တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၉)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၁

စစ္တကၠသုိလ္ဗုိလ္ေလာင္းသင္တန္း အမွတ္စဥ္(၅၉) သင္တန္းဆင္းဂုဏ္ျပဳညစာစားပဲြအခမ္းအနားကုိ ယေန႔ညေနပုိင္းတြင္ ျပင္ဦးလြင္ၿမဳိ႕၊ စစ္တကၠသိုလ္၊ အေနာ္ရထာတပ္ရင္း ဗိုလ္ေလာင္းတန္းစီကြင္း၌က်င္းပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အဆိုပါသင္တန္းဆင္း ဂုဏ္ျပဳညစာစားပဲြအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္ႏွင့္ ဇနီး၊ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ ဇနီးမ်ား၊ တိုင္းမွဴးမ်ား၊ စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းအရာရိွမ်ားႏွင့္ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က သင္တန္းဆင္းအရာရိွမ်ားအား တစ္ဦးခ်င္း ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ သင္တန္းဆင္းအရာရိွမ်ား၊ မိဘေဆြမ်ိဳးမ်ားႏွင့္အတူ ညစာသံုးေဆာင္ၾကသည္။

ညစာသုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႕ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ုံး ကြပ္ကဲမႈေအာက္ ျမ၀တီေတးဂီတအဖြဲ႕ႏွင့္ စစ္တကၠသုိလ္ ဂုဏ္ျပဳစစ္တီး၀ုိင္းတပ္ခြဲတုိ႔က ေတးသီခ်င္းမ်ားျဖင့္ သီဆုိတီးမႈတ္ေဖ်ာ္ေျဖၾကသည္။

သင္တန္းဆင္းဂုဏ္ျပဳညစာစားပဲြအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္အဖဲြ႕၀င္မ်ားသည္ သဘင္ေဆာင္၌ ျမ၀တီေတးဂီတအဖဲြ႕ႏွင့္ ျမ၀တီအၿငိမ့္အဖဲြ႕တို႔၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားကို ၾကည့္ရႈအားေပးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၉)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ၊ ဒီဇင်ဘာ ၁

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၅၉) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၊ အနော်ရထာတပ်ရင်း ဗိုလ်လောင်းတန်းစီကွင်း၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ဇနီး၊ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်းအရာရှိများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့နှင့် စစ်တက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲတို့က တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် သဘင်ဆောင်၌ မြဝတီတေးဂီတအဖွဲ့နှင့် မြဝတီအငြိမ့်အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။