မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ် Gen. Ranjendra Chhetri ကကြိုဆိုဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၁

နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ Gen. Ranjendra Chhetri ၏ ဖိတ္ၾကားခ်က္အရ နီေပါဖက္ဒရယ္ဒီမုိကရက္တစ္သမၼတႏုိင္ငံသုိ႔ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္ အဖြဲ႕အား ဒီဇင္ဘာ ၁၀ ရက္ညပုိင္းတြင္ နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ Gen. Ranjendra Chhetri က ႀကိဳဆုိဂုဏ္ျပဳညစာျဖင့္တည္ခင္းဧည့္ခံသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္၊ ဇနီးေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕ဝင္ မ်ားအား နီေပါတပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔က ႀကိဳဆုိႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ နီေပါ တပ္မေတာ္ၾကည္းတပ္ဦးစီးခ်ဳပ္က ႀကိဳဆုိႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကေက်းဇူးတင္စကားျပန္လည္ေျပာၾကားသည္။ ထုိ႔ေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားႏွင့္အတူ ညစာကုိအတူတကြသုံးေဆာင္ၾကသည္။၎ေနာက္နီေပါတပ္မေတာ္ၾကည္းတပ္တီးဝိုင္းအဖြဲ႔၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားကုိၾကည့္႐ႈအားေပး၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ နီေပါတပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႔သည္ လက္ေဆာင္ ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၾကၿပီး အမွတ္တရဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

 

(Unicode Version)

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ် Gen. Ranjendra Chhetri ကကြိုဆိုဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri ၏ ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ဒီဇင်ဘာ ၁၀ ရက်ညပိုင်းတွင် နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ် Gen. Ranjendra Chhetri က ကြိုဆိုဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင် များအား နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နီပေါ တပ်မတော်ကြည်းတပ်ဦးစီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ ညစာကိုအတူတကွသုံးဆောင်ကြသည်။၎င်းနောက်နီပေါတပ်မတော်ကြည်းတပ်တီးဝိုင်းအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေး၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ နီပေါတပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့်ဇနီးတို့သည် လက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။