တပ်မတော်သားတိုင်းတစ်ဦးချင်းစွမ်းရည်တိုးတက်ရန်အတွက် ကျန်းမာမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုရှိအောင်လေ့ကျင့်၊ ရဲစွမ်းသတ္တိဖြင့် တိုက်ပွဲတိုင်းနိုင်အောင်တိုက်၊ ပြည်သူကယုံကြည်အားကိုးရပြီး တပ်နှင့်ပြည်သူတစ်သားတည်းရှိရမည်

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၅

တပ္မေတာ္၏တာ၀န္မွာ ႏုိင္ငံေတာ္အားကာကြယ္ရန္ျဖစ္ေၾကာင္း၊ ထုိသုိ႔ကာကြယ္ႏုိင္ရန္အတြက္ စစ္ေရးစြမ္းရည္၊ စည္း႐ုံးေရးစြမ္းရည္ႏွင့္အုပ္ခ်ဳပ္ေရးစြမ္းရည္မ်ား ျပည့္၀ေနရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားတုိင္း၏စြမ္းရည္တုိးတက္ရန္အတြက္ က်န္းမာမႈ၊ ႀကံ့ခုိင္မႈ၊ ကြၽမ္းက်င္မႈရွိေအာင္ ေလ့က်င့္ရမည္ျဖစ္ၿပီး ေလ့က်င့္သားျပည့္၀မႈ၊ ရဲစြမ္းသတၱိရွိမႈျဖင့္ တုိက္ပြဲတုိင္းႏုိင္ေအာင္တုိက္ႏုိင္မည္ျဖစ္ေၾကာင္း၊ ယခုအခ်ိန္တြင္ တပ္မေတာ္အေပၚျပည္သူလူထုမွေထာက္ခံအားေပးမႈသည္ မိမိတုိ႔တပ္မေတာ္သားအားလုံး၏ ကုိယ္စီတာ၀န္မ်ား ေက်ပြန္စြာထမ္းေဆာင္မႈေၾကာင့္ျဖစ္ၿပီး မိမိတုိ႔အတြက္ အားကုိ ျဖစ္ေပၚေစေၾကာင္း၊ တုိက္ပြဲတုိင္းတြင္ႏုိင္ေအာင္တုိက္ႏုိင္ၿပီး ျပည္သူ႕အက်ိဳးျပဳလုပ္ငန္းမ်ားကုိေဆာင္ရြက္ျခင္းျဖင့္ တပ္ႏွင့္ျပည္သူ တစ္သားတည္းရွိမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က ယေန႔ေန႔လယ္ပုိင္းတြင္ သပိတ္က်င္းတပ္နယ္ရွိ နယ္ေျမခံတပ္မေတာ္တန္းျမင့္ ေလ့က်င့္ေရးေက်ာင္းမွ သင္တန္းနည္းျပမ်ားႏွင့္ သင္တန္းသားစစ္သည္မ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ခင္ေအာင္ျမင့္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္း ေက်ာင္းအုပ္ႀကီးႏွင့္ နည္းျပအရာရွိ၊ စစ္သည္မ်ား၊ သင္တန္းသား စစ္သည္မ်ားတက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံစဥ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တစ္ဦးခ်င္း၏စြမ္းရည္ ျမႇင့္တင္ေပးရန္၊ မိမိတို႔၏တာ၀န္မ်ားအားထမ္းေဆာင္ရာတြင္ အရည္အခ်င္းရွိရွိ ထမ္းေဆာင္ႏုိင္ေစရန္၊ တစ္ဆင့္ျမင့္ရာထူးမ်ားထမ္းေဆာင္ရာတြင္ ထုိက္ထုိက္တန္တန္တာ၀န္ ေပးအပ္ႏုိင္ရန္အတြက္ ယခုကဲ့သုိ႔သင္တန္းမ်ားဖြင့္လွစ္သင္ၾကားရျခင္းျဖစ္ေၾကာင္း၊ စစ္သားတစ္ဦးျဖစ္လာခ်ိန္မွစ၍ ကုိယ္စီတုိက္ပြဲ၀င္ႏုိင္ရန္၊ က်န္းမာႀက့ံခုိင္မႈရွိေစရန္အတြက္ ႏုိင္ငံတကာစံႏႈန္းမ်ားႏွင့္အညီ ထိထိေရာက္ေရာက္ေလ့က်င့္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ အဆင့္ဆင့္သင္တန္းမ်ားကုိတက္ေရာက္ေစျခင္းျဖင့္ မိမိတုိ႔အားေပးအပ္မည့္တာ၀န္မ်ားကုိ ေက်ပြန္စြာထမ္းေဆာင္ႏုိင္ရန္အတြက္ ေလ့က်င့္ေပးေနျခင္းျဖစ္ေၾကာင္း ဦးစြာေျပာၾကားသည္။

တပ္မေတာ္သားမ်ား၏က်န္းမာႀကံ့ခုိင္မႈႏွင့္ပတ္သက္ၿပီး က်န္းမာေရးႏွင့္ညီၫြတ္သည့္ ေနထုိင္မႈ၊ အစားအေသာက္၊ ၀တ္စားဆင္ယင္မႈမ်ားႏွင့္ အသုံးအေဆာင္ပစၥည္း မ်ားေကာင္းမြန္မႈရွိေအာင္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း၊ ရာသီဥတုႏွင့္လုိက္ေလ်ာညီေထြျဖစ္ေစမည့္ စစ္၀တ္စုံမ်ားအား ေဒသအလိုက္ထုတ္ေပးထားေၾကာင္း၊ တပ္မေတာ္သားတစ္ဦးတုိက္ပြဲ၀င္ႏုိင္သည့္ ခႏၶာကုိယ္က်န္းမာႀကံ့ခုိင္မႈအတြက္ လုိအပ္ေသာကယ္လုိရီမ်ား ျပည့္မီေအာင္ စနစ္တက်တြက္ခ်က္ထုတ္ေပးေကြၽးေမြးလ်က္ရွိသည့္ တပ္မေတာ္မွ ရိကၡာမ်ားကုိလည္း အျပည့္အ၀စားသုံးရန္လုိအပ္ေၾကာင္း၊ တပ္မေတာ္တစ္ရပ္လုံးတြင္ တပ္ပုိင္၊ တစ္ပုိင္တစ္ႏုိင္စုိက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္ရြက္ေစျခင္းသည္ တပ္ရန္ပုံေငြတုိးပြားေရးအတြက္မဟုတ္ဘဲ တပ္မေတာ္အတြင္းရွိ အရာရွိ၊ အရာခံ၊ အၾကပ္၊ စစ္သည္မိသားစု၀င္မ်ားအတြက္ အာဟာရျပည့္၀ေစရန္ႏွင့္ စားေရးတြင္အေထာက္အကူ ျဖစ္ေစရန္အတြက္သာျဖစ္ေၾကာင္း၊ က်န္းမာစြာေနထုိင္ႏုိင္ရန္အတြက္ မိမိတုိ႔ေနထုိင္သည့္ ပတ္၀န္းက်င္၊ အေဆာက္အဦမ်ားသန္႔ရွင္းမႈရွိရန္၊ ခ်က္ျပဳတ္စားေသာက္သည့္ အုိးခြက္ ပန္းကန္မ်ားမွအစ၊ အသုံးအေဆာင္ပစၥည္းမ်ား သန္႔ရွင္းမႈရွိရန္လည္းလုိအပ္ေၾကာင္း၊ အရက္ေသစာ၊ ေဆးလိပ္ ေသာက္သုံးမႈႏွင့္ အေပ်ာ္အပါးလုိက္စားမႈမ်ားကုိလည္း တတ္ႏုိင္သမွ်ေရွာင္ၾကဥ္ရမည္ျဖစ္ေၾကာင္း၊ အရက္ေသစာေသာက္စားျခင္းေၾကာင့္ အမႈအခင္းမ်ားျဖစ္ႏုိင္သကဲ့သုိ႔ က်န္းမာေရးကုိမ်ားစြာထိခုိက္ေစႏုိင္ေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ ၾကမ္းတမ္းသည့္ ရာသီဥတု၊ ေျမအေနအထားအမ်ိဳးမ်ိဳးတြင္ တာ၀န္ထမ္းေဆာင္ေနရသည့္အတြက္ က်န္းမာႀကံ့ခုိင္မႈ ျပည့္၀ေစရန္အတြက္ ေနထုိင္စားေသာက္ရမည္ျဖစ္ေၾကာင္းမွာၾကားသည္။

ယင္းေနာက္ ကြၽမ္းက်င္မႈႏွင့္ပတ္သက္ၿပီး မိမိတုိ႔ကုိေပးအပ္သည့္ တာ၀န္မ်ားအား ကြၽမ္းက်င္ပုိင္ႏုိင္စြာျဖင့္ ထမ္းေဆာင္ႏုိင္ရန္ ယခုကဲ့သုိ႔သင္တန္းေက်ာင္းမ်ားတြင္ တစ္ဦးခ်င္းစစ္အေျခခံမွစ၍ အဆင့္ဆင့္ေခါင္းေဆာင္မႈမ်ားအတြက္ သင္ၾကားေလ့က်င့္ေပးလုိက္ေၾကာင္း၊ မိမိတုိ႔ကုိင္တြယ္အသုံးျပဳရသည့္ လက္နက္၊ က်င့္သုံးရမည့္ စစ္နည္းဗ်ဴဟာမ်ားကုိ ကြၽမ္းက်င္ပုိင္ႏုိင္ေအာင္ေလ့က်င့္မွသာ စစ္ေျမျပင္တြင္ထိထိ ေရာက္ေရာက္အသုံးခ်ႏုိင္မည္ျဖစ္ၿပီး တုိက္ပြဲတုိင္းေအာင္ႏုိင္မည္ျဖစ္ေၾကာင္း၊ တုိက္ပြဲ၀င္ရာတြင္ တစ္ဦးခ်င္းကုိယ္စီကြၽမ္းက်င္မႈရွိရန္အဓိကက်ေၾကာင္း၊ ထုိ႔ေၾကာင့္ ယခုကဲ့သုိ႔စစ္ပညာသင္တန္းမ်ားတက္ေရာက္ခ်ိန္တြင္ မိမိတုိ႔နည္းျပမ်ားမွ သင္ၾကားေပးသည့္ စစ္ပညာမ်ားအားကြၽမ္းက်င္တတ္ေျမာက္သည္အထိ စိတ္၀င္စားစြာျဖင့္ သင္ၾကားေလ့က်င့္ရန္လုိေၾကာင္း၊ သင္တန္းေက်ာင္းမ်ားတြင္ အရည္အခ်င္းျပည့္မီသည့္ နည္းျပမ်ားကုိသာေရြးခ်ယ္တာ၀န္ေပးထားျခင္းျဖစ္ေၾကာင္း၊ သင္တန္းေက်ာင္းတြင္ ေလ့က်င့္သင္ယူထားသည့္ စစ္ပညာမ်ားအား စစ္ေျမျပင္တြင္ လက္ေတြ႕အသုံးခ်ရာ၌ ရဲစြမ္းသတၱိႏွင့္ေပါင္းစပ္တုိက္ပြဲ၀င္ျခင္းျဖင့္ ေအာင္ပြဲရရွိမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္း၏ ကြၽမ္းက်င္မႈႏွင့္ ရဲစြမ္းသတၱိအတြက္ ျမန္မာ့႐ုိးရာသိုင္းပညာရပ္မ်ား၊ တုိက္ပြဲ၀င္ အားကစားနည္းမ်ားကုိလည္း ေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္းေျပာၾကားသည္။

ထုိ႔အတူ မိမိတုိ႔ဘ၀တုိးတက္ေရးအတြက္ စာဖတ္ရန္လုိေၾကာင္း၊ စာဖတ္ျခင္းအားျဖင့္ ႏုိင္ငံတကာေရးရာမ်ား၊ စစ္ေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရးပုိင္းဆုိင္ရာမ်ားကုိ သိရွိနားလည္ၿပီး အသိဥာဏ္ပညာမ်ားတုိးတက္၍ ေတြးေခၚေျမာ္ျမင္မႈအားေကာင္းလာမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ား၏ ပညာရည္ ျမင့္မားေရးအတြက္လည္း ေဆာင္ရြက္ေပးေနေၾကာင္း၊ တစ္ဦးခ်င္း၏စြမ္းေဆာင္ရည္မ်ား တုိးတက္ျခင္းျဖင့္ တပ္မေတာ္တစ္ရပ္လုံးစြမ္းရည္ပုိရွိလာမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔တာ၀န္ထမ္းေဆာင္မႈ အေပၚမူတည္၍အဆင့္တုိးျမႇင့္ေပးျခင္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိၿပီး အၿငိမ္းစားယူခ်ိန္တြင္ တစ္ဦးခ်င္း၏ဂုဏ္သိကၡာႏွင့္ ဘ၀ရပ္တည္ႏုိင္ေရးအတြက္ ထုိက္ထုိက္တန္တန္ျဖစ္ေအာင္ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္းျဖင့္ မွာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သင္တန္းနည္းျပမ်ားႏွင့္ သင္တန္းသားမ်ားအားရင္းရင္းႏွီးႏွီးလုိက္လံႏႈတ္ဆက္သည္။ ယင္းေနာက္ သင္တန္းသားစားရိပ္သာတြင္ သင္တန္းသားမ်ားႏွင့္အတူ ေန႔လယ္စာကုိ အတူတကြသုံးေဆာင္ၾကသည္။

ဆက္လက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား သင္တန္းေက်ာင္း အစည္းအေ၀းခန္းမတြင္ သင္တန္းေက်ာင္းေက်ာင္းအုပ္ႀကီးက ဦး၊ ေရး၊ ေထာက္ဆုိင္ရာ လုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ၊ သင္တန္းသားမ်ားအားသင္တန္းပုိ႔ခ်ေနမႈ အေျခအေနမ်ားႏွင့္ တပ္တည္ေဆာက္ေရး၊ စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လုိအပ္သည္မ်ားမွာၾကားျဖည့္ဆည္းေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ သင္တန္းေက်ာင္းရွိ ေမြးျမဴေရးၿခံအတြင္း ဆိတ္ေမြးျမဴေရး၊ ႏုိဘုိဂ်င္ဘေရာင္းဥစားၾကက္ႏွင့္ အသားစားၾကက္မ်ား၊ DYL ၀က္မ်ားေမြးျမဴထားမႈအေျခအေနမ်ားအား လုိက္လံၾကည့္႐ႈစစ္ေဆးရာ ေက်ာင္းအုပ္ႀကီးႏွင့္တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းတင္ျပၾကသည္။ ရွင္းလင္းတင္ျပမႈအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လူတုိင္းတြင္ စားေရးသည္ အေရးႀကီးေၾကာင္း၊ မိမိတုိ႔ႏုိင္ငံတြင္အဓိက အသားငါးအေနျဖင့္ ၾကက္၊ ၀က္၊ ဆိတ္၊ အမဲ၊ ငါးမ်ား စားသုံးေၾကာင္း၊ သုိ႔ျဖစ္၍အမ်ားစုသက္သက္သာသာျဖင့္ အာဟာရျပည့္၀စြာစားသုံးႏုိင္ရန္ ဥစားၾကက္၊ အသားတုိး၀က္မ်ား၊ ႏုိ႕စားႏြားမ်ား ေမြးျမဴရန္လုိေၾကာင္း၊ ယေန႔ခ်ိန္ခါတြင္ပုိ၍အေရးႀကီးေၾကာင္း၊ နီးစပ္ရာေဒသ၀န္းက်င္ သုိ႔လည္း တတ္ႏုိင္သမွ် ျဖန္႔ျဖဴးေရာင္းခ်ေပးရန္လိုေၾကာင္း မွာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်သားတိုင်းတစ်ဦးချင်းစွမ်းရည်တိုးတက်ရန်အတွက် ကျန်းမာမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုရှိအောင်လေ့ကျင့်၊ ရဲစွမ်းသတ္တိဖြင့် တိုက်ပွဲတိုင်းနိုင်အောင်တိုက်၊ ပြည်သူကယုံကြည်အားကိုးရပြီး တပ်နှင့်ပြည်သူတစ်သားတည်းရှိရမည်

နေပြည်တော်၊ ဒီဇင်ဘာ – ၅

တပ်မတော်၏တာဝန်မှာ နိုင်ငံတော်အားကာကွယ်ရန်ဖြစ်ကြောင်း၊ ထိုသို့ကာကွယ်နိုင်ရန်အတွက် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့်အုပ်ချုပ်ရေးစွမ်းရည်များ ပြည့်ဝနေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်း၏စွမ်းရည်တိုးတက်ရန်အတွက် ကျန်းမာမှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ရမည်ဖြစ်ပြီး လေ့ကျင့်သားပြည့်ဝမှု၊ ရဲစွမ်းသတ္တိရှိမှုဖြင့် တိုက်ပွဲတိုင်းနိုင်အောင်တိုက်နိုင်မည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် တပ်မတော်အပေါ်ပြည်သူလူထုမှထောက်ခံအားပေးမှုသည် မိမိတို့တပ်မတော်သားအားလုံး၏ ကိုယ်စီတာဝန်များ ကျေပွန်စွာထမ်းဆောင်မှုကြောင့်ဖြစ်ပြီး မိမိတို့အတွက် အားကို ဖြစ်ပေါ်စေကြောင်း၊ တိုက်ပွဲတိုင်းတွင်နိုင်အောင်တိုက်နိုင်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြင့် တပ်နှင့်ပြည်သူ တစ်သားတည်းရှိမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နေ့လယ်ပိုင်းတွင် သပိတ်ကျင်းတပ်နယ်ရှိ နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ သင်တန်းနည်းပြများနှင့် သင်တန်းသားစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြအရာရှိ၊ စစ်သည်များ၊ သင်တန်းသား စစ်သည်များတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်ဦးချင်း၏စွမ်းရည် မြှင့်တင်ပေးရန်၊ မိမိတို့၏တာဝန်များအားထမ်းဆောင်ရာတွင် အရည်အချင်းရှိရှိ ထမ်းဆောင်နိုင်စေရန်၊ တစ်ဆင့်မြင့်ရာထူးများထမ်းဆောင်ရာတွင် ထိုက်ထိုက်တန်တန်တာဝန် ပေးအပ်နိုင်ရန်အတွက် ယခုကဲ့သို့သင်တန်းများဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း၊ စစ်သားတစ်ဦးဖြစ်လာချိန်မှစ၍ ကိုယ်စီတိုက်ပွဲဝင်နိုင်ရန်၊ ကျန်းမာကြ့ံခိုင်မှုရှိစေရန်အတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ ထိထိရောက်ရောက်လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆင့်ဆင့်သင်တန်းများကိုတက်ရောက်စေခြင်းဖြင့် မိမိတို့အားပေးအပ်မည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း ဦးစွာပြောကြားသည်။

တပ်မတော်သားများ၏ကျန်းမာကြံ့ခိုင်မှုနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှု၊ အစားအသောက်၊ ၀တ်စားဆင်ယင်မှုများနှင့် အသုံးအဆောင်ပစ္စည်း များကောင်းမွန်မှုရှိအောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စစ်ဝတ်စုံများအား ဒေသအလိုက်ထုတ်ပေးထားကြောင်း၊ တပ်မတော်သားတစ်ဦးတိုက်ပွဲဝင်နိုင်သည့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် လိုအပ်သောကယ်လိုရီများ ပြည့်မီအောင် စနစ်တကျတွက်ချက်ထုတ်ပေးကျွေးမွေးလျက်ရှိသည့် တပ်မတော်မှ ရိက္ခာများကိုလည်း အပြည့်အဝစားသုံးရန်လိုအပ်ကြောင်း၊ တပ်မတော်တစ်ရပ်လုံးတွင် တပ်ပိုင်၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်စေခြင်းသည် တပ်ရန်ပုံငွေတိုးပွားရေးအတွက်မဟုတ်ဘဲ တပ်မတော်အတွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်မိသားစုဝင်များအတွက် အာဟာရပြည့်ဝစေရန်နှင့် စားရေးတွင်အထောက်အကူ ဖြစ်စေရန်အတွက်သာဖြစ်ကြောင်း၊ ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်၊ အဆောက်အဦများသန့်ရှင်းမှုရှိရန်၊ ချက်ပြုတ်စားသောက်သည့် အိုးခွက် ပန်းကန်များမှအစ၊ အသုံးအဆောင်ပစ္စည်းများ သန့်ရှင်းမှုရှိရန်လည်းလိုအပ်ကြောင်း၊ အရက်သေစာ၊ ဆေးလိပ် သောက်သုံးမှုနှင့် အပျော်အပါးလိုက်စားမှုများကိုလည်း တတ်နိုင်သမျှရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ အရက်သေစာသောက်စားခြင်းကြောင့် အမှုအခင်းများဖြစ်နိုင်သကဲ့သို့ ကျန်းမာရေးကိုများစွာထိခိုက်စေနိုင်ကြောင်း၊ တပ်မတော်သားများသည် ကြမ်းတမ်းသည့် ရာသီဥတု၊ မြေအနေအထားအမျိုးမျိုးတွင် တာဝန်ထမ်းဆောင်နေရသည့်အတွက် ကျန်းမာကြံ့ခိုင်မှု ပြည့်ဝစေရန်အတွက် နေထိုင်စားသောက်ရမည်ဖြစ်ကြောင်းမှာကြားသည်။

ယင်းနောက် ကျွမ်းကျင်မှုနှင့်ပတ်သက်ပြီး မိမိတို့ကိုပေးအပ်သည့် တာဝန်များအား ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ထမ်းဆောင်နိုင်ရန် ယခုကဲ့သို့သင်တန်းကျောင်းများတွင် တစ်ဦးချင်းစစ်အခြေခံမှစ၍ အဆင့်ဆင့်ခေါင်းဆောင်မှုများအတွက် သင်ကြားလေ့ကျင့်ပေးလိုက်ကြောင်း၊ မိမိတို့ကိုင်တွယ်အသုံးပြုရသည့် လက်နက်၊ ကျင့်သုံးရမည့် စစ်နည်းဗျူဟာများကို ကျွမ်းကျင်ပိုင်နိုင်အောင်လေ့ကျင့်မှသာ စစ်မြေပြင်တွင်ထိထိ ရောက်ရောက်အသုံးချနိုင်မည်ဖြစ်ပြီး တိုက်ပွဲတိုင်းအောင်နိုင်မည်ဖြစ်ကြောင်း၊ တိုက်ပွဲဝင်ရာတွင် တစ်ဦးချင်းကိုယ်စီကျွမ်းကျင်မှုရှိရန်အဓိကကျကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့စစ်ပညာသင်တန်းများတက်ရောက်ချိန်တွင် မိမိတို့နည်းပြများမှ သင်ကြားပေးသည့် စစ်ပညာများအားကျွမ်းကျင်တတ်မြောက်သည်အထိ စိတ်ဝင်စားစွာဖြင့် သင်ကြားလေ့ကျင့်ရန်လိုကြောင်း၊ သင်တန်းကျောင်းများတွင် အရည်အချင်းပြည့်မီသည့် နည်းပြများကိုသာရွေးချယ်တာဝန်ပေးထားခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် လေ့ကျင့်သင်ယူထားသည့် စစ်ပညာများအား စစ်မြေပြင်တွင် လက်တွေ့အသုံးချရာ၌ ရဲစွမ်းသတ္တိနှင့်ပေါင်းစပ်တိုက်ပွဲဝင်ခြင်းဖြင့် အောင်ပွဲရရှိမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း၏ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ္တိအတွက် မြန်မာ့ရိုးရာသိုင်းပညာရပ်များ၊ တိုက်ပွဲဝင် အားကစားနည်းများကိုလည်း လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းပြောကြားသည်။

ထို့အတူ မိမိတို့ဘဝတိုးတက်ရေးအတွက် စာဖတ်ရန်လိုကြောင်း၊ စာဖတ်ခြင်းအားဖြင့် နိုင်ငံတကာရေးရာများ၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို သိရှိနားလည်ပြီး အသိဉာဏ်ပညာများတိုးတက်၍ တွေးခေါ်မြော်မြင်မှုအားကောင်းလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ပညာရည် မြင့်မားရေးအတွက်လည်း ဆောင်ရွက်ပေးနေကြောင်း၊ တစ်ဦးချင်း၏စွမ်းဆောင်ရည်များ တိုးတက်ခြင်းဖြင့် တပ်မတော်တစ်ရပ်လုံးစွမ်းရည်ပိုရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်မှု အပေါ်မူတည်၍အဆင့်တိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားယူချိန်တွင် တစ်ဦးချင်း၏ဂုဏ်သိက္ခာနှင့် ဘဝရပ်တည်နိုင်ရေးအတွက် ထိုက်ထိုက်တန်တန်ဖြစ်အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းနည်းပြများနှင့် သင်တန်းသားများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ယင်းနောက် သင်တန်းသားစားရိပ်သာတွင် သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် သင်တန်းကျောင်းကျောင်းအုပ်ကြီးက ဦး၊ ရေး၊ ထောက်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု၊ သင်တန်းသားများအားသင်တန်းပို့ချနေမှု အခြေအနေများနှင့် တပ်တည်ဆောက်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များမှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းကျောင်းရှိ မွေးမြူရေးခြံအတွင်း ဆိတ်မွေးမြူရေး၊ နိုဘိုဂျင်ဘရောင်းဥစားကြက်နှင့် အသားစားကြက်များ၊ DYL ၀က်များမွေးမြူထားမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လူတိုင်းတွင် စားရေးသည် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင်အဓိက အသားငါးအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ အမဲ၊ ငါးများ စားသုံးကြောင်း၊ သို့ဖြစ်၍အများစုသက်သက်သာသာဖြင့် အာဟာရပြည့်ဝစွာစားသုံးနိုင်ရန် ဥစားကြက်၊ အသားတိုးဝက်များ၊ နို့စားနွားများ မွေးမြူရန်လိုကြောင်း၊ ယနေ့ချိန်ခါတွင်ပို၍အရေးကြီးကြောင်း၊ နီးစပ်ရာဒေသဝန်းကျင် သို့လည်း တတ်နိုင်သမျှ ဖြန့်ဖြူးရောင်းချပေးရန်လိုကြောင်း မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။