နိုင်ငံတော်နှင့်တပ်မတော်အတွက် အားထားရမည့် အင်ဂျင်နီယာအတတ်ပညာရှင် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းအားထုတ်သွားကြရန်လို

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၈

မိမိတုိ႔တပ္မေတာ္ကုိ ေခတ္မီၿပီးစြမ္းရည္ထက္ျမက္သည့္ တပ္မေတာ္အျဖစ္ တည္ေဆာက္ရာတြင္ “ အင္ဂ်င္နီယာစြမ္းပကား တပ္မေတာ္အား” ဆုိသည့္ ေဆာင္ပုဒ္ႏွင့္အညီ အင္ဂ်င္နီယာအတတ္ပညာျဖင့္ တုိက္စြမ္းအားျမႇင့္တင္ရန္ ႀကိဳးစားၾကရမည္ျဖစ္သကဲ့သုိ႔ တုိက္စြမ္းရည္ရွိရန္လည္း ထိေရာက္သည့္ ေလ့က်င့္မႈမ်ား ျပဳလုပ္ရန္လုိအပ္ေၾကာင္း၊ ထုိကဲ့သုိ႔ ေလ့က်င့္ေရးျဖင့္တည္ေဆာက္ရာတြင္ ႐ုပ္ပုိင္းဆုိင္ရာ၊ စိတ္ပုိင္းဆုိင္ရာမ်ားကုိပါ ေလ့က်င့္ေပးၿပီး တပ္မေတာ္၏ လုပ္ငန္းစဥ္(၃)ရပ္ျဖစ္သည့္ “ေလ့လာ၊ ေလ့က်င့္၊ လုိက္နာ” ဆုိသည့္အတုိင္း ေလ့လာမွတ္သားမႈမ်ား၊ ေလ့က်င့္မႈမ်ား အၿမဲမျပတ္ေဆာင္ရြက္ၿပီး ရရွိထားသည့္ ေလ့လာထားမႈ၊ ေလ့က်င့္မႈမ်ားအတုိင္း လုပ္ငန္းခြင္တြင္ လုိက္နာေဆာင္ရြက္၍ ႏုိင္ငံေတာ္ႏွင့္တပ္မေတာ္အတြက္ အားထားရမည့္ အင္ဂ်င္နီယာအတတ္ပညာရွင္ သားေကာင္းရတနာမ်ားျဖစ္ေအာင္ ႀကိဳးပမ္းအားထုတ္သြားၾကရန္ လုိအပ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ တပ္မေတာ္နည္းပညာတကၠသုိလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္သည့္ တပ္မေတာ္နည္းပညာတကၠသုိလ္ ဗုိလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၉) သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနား၌ မိန္႔ခြန္းေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆုိပါအခမ္းအနားသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ နယ္စပ္ေရးရာ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီး သီရိပ်ံခ်ီ ရဲေအာင္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ခင္ေအာင္ျမင့္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရိွႀကီးမ်ားႏွင့္ဇနီးမ်ား၊ တိုင္းမွဴးမ်ား၊ တပ္မေတာ္နည္းပညာတကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ ျပင္ဦးလြင္တပ္နယ္မွ တပ္မေတာ္အရာရိွႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္သည္ ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး ေက်ာင္းဆင္းဗိုလ္ေလာင္းတပ္ရင္းမ်ားအား စစ္ေဆးသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္အား ဗိုလ္ေလာင္းတပ္ရင္းမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၉)မွ ေအာင္စစ္သည္ဆုရရွိသူ  ဗိုလ္ေလာင္းအမွတ္ ၇၀၇၆ ဗိုလ္ေလာင္း စံရဲေက်ာ္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရိွသူ ဗိုလ္ေလာင္းအမွတ္ ၇၀၉၇ ဗိုလ္ေလာင္း ဇင္ကုိထက္ႏွင့္ စာေပထူးခြၽန္ဆုရရိွသူ ဗိုလ္ေလာင္းအမွတ္ ၇၀၆၀ ဗိုလ္ေလာင္း ေက်ာ္ဇင္သန္႔တို႔အား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန္႔ခြန္းေျပာၾကားရာတြင္ မိမိတုိ႔ႏုိင္ငံ၏အတိတ္သမုိင္းတြင္ ေခတ္ကာလႏွင့္အညီ စြမ္းရည္ရွိသည့္ တပ္မေတာ္တစ္ရပ္မရွိခဲ့ျခင္းေၾကာင့္ ႏုိင္ငံေတာ္၏ ပုိင္နက္နယ္ေျမႏွင့္ အခ်ဳပ္အျခာအာဏာကုိ ကာကြယ္ထိန္းသိမ္းႏုိင္စြမ္းမရွိဘဲ သူ႕ကြၽန္ဘ၀က်ေရာက္ခဲ့ရေၾကာင္း၊ ႏုိင္ငံေတာ္၏ လြတ္လပ္ေရးအတြက္ တုိက္ပြဲ၀င္ခဲ့ရၿပီး အေရးႀကီးသည့္ အလွည့္အေျပာင္းကာလမ်ားတြင္ တပ္မေတာ္သည္ ႏုိင္ငံေတာ္အတြက္ မားမားမတ္မတ္ ရပ္တည္ေပးခဲ့ေၾကာင္း၊ အတိတ္သမုိင္းမွရရွိခဲ့သည့္ သင္ခန္းစာမ်ားအရ ယခုအခါတြင္ တပ္မေတာ္ကုိ စြမ္းရည္ျပည့္၀သည့္ Standard Army ျဖစ္ေအာင္ တည္ေဆာက္လ်က္ရွိေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏ ပထ၀ီအေနအထား၊ မ်က္ေမာက္ေခတ္ကာလ ေခတ္သစ္စစ္ပြဲမ်ား၏ အသြင္သ႑ာန္၊ အနာဂတ္စစ္ပြဲမ်ား၏ အလားအလာမ်ားအရ ႏုိင္ငံေတာ္အေပၚ က်ေရာက္လာမည့္ ျပည္တြင္း/ျပည္ပ အႏၲရာယ္မ်ားကုိ ကာကြယ္ႏုိင္ရန္အတြက္ ေခတ္မီတပ္မေတာ္တစ္ရပ္ တည္ေဆာက္ေရးသည္ ယေန႔ေခတ္ကာလ၏ မျဖစ္မေနလုိအပ္သည့္ လုပ္ငန္းစဥ္တစ္ရပ္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔တပ္မေတာ္အား အင္အားေတာင့္တင္းၿပီး စြမ္းရည္ထက္ျမက္သည့္ ေခတ္မီမ်ိဳးခ်စ္ တပ္မေတာ္ျဖစ္ေအာင္ တပ္တည္ေဆာက္ေရးလုပ္ငန္းႀကီး ၄ ရပ္ကုိ အေကာင္အထည္ေဖာ္ၿပီး တပ္ရင္း/တပ္ဖြဲ႕မ်ား၏ စြမ္းရည္ ၃ ရပ္ထက္ျမက္ေအာင္ ေဆာင္ရြက္လ်က္ရွိေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ ေခတ္မီတပ္မေတာ္တည္ေဆာက္ရာတြင္ အင္အားေတာင့္တင္းရန္ လုိအပ္သကဲ့သုိ႔ စြမ္းရည္ထက္ျမက္ရန္လည္း လုိအပ္ေၾကာင္း၊ ေခတ္မီတပ္မေတာ္တစ္ရပ္ျဖစ္ရန္အတြက္ စစ္မႈသိပၸံႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈမ်ား၊ စစ္မႈေရးရာ ေတာ္လွန္ေျပာင္းလဲမႈမ်ားကုိလည္း ေလ့လာသိရွိေနရန္ လုိအပ္ေၾကာင္း၊ သမုိင္းဦးကာလမွ ယေန႔မ်က္ေမွာက္ေခတ္အထိ စစ္၏သေဘာတရားမ်ား၊ စစ္ပြဲ အယူအဆမ်ား၊ စစ္ပြဲပုံသ႑န္မ်ား၊ စစ္နည္းဗ်ဴဟာႏွင့္ စစ္မဟာဗ်ဴဟာမ်ားသည္လည္း စစ္ဘက္နည္းပညာဖြံ႕ၿဖိဳးမႈ၊ စစ္လက္နက္ပစၥည္းမ်ား ဆန္းသစ္တီထြင္လာမႈႏွင့္ယွဥ္တြဲၿပီး အဆင့္ဆင့္တုိးတက္ေျပာင္းလဲလ်က္ရွိေၾကာင္း၊ မ်က္ေမွာက္ကာလ နယ္ပယ္အသီးသီးတြင္ နည္းပညာဆုိင္ရာဖြံ႕ၿဖိဳးတုိးတက္မႈမ်ားႏွင့္အတူ စိန္ေခၚမႈမ်ားစြာကုိ ကမၻာ့ႏုိင္ငံအသီးသီးက ရင္ဆုိင္ေနရေၾကာင္း၊ နည္းပညာဆုိသည္မွာ စိတ္ကူးမႈမ်ားကုိ လက္ေတြ႕အေကာင္အထည္ေဖာ္ အသုံးခ်ႏုိင္ေအာင္ေဆာင္ရြက္သည့္ ပညာရပ္ဆုိင္ရာနည္းနာျဖစ္ၿပီး ေဘာင္ကန္႔သတ္ခ်က္ မရွိေသာေၾကာင့္ ၿပိဳင္ဆုိင္မႈႏွင့္စိန္ေခၚမႈမ်ား စဥ္ဆက္မျပတ္ ျဖစ္ေပၚလ်က္ရွိေၾကာင္း၊ ယေန႔ေခတ္ကာလတြင္ သတင္းအခ်က္အလက္စီးဆင္းမႈ လြယ္ကူျမန္ဆန္မႈႏွင့္အတူ နည္းပညာဖြံ႕ၿဖိဳးတုိးတက္မႈသည္လည္း အရွိန္အဟုန္ျဖင့္ ေျပာင္းလဲတုိးတက္ေနသည့္အတြက္ နည္းပညာဖြံ႕ၿဖိဳးသည့္ႏုိင္ငံႏွင့္ နည္းပညာမဖြံ႕ၿဖိဳးသည့္ ႏုိင္ငံမ်ားအၾကားကြာဟမႈသည္ ႏုိင္ငံ၏အခ်ဳပ္အျခာ အာဏာထိပါးခံရမႈ၊ ဆုံး႐ႈံးႏုိင္မႈတုိ႔ကုိ ျဖစ္ေပၚေစႏုိင္သျဖင့္ ကမၻာ့ႏုိင္ငံအသီးသီးက နည္းပညာအေျချပဳ ေခတ္မီတပ္မေတာ္ တည္ေဆာက္ေရးကုိ အၿပိဳင္အဆုိင္ လုပ္ေဆာင္ေနၾကသည္ကုိ ေလ့လာေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ထုိကဲ့သုိ႔ ေခတ္မီတပ္မေတာ္တည္ေဆာက္မႈမ်ားကုိ ေလ့လာၾကည့္လွ်င္ စစ္မႈသိပၸံႏွင့္နည္းပညာ ေျပာင္းလဲတုိးတက္မႈ မ်ားအရတပ္မေတာ္ကုိ အဆင့္ျမႇင့္တင္ျခင္း၊ က်င့္သုံးသည့္ စစ္ဆင္မႈသေဘာတရား ေျပာင္းလဲျခင္းမ်ားကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ကုိ ျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္အတူ ႏုိင္ငံေရး၊ စီးပြားေရး၊ စစ္ေရးဆုိင္ရာေျပာင္းလဲမႈမ်ား၊ က်င့္သုံးသည့္ ႏုိင္ငံေရးစနစ္အေပၚတြင္မူတည္ၿပီး အေတြးအေခၚအယူအဆမ်ား၊ ၿခိမ္းေျခာက္မႈမ်ား၊ လုံၿခဳံေရးဆုိင္ရာ အယူအဆမ်ားလည္း လုိက္ပါေျပာင္းလဲေနသည္ကုိ ေတြ႕ရွိရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ဆက္လက္ၿပီး ယေန႔ေခတ္သည္ နည္းပညာေခတ္ျဖစ္သည္ႏွင့္အညီ ေျပာင္းလဲတုိးတက္ေနသည့္ နည္းပညာမ်ားကုိ မ်က္ေျခမျပတ္ေလ့လာေနရန္လုိေၾကာင္း၊ ေခတ္မီတပ္မေတာ္ တည္ေဆာက္ေရးတြင္ တပ္မေတာ္သားတုိင္း၏ ပညာရည္ျမင့္မားမႈသည္ အေရးႀကီးသည့္ အေျခခံအခ်က္ျဖစ္ေၾကာင္း၊ ေခတ္ႏွင့္အညီ ေျပာင္းလဲတုိးတက္ေနသည့္ နည္းပညာမ်ားကုိ အမွီလုိက္ႏုိင္ရန္အတြက္ အရည္အခ်င္း၊ အရည္အေသြး ျမင့္မားသည့္ အင္ဂ်င္နီယာမ်ား ေပၚထြန္းလာေရးအတြက္ ေခတ္မီပညာေရးစနစ္ကုိ အသုံးျပဳရမည္ျဖစ္ေၾကာင္း၊ ယေန႔နည္းပညာဆုိင္ရာ ပညာေရးစနစ္မ်ားကုိ ေလ့လာၾကည့္လွ်င္ ရလဒ္အေျချပဳပညာေရးစနစ္ (Outcome Based Education System) အား ေျပာင္းလဲအသုံးျပဳလာၾကေၾကာင္း၊ သင္တန္းတစ္ခုၿပီးဆုံးသည့္အခ်ိန္တြင္ မည္သည့္အရာမ်ားအား တတ္ကြၽမ္းနားလည္ရမည္ဆုိသည့္ ေမွ်ာ္မွန္းရလဒ္မ်ားကုိ ႀကိဳတင္သတ္မွတ္ၿပီး အဆုိပါပညာရပ္မ်ား တတ္ေျမာက္ေအာင္သင္ၾကားေပးရသည့္ စနစ္ကုိဆုိလုိျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္ နည္းပညာတကၠသုိလ္မွ သင္ၾကားေပးလုိက္သည့္ပညာမ်ားသည္ အေျခခံမွ်သာျဖစ္ၿပီး မိမိတုိ႔တပ္ရင္း/တပ္ဖြဲ႕ အသီးသီးသုိ႔ ေရာက္ရွိတာ၀န္ထမ္းေဆာင္ခ်ိန္တြင္ သက္ဆုိင္ရာ ဘာသာရပ္အလုိက္ သင္ၾကားေပးလုိက္သည့္ ပညာရပ္မ်ားကုိ ပုိမုိက်ယ္ျပန္႔စြာ သိရွိနားလည္ေစရန္အၿမဲတမ္း ေလ့လာေနရမည္ျဖစ္ေၾကာင္း၊ အဓိကအားျဖင့္ ၂၁ ရာစုေခတ္သစ္စစ္ပြဲကုိ ရင္ဆုိင္ႏုိင္ရန္အတြက္ ေခတ္မီတပ္မေတာ္ တစ္ရပ္လုိအပ္သည့္အျပင္ တုိက္စြမ္းအားျမင့္မားသည့္ ေခတ္မီစစ္လက္နက္ပစၥည္းမ်ား လုိအပ္မည္ျဖစ္ေၾကာင္း၊ စြမ္းအားျမင့္ ေခတ္မီ စစ္လက္နက္ပစၥည္းမ်ားသည္ တုိက္ပြဲ၏အဆုံးအျဖတ္ကုိ ေျပာင္းလဲႏုိင္စြမ္းရွိေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔ တတ္ေျမာက္ထားသည့္ အင္ဂ်င္နီယာအတတ္ပညာမ်ားျဖင့္ တုိက္စြမ္းအားျမင့္မား ေသာေခတ္မီစစ္လက္နက္ ပစၥည္းမ်ားကုိ ကြၽမ္းက်င္စြာ ကုိင္တြယ္အသုံးျပဳႏုိင္႐ုံမက တီထြင္ဖန္တီးႏုိင္စြမ္းရွိေအာင္ တီထြင္မႈ၊ သုေတသနျပဳလုပ္မႈမ်ားကုိလည္း အားေပး လုပ္ေဆာင္သြားၾကရန္လုိေၾကာင္း မွာၾကားသည္။

ဆက္လက္ၿပီး အင္ဂ်င္နီယာပညာဒႆန(Engineering Philosophy) အယူအဆသည္ အင္ဂ်င္နီယာ နည္းပညာျဖင့္ ေသာ္လည္းေကာင္း၊ အင္ဂ်င္နီယာမ်ားမွေသာ္လည္းေကာင္း လူ႕အဖြဲ႕အစည္းအတြက္ ၎တုိ႔၏ ပညာရပ္မ်ားကုိ မည္ကဲ့သုိ႔အက်ိဳးရွိရွိ အသုံးျပဳရမည္ဆုိသည့္ စည္းမ်ဥ္းကုိရည္မွန္း၍ ေရးဆြဲသတ္မွတ္ထားသည့္ အယူအဆတစ္ရပ္ျဖစ္ေၾကာင္း၊ သခၤ်ာပညာရပ္မ်ား၊ သဘာ၀သိပၸံပညာရပ္မ်ားကုိ သင္ယူမႈ၊ ေလ့လာမႈ၊ လက္ေတြ႕ေဆာင္ရြက္မႈမ်ားမွတစ္ဆင့္ နားလည္တတ္ကြၽမ္းေစၿပီး လူမႈအဖြဲ႕အစည္းကုိ ဖြံ႕ၿဖိဳးတုိးတက္ေစရန္အတြက္ သဘာ၀ပတ္၀န္းက်င္ကုိ ျပဳျပင္ဖန္တီးျခင္းပင္ျဖစ္ေၾကာင္း၊ အင္ဂ်င္နီယာ ပညာရပ္သည္ ေခတ္မီႏုိင္ငံတည္ေဆာက္ေရးအတြက္ အဓိကေမာင္းႏွင္အားလည္းျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔သည္ အင္ဂ်င္နီယာပညာရွင္မ်ားပီပီ အေတြးအေခၚ အယူအဆတစ္ခုကုိ လက္ေတြ႕အေကာင္ အထည္ေဖာ္ႏုိင္သည္အထိ လုပ္ႏုိင္စြမ္းရွိေအာင္ ႀကိဳးစားေနရန္လုိအပ္သကဲ့သုိ႔ မိမိတုိ႔ တတ္ကြၽမ္းသည့္ ပညာရပ္ကုိအသုံးခ်ၿပီး စစ္ေျမျပင္တြင္ စစ္ပြဲေအာင္ႏုိင္ေရးအတြက္ အေထာက္အကူျပဳရန္လုိေၾကာင္း၊ တပ္မေတာ္နည္းပညာတကၠသုိလ္ ေက်ာင္းဆင္း အင္ဂ်င္နီယာပညာရွင္မ်ားသည္ ကာကြယ္ေရးစြမ္းရည္ကုိ ျမႇင့္တင္ေပးႏုိင္ရမည့္အျပင္ ႏုိင္ငံေတာ္ကာကြယ္ေရးလုပ္ငန္းမ်ားတြင္လည္း အားထားရမည့္ပညာရွင္ မ်ားျဖစ္ရန္လည္းလုိေၾကာင္း မွာၾကားသည္။

၎ေနာက္ မိမိတုိ႔ အင္ဂ်င္နီယာပညာရွင္မ်ားသည္ သီအုိရီမ်ားကုိအေျခခံၿပီး ျပ႒ာန္းခ်က္မ်ား၊ က်င့္၀တ္မ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားအတုိင္း တိတိက်က်လုိက္ နာလုပ္ေဆာင္ၾကရမွာ ျဖစ္သည့္အျပင္ အခ်ိန္မီ လုပ္ေဆာင္ႏိုင္ရန္လည္း လုိအပ္ေၾကာင္း၊ အင္ဂ်င္နီယာပုိင္းဆုိင္ရာ အားနည္းခ်က္မ်ားေၾကာင့္ ျဖစ္ေပၚေနသည့္ ပ်က္စီးဆုံး႐ႈံးမႈ သာဓကမ်ားကုိ ယေန႔ကမၻာေပၚတြင္ မ်ားစြာေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ က်င့္၀တ္၊ စည္းကမ္းသတ္မွတ္ခ်က္မ်ားအတုိင္း တိတိက်က်ႏွင့္ အခ်ိန္ကုိက္လုပ္ေဆာင္တတ္သည့္ အက်င့္ေကာင္းမ်ား ထာ၀ရရွိေနရန္လိုအပ္ေၾကာင္း၊ အင္ဂ်င္နီယာအရာရွိမ်ားအျဖစ္ တာ၀န္ထမ္းေဆာင္ၾကမည့္မိမိတုိ႔သည္ အတတ္ပညာရွင္မ်ား ျဖစ္သလုိ စစ္ဘက္ေခါင္းေဆာင္ငယ္မ်ားလည္းျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ တပ္မေတာ္၏ အဓိကတာ၀န္ျဖစ္သည့္ ႏုိင္ငံေတာ္ကာကြယ္ေရးႏွင့္ လုံၿခဳံေရးတာ၀န္မ်ားကုိ က်ရာက႑မွ ထမ္းေဆာင္ ၾကရမည္ျဖစ္ေၾကာင္း၊ စစ္ဘက္ေခါင္းေဆာင္ဆုိသည္မွာ တပ္ကုိေကာင္းေအာင္ တည္ေဆာက္ႏုိင္စြမ္း ရွိရမွာျဖစ္ကဲ့သုိ႔ အခက္အခဲအက်ပ္အတည္း မွန္သမွ်ကုိလည္း ရင္ဆုိင္ေက်ာ္လႊားၿပီး မိမိတပ္ဖြဲ႕ကုိ တက္ညီလက္ညီ စုေပါင္းေဆာင္ရြက္ႏုိင္စြမ္းရွိေအာင္ ဖြဲ႕စည္းထားႏုိင္ရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ယင္းေနာက္ စစ္ဘက္ေခါင္းေဆာင္တစ္ဦးအေနျဖင့္ စစ္ပညာႏွင့္ပတ္သက္ၿပီး ျပည့္စုံၿပီးေျမာက္ေအာင္ ျဖည့္ဆည္းရန္အတြက္ ေျပာင္းလဲတုိးတက္ေနသည့္ စစ္နည္းဗ်ဴဟာႏွင့္ အဆင့္ျမင့္နည္းပညာမ်ားကုိ ႏုိင္ငံတကာႏွင့္ ရင္ေဘာင္တန္းႏုိင္ေအာင္ စဥ္ဆက္္မျပတ္ ေလ့လာသုေတသနျပဳတီထြင္ေနရန္လုိအပ္ေၾကာင္း၊ ေခါင္းေဆာင္ဆုိသည္မွာ ေမြးရာပါပင္ကုိဗီဇဟု ယခင္ကသတ္မွတ္ခဲ့ၾကေသာ္လည္း ယခုအခါတြင္ ေခါင္းေဆာင္မႈ အရည္အခ်င္းသည္ ေလ့က်င့္ယူႏုိင္သည့္ အရည္အေသြးအျဖစ္ သတ္မွတ္လာၾကၿပီျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္မိမိတုိ႔၏ လက္ေအာက္ငယ္သားမ်ားက အတုယူအား က်ေလာက္သည့္ စြမ္းေဆာင္ရည္ရွိသည့္ စံျပဳေခါင္းေဆာင္မ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္လုိေၾကာင္း၊ အနာဂတ္ႏုိင္ငံေတာ္ ဖြံ႕ၿဖိဳးတုိးတက္မႈအတြက္ အင္ဂ်င္နီယာ ေခါင္းေဆာင္မ်ားအျဖစ္ မိမိတုိ႔သည္ ႐ုပ္ပုိင္းဆုိင္ရာႏွင့္ စိတ္ပုိင္းဆုိင္ရာမ်ားတြင္ ႀကံ့ခုိင္ ေနရန္လုိအပ္ေၾကာင္း၊ သုိ႔မွသာတပ္မေတာ္၏ ရည္မွန္းခ်က္တာ၀န္မ်ားကုိ ေအာင္ျမင္ေအာင္ ထမ္းေဆာင္ႏုိင္ၾကမည္ ျဖစ္ေၾကာင္း၊ က်န္းမာေအာင္ေနထုိင္စားေသာက္ၿပီး ႀကံ့ခုိင္ေအာင္ ေလ့က်င့္ၾကရမည္ ျဖစ္ေၾကာင္း၊ ေလ့က်င့္မွကြၽမ္းက်င္၊ ကြၽမ္းက်င္မွယုံၾကည္၊ ယုံၾကည္မွရဲရင့္၊ ရဲရင့္မွေအာင္ပြဲဆင္ဆုိသည့္ ေဆာင္ပုဒ္ႏွင့္အညီ တာ၀န္က်ရာ တပ္ရင္း/တပ္ဖြဲ႕မ်ားရွိ စစ္သည္၊ မိသားစု၀င္အားလုံးကုိ ကြၽမ္းက်င္မႈ ရွိေစရန္ႏွင့္ ရဲစြမ္းသတၱိရွိေစရန္လည္း ဦးေဆာင္ေလ့က်င့္ၿပီး ရည္မွန္းခ်က္တာ၀န္မ်ားကုိ ေအာင္ျမင္ေအာင္ ထမ္းေဆာင္သြားၾကရန္လုိေၾကာင္း မွာၾကားသည္။

ဆက္လက္ၿပီး ေခတ္မီဖြံ႕ၿဖိဳးတုိးတက္သည့္ ႏုိင္ငံေတာ္ကုိေဖာ္ေဆာင္ရာတြင္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တုိင္းရင္းသား စည္းလုံးညီၫြတ္မႈမၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာ တည္တံခုိင္ၿမဲေရးဆုိသည့္ ဒုိ႔တာ၀န္အေရးသုံးပါးသည္ ခုိင္ခုိင္မာမာ တည္ရွိေနရန္လုိေၾကာင္း၊ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒ တြင္လည္း “ႏုိင္ငံသားတုိင္းသည္ ဒုိ႔တာ၀န္အေရးသုံးပါးကုိ ေစာင့္ထိန္းရန္တာ၀န္ရွိသည္” ဟု သတ္မွတ္ျပ႒ာန္း ထားေၾကာင္း၊ မိမိတုိ႔တပ္မေတာ္အေနျဖင့္ အမ်ိဳးသားေရးတာ၀န္ျဖစ္သည့္ ဒုိ႕တာ၀န္အေရးသုံးပါးကုိ မည္သည့္အခါမွ အထိအပါးအပြန္းအပဲ့ခံမည္ မဟုတ္ဘဲ အၿမဲဦးထိပ္ပန္ဆင္ၿပီး ကာကြယ္ေစာင့္ေရွာက္ သြားမည္ျဖစ္ေၾကာင္း၊ ဒုိ႔တာ၀န္အေရးသုံးပါးသည္ တပ္မေတာ္တစ္ရပ္တည္းႏွင့္ သက္ဆုိင္သည္မဟုတ္ဘဲ ျမန္မာႏုိင္ငံတြင္ မီွတင္းေနထုိင္ၾကသည့္ တုိင္းရင္းသားျပည္သူတစ္ရပ္လုံးႏွင့္ သက္ဆုိင္ေနသည့္ အမ်ိဳးသားေရးတာ၀န္ တစ္ရပ္ျဖစ္ေၾကာင္း၊ မိမိတို႔ႏုိင္ငံ၏ သမုိင္းေၾကာင္းႏွင့္ ပကတိအရွိတရားအရ ဒုိ႔တာ၀န္အေရးသုံးပါးကုိ မထိခုိက္ေအာင္ ကာကြယ္ရန္အတြက္ မိမိတုိ႔တပ္မေတာ္၏ သမုိင္းေပးတာ၀န္ တစ္ရပ္လည္းျဖစ္ေၾကာင္း၊ ဒုိ႔တာ၀န္အေရးသုံးပါးကုိ ထိခုိက္လာလွ်င္ မေမွ်ာ္မွန္းႏုိင္သည့္ရလဒ္ဆုိးမ်ား ေပၚေပါက္လာႏုိင္ၿပီး ဘယ္ေခတ္၊ ဘယ္စနစ္တြင္ျဖစ္ေစ ႏုိင္ငံေတာ္ႏွင့္ တုိင္းရင္းသားျပည္သူမ်ားအတြက္ ထာ၀ရလုိအပ္ေနသည့္ ဒုိ႔တာ၀န္အေရးသုံးပါးသည္ ျပည္သူတစ္ရပ္လုံးက ၀ုိင္း၀န္းကာကြယ္ ေစာင့္ေရွာက္ၾကရမည့္ အမ်ိဳးသားေရး တာ၀န္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ထုိ႔ေနာက္ မိမိတုိ႔တပ္မေတာ္သည္ ႏုိင္ငံေတာ္ကာကြယ္ေရးတာ၀န္ကုိ စြမ္းစြမ္းတမံ ထမ္းေဆာင္ႏုိင္ရန္အတြက္ စစ္ေရးစြမ္းရည္၊ စည္း႐ုံးေရးစြမ္းရည္၊ အုပ္ခ်ဳပ္ေရးစြမ္းရည္ဆုိသည့္ စြမ္းရည္သုံးရပ္ႏွင့္ အစဥ္ျပည့္၀ေနရန္ လုိေၾကာင္း၊ ထုိ႔အျပင္ တပ္တြင္း/တပ္ျပင္ စည္း႐ုံးေရးလုပ္ငန္းမ်ားကုိလည္း ေအာင္ျမင္ေအာင္ တည္ ေဆာက္ၾကရမည္ျဖစ္ေၾကာင္း၊ ႏုိင္ငံေတာ္ကာကြယ္ေရးလုပ္ငန္းသည္ ျပည္သူမပါ၀င္လွ်င္ အဆုံးစြန္ေအာင္ျမင္မႈကုိ ရရွိႏုိင္မည္မဟုတ္သည့္အတြက္ ႏုိင္ငံေတာ္ ကာကြယ္ေရးလုပ္ငန္းစဥ္မ်ားတြင္ ျပည္သူတစ္ရပ္လုံး ပူးေပါင္းပါ၀င္ၿပီး အျပည့္အ၀ ေထာက္ခံအားေပးမႈရရွိေအာင္ တည္ေဆာက္ထားၾက ရမွာျဖစ္ေၾကာင္း၊ အင္အားေတာင့္တင္းၿပီး စြမ္းရည္ထက္ျမက္သည့္ ေခတ္မီမ်ိဳးခ်စ္တပ္မေတာ္အျဖစ္ တည္ေဆာက္ႏုိင္မွသာ ႏုိင္ငံေတာ္ႏွင့္ျပည္သူလူထုက ယုံၾကည္အားကုိးရသည့္ တပ္မေတာ္၊ ႏုိင္ငံတကာက အေလးထားရသည့္ တပ္မေတာ္အျဖစ္ေရာက္ရွိ လာမည္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံ၏စြမ္းအားသည္ ႏုိင္ငံ၏အတြင္းမွာသာရွိသည့္အတြက္ ႏုိင္ငံတစ္၀ွမ္းတြင္ ရွိသည့္တုိင္းရင္းသားညီအစ္ကုိမ်ား ခ်စ္ၾကည္ရင္းႏွီး၊ စည္းလုံးညီၫြတ္စြာရပ္တည္ၿပီး ႏုိင္ငံ၏အခ်ဳပ္အျခာအာဏာႏွင့္ လုံၿခဳံေရးထိပါးလာမႈကုိ ကာကြယ္ႏုိင္ရန္ အတြက္ တပ္မေတာ္သည္ျပည္သူႏွင့္ တစ္သားတည္းျဖစ္ရန္လုိေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔တာ၀န္က်ရာ တပ္ရင္း/တပ္ဖြဲ႕အသီးသီးသုိ႔ ေရာက္ရွိတာ၀န္ထမ္းေဆာင္ခ်ိန္ ျပည္သူလူထုႏွင့္ဆက္ဆံရာတြင္ စစ္သည္ေတာ္က်င့္၀တ္ အပါး(၆၀) ပါအခ်က္အလက္မ်ားကုိ အေလးထားလုိက္နာၾကရန္လုိေၾကာင္း၊ ျပည္သူလူထု၏ အားေပးေထာက္ခံမႈသည္ ႏုိင္ငံေတာ္ကာကြယ္ေရး လုပ္ငန္းမ်ားအတြက္ အေရးႀကီးသည့္ အေျခခံအခ်က္မ်ား ျဖစ္သည့္အတြက္ မိမိတို႔အေနျဖင့္ ျပည္သူ႕အက်ိဳးျပဳလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ေအာင္ျမင္ေအာင္ ဦးေဆာင္ဦးရြက္ျပဳၾကရန္လုိေၾကာင္း မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္သည္ ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မဟာသေရစည္သူ မင္းေအာင္လိႈင္သည္ တပ္မေတာ္နည္းပညာတကၠသိုလ္ ေက်ာင္းဌာနခ်ဳပ္ဧည့္ခန္းမ၌ ထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္း(၃)ဦးႏွင့္ ၎တုိ႔၏ မိဘမ်ားအားေတြ႕ဆံု၍ ဂုဏ္ျပဳအမွာစကားေျပာၾကားသည္။

ထုိသုိ႔ေတြ႕ဆုံေျပာၾကားရာတြင္ မိမိတုိ႔အေနျဖင့္ ၆ ႏွစ္တာကာလအတြင္း စဥ္ဆက္မျပတ္ ႀကိဳးစားအားထုတ္ခဲ့မႈမ်ားေၾကာင့္ ယခုကဲ့သုိ႔ ထူးခြၽန္ဆုမ်ားရရွိခဲ့ျခင္းျဖစ္ၿပီး ဆက္လက္ထိန္းသိမ္း ေဆာင္ရြက္သြားၾကရန္ လုိေၾကာင္း၊ မိဘမ်ားကမိမိတုိ႔ ေမြးသည့္အခ်ိန္မွစ၍ ယေန႔ တပ္မေတာ္နည္းပညာတကၠသုိလ္သုိ႔ ေရာက္သည္အထိ ပညာသင္ၾကားေပး၍ ေကြၽးေမြးျပဳစုသြန္သင္ဆုံးမေပးခဲ့ၾကၿပီး တပ္မေတာ္နည္းပညာ တကၠသုိလ္ တက္ေရာက္ခ်ိန္မွစ၍ ယခုသင္တန္းၿပီးဆုံးခ်ိန္ အရာရွိငယ္မ်ားျဖစ္သည္ အထိတပ္မေတာ္မွ ေမြးထုတ္ေပးလုိက္ေၾကာင္း၊ မိမိကုိယ္ကုိ အလုိမလုိက္ပဲ ထိန္းသိမ္းလုပ္ေဆာင္ျခင္းျဖင့္ ႏုိင္ငံေတာ္အေပၚ၊ မိဘမ်ားအေပၚ အက်ိဳးျပဳႏုိင္သည့္ အရာရွိမ်ားျဖစ္ေအာင္ ထိန္းသိမ္းလုပ္ေဆာင္သြားၾကရန္ လုိေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

(Unicode Version)

နိုင်ငံတော်နှင့်တပ်မတော်အတွက် အားထားရမည့် အင်ဂျင်နီယာအတတ်ပညာရှင် သားကောင်းရတနာများ ဖြစ်အောင် ကြိုးပမ်းအားထုတ်သွားကြရန်လို

နေပြည်တော်၊ ဒီဇင်ဘာ ၈

မိမိတို့တပ်မတော်ကို ခေတ်မီပြီးစွမ်းရည်ထက်မြက်သည့် တပ်မတော်အဖြစ် တည်ဆောက်ရာတွင် “ အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အင်ဂျင်နီယာအတတ်ပညာဖြင့် တိုက်စွမ်းအားမြှင့်တင်ရန် ကြိုးစားကြရမည်ဖြစ်သကဲ့သို့ တိုက်စွမ်းရည်ရှိရန်လည်း ထိရောက်သည့် လေ့ကျင့်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ ထိုကဲ့သို့ လေ့ကျင့်ရေးဖြင့်တည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကိုပါ လေ့ကျင့်ပေးပြီး တပ်မတော်၏ လုပ်ငန်းစဉ်(၃)ရပ်ဖြစ်သည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်အတိုင်း လေ့လာမှတ်သားမှုများ၊ လေ့ကျင့်မှုများ အမြဲမပြတ်ဆောင်ရွက်ပြီး ရရှိထားသည့် လေ့လာထားမှု၊ လေ့ကျင့်မှုများအတိုင်း လုပ်ငန်းခွင်တွင် လိုက်နာဆောင်ရွက်၍ နိုင်ငံတော်နှင့်တပ်မတော် အတွက် အားထားရမည့် အင်ဂျင်နီယာအတတ်ပညာရှင် သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းအား ထုတ်သွားကြရန် လိုအပ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ရဲအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများတက်ရောက် ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ရင်းများအား စစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ရ၀၇၆ ဗိုလ်လောင်း စံရဲကျော်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ရ၀၉၇ ဗိုလ်လောင်း ဇင်ကိုထက်နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ရ၀၆၀ ဗိုလ်လောင်း ကျော်ဇင်သန့်တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် မိမိတို့နိုင်ငံ၏အတိတ်သမိုင်းတွင် ခေတ်ကာလ နှင့်အညီ စွမ်းရည်ရှိသည့် တပ်မတော်တစ်ရပ်မရှိခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ သူ့ကျွန်ဘဝကျရောက်ခဲ့ရကြောင်း၊ နိုင်ငံတော်၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရပြီး အရေးကြီးသည့် အလှည့်အပြောင်းကာလများတွင် တပ်မတော်သည် နိုင်ငံတော်အတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြောင်း၊ အတိတ်သမိုင်းမှရရှိခဲ့သည့် သင်ခန်းစာများအရ ယခုအခါတွင် တပ်မတော်ကို စွမ်းရည်ပြည့်ဝသည့် Standard Army ဖြစ်အောင် တည်ဆောက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီအနေအထား၊ မျက်မောက်ခေတ်ကာလ ခေတ်သစ်စစ်ပွဲများ၏ အသွင်သဏ္ဍာန်၊ အနာဂတ်စစ်ပွဲများ၏ အလားအလာများအရ နိုင်ငံတော်အပေါ် ကျရောက်လာမည့် ပြည်တွင်း/ပြည်ပ အန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရေးသည် ယနေ့ခေတ် ကာလ၏ မဖြစ်မနေလိုအပ်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်အား အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်အောင် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်ကို အကောင်အထည် ဖော်ပြီး တပ်ရင်း/တပ်ဖွဲ့များ၏ စွမ်းရည် ၃ ရပ်ထက်မြက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် အင်အားတောင့်တင်းရန် လိုအပ်သကဲ့သို့ စွမ်းရည်ထက်မြက်ရန်လည်း လိုအပ်ကြောင်း၊ ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်ရန်အတွက် စစ်မှုသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ၊ စစ်မှုရေးရာ တော်လှန်ပြောင်းလဲမှုများကိုလည်း လေ့လာသိရှိနေရန် လိုအပ်ကြောင်း၊ သမိုင်းဦးကာလမှ ယနေ့မျက်မှောက်ခေတ်အထိ စစ်၏သဘောတရားများ၊ စစ်ပွဲ အယူအဆများ၊ စစ်ပွဲပုံသဏ္ဍန်များ၊ စစ်နည်းဗျူဟာနှင့် စစ်မဟာဗျူဟာများသည်လည်း စစ်ဘက်နည်းပညာ ဖွံ့ဖြိုးမှု၊ စစ်လက်နက်ပစ္စည်းများ ဆန်းသစ်တီထွင်လာမှုနှင့်ယှဉ်တွဲပြီး အဆင့်ဆင့်တိုးတက်ပြောင်းလဲ လျက်ရှိကြောင်း၊ မျက်မှောက်ကာလ နယ်ပယ်အသီးသီးတွင် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ စိန်ခေါ်မှုများစွာကို ကမ္ဘာ့နိုင်ငံအသီးသီးက ရင်ဆိုင်နေရကြောင်း၊ နည်းပညာဆိုသည်မှာ စိတ်ကူးမှုများကို လက်တွေ့အကောင်အထည်ဖော် အသုံးချနိုင်အောင်ဆောင်ရွက်သည့် ပညာရပ်ဆိုင်ရာနည်းနာဖြစ်ပြီး ဘောင်ကန့်သတ်ချက် မရှိသောကြောင့် ပြိုင်ဆိုင်မှုနှင့်စိန်ခေါ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယနေ့ခေတ်ကာလတွင် သတင်းအချက်အလက်စီးဆင်းမှု လွယ်ကူမြန်ဆန်မှုနှင့်အတူ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်နေသည့်အတွက် နည်းပညာဖွံ့ဖြိုးသည့်နိုင်ငံ နှင့် နည်းပညာမဖွံ့ဖြိုးသည့် နိုင်ငံများအကြားကွာဟမှုသည် နိုင်ငံ၏အချုပ်အခြာ အာဏာထိပါးခံရမှု၊ ဆုံးရှုံးနိုင်မှုတို့ကို ဖြစ်ပေါ်စေနိုင်သဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက နည်းပညာအခြေပြု ခေတ်မီတပ်မတော် တည်ဆောက်ရေးကို အပြိုင်အဆိုင် လုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ခေတ်မီတပ်မတော်တည်ဆောက်မှုများကို လေ့လာကြည့်လျှင် စစ်မှုသိပ္ပံနှင့်နည်းပညာ ပြောင်းလဲတိုးတက်မှု များအရတပ်မတော်ကို အဆင့်မြှင့်တင်ခြင်း၊ ကျင့်သုံးသည့် စစ်ဆင်မှုသဘောတရား ပြောင်းလဲခြင်းများကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်ကို ပြုပြင်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာပြောင်းလဲမှုများ၊ ကျင့်သုံးသည့် နိုင်ငံရေးစနစ်အပေါ်တွင်မူတည်ပြီး အတွေးအခေါ်အယူအဆများ၊ ခြိမ်းခြောက်မှုများ၊ လုံခြုံရေးဆိုင်ရာ အယူအဆများလည်း လိုက်ပါပြောင်းလဲနေသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်းပြောကြားသည်။

ဆက်လက်ပြီး ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို မျက်ခြေမပြတ်လေ့လာနေရန်လိုကြောင်း၊ ခေတ်မီတပ်မတော် တည်ဆောက်ရေးတွင် တပ်မတော်သားတိုင်း၏ ပညာရည်မြင့်မားမှုသည် အရေးကြီးသည့် အခြေခံအချက်ဖြစ်ကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို အမှီလိုက်နိုင်ရန်အတွက် အရည်အချင်း၊ အရည်အသွေး မြင့်မားသည့် အင်ဂျင်နီယာများ ပေါ်ထွန်းလာရေးအတွက် ခေတ်မီပညာရေးစနစ်ကို အသုံးပြုရမည်ဖြစ်ကြောင်း၊ ယနေ့နည်းပညာဆိုင်ရာ ပညာရေးစနစ်များကို လေ့လာကြည့်လျှင် ရလဒ်အခြေပြုပညာရေးစနစ် (Outcome Based Education System) အား ပြောင်းလဲအသုံးပြုလာကြကြောင်း၊ သင်တန်းတစ်ခုပြီးဆုံးသည့်အချိန်တွင် မည်သည့်အရာများအား တတ်ကျွမ်းနားလည်ရမည်ဆိုသည့် မျှော်မှန်းရလဒ်များကို ကြိုတင်သတ်မှတ်ပြီး အဆိုပါပညာရပ်များ တတ်မြောက်အောင်သင်ကြားပေးရသည့် စနစ်ကိုဆိုလိုခြင်းဖြစ်ကြောင်း၊ တပ်မတော် နည်းပညာတက္ကသိုလ်မှ သင်ကြားပေးလိုက်သည့်ပညာများသည် အခြေခံမျှသာဖြစ်ပြီး မိမိတို့တပ်ရင်း/တပ်ဖွဲ့ အသီးသီးသို့ ရောက်ရှိတာဝန်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပေးလိုက်သည့် ပညာရပ်များကို ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်စေရန်အမြဲတမ်း လေ့လာနေရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ၂၁ ရာစုခေတ်သစ်စစ်ပွဲကို ရင်ဆိုင်နိုင်ရန်အတွက် ခေတ်မီတပ်မတော် တစ်ရပ်လိုအပ်သည့်အပြင် တိုက်စွမ်းအားမြင့်မားသည့် ခေတ်မီစစ်လက်နက်ပစ္စည်းများ လိုအပ်မည်ဖြစ်ကြောင်း၊ စွမ်းအားမြင့် ခေတ်မီ စစ်လက်နက်ပစ္စည်းများသည် တိုက်ပွဲ၏အဆုံးအဖြတ်ကို ပြောင်းလဲနိုင်စွမ်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့ တတ်မြောက်ထားသည့် အင်ဂျင်နီယာအတတ်ပညာများဖြင့် တိုက်စွမ်းအားမြင့်မား သောခေတ်မီစစ်လက်နက် ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရုံမက တီထွင်ဖန်တီးနိုင်စွမ်းရှိအောင် တီထွင်မှု၊ သုတေသနပြုလုပ်မှုများကိုလည်း အားပေး လုပ်ဆောင်သွားကြရန်လိုကြောင်း မှာကြားသည်။

ဆက်လက်ပြီး အင်ဂျင်နီယာပညာဒဿန(Engineering Philosophy) အယူအဆသည် အင်ဂျင်နီယာ နည်းပညာဖြင့် သော်လည်းကောင်း၊ အင်ဂျင်နီယာများမှသော်လည်းကောင်း လူ့အဖွဲ့အစည်းအတွက် ၎င်းတို့၏ ပညာရပ်များကို မည်ကဲ့သို့အကျိုးရှိရှိ အသုံးပြုရမည်ဆိုသည့် စည်းမျဉ်းကိုရည်မှန်း၍ ရေးဆွဲသတ်မှတ်ထားသည့် အယူအဆတစ်ရပ်ဖြစ်ကြောင်း၊ သင်္ချာပညာရပ်များ၊ သဘာဝသိပ္ပံပညာရပ်များကို သင်ယူမှု၊ လေ့လာမှု၊ လက်တွေ့ဆောင်ရွက်မှုများမှတစ်ဆင့် နားလည်တတ်ကျွမ်းစေပြီး လူမှုအဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ဖန်တီးခြင်းပင်ဖြစ်ကြောင်း၊ အင်ဂျင်နီယာ ပညာရပ်သည် ခေတ်မီနိုင်ငံတည်ဆောက်ရေးအတွက် အဓိကမောင်းနှင်အားလည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့သည် အင်ဂျင်နီယာပညာရှင်များပီပီ အတွေးအခေါ် အယူအဆတစ်ခုကို လက်တွေ့အကောင် အထည်ဖော်နိုင်သည်အထိ လုပ်နိုင်စွမ်းရှိအောင် ကြိုးစားနေရန်လိုအပ်သကဲ့သို့ မိမိတို့ တတ်ကျွမ်းသည့် ပညာရပ်ကိုအသုံးချပြီး စစ်မြေပြင်တွင် စစ်ပွဲအောင်နိုင်ရေးအတွက် အထောက်အကူပြုရန်လိုကြောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဆင်း အင်ဂျင်နီယာပညာရှင်များသည် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်ရမည့်အပြင် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အားထားရမည့်ပညာရှင် များဖြစ်ရန်လည်းလိုကြောင်း မှာကြားသည်။

၎င်းနောက် မိမိတို့ အင်ဂျင်နီယာပညာရှင်များသည် သီအိုရီများကိုအခြေခံပြီး ပြဋ္ဌာန်းချက်များ၊ ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း တိတိကျကျလိုက် နာလုပ်ဆောင်ကြရမှာ ဖြစ်သည့်အပြင် အချိန်မီ လုပ်ဆောင်နိုင်ရန်လည်း လိုအပ်ကြောင်း၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးဆုံးရှုံးမှု သာဓကများကို ယနေ့ကမ္ဘာပေါ်တွင် များစွာတွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင့်ဝတ်၊ စည်းကမ်းသတ်မှတ်ချက်များအတိုင်း တိတိကျကျနှင့် အချိန်ကိုက်လုပ်ဆောင်တတ်သည့် အကျင့်ကောင်းများ ထာဝရရှိနေရန်လိုအပ်ကြောင်း၊ အင်ဂျင်နီယာအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြမည့်မိမိတို့သည် အတတ်ပညာရှင်များ ဖြစ်သလို စစ်ဘက်ခေါင်းဆောင်ငယ်များလည်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျရာကဏ္ဍမှ ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ စစ်ဘက်ခေါင်းဆောင်ဆိုသည်မှာ တပ်ကိုကောင်းအောင် တည်ဆောက်နိုင်စွမ်း ရှိရမှာဖြစ်ကဲ့သို့ အခက်အခဲအကျပ်အတည်း မှန်သမျှကိုလည်း ရင်ဆိုင်ကျော်လွှားပြီး မိမိတပ်ဖွဲ့ကို တက်ညီလက်ညီ စုပေါင်းဆောင်ရွက်နိုင်စွမ်းရှိအောင် ဖွဲ့စည်းထားနိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် စစ်ဘက်ခေါင်းဆောင်တစ်ဦးအနေဖြင့် စစ်ပညာနှင့်ပတ်သက်ပြီး ပြည့်စုံပြီးမြောက်အောင် ဖြည့်ဆည်းရန်အတွက် ပြောင်းလဲတိုးတက်နေသည့် စစ်နည်းဗျူဟာနှင့် အဆင့်မြင့်နည်းပညာများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် စဉ်ဆက််မပြတ် လေ့လာသုတေသနပြုတီထွင်နေရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်ဆိုသည်မှာ မွေးရာပါပင်ကိုဗီဇဟု ယခင်ကသတ်မှတ်ခဲ့ကြသော်လည်း ယခုအခါတွင် ခေါင်းဆောင်မှု အရည်အချင်းသည် လေ့ကျင့်ယူနိုင်သည့် အရည်အသွေးအဖြစ် သတ်မှတ်လာကြပြီဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့၏ လက်အောက်ငယ်သားများက အတုယူအား ကျလောက်သည့် စွမ်းဆောင်ရည်ရှိသည့် စံပြုခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း၊ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်နီယာ ခေါင်းဆောင်များအဖြစ် မိမိတို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများတွင် ကြံ့ခိုင် နေရန်လိုအပ်ကြောင်း၊ သို့မှသာတပ်မတော်၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နိုင်ကြမည် ဖြစ်ကြောင်း၊ ကျန်းမာအောင်နေထိုင်စားသောက်ပြီး ကြံ့ခိုင်အောင် လေ့ကျင့်ကြရမည် ဖြစ်ကြောင်း၊ လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့များရှိ စစ်သည်၊ မိသားစုဝင်အားလုံးကို ကျွမ်းကျင်မှု ရှိစေရန်နှင့် ရဲစွမ်းသတ္တိရှိစေရန်လည်း ဦးဆောင်လေ့ကျင့်ပြီး ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း မှာကြားသည်။

ဆက်လက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကိုဖော်ဆောင်ရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးဆိုသည့် ဒို့တာဝန်အရေးသုံးပါးသည် ခိုင်ခိုင်မာမာ တည်ရှိနေရန်လိုကြောင်း၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်လည်း “နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသည်” ဟု သတ်မှတ်ပြဋ္ဌာန်း ထားကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို မည်သည့်အခါမှ အထိအပါးအပွန်းအပဲ့ခံမည် မဟုတ်ဘဲ အမြဲဦးထိပ်ပန်ဆင်ပြီး ကာကွယ်စောင့်ရှောက် သွားမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးသည် တပ်မတော်တစ်ရပ်တည်းနှင့် သက်ဆိုင်သည်မဟုတ်ဘဲ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်နေသည့် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းနှင့် ပကတိအရှိတရားအရ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်အောင် ကာကွယ်ရန်အတွက် မိမိတို့တပ်မတော်၏ သမိုင်းပေးတာဝန် တစ်ရပ်လည်းဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာလျှင် မမျှော်မှန်းနိုင်သည့်ရလဒ်ဆိုးများ ပေါ်ပေါက်လာနိုင်ပြီး ဘယ်ခေတ်၊ ဘယ်စနစ်တွင်ဖြစ်စေ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအတွက် ထာဝရလိုအပ်နေသည့် ဒို့တာဝန်အရေးသုံးပါးသည် ပြည်သူတစ်ရပ်လုံးက ၀ုိင်းဝန်းကာကွယ် စောင့်ရှောက်ကြရမည့် အမျိုးသားရေး တာဝန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ရန်အတွက် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်ဆိုသည့် စွမ်းရည်သုံးရပ်နှင့် အစဉ်ပြည့်ဝနေရန် လိုကြောင်း၊ ထို့အပြင် တပ်တွင်း/တပ်ပြင် စည်းရုံးရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် တည် ဆောက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းသည် ပြည်သူမပါ၀င်လျှင် အဆုံးစွန်အောင်မြင်မှုကို ရရှိနိုင်မည်မဟုတ်သည့်အတွက် နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါ၀င်ပြီး အပြည့်အဝ ထောက်ခံအားပေးမှုရရှိအောင် တည်ဆောက်ထားကြ ရမှာဖြစ်ကြောင်း၊ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက်နိုင်မှသာ နိုင်ငံတော်နှင့်ပြည်သူလူထုက ယုံကြည်အားကိုးရသည့် တပ်မတော်၊ နိုင်ငံတကာက အလေးထားရသည့် တပ်မတော်အဖြစ်ရောက်ရှိ လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏စွမ်းအားသည် နိုင်ငံ၏အတွင်းမှာသာရှိသည့်အတွက် နိုင်ငံတစ်ဝှမ်းတွင် ရှိသည့်တိုင်းရင်းသားညီအစ်ကိုများ ချစ်ကြည်ရင်းနှီး၊ စည်းလုံးညီညွတ်စွာရပ်တည်ပြီး နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးထိပါးလာမှုကို ကာကွယ်နိုင်ရန် အတွက် တပ်မတော်သည်ပြည်သူနှင့် တစ်သားတည်းဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးသို့ ရောက်ရှိတာဝန်ထမ်းဆောင်ချိန် ပြည်သူလူထုနှင့်ဆက်ဆံရာတွင် စစ်သည်တော်ကျင့်ဝတ် အပါး(၆၀) ပါအချက်အလက်များကို အလေးထားလိုက်နာကြရန်လိုကြောင်း၊ ပြည်သူလူထု၏ အားပေးထောက်ခံမှုသည် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများအတွက် အရေးကြီးသည့် အခြေခံအချက်များ ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်အောင် ဦးဆောင်ဦးရွက်ပြုကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃)ဦးနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထိုသို့တွေ့ဆုံပြောကြားရာတွင် မိမိတို့အနေဖြင့် ၆ နှစ်တာကာလအတွင်း စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ခဲ့မှုများကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ခြင်းဖြစ်ပြီး ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မိဘများကမိမိတို့ မွေးသည့်အချိန်မှစ၍ ယနေ့ တပ်မတော်နည်းပညာတက္ကသိုလ်သို့ ရောက်သည်အထိ ပညာသင်ကြားပေး၍ ကျွေးမွေးပြုစုသွန်သင်ဆုံးမပေးခဲ့ကြပြီး တပ်မတော်နည်းပညာ တက္ကသိုလ် တက်ရောက်ချိန်မှစ၍ ယခုသင်တန်းပြီးဆုံးချိန် အရာရှိငယ်များဖြစ်သည် အထိတပ်မတော်မှ မွေးထုတ်ပေးလိုက်ကြောင်း၊ မိမိကိုယ်ကို အလိုမလိုက်ပဲ ထိန်းသိမ်းလုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်အပေါ်၊ မိဘများအပေါ် အကျိုးပြုနိုင်သည့် အရာရှိများဖြစ်အောင် ထိန်းသိမ်းလုပ်ဆောင်သွားကြရန် လိုကြောင်းဖြင့် မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။