္း တုိက္တြန္းမွာၾကားသည္။

ယင္းေနာက္ စစ္စည္းကမ္းႏွင့္ပတ္သက္၍ စစ္စည္းကမ္းသည္ တပ္မေတာ္၏ ေက်ာ႐ုိးမ႑ဳိင္ျဖစ္သကဲ့သုိ႔ တပ္မေတာ္၏ အသက္၀ိဥာဥ္လည္းျဖစ္ေၾကာင္း၊ စည္းကမ္းလုိက္နာမႈတြင္လည္း မိမိတုိ႔သည္ စံနမူနာျပျဖစ္ ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္စည္းကမ္းဥပေဒမ်ား၊ စစ္ေျမျပင္စည္းကမ္းမ်ားႏွင့္ နယ္ဘက္ဆုိင္ရာ စည္းကမ္းဥပေဒမ်ားကုိ စံနမူနာျပ ေလးစားလုိက္နာက်င့္ႀကံၾကရမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ လက္ေအာက္ ငယ္သားမ်ားအေပၚ တင္းၾကပ္သည့္ စည္းကမ္းမ်ားခ်မွတ္ၿပီး မိမိလုပ္ခ်င္ရာလုပ္တာမ်ိဳးကုိေရွာင္ၾကဥ္ၾကရမည္ ျဖစ္ေၾကာင္း၊ မိမိကုိယ္ကုိအလိုလုိက္ျခင္းသည္ကုိယ့္ကုိပ်က္စီးေစသည့္အတြက္ ထိန္းသိမ္းရန္လိုအပ္သကဲ့သုိ႔ လက္ေအာက္ကုိလည္း ထိန္းသိမ္းရမည္ျဖစ္ေၾကာင္း၊ ကုိယ္တုိင္ စည္းကမ္းအရာတြင္ စံနမူနာျပျဖစ္မွသာ မိမိဦးေဆာင္ရသည့္အဖြဲ႕အစည္းကုိ လြယ္ကူစြာ အုပ္ခ်ဳပ္ႏုိင္မည္ျဖစ္ေၾကာင္း၊ စည္းကမ္းေကာင္းမြန္သည့္ အဖြဲ႕အစည္းသည္ ၾကာရွည္တည္တံ့ၿပီး အလုပ္တာ၀န္မ်ားကုိလည္း ေအာင္ျမင္စြာ ေဆာင္ရြက္ႏုိင္သည္ကုိ ေတြ႕ရမည္ျဖစ္ေၾကာင္း၊ စစ္သမုိင္းမ်ားတြင္ လက္ေအာက္ခံတပ္ဖြဲ႕မ်ားကုိ စည္းကမ္းတက်ဖြဲ႕စည္းႏုိင္ျခင္း မရွိသည့္ေခါင္းေဆာင္သည္ ေအာင္ျမင္မႈမရသည္ကုိ ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ လူတစ္ေယာက္သည္ စည္းကမ္းေကာင္းလွ်င္ အခ်ိန္အခါမေရြးတာ၀န္ကုိေက်ပြန္စြာ ထမ္းေဆာင္တတ္သည့္ စိတ္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔ကြပ္ကဲရသည့္စစ္သည္မ်ား စည္းကမ္းေဖာက္လွ်င္ တည့္မတ္ေပးရမည္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ တပ္မေတာ္သား အားလုံးလုိက္နာရန္လုိအပ္သည့္ စစ္သည္ေတာ္က်င့္၀တ္အပါး (၆၀)အား ခါး၀တ္ပုဆုိးကဲ့ သုိ႔ၿမဲၿမံစြာ လုိက္နာသြားၾကရန္လုိေၾကာင္း၊ အေသာက္အစား၊ အေပ်ာ္အပါးမ်ားကုိ ထိန္းသိမ္းၿပီး ၿခိဳးၿခံေခြၽတာမွသာ ၀င္ေငြ၊ ထြက္ေငြမွ်တမည္ျဖစ္ေၾကာင္း၊ သြားသင့္၊ သြားထုိက္သည့္ေနရာ၊ ေပ်ာ္သင့္၊ ေပ်ာ္ထုိက္သည့္ေနရာတြင္ စည္းကမ္းႏွင့္လုပ္ကုိင္ ေဆာင္ရြက္မွသာ လူ႕ဘ၀တန္ဖုိးျမင့္ လာမည္ျဖစ္ေၾကာင္း၊ ၿခိဳးၿခံေခြၽတာသည့္စိတ္၊ ေရာင့္ရဲတင္းတိမ္သည့္စိတ္၊ လုိခ်င္တပ္မက္သည့္စိတ္ကုိ အၿမဲသတိထားၿပီး မိမိကုိယ္ကုိယ္ ထိန္းသိမ္းေစာင့္ေရွာက္ျခင္းျဖင့္ မိမိတို႔၏တန္ဖုိးသည္ တစ္ဆင့္ထက္တစ္ဆင့္ ျမင့္တက္လာမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႔ႏုိင္ငံသည္ တုိင္းရင္းသားလူမ်ိဳးတစ္ရာေက်ာ္ျဖင့္ ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စု ႏုိင္ငံေတာ္ျဖစ္ၿပီး ႏုိင္ငံေတာ္၏ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာကုိ ထိန္းသိမ္းေစာင့္ေရွာက္ရန္အတြက္ တပ္မေတာ္တြင္တာ၀န္ရွိေၾကာင္း၊ မိမိတို႔ ဘုိးဘြားမ်ား၏ အသက္၊ ေသြး၊ ေခြၽးမ်ား စေတးၿပီးမွရရွိထားသည္ သမုိင္းအေမြမ်ားကုိ တင့္တယ္ေစရန္အတြက္ ေခတ္အဆက္ဆက္က သစၥာေလးခ်က္ကုိဦးရြက္ၿပီး တပ္မေတာ္မွ တာ၀န္ထမ္းေဆာင္ခဲ့ေၾကာင္း၊ ယခုအခ်ိန္တြင္ တုိင္းရင္းသားျပည္သူမ်ား၏ ဆႏၵအတုိင္း ဒီမုိကေရစီႏုိင္ငံေတာ္သစ္ တည္ေဆာက္ေရးအတြက္ လုိအပ္သည့္ အေျခခံအေဆာက္အဦမ်ားကုိ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ ျပင္ဆင္တည္ေဆာက္ေပးခဲ့ၿပီးျဖစ္သျဖင့္ ျပည္သူမ်ားေရြးခ်ယ္သည့္ ပါတီစုံဒီမုိကေရစီ လမ္းေၾကာင္းအတုိင္း အမ်ိဳးသားေရးအင္အားစုအျဖစ္ ပါ၀င္ေလွ်ာက္လွမ္းလ်က္ရွိေၾကာင္း၊ မိမိတုိ႔တပ္မေတာ္သည္ ႏုိင္ငံေရးေလာင္းရိပ္ေအာက္မွ လြတ္ကင္းသည့္ တပ္မေတာ္ျဖစ္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ဒိုိ႔တာ၀န္အေရးသုံးပါးကုိ ဦးထိပ္ထားၿပီး အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ အမ်ိဳးသားေရး စ႐ုိက္လကၡဏာမ်ားကုိ ထိန္းသိမ္းကာကြယ္၍ ပါတီစုံဒီမုိကေရစီစနစ္လမ္းေၾကာင္းအတုိင္း ဒီမုိကေရစီ ႏွင့္ဖက္ဒရယ္စနစ္ကုိ အေျခခံသည့္ ျပည္ေထာင္စုႀကီးအျဖစ္ ခုိင္ခုိင္မာမာေလွ်ာက္လွမ္းရန္အတြက္ မူ၀ါဒခ်မွတ္ထားသည့္ လမ္းေၾကာင္းအတုိင္းေလွ်ာက္လွမ္းလ်က္ရွိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္သားမ်ား၏ တာ၀န္သည္ ႏုိင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကုိ မထိခုိက္ရန္၊ ႏုိင္ငံေတာ္၏ အက်ိဳးစီးပြားႏွင့္ တုိင္းရင္းသားမ်ား၊ ႏုိင္ငံသူ၊ ႏုိင္ငံသားမ်ားကုိ ကာကြယ္ေစာင့္ေရွာက္ရန္ ျဖစ္ေၾကာင္း၊ အဆုိပါတာ၀န္မ်ားကုိ ႏုိင္ငံေတာ္၏ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ေပးအပ္ထားၿပီးျဖစ္ေသာ္လည္း ဥပေဒမဲ့ ေဆာင္ရြက္၍မရသည္ကုိ သိရွိလုိက္နာၾကရမည္ျဖစ္ေၾကာင္း၊ ဥပေဒ၏အထက္တြင္ မည္သူ မွ်ေန၍မရေၾကာင္း၊ တပ္မေတာ္သားမ်ားအေနျဖင့္ တာ၀န္ထမ္းေဆာင္ၾကသည့္အခါတြင္ ႏုိင္ငံေတာ္မွ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္း၊ စည္းကမ္း၊ ဥပေဒမ်ားကုိ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ လုိက္နာလုပ္ေဆာင္ သြားၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ားအေနျဖင့္ တာ၀န္ထမ္းေဆာင္ခ်ိန္တြင္ သတ္မွတ္ထားသည့္ အမိန္႔၊ စည္းမ်ဥ္း၊ ၫႊန္ၾကားခ်က္မ်ားအတုိင္း လုိက္နာတာ၀န္ထမ္းေဆာင္လ်က္ရွိသျဖင့္ ရခုိင္ျပည္နယ္အတြင္း ျဖစ္စဥ္မ်ားတြင္လည္း တပ္မေတာ္အေနျဖင့္ Rules of Engagement (ROE)ႏွင့္ပတ္သက္ၿပီး စနစ္တက် ဥပေဒႏွင့္အညီသာ လုပ္ကုိင္ေဆာင္ရြက္ခဲ့သည္ကုိ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ရခုိင္ျပည္နယ္အတြင္း ၾသဂုတ္လ ၂၅ ရက္ေန႕တြင္ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားက နယ္ျခားေစာင့္ရဲစခန္းအခု ၃၀ ႏွင့္ တပ္ရင္းဌာနခ်ဳပ္တစ္ခုအား တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း အင္အားသုံးအၾကမ္းဖက္တုိက္ခိုက္၍ ေဒသခံတုိင္းရင္းသားေက်းရြာမ်ားကုိ ၀ုိင္း၀န္းၿခိမ္းေျခာက္ အၾကမ္းဖက္ သတ္ျဖတ္ခဲ့သည္ကုိ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ထုိ႔အျပင္ အၾကမ္းဖက္မႈႏွင့္ပတ္သက္ၿပီး သင္တန္းေပးေလ့က်င့္မႈ၊ စားနပ္ရိကၡာစုပုံမႈ၊ တပ္စခန္းမ်ားကုိတုိက္ခိုက္ရန္ ႀကံစည္မႈမ်ားအရ အဆုိပါ အၾကမ္းဖက္တုိက္ခုိက္မႈသည္ ႀကိဳတင္စီစဥ္လုပ္ေဆာင္သည့္ ျဖစ္စဥ္တစ္ခုျဖစ္ေၾကာင္း၊ အဆုိပါ တုိက္ခိုက္မႈ အေပၚတြင္ အစြန္းေရာက္ဘဂၤါလီမ်ားအား ေဒသတြင္ရွိသည့္လူအခ်ိဳ႕က အားေပးကူညီမႈျပဳခဲ့သည္မ်ားကုိလည္း ေတြ႕ရေၾကာင္း၊ ႏုိင္ငံေတာ္အေနျဖင့္ ၎တုိ႔သည္ အၾကမ္းဖက္သမားမ်ားဟု ေၾကျငာထားၿပီးျဖစ္ေၾကာင္း၊ သုိ႔ေသာ္ ႏုိင္ငံတကာ အဖြဲ႕အစည္းအခ်ိဳ႕ႏွင့္ ျပည္ပသတင္းဌာနအခ်ိဳ႕သည္ ျဖစ္စဥ္မွန္မ်ားကုိ ဖုံးကြယ္ ၿပီးမွန္ကန္မႈမရွိသည့္သတင္းမ်ားကုိ အေျခခံထားသည့္ သတင္းထုတ္ျပန္ေဖာ္ျပမႈ၊ လႈံ႕ေဆာ္၀ါဒ ျဖန္႔မႈမ်ားေၾကာင့္ ႏုိင္ငံတကာက ျဖစ္စဥ္အေျခအေနမွန္အား မသိရွိသည္ကုိ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္အစုိးရႏွင့္ တပ္မေတာ္အေနျဖင့္ တရားဥပေဒႏွင့္အညီ မွန္ကန္စြာလုပ္ေဆာင္ေနေသာ္လည္း ႏုိင္ငံတကာမွ သိရွိမႈမ်ားသည္ မွားယြင္းလ်က္ရွိေၾကာင္း၊ မိမိတို႔တပ္မေတာ္အေနျဖင့္ တုိင္းရင္းသားမ်ားႏွင့္ တစ္စည္းတစ္လုံးတည္း စိတ္ခ်မ္းေျမ့စြာေနထုိင္ႏုိင္ရန္အတြက္ ထာ၀စဥ္ေစာင့္ထိန္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း၊ ရခုိင္ေဒသရွိ လူနည္းစုျဖစ္သည့္ တုိင္းရင္းသားမ်ား လူမ်ိဳးတုန္းသတ္ျဖတ္မႈ မခံရေအာင္ အျပည့္အ၀ကာကြယ္ေပးသြားမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ အျပဳသေဘာေဆာင္ၿပီး ေကာင္းမြန္သည့္ လုပ္ေဆာင္ခ်က္မ်ားကုိလည္း ၫႇိႏႈိင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ ျပည္တြင္းၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈႏွင့္ပတ္သက္ၿပီး တုိင္းရင္းသားျပည္သူမ်ား၏ ဆႏၵႏွင့္အညီ ပါတီစုံဒီမုိကေရစီလမ္းေၾကာင္းေပၚတြင္ ခုိင္ခုိင္မာမာ ေျဖာင့္ေျဖာင့္တန္းတန္း ေလွ်ာက္လွမ္းႏုိင္ရန္အတြက္ ဒီမုိကေရစီရည္မွန္းခ်က္မ်ား ေအာင္ျမင္ၿပီး ႏုိင္ငံဖြံ႔ၿဖိဳးတုိးတက္ေစေရးအတြက္ အဓိကလုိအပ္ခ်က္သည္ ႏုိင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ထာ၀ရၿငိမ္းခ်မ္းေရးပင္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႕ ၈ ဖြဲ႕ႏွင့္ လက္မွတ္ေရးထုိးႏုိင္ခဲ့သည့္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement-NCA)သည္ ႏုိင္ငံ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္ အဓိကအက်ဆုံး အေျခခံလုပ္ေဆာင္ရမည့္ အခ်က္ပင္ျဖစ္ေၾကာင္း၊ NCA သည္ အမည္နာမအားျဖင့္သာ ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ျဖစ္ေသာ္လည္း အႏွစ္သာရအားျဖင့္ ပုိမုိနက္႐ႈိင္းပါေၾကာင္း၊ စာခ်ဳပ္တြင္ပါ၀င္သည့္ အခ်က္မ်ားသည္ တုိင္းရင္းသားျပည္သူလူထု၏ အခြင့္အေရးကုိ ကန္႔သတ္ထားျခင္း၊ ခ်ဳပ္ခ်ယ္ထားျခင္း၊ ပိတ္ပင္ထားျခင္း တစ္ခုမွမပါ၀င္ဘဲ အခြင့္အေရးမ်ားကုိ တတ္ႏုိင္သမွ် ေပးထားေၾကာင္း၊ NCA စာခ်ဳပ္တြင္ပါ၀င္သည့္ လုပ္သင့္လုပ္ထုိက္သည့္ကိစၥမ်ားကုိ ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ေဖာ္ လုပ္ေဆာင္ျခင္းအားျဖင့္ ၿငိမ္းခ်မ္းမႈ၏ရလဒ္မ်ား၊ အသီးအပြင့္မ်ားကုိ အျမန္ဆုံးရယူ ခံစားႏုိင္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးမူ၀ါဒ(၆)ရပ္သည္လည္း အတိတ္သမုိင္းေၾကာင္း အေျခအေနမ်ားႏွင့္ လက္ရွိအေျခအေနမ်ားကုိႏႈိင္းယွဥ္ၿပီး ႏွစ္ဖက္စလုံးလုိက္နာပူးေပါင္း ေဆာင္ရြက္သင့္သည့္ အေျခခံအခ်က္မ်ားကုိေဖာ္ထုတ္ထားျခင္းျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ကုိအဓိကတာ၀န္ယူ ထမ္းေဆာင္ေနသည့္ တပ္မေတာ္အေနျဖင့္ အမ်ိဳးသားေရးတာ၀န္ျဖစ္သည့္ ဒို႕တာ၀န္အေရးသုံးပါးကုိ မည္သည့္အခါမွ ပြန္းပ့ဲခံမည္မဟုတ္ဘဲ အၿမဲဦးထိပ္ပန္ဆင္ၿပီး ကာကြယ္ေစာင့္ေရွာက္သြားမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္သည္ ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကို ခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴဳးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္သည္ စစ္တကၠသိုလ္ေက်ာင္းဌာနခ်ဳပ္၊ ဧည့္ခန္းမ၌ ထူးခြၽန္ဆုရရိွၾကသည့္ ဗိုလ္ေလာင္း ၅ ဦးႏွင့္ ၎တို႔၏မိဘမ်ားအား ေတြ႕ဆံု၍ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။

(Unicode Version)

အထက်ကယုံကြည်အားထားရပြီး လက်အောက်ကလေးစားရသည့်၊ ပြည်သူက ယုံကြည်အားကိုးရသည့် အရာရှိကောင်းတစ်ဦးဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်

နေပြည်တော် ၊ ဒီဇင်ဘာ ၁

တပ်မတော်(ကြည်း၊ရေ၊လေ)အတွက်လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် အမိစစ်တက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ တပ်မတော်၏ခေါင်းဆောင်ငယ်များ အဖြစ်မွေးထုတ်ပေးခဲ့ကြောင်း၊ ကျောင်းဆင်းအရာရှိများအနေဖြင့် ခေတ်အဆက်ဆက်တွင်လည်း တပ်မတော်၏ တာဝန်၊ နိုင်ငံတော်၏တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့်လည်း ခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့သည့် တပ်မတော်၏ဂုဏ်ကိုဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် ကျရာတာဝန်များကိုထမ်းဆောင်ရာတွင် အထက်ကယုံကြည် အားထားရပြီး လက်အောက်ကလေးစားရသည့်၊ ပြည်သူကယုံကြည်အားကိုးရသည့် အရာရှိကောင်းတစ်ဦးဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်း တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၉) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ရင်းများကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၅၉)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၀၇၆၅၊ ဗိုလ်လောင်း ကျော်သူရ၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၁၂၃၂၊ ဗိုလ်လောင်း မျိုးဇော်ဦး၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၁၁၃၉၊ ဗိုလ်လောင်းပြည့်ဖြိုးအောင်၊ စာပေထူးချွန်ဆု(သိပ္ပံ)ရရှိသူ ဗိုလ်လောင်း အမှတ် ၃၁၄၇၉၊ ဗိုလ်လောင်း သန်းတိုးအောင် ၊ စာပေထူးချွန်ဆု (ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၁၄၈၈၊ ဗိုလ်လောင်း သိန်းတိုး အောင် တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် ‘ သစ္စာ၊ သူရ၊ သိပ္ပ ’ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူများအပေါ် တွင်ကျရောက်မည့် အန္တရာယ်မှန်သမျှကို ကိုယ်နှုတ်နှလုံးသုံးပါးတို့ဖြင့် ကာကွယ်စောင့် ရှောက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ကာကွယ်စောင့်ရှောက်ရာတွင် သစ္စာရှိရှိ တာဝန်များကို ထမ်းဆောင်နိုင်အောင်၊ နိုင်ငံတော်နှင့် တပ်မတော်အပေါ် ကျရောက်မည့် ရန်စွယ်အသွယ်သွယ်ကို သူရဆို သည့်ရဲစွမ်းသတ္တိဖြင့် တိုက်ခိုက်ချေမှုန်းနိုင်အောင်၊ စစ်ခေါင်းဆောင်တစ်ဦး အနေဖြင့်သိအပ် တတ်အပ်သည့် စစ်ပညာ၊ ဝိဇ္ဇာ၊ သိပ္ပံပညာရပ်ဆိုသည့် သိပ္ပပညာရပ်များကို တတ်မြောက်အောင် ‘သစ္စာ၊ သူရ၊ သိပ္ပ’ ဆိုသည့် အရည်အချင်းများပြည့်ဝပြီး နောင်တစ်ခေတ်၏အောင်စစ်သည် များဖြစ်လာကြမည့် ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် စစ်တက္ကသိုလ်မှ မွေးထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ‘ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်’ ဆိုသည့် တပ်မတော်၏ လေ့ကျင့်ရေးမူဝါဒနှင့်အညီ သင်တန်းကာလ ၄ နှစ်အတွင်း ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ တိုးတက် ကောင်းမွန်အောင် တစ်ပြိုင်တည်းလေ့ကျင့် ပေးခဲ့ကြောင်း၊ ထို့အတူအတွေးအခေါ် အယူအဆမြင့်မား လာစေရန်နှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်း မြန်မြန်နှင့်မှန်မှန်ချမှတ်နိုင်အောင် လေ့ကျင့်ပေးခဲ့သည့်အတွက် စစ်မြေပြင်တွင် အောင်မြင်စွာတိုက်ပွဲဝင်နိုင်သည့် စစ်သည်တော်များဖြစ်လာမည်ဖြစ်ကြောင်း၊ အမြင့်ဆုံးတာဝန်ဖြစ်သည့် စစ်မြေပြင်တွင် အသက်ပေးတာဝန်ထမ်းဆောင်ရသည်အထိ မျှော်မှန်းပြီး လေ့ကျင့်ပေးခဲ့သောကြောင့် တာဝန်ထမ်းဆောင်ရာတွင် ယုံကြည်စိတ်ချရသည့်ခေါင်းဆောင်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ မကြာခင်ကာလအတွင်း တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် ခေါင်းဆောင်ငယ်များ အဖြစ်တာဝန်ထမ်း ဆောင်ကြရမည်ဖြစ်သောကြောင့် ခေါင်းဆောင်မှုအရည်အချင်းများနှင့်ပြည့်စုံနေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်တစ်ယောက်ဖြစ်လာရန်အတွက် ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ရပ် နှင့်အညီဆောင်ရွက်ရန်လိုအပ်ပြီး လက်အောက်က ယုံကြည်အားကိုရသည့်အရည်အချင်းများရှိရန်လိုကြောင်း၊ မိမိတို့အနေဖြင့် စစ်ရေးခေါင်းဆောင်မှုနှင့် လူမှုရေးခေါင်းဆောင်မှု နှစ်မျိုးကိုတစ်ပြိုင်တည်းတာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ လူမှုရေးပိုင်းအရ စစ်တက္ကသိုလ်တွင် Guardian စနစ်ဖြင့်လေ့ကျင့် ပေးခဲ့ပြီးဖြစ်သည့် အတွက် မိဘအုပ်ထိန်းသူသဖွယ်ဖြစ်အောင် အနစ်နာခံပြုမူဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ စစ်ရေးခေါင်းဆောင် ရာတွင်လည်း ပြတ်သားသည့်ခေါင်းဆောင်မှုမျိုး ဖြစ်ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်သည် ရောင့်ရဲတင်းတိမ်မှု ရှိရန်လိုပြီး တိုးတက်ချင်သည့် စိတ်ရှိရန်လည်းလိုကြောင်း၊ မိမိဘဝတိုးတက်အောင်မြင်ရန် အတွက်ကြိုးစား အားထုတ်မှု၊ ရောင့်ရဲတင်းတိမ်မှု၊ လက်အောက်ကိုစေတနာထားမှုနှင့် လူ့သဘောသဘာဝကို သိရှိနားလည်မှု တို့ဖြင့်ဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။

ဆက်လက်၍ အဆင့်တိုးမြှင့်မှုနှင့်ပတ်သက်ပြီး တူညီသည့်ရာထူးအဆင့်အတန်း များတစ်ပြိုင်နက်တည်းခန့် အပ်ပေးမည်ဖြစ်ကြောင်း၊ သို့သော်တာဝန်ထမ်းဆောင်သည့် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ကြိုးစားအားထုတ်မှု၊ သစ္စာရှိမှု၊ တာဝန်ထမ်းဆောင်နိုင်မှု၊ စည်းကမ်းလိုက်နာမှု၊ ကျန်းမာရေးကောင်းမွန်မှု၊ ကံ၊ ဉာဏ်၊ ဝီရိယ စသည်များနှင့်ဆက်စပ်ပြီး ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ လူတိုင်းနံပါတ်တစ်မဖြစ်နိုင်သော် လည်း ဖြစ်နိုင်သည့်အခွင့်ရေးကိုပေးထားကြောင်း၊ စစ်တက္ကသိုလ်တွင် ၄ နှစ်တာသင်တန်းတက်ရောက်၍ အတူတကွလေ့ကျင့်ခဲ့ကြပြီး ကြိုးစားအားထုတ်မှုအပေါ်တွင်မူတည်၍ ကွဲပြားသည့်အဆင့်အလိုက် ကျောင်းဆင်းခဲ့ကြသည်ကို လက်တွေ့မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လူတိုင်းတွင် တူညီသည့် အခွင့်အရေးရှိသည့်အတွက် မိမိကိုယ်မိမိထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း ပြောကြားသည်။

၎င်းနောက် မိမိတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်စသည့် စွမ်းရည်သုံးရပ်နှင့်ပြည့်စုံနေရန် အမြဲလေ့ကျင့်နေကြ ရမည်ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည် ထက်မြက်ရန်အတွက် စစ်အတတ်ပညာများကို အမြဲလေ့လာလိုက်နာရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေးစွမ်းရည်ထက်မြက်ရန် အမိန့်နှင့်ညွှန်ကြားချက်များကို အောင်မြင်အောင်ဆောင် ရွက်နိုင်ရန် စနစ်တကျစီမံခန့်ခွဲခြင်း၊ ဆင့်ကဲကွပ်ကဲကြပ်မတ်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး တွင် ကိုယ်တိုင်လိုက်နာဆောင်ရွက်ရသကဲ့သို့ စီမံဆောင်ရွက်ပေးရမှုများလည်းရှိကြောင်း၊ မိမိတို့အနေဖြင့် နှစ်ပိုင်းလုံးကိုလိုက်နာ ကျင့်ကြံအားထုတ်နိုင်သည့် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရမည်ဖြစ်သကဲ့သို့ နောက်လိုက်ကောင်းလည်းဖြစ်ရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် စိတ်ဓာတ်ခိုင်မာမှုရှိမှသာတွေ့ကြုံရသည့်အခက်အခဲများကို အောင်မြင်စွာကျော်လွှားနိုင်မည်ဖြစ်၍ စိတ်ဓာတ်ရင့်ကျက်စေရန်အတွက် လေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် လိုအပ်သည့် အခြေခံအချက်များဖြစ်သည့် ခေါင်းဆောင်မှု၊ စည်းကမ်းသေဝပ်မှု၊ ရဲဘော်စိတ်ရှိမှု၊ မိမိကိုယ်ကိုယ်လေးစားမှု စသည့် အချက်များအား မိမိတို့အနေဖြင့်လေ့ကျင့်ပြီးဖြစ်သဖြင့် ရင်ဆိုင်ရမည့်တိုက်ပွဲတိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ကောင်းမွန်ရန်အတွက် ကိုယ်ကျင့်တရားကောင်းမွန်ရေးသည်လည်း အရေးကြီးကြောင်း၊ ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ရန်အတွက် မိမိတို့ငယ်စဉ်ကစပြီး အမိ စစ်တက္ကသိုလ်ရောက်သည်အထိ မိဘဆရာများက ကောင်းစွာ သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်သူများသည် ဘာသာရေး၊ လူမှုရေးအဆုံးအမများနှင့်အညီ နေထိုင်ပြီး ကိုယ့်ကိုယ် ကိုယ်တန်ဖိုးထားသကဲ့သို့ သူတစ်ပါးကိုလည်း အလေးထားကြောင်း၊ ထို့ကြောင့် မိမိတို့ ဘဝတစ်လျှောက်မှာ ကိုယ်ကျင့်တရား အထူးကောင်းမွန်သည့်ခေါင်းဆောင်ကောင်းများဖြစ်အောင် ကိုယ်တိုင်ပြုစုပျိုးထောင်နေထိုင် သွားကြရန်လိုကြောင်း၊ ယနေ့ ၂၁ ရာစုခေတ်ကြီးတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစသည့် အချက်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် စစ်ရေးတစ်ခုတည်းကို သာအာရုံစိုက်လေ့လာရုံသာမက အခြားကဏ္ဍများကိုလည်း ယခုကတည်းကလေ့လာ ဖတ်ရှုကြရန်လိုကြောင်း၊ သို့မှသာ အကြားအမြင်ဗဟုသုတ၊ ပညာဉာဏ်နှင့်ပြည့်စုံမှာဖြစ်ပြီး ‘ပညာရဲရင့် ပွဲလယ်တင့်’ ဆိုသည့် ဆောင်ပုဒ်အတိုင်း တွေ့ကြုံလာသည့်အခက်အခဲမှန်သမျှအား ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် စစ်စည်းကမ်းနှင့်ပတ်သက်၍ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင်ဖြစ်သကဲ့သို့ တပ်မတော်၏ အသက်ဝိဉာဉ်လည်းဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာမှုတွင်လည်း မိမိတို့သည် စံနမူနာပြဖြစ် ရမည်ဖြစ်ကြောင်း၊ တပ်မတော်စည်းကမ်းဥပဒေများ၊ စစ်မြေပြင်စည်းကမ်းများနှင့် နယ်ဘက်ဆိုင်ရာ စည်းကမ်းဥပဒေများကို စံနမူနာပြ လေးစားလိုက်နာကျင့်ကြံကြရမည်ဖြစ်ကြောင်း၊ မိမိတို့ လက်အောက် ငယ်သားများအပေါ် တင်းကြပ်သည့် စည်းကမ်းများချမှတ်ပြီး မိမိလုပ်ချင်ရာလုပ်တာမျိုးကိုရှောင်ကြဉ်ကြရမည် ဖြစ်ကြောင်း၊ မိမိကိုယ်ကိုအလိုလိုက်ခြင်းသည်ကိုယ့်ကိုပျက်စီးစေသည့်အတွက် ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ လက်အောက်ကိုလည်း ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင် စည်းကမ်းအရာတွင် စံနမူနာပြဖြစ်မှသာ မိမိဦးဆောင်ရသည့်အဖွဲ့အစည်းကို လွယ်ကူစွာ အုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်သည့် အဖွဲ့အစည်းသည် ကြာရှည်တည်တံ့ပြီး အလုပ်တာဝန်များကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ စစ်သမိုင်းများတွင် လက်အောက်ခံတပ်ဖွဲ့များကို စည်းကမ်းတကျဖွဲ့စည်းနိုင်ခြင်း မရှိသည့်ခေါင်းဆောင်သည် အောင်မြင်မှုမရသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ လူတစ်ယောက်သည် စည်းကမ်းကောင်းလျှင် အချိန်အခါမရွေးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်တတ်သည့် စိတ်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ကွပ်ကဲရသည့်စစ်သည်များ စည်းကမ်းဖောက်လျှင် တည့်မတ်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်သား အားလုံးလိုက်နာရန်လိုအပ်သည့် စစ်သည်တော်ကျင့်ဝတ်အပါး (၆၀)အား ခါးဝတ်ပုဆိုးကဲ့ သို့မြဲမြံစွာ လိုက်နာသွားကြရန်လိုကြောင်း၊ အသောက်အစား၊ အပျော်အပါးများကို ထိန်းသိမ်းပြီး ခြိုးခြံချွေတာမှသာ ၀င်ငွေ၊ ထွက်ငွေမျှတမည်ဖြစ်ကြောင်း၊ သွားသင့်၊ သွားထိုက်သည့်နေရာ၊ ပျော်သင့်၊ ပျော်ထိုက်သည့်နေရာတွင် စည်းကမ်းနှင့်လုပ်ကိုင် ဆောင်ရွက်မှသာ လူ့ဘဝတန်ဖိုးမြင့် လာမည်ဖြစ်ကြောင်း၊ ခြိုးခြံချွေတာသည့်စိတ်၊ ရောင့်ရဲတင်းတိမ်သည့်စိတ်၊ လိုချင်တပ်မက်သည့်စိတ်ကို အမြဲသတိထားပြီး မိမိကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မိမိတို့၏တန်ဖိုးသည် တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံတော်ဖြစ်ပြီး နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တပ်မတော်တွင်တာဝန်ရှိကြောင်း၊ မိမိတို့ ဘိုးဘွားများ၏ အသက်၊ သွေး၊ ချွေးများ စတေးပြီးမှရရှိထားသည် သမိုင်းအမွေများကို တင့်တယ်စေရန်အတွက် ခေတ်အဆက်ဆက်က သစ္စာလေးချက်ကိုဦးရွက်ပြီး တပ်မတော်မှ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုအချိန်တွင် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒအတိုင်း ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများကို ဆယ်စုနှစ် နှစ်ခုကျော် ပြင်ဆင်တည်ဆောက်ပေးခဲ့ပြီးဖြစ်သဖြင့် ပြည်သူများရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း အမျိုးသားရေးအင်အားစုအဖြစ် ပါ၀င်လျှောက်လှမ်းလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံရေးလောင်းရိပ်အောက်မှ လွတ်ကင်းသည့် တပ်မတော်ဖြစ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရေး စရိုက်လက္ခဏာများကို ထိန်းသိမ်းကာကွယ်၍ ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းအတိုင်း ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် ခိုင်ခိုင်မာမာလျှောက်လှမ်းရန်အတွက် မူဝါဒချမှတ်ထားသည့် လမ်းကြောင်းအတိုင်းလျှောက်လှမ်းလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တပ်မတော်သားများ၏ တာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မထိခိုက်ရန်၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် တိုင်းရင်းသားများ၊ နိုင်ငံသူ၊ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ကြောင်း၊ အဆိုပါတာဝန်များကို နိုင်ငံတော်၏ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးအပ်ထားပြီးဖြစ်သော်လည်း ဥပဒေမဲ့ ဆောင်ရွက်၍မရသည်ကို သိရှိလိုက်နာကြရမည်ဖြစ်ကြောင်း၊ ဥပဒေ၏အထက်တွင် မည်သူ မျှနေ၍မရကြောင်း၊ တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ကြသည့်အခါတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာလုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ချိန်တွင် သတ်မှတ်ထားသည့် အမိန့်၊ စည်းမျဉ်း၊ ညွှန်ကြားချက်များအတိုင်း လိုက်နာတာဝန်ထမ်းဆောင်လျက်ရှိသဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များတွင်လည်း တပ်မတော်အနေဖြင့် Rules of Engagement (ROE)နှင့်ပတ်သက်ပြီး စနစ်တကျ ဥပဒေနှင့်အညီသာ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၂၅ ရက်နေ့တွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက နယ်ခြားစောင့်ရဲစခန်းအခု ၃၀ နှင့် တပ်ရင်းဌာနချုပ်တစ်ခုအား တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံးအကြမ်းဖက်တိုက်ခိုက်၍ ဒေသခံတိုင်းရင်းသားကျေးရွာများကို ဝိုင်းဝန်းခြိမ်းခြောက် အကြမ်းဖက် သတ်ဖြတ်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး သင်တန်းပေးလေ့ကျင့်မှု၊ စားနပ်ရိက္ခာစုပုံမှု၊ တပ်စခန်းများကိုတိုက်ခိုက်ရန် ကြံစည်မှုများအရ အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုသည် ကြိုတင်စီစဉ်လုပ်ဆောင်သည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှု အပေါ်တွင် အစွန်းရောက်ဘင်္ဂါလီများအား ဒေသတွင်ရှိသည့်လူအချို့က အားပေးကူညီမှုပြုခဲ့သည်များကိုလည်း တွေ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့် ၎င်းတို့သည် အကြမ်းဖက်သမားများဟု ကြေငြာထားပြီးဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် ပြည်ပသတင်းဌာနအချို့သည် ဖြစ်စဉ်မှန်များကို ဖုံးကွယ် ပြီးမှန်ကန်မှုမရှိသည့်သတင်းများကို အခြေခံထားသည့် သတင်းထုတ်ပြန်ဖော်ပြမှု၊ လှုံ့ဆော်ဝါဒ ဖြန့်မှုများကြောင့် နိုင်ငံတကာက ဖြစ်စဉ်အခြေအနေမှန်အား မသိရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တရားဥပဒေနှင့်အညီ မှန်ကန်စွာလုပ်ဆောင်နေသော်လည်း နိုင်ငံတကာမှ သိရှိမှုများသည် မှားယွင်းလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် တိုင်းရင်းသားများနှင့် တစ်စည်းတစ်လုံးတည်း စိတ်ချမ်းမြေ့စွာနေထိုင်နိုင်ရန်အတွက် ထာဝစဉ်စောင့်ထိန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ဒေသရှိ လူနည်းစုဖြစ်သည့် တိုင်းရင်းသားများ လူမျိုးတုန်းသတ်ဖြတ်မှု မခံရအောင် အပြည့်အဝကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အပြုသဘောဆောင်ပြီး ကောင်းမွန်သည့် လုပ်ဆောင်ချက်များကိုလည်း ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့်ပတ်သက်ပြီး တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ရန်အတွက် ဒီမိုကရေစီရည်မှန်းချက်များ အောင်မြင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)သည် နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိကအကျဆုံး အခြေခံလုပ်ဆောင်ရမည့် အချက်ပင်ဖြစ်ကြောင်း၊ NCA သည် အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ဖြစ်သော်လည်း အနှစ်သာရအားဖြင့် ပိုမိုနက်ရှိုင်းပါကြောင်း၊ စာချုပ်တွင်ပါ၀င်သည့် အချက်များသည် တိုင်းရင်းသားပြည်သူလူထု၏ အခွင့်အရေးကို ကန့်သတ်ထားခြင်း၊ ချုပ်ချယ်ထားခြင်း၊ ပိတ်ပင်ထားခြင်း တစ်ခုမှမပါ၀င်ဘဲ အခွင့်အရေးများကို တတ်နိုင်သမျှ ပေးထားကြောင်း၊ NCA စာချုပ်တွင်ပါ၀င်သည့် လုပ်သင့်လုပ်ထိုက်သည့်ကိစ္စများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်းချမ်းမှု၏ရလဒ်များ၊ အသီးအပွင့်များကို အမြန်ဆုံးရယူ ခံစားနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်သည်လည်း အတိတ်သမိုင်းကြောင်း အခြေအနေများနှင့် လက်ရှိအခြေအနေများကိုနှိုင်းယှဉ်ပြီး နှစ်ဖက်စလုံးလိုက်နာပူးပေါင်း ဆောင်ရွက်သင့်သည့် အခြေခံအချက်များကိုဖော်ထုတ်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုအဓိကတာဝန်ယူ ထမ်းဆောင်နေသည့် တပ်မတော်အနေဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို မည်သည့်အခါမှ ပွန်းပဲ့ခံမည်မဟုတ်ဘဲ အမြဲဦးထိပ်ပန်ဆင်ပြီး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူုးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။